သတင်းအပြည့် အစုံဖတ်လိုသူများ အပြာရောင်ခေါင်းစဉ်များကိုနှိပ်၍ဖတ်ပါ
မိုင် ၉၀၀ ခရီးစဉ်၏ ၁၀ ရက်မြောက်နေ့ 10th day of 900 miles for Long March
Findlay မြို့မှ ထွက်ခွာပြီဇွန်လ ၆ ရက်၊ ၂ဝဝ၉ (၁ဝ ရက်မြောက်ခရီး)
ဒီကနေ့ Findlay မြို့တွင်းကို ဖြတ်လျှောက်သည်။ နေပူရှိန်အလွန်ပြင်း၏။ အရိပ်လုံးဝမရှိပါ။ မြို့တွင်းကို ဖြတ်လျှောက်စဉ် မောပန်းလွန်းသဖြင့် ဈေးဆိုင်တခုရဲ့ ရှိစုမဲ့စု အရိပ်ငယ်လေးတခုမှာ နားနေခိုက် အမေရိကန်ပြည်သူ ၂ ဦး လာရောက်နှုတ်ဆက်လေ၏။ စာတမ်းကိုမြင်လို့ ဘာအတွက် လမ်းလျှောက် နေသည်ကို စိတ်ဝင်စားသဖြင့် မေးမြန်းလာခြင်းဖြစ်၏။ အကျိုးအကြောင်းရှင်းပြသောခါ ဘန်ကီမွန်းထံ တင်ပြမည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးလေ၏။
မသဒ္ဓါ ၏ "မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည် ချီတက်ခြင်းနှင့် အစာငတ်ခံဆန္ဒပြပွဲ" အတွက် ဂုဏ်ပြု ရေးစပ်ပေးသော ကဗျာလေးပါ
မယိုင်တဲ့ ခြေလှမ်း..ဘယ်လောက်ပဲ ကန္တာကြမ်းပစေနေခြည်တွေ ဘယ်လောက်တောက်တောက်..
ကန္တာ လမ်းတွေ ဘယ်လိုခြောက်ခြောက်..
ဒေါင်းအလံနီ..ရွန်းရွန်းတောက်..
ဒို့ တွေ တော့ လမ်းဆက်လျှောက်မယ်။
အာဏာရှင်ရေ..မင်း..ဘယ်လို ချောက်ချောက်..
လက်နက်အင်အား စွမ်းဘယ်လို မောက်မောက်..
ဒေါင်းစိတ်ဓါတ်တွေ..မျိုးဆက် မပျောက်..
ဒို့ တွေ တော့ လမ်းဆက်လျှောက်မယ်။
မိုင် ၉၀၀ ခရီးစဉ်၏ ၉ ရက်မြောက်နေ့ 9th day of 900 miles for Long March
Findlay မြို့ရောက်ပြီ
ဇွန်လ ၅ ရက်၊ ၂ဝဝ၉ (၉ ရက်မြောက်ခရီး)
Findlay မြို့  ပြဆိုင်းဘုတ်လေးပါ
ဇွန်လ ၅ ရက်၊ ၂ဝဝ၉ (၉ ရက်မြောက်ခရီး)
No comments:
Post a Comment