| Wednesday, 26 August 2009 |
၂၀၀၉ဩဂုတ်လ၂၅။ ။ ယနေ့နံနက်၁၀နာရီမှ ၁၂နာရီအချိန် ဂျပန်နိုင်ငံတိုကျိုမြို့ ချိယိုဒါကု ခိအိုအိ ချိုး ၄-၁ ရှိ THE NEW OTANI HOTEL ရှေ့ မျက်နှာစာ လမ်းမတွင် မြန်မာ့ဒီမိုကရေစီအင်အားစုများစုဝေး၍ဆန္ဒပြခဲ့ကြပါသည်။ ဂျပန်နိုင်ငံအစိုးရ၏တရားဝင်ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံတိုကျိုမြိုံ့သို့ရောက်ရှိလာသူနအဖ ၏ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ကြံ့ဖွံ့ အတွင်းရေးမှူး ဦးဌေးဦးအား မောင်းထုတ် ရန်နှင့် ၎င်းအားဖိတ်ခေါ်ခဲ့သော ဂျပန်နိုင်ငံအစိုးရ (နိုင်ငံခြားရေး ဝန်ကြီးဌာန)ကို ရှုတ်ချ ရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါသည်။စုစုပေါင်းအင်အား ၃၅ယောက်ခန့်ပါဝင်ခဲ့ကြပါသည်။ ထို့နောက် ချိယိုဒါ ကု ၊ခါဆုမိငါ့ ဆေကိ ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့မျက်နှာစာတွင် နေ့လည် ၃နာရီမှ ၄နာရီအတွင်းဆန္ဒုပြခဲ့ကြရာစုစု ပေါင်းအင်အား ၈၀ ခန့် ပါဝင်ပူးပေါင်းခဲ့ကြပါသည်။ ဆက်လက်၍ ညနေ ၅နာရီမှ၅နာရီခွဲအချိန် ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင်လည်း ဆန္ဒပြခဲ့ကြရာ အင်အား ၃၀ခန့်ပါဝင်ခဲ့ပါသည်။ယနေ့ ဆန္ဒပြပွဲများသို့ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း အသီးသီး၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး နှင့် မြန်မာ့ဒီမိုကရေစီအရေးစိတ်ဝင်စားသူဂျပန်လူမျိုးများ ပူးပေါင်း ဆန္ဒပြခဲ့ ကြပါ သည်။ ၂၆ရက်နေ့ ၃နာရီမှ ၄နာရီအချိန် နအဖအခွန်ရုံးရှေ့တွင်ဆန္ဒပြပွဲရှိကြောင်းယနေ့ တာဝန်ခံများမှ အသိပေး ကြေငြာထား ပါသည်။ ဂျပန် NLD (LA)ဘလော့မှ |
Joe Root scores first Ashes century in Australia
7 minutes ago

No comments:
Post a Comment