5.16.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

President Barack Obama speaks about credit card debt reform at a town hall style gathering at Rio Rancho High School in Rio Rancho, New Mexico, 14 May 2009

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာကို အမေရိကန်သမ္မတ ဘားရက်အိုဘားမား က နောက်ထပ် သက်တမ်းတစ်နှစ် တိုးလိုက်ပါတယ်။




NEJ / ၁၅ မေ ၂၀၀၉


“မနေ့ကဒေါ်စုကို အင်းစိန်ထောင်ထဲပို့တဲ့ သတင်းပါတော့ အချို့အလုပ်သမားတွေ အလုပ်မဆင်းဘဲ ကြည့်ကြတာတွေရှိတယ်။ ဒီလိုင်းက ပတ်လည်စနစ်နဲ့ပြတော့ ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့ရတယ်။ ညဘက်အလုပ်သိမ်းချိန်မှာ စက်ရုံထဲက TV ရှေ့မှာ စက်ရုံကလူတွေအားလုံး ၀ိုင်းကြည့်ဒေါသထွက်ပြီး..”....အပြည့်အစုံသို့

စစ်အစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်ခံရ

စစ်အစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်ခံရ

စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်ထောင်သို့ ပို့ပြီး တရားစွဲဆို လိုက်ခြင်းကြောင့် ပြည်တွင်း ပြည်ပတွင် ဝေဖန် ကန့်ကွက်သံများ ပြင်းပြင်း ထန်ထန် ထွက်ပေါ်လာသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်း လူထု အထူးအာရုံစိုက်

စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အား တရားစွဲဆို ထိန်းသိမ်းထားသည့် သတင်းနှင့် ပတ်သက်ပြီး မြန်မာ ပြည်သား အများစုမှာ ပြည်ပ ရေဒီယိုအသံလွှင့် သတင်းများကို

အင်းစိန်ထောင် အပြင်ဘက် လုံခြုံရေးတင်းကျပ်

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေသော အင်းစိန်ထောင် ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင် အများအပြားဖြင့် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

“ဘေးကို ဘေးကို ဒီမှာရေကူးမလို့ ...”

E-mail Print

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန် - စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်က ပန်ကြား

မိုးမခ

မေ ၁၆၊ ၂၀၀၉

ယခု စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်စောင့်ရှောက်နေကြသူ မိတ်ဆွေများနှင့် ဆရာဝန်တို့ကို ဖမ်းဆီးချုပ်နှောင် အကျဉ်းချထားပြီး တရားစွဲဆိုရန် ဆောင်ရွက်နေခြင်းအပေါ် အမေရိကန်ပြည်ရောက် စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်က သဘောထားအမြင်ကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၎င်းပြောကြားချက် အကျဉ်းမှာ -

“ကမ္ဘာအမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ပါတယ်။ ဗမာတွေရဲ့ အမြင်မှာ တပ်မတော်ဖခင်၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအမြင်အရ သူဂုဏ်ရည်တွေကို ကြည့်ရင် တိုင်းပြည်နိုင်ငံရေး ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်တဲ့သူ၊ ပြန်လည်သင့်မြတ်ရေးကို အားထုတ်နေတဲ့သူ ဖြစ်ပါတယ်။

အဲသလို အမျိုးသမီးတဦးကို စစ်အစိုးရက ထင်သလို နှိပ်စက်နေတာ၊ အနိုင်ကျင့်နေတာဟာ အင်မတန်အရုပ်ဆိုးတဲ့ အပြုအမူဖြစ်ပါတယ်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီပါတီနဲ့ ပြည်သူတွေအားလုံးအပေါ်မှာ လက်နက်အားကိုးနဲ့ ကိုယ်လုပ်ချင်တာကို ဇွတ်လုပ်နေတာဟာ ၂၀၁၀ နီးလာတာနဲ့ အမျှ အင်မတန် ဆိုးဝါးလာနေတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

