7.11.2009

ဘလော့ကာများဆီ အလည်သွားခြင်း

သတင်းတင်နေကျ အချိန်မို့ ထုံးစံအတိုင်း သတင်းဌာနများ၏ ဝဘ်ဆိုက်များသို့ ကျွန်တော်တခုချင်း ဝင်ကြည့်မိ ၏။ ယနေ့အတွက် ထူးခြားသော သတင်းဖြစ်စဉ်နှင့် ပြည်သူများကို တင်ပြပေးရန် ဆောင်းပါးများကို ထူးခြားစွာ မတွေ့၊ ခါတိုင်းဆိုလျှင်တော့ ထိုနေ့ အတွက် သတင်းမတင်ဖြစ်သဖြင့် စာရေးလျှင်ရေး စာဖတ်လျှင်ဖတ် ဒါမှ မဟုတ် ကျွန်တော် တာဝန်ယူပေးထားရသော အမှန်တရား ဂျာနယ်အတွက် အချက်အလက်များစုဆောင်းခြင်း ပြင်ဆင်ခြင်း ကိုဆောင်ရွက်လေ့ရှိသည်။

ဒီနေ့တော့ Memory မများလှသည့် ကျွန်တော့် ကွန်ပြူတာလေးကလည်း သဘောကောင်းစွာ လေးနေခြင်းမရှိ၊ ကော်နက်ရှင် ကလည်း မဆိုးသဖြင့် ဟို ဒီ ရောက်ရာ ပေါက်ရာ ဘလော့များကို လျှောက်ဖတ်ဖြစ်သည်။

ဖတ်နေရင်းမှ စိတ်ကူးတခု ပေါ်ပေါက်လာသည်။ သတင်းတင်စရာမရှိသည့် အတူတူ ကျွန်တော် အလည်သွား ခဲ့သော ဘလော့များ အကြောင်းကို အမျိုးမျိုးတားဆီး ပိတ်ဆို့ ခံနေရသော ပြည်တွင်းစာဖတ်သူများကို ဝေမျှပေး ချင်သည်။ထို့ကြောင့် ဘလော့များသို့ အလည်သွားခြင်း ဆောင်းပါးကို ရေးသားတင်ဆက် လိုက်ရပါသည်။

ပထမဦးစွာ ကျွန်တော် ရောက်သွားတာကတော့ အတ္တကင်းစင် ဒီမိုကရေစီ လွင်ပြင်လို့ အမည်ရတဲ့ ဘလော့ တခုဖြစ်ပါတယ်။ လိပ်စာကတော့ http://www.wanna23.co.cc/ ဖြစ်ပါတယ် ။ သူရဲ့ဆောင်ပုဒ် အဖြစ် တင် ထားတာကတော့ “ယနေ့ခေတ်ကြီးမှာ နေရာတကာမှာ ဝေဖန်ရေးဆရာတွေသိပ်ပေါတယ်။ ဒါပေမယ့် ဝေဖန်မူ တခုသာရှိပြီး ယုံကြည်မူတရားတွေမရှိလျှင်မိစ္ဆာပါပဲ” ဆိုတဲ့ ဆောင်ပုဒ်လေးပါ။ ဘလော့ကတော့ သတင်း ဘလော့ဖြစ်ပါတယ်။ သူတင်ထားတဲ့ Update သတင်း ခေါင်းစဉ် အချို့ကို ဖေါ်ပြပေးလိုက်ပါတယ်။

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များ လက်နက်ကြီးငယ် များဖြင့် အဝေးမှလှမ်းပစ်ခတ်ကြ

internet connection မြန်မာပြည်တွင်နှေးကွေး

သတိပေး ကြေညာချက် (Quake and Tsunami Predicted on July 22 2009)

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

စတဲ့ သတင်းခေါင်းစဉ်များ ဖြစ်ပါတယ်။ ကော်နက်ရှင်လည်း ကောင်းမယ် အခွင့်လည်း သင့် မယ် ဆိုရင်တော့ အပေါ်က ခေါင်းစဉ်တွေမှာ နှိပ်ပြီး သတင်းတွေ သွားဖတ်နိုင်ပါတယ်။

