8.15.2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆီနိတ်တာမစ္စတာဂျင်မ်ဝဘ် စိမ်းလဲ့ကန်သာတွင် ယနေ့တွေ့ဆုံ

(ကြားဖြတ်သတင်း)
အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝဘ် သည် နေပြည်တော်တွင် ယနေ့နံနက်ပိုင်းကနေပြည်တော်ရှိ ဗိုလ်မှုးချုပ်မှုးကြီး သန်းရွှေ နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၁၂း၄၅ တွင်ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ ခမ်းမတွင် နေ့လည်၃း၅၀ မှ ၄း၃၅ အထိ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆွေးနွေးချက်များကို အတိအကျ မသိရသေးသော်လည်း ထိုအချက်အများအရ မစ္စတာ ဂျင်မ်ဝဘ်သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံမှ တစုံတရာ သဘောတူညီချက်တခုကို ယူဆောင်လာသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်ဟု ယူဆရပါသည်။
ထိုဆွေးနွေးချက်များနှင့် ပါတ်သက်၍ သတင်းရရင်ရချင်း ဆက်လက် တင်ပြပေး သွားမည်ဖြစ်ပါသည်။
(ရွှေဝါရောင်သတင်းလွှာ ၏ ပြည်တွင်းသတင်းထောက်တဦး)

No comments:

Post a Comment