8.05.2009

တာဆန်း ရေကာတာ ဆည်ဆောက်ရာတွင် လူ့ အခွင့်အရေး ချိုးဖေါက်မှု အစီရင်ခံစာ ထုတ်ဝေ

Photobucket

သြဂုတ် ၅

မြန်မာနိုင်ငံ သံလွင်မြစ်တွင် တည်ဆောက်နေသော ဟတ်ကြီး နှင့်တာဆန်း ရေကာတာ ဆည်ဆောက်ရေး ကြောင့် ဒေသတွင်းလူ့ အခွင့်အရေးချိုးဖေါက်မှု များကို သံလွင်မြစ် သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာ ရေး အဖွဲ့ မှ အစီရင်ခံစာ တစ်စောင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ခရစ်ယာန် ကျောင်းသားလူငယ်များ စင်တာ တွင် ယမန်နေ့ က ထုတ်ဝေဖြန်ချိလိုက်သည်။

(အင်္ဂလိပ်/ထိုင်း) နှစ်ဘာသာ ဖြင့် ဓါတ်ပုံပေါင်း ငါးဆယ်ကျော်တို့နှင့် စာမျက်နှာ ၄၈မျက်နှာပါရှိသော အဆိုပါ အစီရင်ခံစာတွင် တာဆန်းရေကာတာ တည်ဆောက်မှုကြောင့် စိုက်ပျိုးဖြစ်ထွန်းသော မြေပြန့်လွင်ပြင်နှင့် စိုက်ခင်းမြေ စတုရန်း ၈၇၀ ကီလိုမီတာခန့်  ရေလွှမ်းမိုးခြင်းခံမည်ဖြစ်ကြောင်း ရေသားဖေါ်ပြထားသည်။

ထိုင်းနှင့် မြန်မာအစိုးရတို့  နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံ သံလွင်မြစ်တွင် တာဆန်းရေကာတာနှင့် ဟတ်ကြီးရေကာတာ တည်ဆောက်ပြီးနောက် ရရှိလာသော လျှပ်စစ်ဓါတ်အားများကို ထိုင်းနိုင်ငံသို့  ရောင်းချမည်ဖြစ်သည်။ ၁၉၉၆ မှ ၁၉၉၈ အတွင်း တာဆန်းရေကာတာ တည်ဆောက်မှုကြောင့် ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်း၁၁ မြို့ နယ် ရွာပေါင်း၁၀၀ခန့်မှ လူဦးရေ ၆၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ကိန်းခန်းမြို့ နယ် တစ်ခုတည်းကပင် လူပေါင်း၁၄၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့်အပြင် ထိုင်းမြန်မာနယ်စပ်သို့ လူပေါင်း၃၀၀၀ ကျော် ဒုက္ခသည်များအဖြစ် ရောက်ရှိလာခဲ့သည် အင်အားသုံးပြီး ပြောင်းရွှေ့ခိုင်းမှုကြောင့် လူ ၆ သောင်း နီးပါးရှိသော မြို့နယ်အနီးသို့ မြို့နယ် ၁၁ ခုကို ပြန်လည် နေရာချထားသဖြင့်လူ ၃ သိန်း လောက် ထိခိုက်မှုတွေ ရှိခဲ့သည်။

သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့ လှုပ်ရှားမှု ရှမ်းအမျိုးသမီး ခေါင်းဆောင် နန်းချန်တောင်းက“သံလွင်မြစ်မှာရေ ကာတာ တည်ဆောက်တာကြောင် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဒေသခံ တိုင်းရင်းသား တွေအပေါ် ဘယ်လောက်ထိ ဆိုးကျိုးတွေဖြစ်စေသလဲ ဆိုတာကို ကျမတို့ က ဓါတ်ပုံတွေ၊ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ အတိအကျ စာတမ်းပြုစုပြီးတော့ ထိုင်းအစိုးရ၊ ထိုင်းပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကို ပြောပြခွင့်ရခဲ့ပါတယ်'' ပြောသည်။

အစည်းအဝေးတွင် ဦးဆောင်ဆွေးနွေးသူ တစ်ဦးဖြစ်သူ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံသံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ယခု ထိုင်းအမျိုးသားလူ့ အခွင့်အရေးကော်မရှင် (ဒီမိုကရက်ပါတီဝင်) နိုင်ငံခြားရေးဌာ အကြံပေး အရာရှိ Dr. Nirand Pitakwatchara က“လူထုအခြေပြုအဖွဲ့ အစည်းတွေ လှုပ်ရှားနေတာတွေကို စောင့်ကြည့်လေ့လာဖို့ ထိုင်းအစိုးရ၀န်ကြီးအဖွဲ့ အနေနဲ့ စဉ်းစားနေပါတယ်။ကျနော်တို့ အစိုးရနဲ့ ဗမာအစိုးရ စဉ်းစားတာခြင်းတော့ မတူဘူး။နအဖ က လူအခွင့်အရေး ဆိုတာမသိဘူး။ သူတို ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်တတ်တယ်။ အလုပ်တူလုပ်နေကြတဲ့ အစိုးရနှစ်ရပ်တို့ ရဲ့ ပေါ်လစီက အများကြီး ကွာဟချက်တွေ ရှိပါတယ်။ နအဖရဲ တွေးခေါ်မျှော်မြင်မှုဟူသမျှဟာ အာဏာရှင်စနစ် တည်မြဲရေးအတွက် အဓိက ဦးစားပေး ဖြစ်တယ်။ ဂက်စ်ရောင်းရငွေက သူတို့ အတွက်အဓိက အသက်သွေးကြော ဖြစ်တယ်''ဟု ပြောသည်။

ထိုင်းနိုင်ငံခေါင်းဆောင် အားလုံးတို့ သည် မြန်မာပြည်၏ လက်ရှိအနေအထားများကို သိရှိကြသော်လည်း နိုင်ငံ၏ အကျိုးစီးပွါးကို အဓိကဦးစားပေ စဉ်းစားကြသည်။ အလားတူ ကုလသမဂ္ဂ၊ အာဆီယံအပါအ၀င် အခြားအိမ်နီးခြင်း နိုင်ငံများကလည်း သိရှိကြသည်။ အယင်ထိုင်းအစိုးရများ လက်ထက်က လုံးဝမပြောဆို မလုပ်ကိုင်ရဲခဲ့သော အလုပ် တစ်ခုကို ပြီးခဲ့သောကာလ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင်သို့ ပြောင်း ရွေ့ဖမ်းဆီး ချုပ်နှောင်လိုက်စဉ် အဖီဆစ်က အာစီယံဥက္ကဌအနေဖြင့် စတတ်မင့် တစ်စောင် ထုတ်ပြန် လိုက်ခြင်းကြောင့် ထိုင်းအကျိုးစီးပွား များစွာထိခိုက်ခဲ့သည်။ ထိုင်းနိုင်ငံတွင် လူ့ အခွင့်အရေး ကာကွယ် မြှင့်တင်သော အဖွဲ့ အစည်းများစွာ ရှိကြောင်း အင်းဂျီအိုများ အနေဖြင့်လည်း မိမိနှင့်မဆိုင်ဟူ၍ မသက်ဆိုင်သလို မနေသင့်ကြောင်း။ လူ့ အခွင့်အရေး ချိုးဖေါက်နေတဲ့ မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံသူများမှာ မိမိကိုယ် ကိုယ် အပြစ်ရှိသည်ဟု မှတ်ယူသင့်ကြောင်း။ ဗမာအစိုးရက လူ့ အခွင့် အရေးချိုးဖေါက်သော်လည်း ငါတု့  တိုင်း ပြည်နှင့် လူမျိုးများက လူ့ အခွင့်အရေးကို လေးစားလိုက်နာ တန်ဖိုးထားသူများ ဖြစ်ကြောင်း ပြသရ မည်ဖြစ်သည်။ အာဆီယံပဋိဉာဏ် ဆိုသည်မှာလည်း အကောင်အထည်မဖေါ်နိုင်ပါက စာရွက်သာ ဖြစ်မည်ဖြစ်ကြောင်း သံတမန်ဟောင်း ဒေါက်တာ နရမ်းမှပြောကြားသွားသည်။

အစိုးရ စွမ်းအင်ဌာနမှ စူဖါကစ်က “ယခင်အစိုးရ လက်ထက်များကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ခဲ့ကြပေမယ့် ခုခေတ်ခုအချိန်အခါမှာ အကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး မလုပ်သင့်တာကြောင့် အစိုးရအဖွဲ့ အ နေ နဲ့  စဉ်းစားနေပါတယ်''ဟု ပြောဆိုသွားသည်။

သံလွင့်မြစ် လေ့လာစောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုင်းစိုင်းက “သံလွင်မြစ်ထဲမှာ ရှိတဲ့ ရေလယ်ကျွန်းကျေးရွာတွေ ကျောင်းကန်ဘုရားတွေ လှပတဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီသွားခဲ့ပါပြီ။ စီမံကိန်း စတာနဲ့ တပြိုင်နက် သစ်ပင်တွေကို ရှင်းလင်းခုတ်ထွင်တော့တာပဲ။ ဒေသတွင်းကလူတွေ နေထိုင်စရာ၊ လုပ်စားစရာ အားလုံး ပျက်ပျောက်ပျက်ခဲ့ရတယ်။ ခုတော့ထိုင်းနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေးအခြေအနေအ၇ေ၇ကာတာတည်ဆောက်ေ၇းကို ရပ်တန့် ထားပေမယ့် သစ်တောတွေက ပြုန်းတီးခဲ့ပြီလေ။ တဆန်းရေကာတာ တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာသန်းပေါင်း ခြောက်ထောင်ပါ။ တာဆန်း ရေကာတာက ထုတ်လုပ်နိုင်မယ့်စွမ်းအင်က ၇၁၁၀မီဂ္ဂါဝပ် ရှိပါတယ်။ ဟတ်ကြီးမှာဆိုရင် ၁၁၂၀၀မီဂ္ဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါလုပ်ငန်းက အကျိုးအမြတ်တွေ ကိုပထမ တရုတ်နိုင်ငံက ခံစားရမှာဖြစ်ပြီးတော့ ဒုတိယ ထိုင်းနိုင်ငံက ခံစားရမှာဖြစ်ပါတယ် တတိယ အကျိုးရှိမယ့်သူက မြန်မာစစ်အစိုးရဖြစ်ပါတယ် ဒေသခံ တိုင်းရင်းသားတွေကတော့ ဘ၀ပျက်ကြတာပေါ့ဗျာ'' ဟု ပြောသည်။

ရေကာတာတည်ဆောက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်းများပျက်စီခြင်း၊ လူအများဒုက္ခရောက်ခြင်းများ အပြင် သံလွင်မြစ်အတွင်းရှိသော သဘာဝသားငါး၊ပုဇွန်များ၊တောရိုင်းတိရစ္ဆာန်များမျိုးတုန်း ပျောက်ကွယ်ရုံမျှ မက ဒေသတွင်းတိုင်းရင်းသူများမှာ မတော်မတရား ပြုကျင့်ခံရမှုများ၊လုပ်အားပေး စေခိုင်းမှုများ များစွာ ရှိနိုင် ကြောင်း သံလွင်မြစ်စောင့်ကြည့်လေ့လာရေးအဖွဲ့ ကဆိုသည်။

ဤအခမ်းအနားတွင် ကေအင်ယူဥက္ကဌ စောတာမလာဘောက မိနစ်အနည်းငယ်စာ အင်္ဂလိပ် ဘာသာ ဖြင့်ပြောသော ဗွီဒီယိုရှိုးကို ပြသခဲ့ပြီ။ ကေအင်ယူမှ ပေးပို့ သောစာကို နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်အား ကေအင်ယူ နိုင်ငံခြားရေးဌာမှ မနော်ထူးဖေါ့ က ပေးအပ်ခဲ့သည်။သူမက“ကျမတို့ ကရင်ပြည်နယ်မှာရှိတဲ့  ဟက်ကြီးရေးကာတာကို တည်ဆောက်တာကြောင့် ဒေသတွင်း ကရင်ရွာတွေ ဖျက်ဆီးခံရတယ်။
လုပ်ကိုင် စားသောက်စရာ နေရာတွေ မရှိတော့ ထိုင်းနိုင်ငံကို ရောက်လာတယ်။ ထိုင်းနိုင်ငံအတွက်လည်း ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်။ စာမှာ အဓိက ကေအင်န်ယူက ထိုင်းအစိုးရအနေနဲ့ တည်ဆောက်မယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတို့ ရရှိပြီးမှ ဆောက်ဖို့ ပေါ့ ဒါတောင်မှ ဒေသခံပြည်သူလူထုတွေရဲ့ သဘောတူညီချက်တွေ ယူပြီးမှ တည်ဆောက်သင့်တယ်လို့ တင်ပြထားပါတယ်။ လူတွေက ထိုင်းကိုပဲ ထပ်ပြီး ရောက်လာမယ် ဆိုတာကို ပြောပြထားပါတယ်။ ဒါကြောင့် ရေကာတာမဆောက်ဖို့ ပြောထားပါတယ်''ဟု ပြောသည်။

အခမ်းအနားသို့ ထိုင်းအစိုရ စွမ်းအင်ဌာန၊ ထိုင်းအမျိုးသား လူ့ အခွင့်အရေးကော်မတီ အပါအ၀င် ဘန်ကောက် အခြေစိုက် သတင်းဌာနများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ ရှေ့ နေများကောင်စီမှ တာဝန်ရှိသူတစ်ဦးနှင့် အယ်န်အယ်ဒီ အယ်လ်အေမှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို မွန်းလွဲပိုင်းတွင် စတင်ကျင်းပပြီး ညနေပိုင်းတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment