6.03.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

JAC(Mae Sot) မှ ဦးဆောင်၍ မဲဆောက် Love God Church တွင် ခရစ်ယာန် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အထူးဆုတောင်းပွဲပြုလုပ်


ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ Love God Church တွင် ခရစ်ယာန် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာများ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အထူး ဆုတောင်းပွဲတခုကို ယနေ့ညနေ ၆နာရီ ၃၀ က ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များ ၊တိုင်းရင်သား လူမျိုးစု အဖွဲ့များ၊ စိတ်ပါ ဝင်စားသူ မြန်မာရွှေ့ပြောင်းနေထိုင်သူများ တက်ရောက်ကြပါသည်။
အခမ်းအနား၏ အစီအစဉ်ကြီးကြပ်သူ အဖြစ် JAC ၏ ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ခရစ်ယာန်ဘာသာဝင် စောမွန်ရှီးမှ ဆောင်ရွက်ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များထဲမှ NCGUB ဝန်ကြီး အဖွဲ့ဝင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၊ FDB မှ ဒေါက်တာနိုင်အောင်တို့မှ ဆုတောင်းဆန္ဒပြု စကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် ဆုတောင်းမှု အစီအစဉ်ကို စတင်ရာတွင် Love God Church မှ ဆရာမ ဒေါ်မိမိခိုင်မှ ခရစ်ယာန် ထုံးစံ ဆုတောင်းမှုပြုလုပ်ခဲ့ပြီး၊ မြန်မာဗုဒ္ဓဘာသာ ထုံးစံ မေတ္တာသုတ် ရွတ်ဖတ်ခြင်း နှင့် မေတ္တာပို့သခြင်းကို ဆရာတော် ဦးဥာဏသီဟမှ ဆောင်ရွက်ခဲ့ပါသည်။ JAC ၏ ဦးဆောင် ကော်မတီဝင် တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ခိုင်မှ JAC ၏ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ချက်ကို ဖတ်ကြားခဲ့ပါသည်။
နိဂုံးချုပ် အနေဖြင့် အခမ်းအနားတက်ရောက်လာသူ ခရစ်ယာန် ဘာသာဝင် ဒေါက်တာ ဘသိန်းဝင်းမှ နိဂုံးချုပ် ဆုတောင်းစကားကို ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ထူးခြားချက်တခုအနေဖြင့် ထိုဆုတောင်းပွဲ၏ ခရစ်ယာန်ဘာသာ ထုံးစံ ဖယောင်းတိုင်များ ထွန်းညှိ ဆုတောင်း နေစဉ်တွင် အနီးအနားရှိ ရွှေ့ပြောင်း အလုပ်သမားများ အချို့က ကိုယ်တိုင် ဖယာင်းတိုင်များ ထွန်းညှိ ပါဝင်ခဲ့ကြသလို အချို့ကလည်း မိမိတို့ အိမ်ရှေ့ ဝရံတာများတွင် ဖယောင်းတိုင်များကို စီတန်းထွန်းညှိ ထားကြခြင်းကို ထူးခြားစွာ တွေ့မြင်ခဲ့ရပါသည်။



ဈေးရောင်းထွက်ခြင်း

(အိမ်ရှင်မ ဈေးသည်တဦးနှင့် စကားပြောခြင်း)

ကျော်လင်းနိုင်

ဇွန် ၃၊ ၂၀၀၉

မေး - အမက ဈေးဝယ်လား၊ ဈေးသည်လား

တကယ်တော့ဈေးရောင်းခြင်းက ဈေးဝယ်ခြင်းထက်ပိုပြီး အရေးပါကြောင်း ကျမကိုယ်တိုင်နားလည်နေပြီပေါ့။ ကျမကိုယ်တိုင်က အိမ်ရှင်မ ဖြစ်နေတော့ ဈေးဝယ်သူဖြစ်ပြီးသားပါ။ ကိုယ်တိုင်ကဈေးသည်ဖြစ်နေတဲ့အတွက် ဈေးရောင်းသူအဖြစ်လည်း ရုန်းကန်နေရ တယ်လေ။ ဒါကြောင့် ကျမရဲ့ကိုယ်တွေ့အရပြောရရင် ဈေးဝယ်ခြင်းထက် ဈေးရောင်းခြင်းက ပိုပြီး ပညာသားပါတယ်။ ပိုပြီးခက်ခဲရှုပ်ထွေး တယ်လို့ ကျမထပ်ပြီးဆိုလိုက်ချင်ပါရဲ့။
အျပည့္အစုံသိုႛ ...