နောက်သွားဖြစ်တဲ့ ဘလော့တခုက The Power of People လို့ အမည်ရတဲ့ ကိုနစ်နေမန်းရဲ့ ဘလော့ဖြစ်ပါတယ်။ သူရဲ့ ဘလော့ဟာ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ ဘလော့ အကယ်ဒမီဆု ရထားတဲ့ ဘလော့လဲ ဖြစ်ပါတယ်။ “လွတ်လပ်ရေးဆိုတာ ဒီအတိုင်း အလွယ်တကူ မရပါ ”ဆိုပြီး ခေါင်းစီး တင်ထားတဲ့ သူ့ဘလော့ရဲ့ သတင်းခေါင်းစဉ်များ ကတော့

ထိုင်းအနုပညာရှင်များမှ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေး သီချင်း စာသား။

သီချင်း ဗီဒီယိုလေး ပါပါတယ်။ You tube မှာလဲ သွားကြည့်လို့ ရပါတယ်။

http://www.youtube.com/watch?v=ue8OdTXqjDI ပါ။

ရာထူးအရှိန်အ၀ါကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာကာ လာဘ်စားနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့  မှူး။

အပြစ်မဲ့ပြည်သူတစ်ယောက်ကို လက်လွတ်စပယ် ရိုက်နှက်တာ နအဖ ပြောပြောနေ တဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာ တဲ့လား။

မြန်မာပြည်တွင်းမှ လူငယ်များ ပေးပို့ လာသော စာ။

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းအချို့ ရဲ့  ရင်တွင်းခံစားမှု အချို့ ။

စတဲ့ခေါင်းစဉ်လေးတွေ ဖြစ်ပြီး နစ်နေမန်းရဲ့ လိပ်စာက http://www.niknayman-niknayman.co.cc/ ဖြစ်ပါတယ်။

နောက်ထပ် သွားဖြစ်တဲ့ နေရာက http://www.peoplemediavoice.com/ လူထုအသံ အွန်လိုင်းဂျာနယ် ဖြစ်ပါတယ်။ လွတ်လပ်သော ရည်ရွယ်ချက်ရှိသော လူထုအသံ အွန်လိုင်းဂျာနယ်လို့ အမည်ပေးထားတဲ့ ဒီဝဘ်ဆိုက်ကတော့ သတင်း၊ဆောင်းပါး၊ ဝထ္ထု ၊ကဗျာ သုံးသပ်ချက် စသည်ဖြင့် စုံလင်စွာဖေါ်ပြတဲ့ ဝဘ်ဆိုက် တခုဖြစ်ပါတယ်။

သူတို့တင်ထားတဲ့ ခေါင်းစဉ်လေးတွေ လေ့လာကြည့်ပါ ခင်ဗျာ။

ဥရောပက တောသူဋ္ဌေး နိုင်ငံလေးဝယ်

ငြိမ်းချမ်းသော ၂ဝ၁ဝ ခုနှစ် ဆီသို့

ဒီရာသီမှာ အသက်နဲ့ ရင်းခဲ့ရပါသည် ( ဒု )

ဒီရာသီမှာ အသက်နဲ့ ရင်းခဲ့ရပါသည်(ပ)

ဇော်ဂျီ စာလုံးသည် စစ်အစိုးရ၏ ဆိုက်ဘာ လက်နက်သစ် ဟုဆို

လူထုအသံ အွန်လိုင်းဂျာနယ်၏ တင်ဆက်မှုများသည် စိတ်ဝင်စားစရာ ကောင်းသော် လည်း အောက်ပါ တားမြစ်ချက်လေးကြောင့်ကျွန်တော်၏ မေးLetter များမှ ပြည် တွင်း စာဖတ်သူများကို ဝေမျှပေးပို့ နိုင်ခြင်း မရှိခဲ့ပါ။

အသိပေးခြင်း

လူထုအသံ အွန်လိုင်းဂျာနယ် ၏ ခွင့်ပြုချက် မရှိဘဲ မည့်သည့် အကြောင်းအရာမှ ထပ်ဆင့် ဖြန့်ဝေခြင်း၊ ကူးယူ ခြင်း သို့ မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်ခြင်း ကို ပြင်းထန်စွာ တားမြစ်သည်။!

မတော်တဆ ကျွန်တော်များ အမေရိကန်နိုင်ငံ ရောက်သွားခဲ့ရင် မူပိုင်ခွင့်နဲ့ အလျှော်တောင်း ခံနေရမှာစိုးလို့ တင်ပြ မပေးနိုင်တာကို ခွင့်လွှတ်နားလည်ပေးပါ။

နောက်တခုအနေနဲ့ တင်ပြပေးလိုတဲ့ ဘလော့ကတော့ We Fight We Win လို့ အမည်တပ်ထားတဲ့ ကိုမိုးသီးဇွန် ရဲ့ ဘလော့ပါ။

သပိတ်မှောက် စာရင်း

အသေးစိတ်ကြည့်ချင်
စီးပွားရေးသပိတ်မှောက်ရခြင်း အကြောင်းရင်း
သပိတ်မှောက်ရန် စာရင်း

မြန်မာ-မြောက်ကိုရီးယား လက်နက်အရောင်းအ၀ယ် မလေးရှားဘဏ် နှင့် ပက်သက်

အီရန် မှာ တိုက်ပွဲတွေ ပြန်စ နေပြီ-

၂၀၀၉ ခုနှစ် အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ

စတဲ့နောက်ဆုံး ခေါင်းစဉ်လေးတွေ တင်ပြပေးလိုက်ပါတယ်။ သူ့တို့ လိပ်စာကတော့ http://komoethee.blogspot.com ဖြစ်ပါတယ်။

နောက်ဆုံးတင်ပြချင်တဲ့ ဘလော့ကတော့ http://longmarchforburma.blogspot.com/ ဖြစ်ပါတယ်။ သူတို့ ကတော့ ကျွန်တော့် ဘလော့ထဲမှာ မကြာခဏ ဖေါ်ပြဘူးလို့ စာဖတ်သူများ မစိမ်းလောက်ပါဘူး။ မြန်မာပြည်နဲ့ ဒေါ်အောင်ဆန်းကြည် လွတ်မြောက်ရေးအတွက် မိုင် ၉၀၀ ခရီးရှည် လျှောက်နေသူများ ဖြစ်ကြပါတယ်။ ယနေ့မှာ သူတို့က ၃၅ ရက်မြောက် ခရီးကို တင်ပြထားပါပြီ ခေါင်းစဉ်တချို့ကို တင်ပြလိုက်ပါတယ်။

မိုင် ၉၀၀ ခရီးစဉ်၏ ၃၅ ရက်မြောက် ခရီးစဉ် 35th day of 900 miles for Long March

Buffalo မြို့မှ ဦးဇင်းကုမာရ ဦးဆောင်ချီတက်
ငြိမ်းချမ်းရေးခရီးရှည် (၃၅)ရက်မြောက်နေ့ (ဇူလိုင်လ ၆ ရက်၊ ၂ဝဝ၉)

မိုင် ၉၀၀ ခရီးစဉ်၏ ၃၄ ရက်မြောက်ခရီးစဉ် 34th day of 900 miles for Long March

Erie မြို့ကိုလွန်မြောက်ပြီးသည့်နောက်
ငြိမ်းချမ်းရေးခရီးစဉ် (၃၄) ရက်မြောက်နေ့ (ဇူလိုင် ၅၊ ၂ဝဝ၉)

မိုင် ၉၀၀ ခရီးစဉ်၏ ၃၃ ရက်မြောက်နေ့ ခရီးစဉ် 33rd day of 900 miles for Long March

PA, Erie မြို့ကို ကျော်ပြီ
(၃၃) ရက်မြောက်နေ့ (ဇူလိုင်လ ၄ ရက်၊ ၂ဝဝ၉)

မိုင် ၉၀၀ ခရီးစဉ်၏ ၃၂ ရက်မြောက်နေ့ ခရီး 32nd day of 900 miles for Long March

(၃၂) ရက်မြောက်ငြိမ်းချမ်းရေးခရီးစဉ်
ဇူလိုင်လ ၃ ရက်၊ ၂ဝဝ၉
ဆရာတော် ဦးနန္ဒဝံသ လာရောက်ချီတက်

ဒီအပါတ်အတွက်တော့ ဒီလောက်ပါပဲ ခင်ဗျား။ နောက်များမှာ သတင်းလဲ တင်စရာ မရှိတဲ့ အခါ အခြေအနေလဲ ပေးတဲ့အခါ ကျွန်တော် ရောက်ဖြစ်တဲ့ ဘလော့များအကြောင်းကို ဆက်လက် မျှဝေပေးပါဦးမယ်။

D-Wave

No comments:

Post a Comment