10.01.2009

သတိသာထားကြပေတော့၊ ကျွန်ပွဲစားတို့လာချေပြီ

ရဲဘော် ကျော်သန်း
တချိန်တုန်းက ကျုပ်တို့အညာမှာ အလှူလုပ်ရင် ဖိတ်စာရယ်လို့ ဝေလေ့ ကမ်းလေ့ မရှိဘူး။ ရပ်ဝေးက ဆွေမျိုးမိတ်သင်္ဂဟတွေကို လက်ဖက်ထုပ်တန်သည်၊ ဆေးပေါ့လိပ်တန်သည် ကမ်းတယ်။ အနီးချုပ်စပ်က လေးငါးဆယ်ရွာကိုတော့ သက်ဆိုင်ရာ ရွာဆော်တွေကပဲ ဗျိုးဟစ်ပြီး ရွာလုံးကျွတ် ဖိတ်လိုက်တယ်။ အားလုံး မီးခိုးတိတ် ထမင်းရေချောင်းစီးဆိုတော့ ကလေးရော၊ ခွေးရော အကုန်ပါတာပေါ့။ ဒီတော့ ဗျိုးဟစ်သံကြားရင် ကလေးတွေ မြူးကြတယ်။ ကလေးတွေကြည့်ပြီး၊ ခွေးတွေအူကြတယ်။ အလှူရက်ကို လက်ချိုးပြီး စောင့်မျှော်ကြတယ်။
ခွေးဆိုတာကလည်း သိတဲ့အတိုင်း သူ့နယ်ကိုယ့်နယ် သတ်မှတ်ပြီးနေတယ်။ တနယ်နဲ့တနယ် ကူးလေ့မရှိကြဘူး။ နယ်ကူး ရင်ကျူးရင် နယ်ခံခွေးတွေက ဝိုင်းကိုက်ကြ၊ အမဲဖျက်ကြတာပဲ။ အဲ အလှူချိန်ရောက်ပြီဆိုရင်တော့ နယ်စည်းတွေပျက်ပြီ၊ သူ့နယ်ကိုယ့်နယ် ကူးကြပေမယ့် မကိုက်ကြတော့ဘူး၊ အမဲဖျက်တာတေ၊ွ ကိုက်ခဲတာတွေ ရပ်စဲထားကြတယ်။ ခွေးငြိမ်းချမ်းရေး ပြောလည်းရတယ်။ ခွေးလွတ်ငြိမ်းချမ်းသာခွင့် ပြောလည်းရတယ်၊ အဲဒီအချိန်မှာ အစာလုကြရင်း “ဟီးကနဲ ဟန်းကနဲ” မာန်ဖီပြကြတာလောက်ပဲရှိတယ်။ အလှူနေ့ဆိုရင်တော့ အလှူအိမ်မှာ ရွာပေါင်းစုံက ခွေးအပျို၊ ခွေးထီးပျို၊ ခွေးအမေ၊ ခွေးသမီး၊ ခွေးအဖွား၊ ခွေးသား၊ ခွေးအဖိုး၊ ခွေးသူခိုး၊ ခွေးဂျပိုး၊ ခွေးကျိုး၊ ခွေးဖင်လိမ်နဲ့ ခွေးမြီးကောက်ပါမကျန် ခွေးပေါင်းစုံတို့ ညီလာခံကြတာပေါ့။ ရတတ်သမျှ အရိုးအရင်းလေးတွေ လုကြယက်ကြနဲ့ ထမင်းကျွေးရုံမှာ တညံညံတစီစီနဲ့ပေါ့။
အဲဒီမှာ အခွင့်သာတာက ရွာခံခွေးတွေပဲ။ သူတို့က စားလို့ဝလည်း ဆက်လုကြတယ်။ ရတာကို မြေထဲမြုပ်ထား ဝှက်ထားတတ်တယ်။ ရွာခံမဟုတ်တဲ့ ခွေးများကတော့ အဝစားပြီး ချီနိုင်သလောက်ချီပြီး ပြန်ကြတယ်။ အလှူပြီးလို့ လေးငါးဆယ်ရက် အထိတော့ ခွေးတွေက မြေထဲဝှက်ထားတာလေးတွေ ပြန်ဖော်ပြန်မြုံ့နဲ့ တကယ့် စည်းစိမ်ပေါ့ ၊ ဒါကြောင့် ပြောကြတယ် မဟုတ်လား၊ မတော်မတတ်သူများ (တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ) တသက်တခါ လာဘ်လာဘရွှင်ကြရင် ‘ခွေး ဘုရားပွဲ တွေ့သလို’ ပဲလို့ပြောကြတာ။
အခုလည်း ကျူပ်တို့ပတ်ဝန်းကျင်က အခြေအနေတွေက အဲဒီအညာက အလှူလာတဲ့ခွေးတွေကို ပြန်ပြီး မြင်ယောင် သတိရစရာတွေ ဖြစ်လာတယ်။အပြည့်အစုံသို့......

No comments:

Post a Comment