4.01.2009

ရခိုင်အမျိုးသားနေ့ နိုင်ငံတကာရောက်ရခိုင်များကျင်းပ

Arakan

ဧပြီ ၁ ရက်

ပထမအကြိမ်မြောက် ပြည်ပရောက်ရခိုင်တိုင်းရင်းသားများဦးစီးပြီးနိုင်ငံတကာတွင် ရခိုင်အမျိုးသားနေ့ကို ယမန်နေ့က ကျင်းပခဲ့ကြသည်။နော်ဝေ၊ ဒိန်းမတ်၊ ဘင်္ဂလားဒေ့ခ်ျ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်နှင့်၊ မဲဆောက်မြို့ တို့တွင် ကျင်းပခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ဘန်ကောက်တွင် ကျင်းပသော ရခိုင်အမျိုးသားနေ့ကို ဦးစီးကျင်းပသူ တစ်ဦးဖြစ်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)ထိုင်း ဥက္ကဌ ခိုင်အံ့မောင်ကပါတီဥက္ကဌဦးထွန်းဝင်းမင်းပြားမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (အမျိုးသားညွန့််ပေါင်းအစိုးရအဖွဲ့၏ပညာရေးဝန်ကြီး)ရဲ အဆိုပြု တင်ပြချက်ဖြစ်သော၊ ရခိုင်ဘုရင် နရနုမင်းခရီနှင့် ဗမာဘုရင် နရပတိစည်သူ မင်းနှစ်ပါး တို့နှစ်နိုင်ငံ စစ်ပြေငြိမ်းပြီး နောက်ပိုင်း ရခိုင်ရိုးမဖိုးခေါင်တောင်မှာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နယ်နိမိတ်သတ်မှတ်ရေး စာချုပ်ကိုရခိုင်သက္ကရာဇ် ၈၁၆/ခုနှစ် တန်ခူးလဆန်း ()ရက်နေ့မှာ သဘောတူချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြ တဲ့နေ့ကို၊ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့က ဆဌမအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ နှစ်စဉ်တန်ခူးလဆန်း()ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် သဘောတူခဲ့ကြပါတယ် ဒီနေ့ဟာ ဘုရင်နှစ်ပါး ငြိမ်းချမ်းရေးလိုလားလို့ လက်မှတ်ထိုးခဲ့သလို ကျနော်တို့လည်း ငြိမ်းချမ်းရေးကို လိုလားလို့ ဒီနေ့ကို သတ်မှတ်ကြတာပါ''ဟု ပြောသည်။

ရခိုင်လူမျိုးတို့သည် ဗမာဘုရင် ဗဒုံမင်း(ခေါ်)ဘိုးတော်မောင်ဝိုင်းက ၁၈၂၄/ခုနှစ်ဒီဇင်ဘာလ ၃၁ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တဖန် ဗြိတိသျှကိုလိုနီ၊ မဆလ၊ နအဖ၊ န၀တ ခေတ်အဆက်ဆက် ရခိုင်ရိုးရာ၊ စာပေယဉ်ကျေးမှုတို့ကို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်မရရှိခဲ့ သဖြင့် တဖြည်းဖြည်း ကွယ်ပျောက်ခဲ့ရသည်။

အမျိုးသားနေ့သည် လူမျိုးတမျိုးအတွက် မရှိမဖြစ်လိုအပ်သည့် အရေးကြီးကိစ္စရပ်ဖြစ်၍ လွန်ခဲ့သော ()လခန့်မှ စ၍ နိုင်ငံတကာရောက် ရခိုင်များအား အင်တာနက် အီးမေးနှင့် စာများပေးပို့၍ သဘောထား ကောက်ခံခဲ့ကြောင်း၊ ပြည်တွင်းဆန္ဒ သဘောထားကို ကောက်ခံရန်ခက်ခဲသော်လည်း ပြည်ပရှိ ရခိုင်၇၀ရာခိုင်နုန်းခန့်တို့၏ ထောက်ခံမှုကို ရရှိခဲ့၍ ရခိုင်အမျိုးသားနေ့ဟူ၍ သတ်မှတ်လိုက်ကြောင်း ခိုင်အံ့မောင်က ပြောသည်။

ရခိုင်အမျိုးသားနေ့တွင် ထုတ်ပြန်ကြေညာချက်တွင် အောက်ပါအတိုင်း ပါဝင်သည်။

၁။ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးမပျောက်ပျက်ရေး။

၂။ရခိုင်ပြည်သူတို့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်လာရေး။

၃။ ရခိုင်ပြည်သူ တစ်ရပ်လုံး သွေးစည်းညီညွတ်ရေး။

၎။ ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်များကို ဖေါ်ထုတ်ထိန်းသိမ်းနိုင်ရေး။

၅။အဖိနှိပ်ခံ ပြည်ထောင်စှုတိုင်းရင်းသား ပြည်သူအားလုံးနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရေး။

၆။လူမျိုးအားလုံး နိုင်ငံရေးအရ တန်းတူရေးဖြင့် ဆန္ဒအလျှောက် ပူးပေါင်းပါဝင်မှုဖြင့် တည်ဆောက်မည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် ရခိုင်ပြည်သည် ဂုဏ်သိက္ခာရှိရှိ ပါဝင်လာနိုင်ရေး ဟူ၍ပါရှိသည်။

ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုးများအနေဖြင့် စစ်အာဏာရှင် လက်အောက်မှ ရုန်းထွက်နိုင်ရေးအတွက် အတွက် အခြားအဖိနှိပ်ခံ ပြည်သူများနဲ့ လက်တွဲဆောင်ရွက်နိုင်၇န်နှင့်၊ ဇာတိသွေး ဇာတိမာန် ရှင်သန်ထက်မြက်စေရန် ရခိုင်အမျိုးသားနေ့ကို ကျင်းပခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment