2.04.2009

သူတို့အတွေးသူတို့အမြင်

“အားလုံးကျေးဇူးတင်ကြမှာပါ”

ကျနော်မြန်မာနိုင်ငံတွင်းမှာ ရှိနေစဉ်တုန်း ၁၉၉၀ ခုနှစ်လောက်က မှတ်မှတ်ရ ကျနော်မိတ်ဆွေ နေထိုင်ရာ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ဇင်ချောင်း စံပြရွာကို အလည်တစ်ခါ သွားရောက်ခဲ့ပါတယ်။ကျနော်မိတ်ဆွေ ဟာ ရေဒီယိုအသံလွှင့်အစီအစဉ်က မနက်ရော နေ့လည်ရော ညနေတွေမှာ မလွတ်တမ်း အမြဲတမ်းနားဆင် သူတစ်ယောက်ဖြစ်ပါတယ်။

ကျနော်သူ့အိမ်မှာ နေ့လည်စာစားပြီး စကားစမည်းပြောနေကြစဉ်မှာ မြန်မာ့အသံက သတင်းခေါင်းကြီးအစီ အစီအစဉ် ထုတ်လွှင့်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတိုက်ခိုက်ပုတ်ခတ်တဲ့အသုံးအနှုန်းပါလာပါတယ်။

ဘာပြောကောင်းမလဲဗျာ ဆက်တီ စားပွဲပေါ်မှာ တင်ထားတဲ့ ကစလ ထုတ် ဓါတ်ခဲကြီးလေးလုံး ထိုး နေရှင်နယ်ရေဒီယိုကြီးကို ဆဲပြီးတော့ ကန်ချလိုက်တော့တယ်။ဘာဖြစ်လို့ကန်ချလိုက်တာလဲဆိုတော့ တိုင်းပြည်နဲ့ အဖိနှိပ်ခံမြန်မာ ပြည်သူတွေအတွက် သေခါနီး လင်ယောက်ျားက တွေ့ချင်လို့မှာတာကိုမသွား ၀မ်းနဲ့လွယ်မွေးခဲ့တဲ့သားငယ်နှစ်ယောက်ကို စွန့်ခွာပြီ မိန်းမသား တန်မဲ့ပေးဆပ်အနစ်နာခံ နေတာကို မထောက်ထားပဲ သူတို့မလိုရင် မလိုသလိုပြောနေတာခံပြင်းလို့ပါတဲ့။

နောက်ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်တစ်ခု အဲဒီနေ့ကဖြစ်တာတစ်ခုရှိပါသေးတယ်။ဇင်ချောင်း ဆိုတာ ဘင်္ဂလားပင်လယ်အနားမှာ တည်ရှိတာကြောင့် မိုးရာသီကုန်တာနဲ့ ဒေသအသီသီးက ရေလုပ်ငန်းရှင်တွေ ငါးပုဇွန် လုပ်ငန်းလာလုပ်ကြတဲ့ စီးပွားရေးကောင်းတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ စီးပွားရေး ကောင်းတာကြောင့်စားသောက်ဆိုင်တွေ။ဗွီဒီယိုရုံတွေ တော်တော်များများရှိပါတယ်။ ကာရာအိုကေဆိုင်တွေ သီးခြားမရှိပေမယ့် ဇါတ်ကားတွေမပြခင်နဲ့ ဇါတ်ကားတွေပြပြီးရင် သီချင်းတွေကို ပျော်ပျော်ပါးပါး ဆိုတတ် ကြပါတယ်။

အဲဒီမှာ ရေလုပ်သားတစ်ဦးက စီဒီခွေတွေမှာသီချင်းတွေကိုမရောက်ခင် ထုံးစံအတိုင်း ဒို့တာဝန်အရေး ၁၂ ပါး ကပေါ်လာပါတယ်။ အဲဒါကို လိုက်ပြီးတော့ ဆိုလိုက်ပါတော့တယ်။သိပ်မကြာပါဘူး ရဲတွေ ရောက်လာပြီး ရိုက်နှက် ခေါ်ယူသွားပါတော့တယ်။အဲဒီရေလုပ်သားကို ထောင်ဒဏ် ၆ လ ချလိုက်တယ် လို့သိရပါတယ်။

