6.06.2009

မြန်မာအလုပ်သမားများတင်ဆောင်လာသောကား တိမ်းမှောက်လူအချို့ သေဆုံး

Photobucket

ဇွန် ၆
မြန်မာနယ်စပ်မှ မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး မတော်တဆ တိမ်းမှောက်၍ အချို့ သေဆုံးပြီး အချို့ အရေးပေါ် ဆေးရုံတင်ထားရသည်။
ဇွန်လ၂ ရက် မိုးလင်းခါနီး ၄ နာရီခွဲအချိန်ခန့် တွင် စန်ခဘူရီခရိုင် တဖွန်ဖက်စီလာချာမြို့ နယ် ချိုင်နမြို့ အနီး မိုင်တိုင်အမှတ် ၁၅ အနီးတွင် မြန်မာအလုပ်သမား၁၂ ဦးကို တင်ဆောင်လာသော ကားက ၆ဘီးကားတစ်စီးကို ၀င်တိုက်မိသဖြင့် မြန်မာ အလုပ်သမ ၅ဦးပွဲချင်းပြီးသေဆုံးခဲ့သည်။
အရေးပေါ်လူနာ အဖြစ် စန်ခဘူရီဆေးရုံသို့  ပို့ ဆောင်ပေးခဲ့သော အလုပ်သမား၂ဦးအနက် တစ်ဦး မှာ ဆေးရုံ၌ပင် ကွယ်လွန် သွားခဲ့သည်။အခြားလူများကို ဆေးဝါးကုသမှု ခံယူပြီးနောက် ယခုအခါ စန်ခဘူရီ ရဲစခန်း တွင် ကောင်းမွန်စွာ စောင့်ရှောက်ထားသည်။
စန်ခဘူရီ ရဲစခန်းမှ အမှုလိုက်ရဲအရာရှိတစ်ဦးက “ဗမာအလုပ်သမားတွေ တင်လာတဲ့ကားက ၆ဘီးကားကို ၀င်တိုက်တာပါ။ ကားမောင်းသူ ဘယ်သူဆိုတာ ခုမသိရသေးဘူး။ ထွက်ပြေးလွတ်မြောက်သွားတယ်။ ခု ကျနော် တို့ ဆီမှာရှိတဲ့ မြန်မာအလုပ်သမားတွေ ကျမ္မာရေးကောင်းမွန်သွား တဲ့အခါ နယ်စပ်ကို ကျနော်တို့  ပြန်ပို့ ပါမယ်။ အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ နိုင်ငံခြားသားကို ဖမ်းမိလို့ ရှိရင် ထောင်ဒဏ်အပြစ်ပေးလို့ မရပါဘူး။ နယ်စပ် ကိုပဲ ပြန်ပို့ ရမယ်လို့ မကြာခင်က အစိုးရ အမိန့် ထုတ်ထားတာရှိပါတယ်’’ဟု ပြောသည်။
မြန်မာ အလုပ်သမားများ သေဆုံးမှုနှင့် အခြားအခြေအနေများကို စန်ခဘူရီ ဆေးရုံမှ တာဝန်ကျ ဆရာမ တစ်ဦးက “မြန်မာမငယ်ငယ်လေးတွေ ၅ဦးကသေပြီးမှ ဆေးရုံကို ရောက်လာပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ ယောက်ျားလေး၂ယောက်မှာ တစ်ယောက်ကတော့ ကျမတို့  အရေးပေါ်ကုသရင်းမှာပဲ သေဆုံး သွားပါတယ်။ နောက်တစ်ယောက်ကတော့ ကျမလည်း နာမည်ကိုတော့ အမှတ်တမဲ့ပါ ယောက်ျားလေးတစ်ယောက်ပါ ဒဏ်ရာ တော်တော်ပြင်း ပါတယ်။ခုထိသတိမရသေးပါဘူး အားလုံး သေဆုံးသူ မ ၅ဦးနဲ့ ကျား၁ဦးပါရှင်’’ဟု ပြောကြား သွားသည်။
သေဆုံးသူ မိသားစုများနှင့် အခန်းနီးချင်းဖြစ်သူတစ်ဦးက “အခြားလူတွေ ဘယ်နယ်ကလဲတော့ မသိဘူး ကျနော့်အနားမှာနေတဲ့ သူကတော့ သူတို့ ကော့ကရိတ်မြို့ နယ် ကော့တလေးရွာက အသက်၂၂နှစ်တစ်ယောက် ၂၃နှစ်တစ်ယောက်နဲ့ ၂၉ နှစ်အရွယ်မိန်းကလေး၃ယောက်လို့ ပြောပါတယ် ။လူကယ်ရီနဲ့ လာကြတာဖြစ်ပါတယ်။ အလောင်းကောက် ကားမောင်းသူက ကျနော့်ကို ပြောပါတယ် ဆေးရုံက အလောင်းတွေကို ထုတ်ယူပြီးတော့ င်္သဂြိုဟ်ပါတဲ့၊ ကျနော်ဘယ်လို တတ်နိုင်မှာလည်းဗျာ’’ဟု ပြောသည်၊နယ်စပ်ဒေသများမှ လူကုန်ကူးသည့် ပွဲစားများဖြင့် ၀င်ရောက်သည့်အခါများတွင် အသက်ရှုမွန်းကြပ်၍ သေဆုံးခြင်း။ ဟင်းသီးဟင်းရွက်များ ကြားတွင် လိုက်ပါရသဖြင့် ရှာဖွေရေးဂိတ်တို့ တွင် သံစူးချွန်များဖြင့် အထိုးခံရ၍ သေဆုံးခြင်း၊ တောတွင်းနေ ထိုင်း လူမိုက်များ သတ်ဖြတ်ခံရခြင်းများအပြင် ထိုင်းပုလိပ်များနှင့် ရွာသူကြီးများ ပစ်ခတ်ခံရခြင်းတို့ ကြောင့် မြန်မာ များ မရေမတွက် နိုင်အောင် သေဆုံးခဲ့ကြပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် ရပ်တည်နေထိုင်ရေးခက်ခဲ့၊ အလုပ်အကိုင် ရှားပါးလွန်းသဖြင့် မြန်မာနိုင်ငံအနှံ့ မှ မြန်မာနိုင်ငံ သားများမှာ ရရာလမ်းကြောင်းများမှ ထိုင်းနိုင်ငံအတွင်းသို့  နည်းလမ်းပေါင်းစုံဖြင့် နေ့ စဉ် ၀င်ရောက်လာလျှက် ရှိကြသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment