8.02.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Mohammad Ali Abtahi (c) gives testimony at revolutionary court in Tehran, 01 Aug 2009 (Picture obtained from Fars News Agency)

သမ္မတ အမာဒီနီဂျက် အနိုင်ရသွားတဲ့ ရွေးကောက်ပွဲကို မကျေနပ်တဲ့အတွက် ဆန္ဒပြသူတွေ ၁၀၀ကျော်ကို ရုံးတင်စစ်ဆေးမှုတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ အီရန် သမ္မတဟောင်း မိုဟာမက် ခက်တာမဏီ က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။


၈၈၈၈ ပြည်သူ့သတင်းစဉ်၊ အတွဲ (၃) - အမှတ် (၆)၊ သြဂုတ်လ၊ ၂၀၀၉ ခုနှစ်

8888 People Power - Vol 3 No 6 - August 2009

သမိုင်းပေး တာဝန် ကျေပြွန်ကြပါစို့

8888

အိန္ဒိယဥသျှောင်-ကြေညာချက်

Invitation Letter(2)

မိုင် ၉၀၀ ခရီးစဉ်၏ ၅၆ ရက်မြောက်ခရီး 56th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၅၆) ရက်မြောက်
ဇူလိုင်လ ၃ဝ၊ ၂ဝဝ၉

မနေ့က ရပ်နားခဲ့ရ Dryden လမ်းနှင့် Highland လမ်းမှ စတင်ချီတက်သည်။ ၁၃ လမ်းအတိုင်းဖြစ်ပါ၏။ နံနက်(၇) နာရီ (၄၅) မိနစ်တွင် စတင်ထွက်ခွာ၏။ တောင်ကုန်းလမ်းများဖြစ်၏။ စိုက်ခင်းများရှိ၏။ တောင်အောက်သို့ လှမ်းကြည့်သော် ချိုင့်ခွက်ကဲ့သို့ရှိ၏။ တောင်ပေါ်သို့လှမ်းကြည့်သော် လှေခါးထစ်သဖွယ်ဖြစ်၏။ ထိုသို့ သဘောရှိသော ခေါင်လှသောလမ်းမကြီးကို တောက်လျှောက်ကျော်ဖြတ်သည်။ ခေါင်သည်ဆိုသော်လည်း စိမ်းစိုလန်းဆန်းခြင်းကား အပြည့်ရှိပါသည်။ တချို့နေရာများတွင် တောင်စောင်းများအောက်ရှိ စိုက်ခင်းများသည် ပန်းချီကားသဏ္ဍာန်လှပ၏။

လေးဖြူနှင့် နာမည်ကြီးအဆိုတော်များ ရန်ကုန်တွင် ဖျော်ဖြေမည်

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ သြဂုတ်လ ၁ ရက်နေ့၊ စနေနေ့တွင် ကျင်းပမည့် Iron Cross (IC) Unplugged စင်မြင့်ဖျော်ဖြေပွဲ အတွက် ပွဲကြည့်ပရိသတ်များ လက်မှတ်ရရန်

ကြက်ဥ အတုများ ဝင်ရောက်နေဟု အစိုးရ သတိပေး

ပြည်သူများ စားသုံးရန် မသင့်သည့် ဓာတုဗေဒနည်းနှင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှ တဆင့် ၀င်ရောက်နေသည်ဟု ထူးခြားးသည့် သတင်းအား ဇူလိုင်လ ၃၁

ဘန်ကောက်မှ မြန်မာတချို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူ ၂ဝ ကျော်သည် ယနေ့ နံနက်က မြန်မာသံရုံးရှေ့သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းကို ရပ်ဆိုင်းရန်

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုအား ယနေ့ စီရင်ချက်ချမှတ်ရန် အစီအစဉ်ကို လာမည့် သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း
မင်းနိုင်သူ / ၃၁ ဇူလိုင် ၂၀၀၉

“လူထုက ဒီနေ့သတင်းကို နားစွင့်နေကြတယ်။ ကွမ်းယာဆိုင်မှာလည်း ဒီအကြောင်း၊ လက်ဖက်ရည်ဆိုင်မှာလည်း ဒီအကြောင်း၊ ကိုယ့်အုပ်စု နဲ့ကိုယ် ကြိတ်ပြီး ပြောဆိုနေကြတာ။ သတင်းသမားတွေလည်း ဒီနေ့အင်းစိန်ဘက်ကို အများဆုံး .....”အပြည့်အစုံသို့
ဒေါ်စုအမှု စိတ်ဝင်စားသူများ အင်းစိန်ထောင်အနီးစုရုံးခဲ့ကြ
NEJ / ၃၁ ဇူလိုင် ၂၀၀၉ “ကျနော်တို့က တာဝန်ကျတဲ့သူတွေပါ။ အမိန့်တော့ပေးထား ပါတယ်။ ဆန္ဒလာပြတဲ့ သူတွေ၊ စာရွက်ဝေတဲ့ သူတွေ၊ အဲဒါမျိုးတွေကို တွေ့တာနဲ့  မစစ်ဆေးဘဲ....”အပြည့်အစုံသို့
ကြက်ဥအတုများ မြန်မာနိုင်ငံသို့ ၀င်ရောက်ဟု
နအဖ သတင်းဖြန့်

NEJ/ ၃၁ ဇူလိုင် ၂၀၀၉ “ရန်ကုန်မှာရောက်နေတာကြာပြီ။ တရုတ်ဘက်ကလာတာပါ။ တရုတ် ကတော့စုံတယ်...”အပြည့်အစုံသို့


မြောက်ပိုင်းတိုင်း တိုင်းမှူး ကေအိုင်အိုနယ်မြေရောက်ရှိ
စစ်ဆေးရုံသို့ သွားရောက်လေ့လာ

NEJ / ၃၁ ဇူလိုင် ၂၀၀၉ “အခုက နယ်ခြားစောင့်တပ်ကို ဒီဘက်က လက်မခံထားတဲ့ အချိန်မှာ အခုလိုလာတာ နည်းနည်းတော့ထူးတယ်။ သူတို့ တောင်းဆိုထားတာကို လက်မခံလို့ ပြန်ပြီး...” အပြည့်အစုံသို့
မြန်မာကြက်သွန်နီ တင်ပို့မှုကန့်သတ်

NEJ/ ၃၁ ဇူလိုင် ၂၀၀၉
“အရင်လို ထိုင်းဘက်ကို ခိုးဂိတ်က နေ ပို့လို့မရတော့ဘူး။ သူတို့ပြော တာက ပြည်တွင်း....”အပြည့်အစုံသို့

တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ်

ဒုံးပျံလက်နက်များနှင့် အနုမြူဗုံးပိုင်ဆိုင်ခွင့်ရလာသော နိုင်ငံသည် ထိုအနုမြူဒုံးပျံများအား လုံခြုံစွာ ထိန်းသိမ်းရန်နှင့် မတော်တဆ ပစ်ခတ်မှုသော်လည်းကောင်း၊ လူဆိုးဗိုလ်ချုပ် (Rogue-General) (သို့)...

သက်ကျားအိုရဲ့ ဇာတ်သိမ်း

ရုပ်ပြတရားခွင်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဟန်လုပ်နေရသော်လည်း အကြောင်းပြချက် ခိုင်လုံစွာ မပေးနိုင်ဘဲ မကြာခဏ ရွှေ့ဆိုင်းနေရသည်မှာ အာဏာအသာစီးရနေသော...



အတွင်းစည်းကျိုးပျက်ခြင်းသည် နအဖအတွက် နေ၀င်ချိန်ပေလား

သန်းစိုးလှိုင်
သြဂုတ် ၁၊ ၂၀၀၉

ဒီမိုကရက်တစ်အစိုးရတရပ်အတွက်ပင်လျင် အတွင်းစည်း၊ အပြင်စည်း ဆိုသည့် လျှို့ဝှက်အပ်သည့် အရာ၊ တိုင်းပြည်အကျိုးအတွက်၊ အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာအတွက် မထုတ်ပြန်သင့်သည့် အရာ၊ မပေါက်ကြား သင့်သည့် အရာဟူ၍ ရှိကြသည်။

နအဖ အစိုးရလို အာဏာရှင် အစိုးရတရပ်အတွက်မူ အတွင်းဆုံးစည်း၊ ထိုမှတဖန်အတွင်းစည်း၊ ပြီးနောက်အပြင်စည်း စသဖြင့် ပို၍လိုအပ်သည်။ နအဖ ခေါင်းဆောင်မှု အတွင်း မည်သည့်လုပ်ဆောင်မှုများ ရှိသည်၊ အခြားသောနိုင်ငံ အစိုးရအဖွဲ့များနှင့် မည်သို့သော ဆက်ဆံရေးများရှိသည် စသည့် အချက်အလက်များမှာ နအဖ စစ်ခေါင်းဆောင်များ မည်သည့်အခါကမျှ ထုတ်ပြန်ကြေငြာခြင်း၊ ပေါက်ကြားခဲ့ခြင်း မရှိပေ။
အျပည့္အစုံသိုႛ ...

မြန်မာပြည် နျူကလီးယား ဓာတ်ပေါင်းဖိုအတွက် မြောက်ကိုရီးယားနိုင်ငံက ကူညီနေ
AFP သတင်းဌာန
ဇူလိုင် ၁၊ ၂၀၀၉

မြောက်ကိုရီးယားနိုင်ငံက မြန်မာပြည်တွင် နျူကလီးယား ဓာတ်ပေါင်းဖို နှင့် ငါးနှစ်အတွင်း အဏုမြူ ဗုံး တလုံး တည်ဆောက်ရန် ရွှေ့ပြောင်းနိုင်သည့် ပလူတိုနီယမ် စက်ရုံ တို့ကို လျှို့ဝှက် တည်ဆောက်ရေးအတွက် အကူအညီ ပေးနေသည်ဟု သိရသည်။ မြန်မာပြည်မှ ထွက်ပြေးလာသူများကို ကိုးကားပြီး ယနေ့ ထွက်ပေါ်လာသော သတင်းတပုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

အျပည့္အစုံသိုႛ ...

သင်္ဃန်းညီနောင် တံတားကျိုးဂိတ်တွင် ရတခ - စစ်ဗျူဟာမှူး ကိုယ်ကျိုးရှာနေ
စောသိန်းမြင့် (ကေအိုင်စီ)
သြဂုတ် ၁၊ ၂၀၀၉

ကရင်ပြည်နယ် သင်္ဃန်းညီနောင်ရှိ ကော့ကရိတ်-မြ၀တီကားလမ်း တံတားကျိုး စခန်းမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အခြေချ စစ်ဗျူဟာမှ တာဝန်ခံ စစ်ဗျူဟာမှူးတဦး သည် အဖွဲ့အစည်း အမည်ခံကာ ကိုယ်ကျိုးရှာ အခွန်ကောက်ခံလျက် ရှိသည်ဟု သိရသည်။

အဆိုပါ စစ်ဗျူဟာမှူး ဗိုလ်မှူးခင်မောင်ဝင်းသည် ၂၀၀၈ခုနှစ်မှစ၍ ယခုအချိန်ထိ ထိုင်း-မြန်မာနယ်စပ် မြ၀တီမှ တင်သွင်းလာသော လိုင်စင်မဲ့ ဂျပန် မော်တော်ယာဉ်ကားများကို ကားအမျိုးအစား အပေါ် မူတည်ပြီး တစီးလျှင် ကျပ် ၂သိန်းမှ ၅သိန်းအထိ ကောက်ခံနေသည့် အပြင် တရားမ၀င် တင်ဆောင်လာသော ကန့်သတ် ကုန်တင်ကားများကိုလည်း ကုန်ပစ္စည်းအပေါ် မူတည်ပြီး တစီးလျှင် ကျပ်(၃)သိန်းမှ (၁၀)သိန်း အထိ ကောက်ခံလျက် ရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများက ပြောသည်။

အျပည့္အစုံသိုႛ ...

မြန်မာစစ်အစိုးရ အနုမြူလက်နက်ထုတ်လုပ်ဖိုရှိ

No comments:

Post a Comment