အယ်လ်အေက မြန်မာမိသားစုတို့ရဲ့ ဒေါ်စုလွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပခဲ့

အောင်သာငယ် (ဘလော့ဂ်)

ဇွန် ၃၊ ၂၀၀၉

နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှလွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဘက်သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘာသာ ပေါင်းစုံ ဆုတောင်း မေတ္တာ ပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တွင် ၂၀၀၉ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့က ညနေ ၆ နာရီမှ ၉ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့သည်။


စစ်အုပ်စုဖက်က စုံစမ်း စစ်ဆေးရေးနှင့် လုံခြုံရေးများ အရှိန်မြှင့် ပြင်ဆင်နေ

မိုးမခအထောက်တော် (ရန်ကုန်)

ဇွန် ၂၊ ၂၀၀၉

ဇွန်လ ပထမပတ် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးချိန်မထုတ်မီအတွင်း စစ်အုပ်စု၏ စစ်နှင့် ရဲထောက်လှမ်းရေးများ၊ အရပ်ဝတ်အကြမ်းဖက်များသည် အထူးစစ်ဆင်ရေးသဖွယ် ရန်ကုန်မြို့အတွင်း ပြင်ဆင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေကြသည်ဟု မျက်မြင်တို့က ပြောသည်။

ယခင်အပတ် မေလ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တဦးတည်းဆန္ဒပြသဖြင့် အဖမ်းဆီးခံရသူ ဦးဇော်ညွန့်ကို အင်းစိန်ထောင်၊ တိုက်တခုတွင် ဖမ်းဆီး စစ်ဆေးနေကြောင်း၊ ရိုက်နှိက်နှိပ်စက်မှုများ ရှိကြောင်းကို အင်းစိန်ထောင်ဝန်ထမ်းတချို့ကတဆင့် ကြားသိရသည်။

မြို့နယ်အချို့က ကြံဖွတ်များ၊ စွမ်းအားရှင်များနှင့် စစ်အုပ်စုသတင်းပေးများကို အရပ်ဝတ်အကြမ်းဖက်သမားများဟု မြို့နေလူထုက အမည်ပေးထားပြီး ၎င်းတို့က ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိသားစုများနှင့် အန်အယ်ဒီပါတီဝင်များကို ပြောင်ပြောင်တင်းတင်း ဆဲရေးခြင်း၊ ရန်စခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြသည်ဟု မိုးမခသို့ ပြောကြားသည်။

အျပည့္အစုံသိုႛ ...

Burma's opposition leader Aung San Suu Kyi (2008 file)

ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပဖို့ တင်သွင်းတဲ့ သက်သေတွေကို ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ လျှောက်လဲ တင်ပြချက်ကို တရားရုံးက လက်ခံလိုက်ပါတယ်။


အပြီးသတ်လျှောက်လဲချက် ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

အပြီးသတ်လျှောက်လဲချက် ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး မူလ သတ်မှတ်ထားသည့် အပြီးသတ် လျှောက်လဲချက်ပေးရန် ရုံးချိန်းကို လာမည့် သောကြာနေ့မှ ထပ်မံ ရွှေ့ဆိုင်းသွား

ဓနုတ်သတင်း မပြောရ၊ ထောင်ဒဏ် ၃ နှစ်

ရန်ကုန်တိုင်း ဒလမြို့နယ်မှ ဓနုတ်ဘုရားကြီး ပြိုကျခြင်းနှင့် ပတ်သက်သည့် မည်သည့် သတင်းစကားမျှ မပြောဆိုရ ဟု ဒေသခံများကို သက်ဆိုင်ရာက ပိတ်ပင် တားမြစ်

ဖူးကက်မြို့ရှိ မြန်မာအလုပ်သမားများ အလုပ်အကိုင်ရှားပါး

ထိုင်းနိုင်ငံတောင်ပိုင်းရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားခဲ့သည့် ဖူးကက်မြို့တွင် ယခုအခါ မြန်မာနိုင်ငံသား ဆောက်လုပ်ရေး အလုပ်သမား အများစုသည် အလုပ်အကိုင်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် ထိုင်း အမျိုးသမီးအမတ်များ တောင်းဆို

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်အား အမြန်ဆုံး လွှတ်ပေးရန်အတွက် ထိုင်းနိုင်ငံ အမျိုးသမီး လွှတ်တော်အမတ်

စာရေးဆရာ မောင်ဆုရှင် ကွယ်လွန်

စာရေးဆရာ မောင်ဆုရှင်သည် ၂၀၀၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။မောင်ဆုရှင်ကို မြောင်းမြမြို့တွင်

မိုဘိုင်းဖုန်းများ အီးမေးလ် သုံးနိုင်တော့မည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းက ထိန်းချုပ်ထားသော သတင်းနှင့် နည်းပညာဗဟိုဌာန (ITCS) က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းကာ သြဂုတ်လမှစတင်၍


NEJ / ၃ ဇွန် ၂၀၀၉


“နိုင်ငံတကာ တက္ကသိုလ်တခု ဖွင့်နိုင်ခဲ့မယ်ဆိုရင် မြန်မာရွှေ့ပြောင်း ကလေးတွေအတွက် ပညာရေး အခွင့်အလမ်းတွေ ပိုပြီး ရရှိလာမယ်။ ရွှေ့ပြောင်းကလေးတွေပါ တက်နိုင်ဖို့ အစီအစဉ်ရှိတယ် ဆိုတော့ ဒီကိစ္စကို ကျမတို့ ကြိုဆို....” အပြည့်အစုံသို့
အနုပညာဂျာနယ်များ ဌာနဆိုင်ရာသတင်းမရေးရန်
တားမြစ်

NEJ / ၃ ဇွန် ၂၀၀၉
“ပြည်ပသတင်းတွေဆို ကောက်စာတောင် မဖော်ပြရဘူးလို့ ကန့်သတ်လိုက်တယ်၊ အတွင်းမှာဆို ဒေသန္တရသတင်းကို အများဆုံးနှစ်မျက်နှာပဲ ဖော်ပြခွင့်....” အပြည့်အစုံသို့
လှုပ်ရှားမှုမလုပ်ရန် တာဝန်ယူခိုင်းမည်ဟု
သံဃာတော်များ မှန်းဆ

မင်းနိုင်သူ / ၃ ဇွန် ၂၀၀၉
“နိုင်ငံရေးစာရွက်စာတမ်းတွေ ဖတ်တဲ့ သံဃာတွေတွေ့ရင်၊ ကျောင်းတိုက်မှာ နိုင်ငံရေးအားသန်တဲ့ သံဃာတွေရှိရင် အကြောင်းကြားဖို့ ...” အပြည့်အစုံသို့

နိုင်ငံခြားသား အလုပ်သမားများ
နောက်ဆုံးအခွင့်ရေးရမည်

TNA / ၃ ဇွန် ၂၀၀၉
အလုပ်သမားများသည် (၂) နှစ် သက်တမ်းရှိ အလုပ်လုပ်ခွင့် လက်မှတ်နှင့် ယာယီနိုင်ငံကူး လက်မှတ်ကို ..... အပြည့်အစုံသို့
ဓနုတ်စေတီတော် လုပ်အားပေး တပ်သားများ သွားလာခွင့် တားမြစ်ခံရ
NEJ / ၃ ဇွန် ၂၀၀၉
“သေကံမရောက် သက်မပျောက်ခဲ့တဲ့ အဖြစ်ကို လူတိုင်းက သိချင်ကြမှာပဲ၊ လူတွေက လာမေးကြတယ်၊ ကျနော်တို့ကလည်း ပြောပြတယ်လေ၊ ဒါ့ကြောင့် ပေးမလွှတ်တာ....” အပြည့်အစုံသို့

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေ ၃ ဦးအတွက် တရားရုံးက လျှောက်လဲခွင့် ပြန်ပေး

ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအား ခရိုင်တရားရုံးက ပယ်ချခံရသည်ကို သူမ၏ ရှေ့နေများက ပြန်လည်သုံးသပ်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ရာ နှစ်ဖက်လျှောက်လဲရန်အတွက် ယနေ့ လက်ခံလိုက်ပြီ ......

ရခိုင်နယ်စပ်မြို့များသို့ ပြည်မဘက်မှ လူအများ ဆက်လက်ရွှေ့ပြောင်း

ရခိုင်ပြည်နယ် နယ်စပ်မြို့များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ပြည်မဘက်မှ လူအများကို ပြောင်းရွှေ့နေရာချထားမှု ပြုလုပ်လျှက်ရှိရာ ယမန်နေ့က လူဦးရေ ၃၀၀...

အများပြည်သူများ ကြည့်ရှုရန် မသင့်တော်သော (သို့မဟုတ်) ခေတ်သစ် ရုပ်ရှင် အခင်းအကျင်း

တခေတ်တခါက ကမ္ဘာ့ရုပ်ရှင်သမိုင်းတွင်ရော မြန်မာ့ရုပ်ရှင်သမိုင်းတွင်ပါ “အများပြည်သူများ ကြည့်ရှုရန် မသင့်တော်” ဟု သတိပေးကြေညာချက် ထုတ်ပြန်ထားသည့် ဇာတ်ကားများကို ရုပ်ရှင်ဝါသနာအိုးများ...



more


more

နိုင်ငံတကာစိုးရိမ်မှုပပျောက်ရေး မြန်မာဝန်ကြီးချုပ်ကို ကိုရီးယား သမတတိုက်တွန်း


No comments:

Post a Comment