4.06.2009

ထိုင်းငါးဖမ်းလှေတွင် ရောင်းစားခံ မြန်မာရေလုပ်သားနှစ်ဦး ရေနစ်သေဆုံး

Photobucket


ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီ ခနောင် လှေဆိပ် ပင်လယ်ပြင်တွင် ကျောက်ချ ရပ်နားထားသော ထိုင်းပလာတူးလှေ မှ မြန်မာရေလုပ်သားနှစ်ဦး ရေကူး၍ကမ်းသို့ ထွက်ပြေးလာစဉ် ရေလယ်တွင် ရေနစ်၍ပြီး သေဆုံးခဲ့သည်။

ဧပြီလ ၄ရက်နေ့က ခနောင်ဆိပ်ကမ်းမှ စက်လှေဖြင့် တစ်နာရီခန့် မောင်းမှရောက်နိုင်မည့် နေရာတွင် ထိုင်းပလာတူးလှေ အမှတ်(၃) မှ မြန်မာရေလုပ်သား နှစ်ဦးတို့မှာ နှစ်လကျော်ကြာ ပင်လယ်ပြင်တွင် ငါးဖမ်း လုပ်ငန်းကို လုပ်ကိုင်နေသော်လည်း လုပ်အားခလည်းမရ ကမ်းကိုလည်း ကပ်ခွင့်မရရှိသဖြင့် ဆိပ်ကမ်းသို့ လွတ်ရာလွတ်ကြောင်း ရေကူးထွက်ပြေးလာစဉ် ကမ်းကိုေ၇ာက်ရှိအောင် မကူးခတ်နိုင်သဖြင့် ရေနစ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူနှင့် တနယ်တည်းသား ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်မှ ကိုဘသန်းမှ ဖုန်းဖြင့် သူ၏အစ်မ မစံစံ အား အကြောင်းကြားခဲ့သည်။ မစံစံက“ကျမမောင် ဘသန်းဟာ၂၆နှစ်အရွယ်ပါ၊ ထိုင်းကိုရောက်တာ နှစ်လကျော်ပဲ ရှိပါသေးတယ်၊ ကော့သောင်းက ဆိုင်ကယ်မောင်းသူ တစ်ယောက်က ရနောင်းဘက်မှာရှိတဲ့ ရခိုင်လူပွဲစားကို ရောင်းစားပါတယ်၊ ပြီးတော့ အဲဒီပွဲစားကနေ ကျုံဖေါ်မှာရှိတဲ့ ထိုင်းပွဲစားကို ဆက်ရောင်းပါတယ် ။ ကမ်းကိုလည်း မကပ်ရဘူး၊ သေမထူးနေမထူး သဘောမျိုးနဲ့ ထွက်ပြေးလာခဲ့ကြတယ် ရေကူးမကျွမ်းကျင် တာရယ် ငါးဖမ်းလှေနဲ့ တစ်နာရီလောက်မောင်းမှ ရောက်တဲ့နေရာက ကူးဖို့ဆိုတာလည်း မလွယ်ဘူးလေ ရေနစ်ပြီးသေကြရတယ်၊ ကျမမောင်လေး ဘသန်းကတော့ ရေလည်းမကူးမတတ်တော့ ထွက်မပြေးပဲ ကျန်နေခဲ့ ပါတယ် '' ဟု ပြောသည်။

ကိုဘသန်းနှင့် သေဆုံးသွားသူ ၂ဦးတို့ သုံးဦးသည် ရခိုင်မှ ကော့သောင်းသိုရောက်ရှိလာခဲ့ပြီး ကော့သောင်းမှ ဆိုင်ကယ်မောင်းသူ ၀င်းလှိုင် ကတဆင့် ရနောင်းဖက်ကမ်းတွင် နေသော ရခိုင်ပွဲစားတစ်ယောက်ကို ပို့ဆောင် ပေးခဲ့သည်။ ထိုမှတဆင့် ကျုံဖေါ်မြို့ မှ ဒေသအခေါ် သွားကျိုးမဟု ခေါ်သော ထိုင်းအမျိုးသမီးတစ်ဦးအား ထပ်မံရောင်းချခဲ့သည်။

ဒေသခံလှေလုပ်သားတစ်ယောက်က“အဲဒီထိုင်းပွဲစားမကို ဒီမှာ သွားကျိုးမလို့ပဲ ခေါ်တယ်။ နှစ်ပေါင်းဆယ်ချီပြီး ရှိပြ။ီ ပုလိပ်တွေနဲ့ ပေါင်းပြီးတော့ အချုပ်ခန်းထဲက လူတွေကိုရွေး ပြီးတော့ နယ်စပ်က လာပို့တဲ့ လူတွေကိုပါ လှေတွေကို ရောင်းစားတယ်။ ဒီမှာလှေတွေက ကမ်းကိုပြန်မကပ်ဘူး။ ပင်လယ်မှာ ငါးဖမ်းတယ်။ ရတဲ့ငါးကို နောက်တစ်စီက သွားယူတယ်၊ အလုပ်သမားတွေကို ကမ်းကိုလုံးဝ မကပ်ရဘူး၊ နေထိုင်မကောင်းလို့ရှိရင် သတ်ပြီးတော့ ပင်လယ်ထဲကို ပစ်ချတာတွေ အများကြီး၊ ဒီကျနော်တို့ ကျုံဖေါ်မှာ အကူအညီပေးမယ့် အဖွဲ့တွေလည်း မရှိဘူး အင်ဂျီအိုတွေလည်း မလာရဲကြဘူး။ တအား အကာအကွယ်နည်းပါတယ်၊ ဒီမှာ မြန်မာ အလုပ်သမား တစ်ယောက်ကို ဘာပဲလုပ်လုပ်၊ သတ်ပဲသတ်သတ် ကြက်ငှက်လောက်တောင် တန်ဖိုးမရှိပါဘူးဗျာ'' ဟု ပြောသည်။

သတင်းပေးပို့သူ ကိုဘသန်း၏ အပြောအရ အဆိုပါလှေပေါ်တွင် ရခိုင်၆ယောက်နှင့် အခြားမွန်ဗမာ လှေလုပ်သား ဆယ်ဦးကျော် ရှိနေသေးကြောင်း သိရသည်။

ကျုံဖေါ် ပါနန်း ပိုက်ဆိပ်နယ်မြေအတွင်း လုပ်ငန်းခွင်ပေါင်းစုံတွင် မြန်မာရွေ့ ပြောင်း အလုပ်သမား ရှစ်သောင်း ခန့် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။


No comments:

Post a Comment