အခုလို ငြိမ်းချမ်းစွာ နိုင်ငံရဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ မလုပ်ဘူး။ အခုလို မတရားမှုတွေ၊ မင်းမဲ့စရိုက်တွေ ကျုးလွန်နေတဲ့အတွက် ကမ္ဘာကကော၊ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေကပါ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွသော နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ၊ အသိုင်းအ၀ိုင်းတွေ အားလုံးကို ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ကြပါ။ သူတို့ရဲ့ ရပ်တည်ချက်တွေကို ထောက်ခံကြောင်း ပြသကြပါ။ စစ်အစိုးရရဲ့ မတရားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ပြင်ဆင်ကြပါလို့ - ပြောချင်ပါတယ်။”

လို့ ပြောကြားသွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခြင်းမှာ ဥပဒေမဲ့လုပ်ရပ် - ပြည်တွင်းက လူထုအများစု တုန့်ြ့ပန်

ဝင်းမြတ်

မေ ၁၆၊ ၂၀၀၉

နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသား ရေကူးသမားအား လက်ခံထားရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နအဖ အစိုးရက တရားစွဲဆိုရန်ပြုလုပ်နေတာကို ပြည်သူလူထုထံက မကျေမနပ် တုံ့ပြန်သံများထွက်ပေါ်ခဲ့ပါတယ်။

ဒေါ်စုကိုပြန်လည်လွှတ်ပေးဖို့ရက်ပိုင်းအလိုမှာ အခုလိုလုပ်လိုက်ခြင်းဟာ နအဖ အစိုးရရဲ့ ဒေါ်စုပေါ်ထားတဲ့သဘောထားကို ရှင်းပြစရာမလိုအောင် ဖော်ထုတ်လိုက်တာပဲဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီလုပ်ရပ်ဟာ ပေါ်ပေါ်တင်တင် ဥပဒေမဲ့ပြုလုပ်တာဖြစ်တယ် လို့လည်း အများကထင်မြင်ချက်ပေးကြပါတယ်။
အပြည့်အစုံသို့...

တီမောသမ္မတက ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို နိုင်ငံတကာခုံရုံးသို့ ပိုရန် ဆန္ဒရှိ
ဓာတ်ပုံသတင်း
မေ ၁၅၊ ၂၀၀၉

အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း မပြုလျှင် မြန်မာဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC) က စုံစမ်းအရေးယူရန် သူက တောင်းဆိုမည်ဟု ဂျကာတာရှိ ဘီဘီစီ သတင်းထောက်ကို ယနေ့ ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခြင်းသည် အလွန်စက်ဆုပ် ရွံမုန်းစရာ၊ ခံပြင်းစရာ ကောင်းသည့် အပြုအမူ ဖြစ်သည်ဟုလည်း ပြောလိုက်သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းထံမှ ပြစ်ဒဏ်ခတ် အရေးယူမှုများ အပါအ၀င် ခိုင်မာတိကျသည့် အရေးယူမှုများ ပြုလုပ်လာရန် စစ်အစိုးရက ဆွပေးလိုက်ခြင်းဖြစ်သည် ဟုလည်း မှတ်ချက် ချသွားသည်။
သမ္မတ ဟော်တာသည် ဒေါ်စုကဲ့သို့ပင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်တဦးလည်း ဖြစ်သည်။

ဒေါ်စု ဖမ်းဆီး တရားစွဲဆိုမှုကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အမြင်များ

ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်၌ ချုပ်နှောင်ထားသည့်အပေါ်...


ဒေါ်စု ဖမ်းဆီးမှု ပြည်ပရောက် မြန်မာများ ကန့်ကွက်ဆန္ဒပြ

အင်းစိန်ထောင်တွင် ယမန်နေ့မှ စတင်ကာ ချုပ်နှောင်ခံရသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ပြည်ပရောက် မြန်မာများက ယမန်နေ့မှ စတင်၍ သက်ဆိုင်ရာ မြန်မာစစ်အစိုးရ...

more


more


more


more


more


more

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့အာဆီယံနိုင်ငံအချို့တောင်းဆို


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး မလေးရှားရှိမြန်မာသံရုံးရှေ့ဆန္ဒပြ

2009-05-15

No comments:

Post a Comment