ဒီဆောင်းပါးကိုရေရခြင်းရည်ရွယ်ချက်က ပြည်တွင်းမှာ စအုပ်ပဲထုတ်ထုတ်၊စီဒီခွေပဲထုတ်ထုတ် နိုင်ငံရေး ဦးတည်ချက် ၁၂ ရပ် ကို အပါမနေရထည့်ရပါတယ်။ မထည့်ရင်မထုတ်ဝေရဒါကြောင့်ထည်ရတယ်ထားအုံး ။ ပြည်ပမှာခွေတွေ ကူးပြီးဖြန့်ဝေတဲ့ ကွန်ပျူတာ ခွေကူးသူတွေကို အထူးမေတ္တာရပ်ခံချင်ပါတယ်။ အဲဒီ မဟုတ်တာ ၁၂ ရပ် ကို ဖယ်ထုတ်ပြီး ခွေကူးကြပါ။အချိန်ကုန် အလုပ်ရှုပ်ပြီးစိတ်ညစ်ရလွန်းလို့ပါဗျာ။ နောင်ကြီးတို့ မဖြစ် နေဖျက်ပြီးမှ ကူးကြပါလို့ တိုက်တွန်းချင်ပါတယ်။အားလုံး ကျေးဇူးတင်ကြမှာပါ။

နောက်တစ်ခုက မြန်မာနိုင်ငံမှာလုံးဝတတ်မြောက်ခွင့် သင်ကြားခွင့် မရှိခဲ့တဲ့ လူတွေ တော်တော် များများတို့ဟာ ကွန်ပျူတာနည်းပညာတွေ အဆင့်မြင့်မြင့်တတ်မြောက်ထားကြပြီ ဆိုတာကို ၀မ်းသာဖွယ်ရာ တွေ့ရှိရပါတယ်။ ပြည်ပမှာ ကွန်ပျူတာ ကိုဝါသနာရှိရင် သာမန်အလုပ်သမားပေမယ့်ဝယ်ယူနိုင်ပါတယ်။ တတ်မြောက် နိုင်ပါတယ်။ လက်စွမ်းထက်ထက်နဲ့ နည်းပညာတွေပြနေကြတာတွေကိုလည်းဘလော့တွေ ၀က်ဘ်ဆိုဒ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ရွှေမြန်မာတွေ မညံ့ကြပါဘူး။ တော်ကြပါတယ်။

ထိုင်းနိုင်ငံကလေးတွေ ထိုင်းစာကိုဖတ်တတ်တာနဲ့ကွန်ပြူတာ ကိုကိုင်တွယ်တတ်ကုန်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မိခင်ထိုင်းဘာသာနဲ့ အကုန်ရေး လို့ဖတ်လို့ရအောင် ကွန်ပြူတာ ဆော့ဖ်ဝေ့ တွေ ထည့်သွင်း ထားလို့ ဖြစ်ပါတယ်။မြန်မာအလုပ်သမား အများစုတွေဟာ အင်္ဂလိပ်စာ နဲ့စကားကို မတတ်မြောက်ကြပေမယ့်၊ မြန်မာစာကိုတော့ လူတိုင်းနီးပါး တတ်မြောက်ကြသူတွေ ဖြစ်ပါတယ်။ ဒီရွေ့ ပြောင်း အလုပ်သမားတွေ တတ်ချင်ကြပါတယ်။ ဒါပေမယ့် ကွန်ပြူတာပညာက အင်္ဂလိပ်လိုအသင့်အတင့်တတ်သူမှ နားလည်းနိုင်တာကြောင့် တော်တော် လက်လှမ်း မမှီဖြစ်နေ ကြရပါတယ်။

မြန်မာဘာသာနဲ့ ဖွင်ပါ၊ ပိတ်ပါ၊ ၀င်ပါ၊ ထွက်ပါ၊ စက်ထဲမှာ တတ်ဆင်လိုက်ပါ။ အမှိုက်ပုံးထဲထည့်လိုက်ပါ။ မှတ်ထားပါ။လွတ်ကင်းတဲ့ နေရာကို ပြောင်းလိုက်ပါ။ ကူးယူဖို့အတွက် ဘာလုပ်လိုက်ပါ။အစရှိသဖြင့် ရှိနေရင်တော့ မြန်မာ ၁၀၀မှာ ၉၀ လောက် ကွန်ပြူတာကို အသုံးပြုတတ်သူတွေ ဖြစ်သွားကြမယ်ထင်ပါတယ်။

ကွန်ပြူတာ နည်းပညာကို အဆင့်မြင့်မြင့် တတ်မြောက်ထားတဲ့ မြန်မာ ကွန်ပြူတာပညာရှင်တွေ ကသာ မြန်မာ ဘာသာနဲ့ အသုံးပြုလို့ရအောင် တီထွင်ပေးကြပါရင် မြန်မာတွေ အားလုံးတတ်မြောက်ပြီး ကမ္ဘာမှာအောက်ကျ နောက်ကျဖြစ်နေတဲ့ မြန်မာနိုင်ငံတော်ကြီး အတွက် အကျိုးကျေးဇူး များမှာပါ။ အားလုံး ကျေးဇူးတင်ကြမှာပါ

ကျော်သောင်း (၂.၂.၂၀၀၉)

No comments:

Post a Comment