8.13.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

နေပြည်တော်သွားရမည့်သူများ စာရင်း
နေပြည်တော်မှ ဖိတ်ခေါ်ချက်အရ သွားရမည့် NLD ဗဟိုကော်မတီဝင်များမှာ ဦးသန်းထွန်း၊ ဦးလှ ဖေ(ကျမ်းမာရေး မကောင်းသဖြင့် မသွားနိုင်ဟုသိရ) ၊ ဦးညွှန့်ဝေ နှင့် ဦးစိုးမြင့်တို့ ဖြစ်ကြပါသည်။ NLD ပါတီအပြင် အမျိုးသားညီညွတ်ရေးပါတီ၊ ရှမ်းအမျိုးသား အဖွဲ့ချုပ်၊ ပအို့ အမျိုးသားသမဂ္ဂ၊ MRO or Khami Solidarity Organization , Shane State Kokang Democratic Party , Lahu National Development Party, Wa Development , Kokang Democracy and Unity Party , Union Karen League စုစုပေါင်း အဖွဲ့ အစည်း ဆယ်ခုကို ဖိတ်ခေါ်ထားကြောင်း သိရပါသည်။
ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်း သတင်းထောက် တဦးမှ ပေးပို့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် စီရင်ချက် လုံခြုံရေး ကောင်စီ မတုံ့ပြန်နိုင်သေး

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမှတ်အပြီး ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း သဘောထားကွဲလွဲမှုကြောင့် တစုံတရာ ဆုံးဖြတ်ချက် မချမှတ်
နိုင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံက တောင်းဆိုခဲ့သဖြင့် ယင်းအစည်းအဝေးကို ယမန်နေ့က နေ့လယ်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်သော စီရင်ချက်ကို ပယ်ဖျက်ပြီး၊ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ နိုင်ငံရေး တွင် ပါဝင်ခွင့်ပေးရန်နှင့် အခြားသော တောင်းဆိုချက်များ ပါဝင်သည့် ကြေညာချက် မူကြမ်း တစောင်ကို အမေရိကန် ပြည်ထောင်စုက အဖွဲ့ဝင်နိုင်ငံများအား ယင်းအစည်းအဝေးတွင် ဖြန့်ဝေခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ ပြင်သစ်နိုင်ငံ လက်ထောက် သံအမတ် Jean-Pierre Lacroixက “အမေရိကန် ကိုယ်စား လှယ် က အဲဒီမူကြမ်းကို အစည်းအဝေးမှာ ဖြန့်ဝေတာပါ၊ အဲဒီမူကြမ်းကို ကျနော်တို့ ထောက်ခံပါတယ် ကျနော်တို့ မျှော်လင့်နေတဲ့ ရလဒ် ထွက်လာအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ၊”ဟု ပြောသည်။

ယင်းမူကြမ်းပါ အချက်များနှင့် ပတ်သက်၍ စဉ်းစား ဆုံးဖြတ်ရေးအတွက် ရုရှားနှင့် တရုတ်နိုင်ငံ တို့က အချိန် ပေးရန် တောင်းဆို ခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာအမေရိကန်ပြည်ထောင်စု သံအမတ် Susan Rice က “ဒီမူကြမ်းနဲ့ ပတ်သက်ပြီးတော့ အခြားသော အဖွဲ့ဝင်တွေက ကွဲလွဲတဲ့ အမြင်တွေရှိနေမယ် ဆိုတာကို ကျမတို့ အသိအမှတ်ပြုပါတယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ခဲ့သော စီရင်ချက်နှင့် ပတ်သက်၍ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏တရား စီရင်ရေးနှင့် အချုပ်အခြာ အာဏာကို လေးစားသင့်သည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာနပြောခွင်ရက ယနေ့တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် စိတ်ပျက်မိကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်
ပေးကာ တွေဆုံဆွေးနွေး၍ အမျိုးသားရင်ကြားစေ့ရေးကို အကောင်ထည်ဖော်ရန် ပါရှိသည်။

ယင်း စီရင်ချက် ချမှတ်ခဲ့ အပြီး မစ္စတာ ဘန်ကီမွန်းသည် ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။ ထို့အပြင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့က ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် စီရင်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်းနှင့် ၁၆ကြိမ်မြောက် အာဆီယံ ဒေသတွင်းအစည်းအဝေးတွင် အဆိုပြုတောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် တောင်းဆိုထားသည့် အတိုင်း ထပ်မံတောင်းဆိုကြောင်း အာဆီယံ နိုင်ငံများအဖွဲ့ ဥက္ကဌ ထိုင်းနိုင်ငံက ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Man က အာဆီယံ အနေနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး နိုင်ရေးအတွက် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပေးရန် တောင်းဆိုလိုက်သည်။
Sender by Ban Dar from 8888peoplepoewer
မမြင်ရတဲ့ အောင်မြင်မှု
အောင်သာငယ်
သြဂုတ် ၁၂၊ ၂၀၀၉

ကျနော် ပြောချင်တာကတော့ အချက် ၂ ခုထဲပါ။

၁။ နအဖစစ်အုပ်စုဟာ အသိဉာဏ် နုံနဲ့နေတဲ့ လူတစုသာ ဖြစ်တယ်။

နအဖဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကိုတောင် ရန်ရှာခဲ့ပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းက သည်အချက်ကို သက်သေပြခဲ့ပြီးပါပြီ။ ရဲရင့်တဲ့ ပြည်သူလူထုကြောင့် ကံကောင်းထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ သည်အချက်ကို ကြည့်ရင် နအဖဆိုတာ စဉ်းစား ချင့်ချိန်မှုအသိ ဘယ်လောက်အထိ နုံနဲ့နေတဲ့ လူတစုလည်း ဆိုတာ ကောင်းကောင်း သဘောပေါက်နိုင်ကြမှာပါ။ အဲသည်တော့ လူတယောက်ကို သတ်ဖို့ အထိ ကြိုးစားနေတဲ့ လူတစုဟာ အဲသည် လူတယောက်ကို ထောင်ချဖို့ ဆိုတာကတော့ ဘယ်လိုမှ ၀န်လေးမှာ မဟုတ်တာ အသေအချာပါပဲ။ သည်တော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားတယ် ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချတယ် ဆိုတာ ဘာမှ မဟုတ်ပါဘူး။ သည်အတွက် ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့လို ၀မ်းနည်း ကြေကွဲနေစရာ မလိုပါ။

အျပည့္အစုံသိုႛ ...

အမေရိကန် အထက်လွှတ်တော် အမတ် နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့မည်

အမေရိကန် အထက်လွှတ်တော် အမတ် နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့မည်

အမေရိကန် ပြည်ထောင်စုမှ သြဇာ ကြီးမားသော အထက်လွှတ်တော် အမတ် တဦးသည် အရှေ့တောင် အာရှ ၅ နိုင်ငံ ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံမည်ဟု သိရသည်။

အိမ်ခြေ ၅၀၀ ကျော် အစိုးရစစ်တပ် ဖျက်ဆီးဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော

ရှမ်းပြည်နယ် အလယ်ပိုင်း လဲချားမြို့နယ် အတွင်းရှိ အိမ်ခြေ ၅၀၀ ကျော်ကို မြန်မာ စစ်အစိုးရ တပ်များက လွန်ခဲ့ သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးလှုပ်ရှားနေသူများက ယနေ့ ပြော ဆိုလိုက်သည်။

ပျော်မဆုံး မော်မဆုံး ဘောလုံး ကစားကြသည်

အလုပ်ပဲ ပြုတ်ပြုတ်၊ လစာပဲ ဖြတ်ဖြတ်၊ ကြိုက်သလိုလုပ် ဘောလုံးပြိုင်ပွဲ ဆိုတဲ့ အသံကြားတာနဲ့ သွား မကစားဘဲ မနေနိုင်တဲ့သူကတော့ ကိုအောင်လင်းထွန်းပဲ ဖြစ်ပါတယ်။
ဆက်ဖတ်ရန် ...

ကိုးကန့်အရေး မြန်မာကို တရုတ်သတိပေး

ကိုးကန့်ဒေသစစ်ရေးတင်းမာမှု အပေါ်တွင် တရုတ်ပြည်မှ စစ်အစိုးရအားသတိပေးပြောကြားသည်ဟု သိရသည်။

စစ်အုပ်စုကို ထောက်ခံနေရာမှ တရုတ်တို့
ခြေတလှမ်း နောက်ဆုတ်သွားရန်

ဗန္ဓရ / ၁၃ သြဂုတ် ၂၀၀၉
မြန်မာ့နိုင်ငံရေးဖြစ်စဉ်အရလည်း အဓိကကျသော အပစ်ရပ်တဖွဲ့တဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားပါက မြန်မာ့ပြည်တွင်းစစ်ဖြစ်ရန် မီးစိမ်းပြနေပြီးဖြစ်၍ အပစ်ရပ်အဖွဲ့များ နိုင်ငံရေးကစားတတ်လျှင် စစ်အုပ်စုကို ထောက်ခံနေရာမှ တရုတ်တို့ သေချာပေါက်...အပြည့်အစုံသို့
မြန်မာအလုပ်သမားများအတွက် အသံလွှင့်ဌာနတခု
မဲဆောက်တွင် ထုတ်လွှင့်မည်
NEJ / ၁၃ သြဂုတ် ၂၀၀၉

“အလုပ်သမားရေးအပါအ၀င် အခြားကဏ္ဍတွေလည်းစုံတော့ ဂရုတစိုက်ထုတ်လွှင့်ဖို့ပဲ အရေးကြီးတယ်။ အဓိက သောတရှင်တွေကို ရင်ဘတ်ထဲက လေးစားမယ်ဆိုရင် သိပ်ကိုအောင်မြင်မယ့်
အလုပ်တခုလို့ ...”အပြည့်အစုံသို့
ကချင်တိုင်းရင်းသား ဝန်ထမ်းများအား
ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူ

ခိုင်လင်း / ၁၃ သြဂုတ် ၂၀၀၉
“ကချင်တွေပဲ ရွေးပြီး မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေရဲ့ အလုပ်အကိုင်တွေပါ မေးတာ။ စာရွက်ဖောင်တွေမှာ ဖြည့်ရ တာ။ တောထဲက လက်နက်ကိုင်အဖွဲ့တွေ.....”အပြည့်အစုံသို့
မြန်မာနိုင်ငံအပေါ် အီးယူ၏ ပိတ်ဆို့မှုအသစ်တွင်
တိုတယ် (Total) ပူးပေါင်းပါဝင်ရန် ဖိအားပေးခံရ

NEJ / ၁၃ သြဂုတ် ၂၀၀၉
“တိုတယ်ကုမ္ပဏီအနေနဲ့ မြန်မာ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် ရင်းနှီးမြှုပ်နှံ...”အပြည့်အစုံသို့

ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး မြန်မာ့အရေး မဆုံးဖြတ်နိုင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁၈ လ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေသော ကုလလုံခြုံရေး ကောင်စီ၏ ပြီးခဲ့သည့် အင်္ဂါနေ့က တံခါးပိတ် အစည်းအဝေး...

ကိုးကန့်တပ် စစ်ရေးပြင်ဆင်

နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန်နေသည့် ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ အပစ်ရပ် MNDAA ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ၏ နေအိမ်သို့ ဒေသခံ စစ်တပ်နှင့်...


more


more


more


more


more


more

မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ အရေးပေၞ အစည်းအဝေးကျင်းပ

ရေဒီယိုသြစတြေးလျ မြန်မာဘာသာဖြင့် တိုးချဲႚ အသံလွှင့်မည်

လူႛအခွင့်အရေး ကိုယ်စားလှယ် လေးဦးက စစ်အစိုးရ၏ စီရင်ချက်ကို ပြစ်တင်႟ရှုတ်ချ

သြဂုတ်လ ၁၂ ရက်၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ထုတ်ပြန်ကြေညာချက်

PhotobucketPhotobucket

NCGUB၏ သဘောထားထုတ်ပြန်ကြေငြာချက်

Bogyoke Kyaw Zaw Statement(Click) ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ထုတ်ပြန်ချက်(Click)

ဗိုလ်ချုပ်တွေ မျက်နှာနီနေရော့မယ်(ဆောင်းပါး..ရဲဘော်ဖိုးသံချောင်း)

အမျိုးသား ရင်ကြားစေ့ရေး ဆိုရာဝယ် (အပြန်အလှန်ဆွေးနွေးမှု)



Aug 12, 2009
by Thet
ဒေါ်အောင်ဆန်းစုကြည်ကို မမှန်ကန်တဲ့ မတရားတဲ့ဥပဒေတွေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအား ပယ်ဖျက်ပြီး အမြန်ဆုံးပြန်လည်လွှတ်ပေးရန် စစ်အစိုးရအား ဂျပန်အစိုးရမှ တိုက်တွန်းဖိအားပေးရန် ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူမြန်မာနိုင်ငံသားများမှ တောင်းဆိုဆန္ဒပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment