10.06.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Pakistani paramilitary troops patrol in front of the United Nations office in Islamabad after a suicide blast, 05 Oct 2009

ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဆောက်အအုံကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့လို့ ၀န်ထမ်း ၅ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။





SSA လက်နက်ချမည်ဟု မိုင်းတုံ ဗမာ့စစ်ဗျူဟာမှူးဝါဒဖြန့်သည့် သတင်းများ လုံးဝ မဟုတ်မှန်ကြောင်း ဗိုလ်မှူးကြီးယွက်စစ် မှ ပြန်လည်ပြောဆို
မိုင်းတုံအခြေစိုက် နအဖ စစ်ဗျူဟာမှူး က တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်မဟာ ၇၇၂ တပ်မဟာမှူး နှင့် တွေ့ဆုံဆွေးနွေးစဉ် - သျှမ်းပြည်တပ်မတော် လက်နက်ချတော့မည်ဟု ပြောကြောင်း နယ်စပ်သတင်း ရပ်ကွက်မှာပြောဆိုနေပါသည်။

စက်တင်ဘာ ၂၉ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ နအဖ စစ်ဗျူဟာမှူးနှင့် တောင်ပိုင်း ၀ တပ်မဟာ ၇၇၂ တပ်မဟာမှူး တာ့ဇုန်း တို့ မိုင်းကျွတ်ကျေးရွာ တိုက်သူကြီးအိမ်၌ တွေ့ဆုံစဉ် ဗမာ့စစ်ဗျူဟာမှူးက ၀ တပ်မှူးအား - ခင်ဗျားတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ကျနော်တို့ အလုပ်အရမ်း များတယ်၊ ယွက်စစ်တို့အဖွဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲဖို့ကိစ္စအတွက် ပြင်ဆင်စရာတွေ ရှိတယ်- ဟု ပြောခဲ့ကြောင်း - တောင်ပိုင်း ၀ တပ်မှူးတဦး က ပြောပါသည်။

ထိုပြောကြားချက်နှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးယွက်စစ် က - စစ်အစိုးရနှင့်ဆွေးနွေးရန် SSA ဘက်မှ ကိုယ်စားလှယ်လွတ် ကမ်းလှမ်းထား သည် ဆိုသည့်သတင်း၊ SSA လက်နက်ချမည်ဆိုသည့် သတင်းများ လုံးဝ မဟုတ်မှန်ကြောင်း ကိုယခု ကဲ့သို့ပြောပါ သည်။
ဒါစစ်အစိုးရရဲ့လှည့်ကွက်ဘဲ ။ ဘာတခုမှ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ဆွေးနွေးဖို့ ထိုင်းအစိုးရက ကြားဝင်ပေးတာကို တော့ ကျနော်တို့ ချွင်းချက်နဲ့လက်ခံတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ကျနော်တို့ ဖြေရှင်း ချင်လို့ပါဘဲ

မြောက်ပိုင်း ၀ ဌာနချုပ်နှင့် ကူးလူးဆက်ဆံရေးခက်ခဲသည့် တောင်ပိုင်း ၀ တပ်ဖွဲ့အား တွေဝေစေရန် အတွက်သော် လည်း ကောင်း၊ လွယ်လွယ်ကူကူ ဖဲ့ထုတ်နိုင်ရန် အတွက်သော်လည်းကောင်း ထိုကဲ့သို့ ၀ါဒဖြန့်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တဦးကလည်း ကောက်ချက်ချ သုံးသပ်ပါသည်။
အမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ လိုက်ပါဆောင်ရွက်မည်

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင် ခြင်းခံရသော အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင် ၏အမှုအတွက် လိုက်ပါဆောင်ရွက်ပေးရနှ် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေကြီးများဖြစ်ကြသည့် ရှေ့နေကြီး ဦးကြည်ဝင်း နှင့် ဦးဥာဏ်ဝင်းတို့အား အမေရိကန်သံရုံးမှ တိုက်ရိုက်တောင်းဆို လာပါတယ်။ ထို့အတွက်ကြောင့် ရှေ့နေကိုယ်စားလှယ် လွှဲစာသွားရောက် ယူဆောင်ခဲ့ကြောင်း ထိုအမှုတွင် လိုက်ပါဆောင်ရွက်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

.....ဒီနေ့အန်ကယ်တို့ ကိုညီညီအောင် အမှုမှာလိုက်ပါဆောင်ရွက်ပေးဖို့ အမေရီကန်သံရုံးက တိုက်ရိုက် တောင်းဆိုလာတဲ့ အတွက် အမှုအတွက် အင်းစိန်ထောင်မှာ ကိုယ်စားလှယ်လွှဲစာ သွားရောက်ရယူပါတယ်။ အမေရိကန်သံရုံးက တောင်းဆိုလာတာပါ။ ဦးကြည်ဝင်းနဲ့ အန်ကယ်တို့နှစ်ဦး လိုက်ပါ ဆောင်ရွက်မှာပါ။ ကိုညီညီအောင်နဲ့တော့ တွေ့ခွင့်မရသေးပါဘူး။ တရားရုံးတင်ပြီးမှ တွေ့ခွင့်ရမှာပါ။ ဟိုတုန်းကတော့ ရှေ့နေတွေက အရင်တွေ့ခွင့်ရှိပါတယ်။ အခုတော့ တရားရုံးတင်ပြီးမှ တွေ့ခွင့်ရမှာပါ .......ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။ ၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ ပါတယ်။ ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရ ပါတယ်။

ဥပဒေချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်သည့် ဂျွန်ယက်တော အမှုတွင် ထောင်၇ နှစ်ချမှတ်ပြီးမှ အမေရိကန်လွှတ်တော်အမတ် ဂျင်မ်ဝက် ရောက်ရှိလာချိန်၌ စစ်အစိုးရမှ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ယခုအမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှု တွင်လည်း အမေရိကန်အစိုးရ နှင့်စစ်အစိုးရတို့ မည်သို့မည်ပုံ ဖြေရှင်းဆောင်ရွက်မည်ကို အကဲခတ်သူများက လေ့လာစောင့်ကြည့်နေပါတယ်။...။

ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ
အောင်ထက် / ၆ အောက်တိုဘာ ၂၀၀၉
ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က....အပြည့်အစုံသို့
ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများ ဖမ်းဆီးခံနေရ

မင်းနိုင်သူ / ၆ အောက်တိုဘာ ၂၀၀၉ “ဒေါ်နော်အုံးလှတို့ကိုလည်း ဖမ်းသွားပြီ။ မိတ္ထီလာက မြင့်မြင့်အေးလည်း ရှောင်နေရတယ်လို့ ကြားတယ်။ အခုရက်ပိုင်း နအဖအစိုးရက ...”အပြည့်အစုံသို့
မလေးရှားမှ ဌာနေပြန် မြန်မာများ ခြိမ်းခြောက် ငွေညှစ်ခံနေရ
ဝီရ / ၆ အောက်တိုဘာ ၂၀၀၉ “ကျနော်တို့ကို မင်္ဂလာဒုံ လေဆိပ်အနားက ရဲစခန်းကို ခေါ်သွားပြီး စစ်မေးတော့တာပဲ။ နယ်ကလူတွေအားလုံးကို အဲဒီမှာ အရင်ချုပ်ထားတယ်။ အမျိုးမျိုး....”အပြည့်အစုံသို့
နအဖအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ ပြန်လည်လွတ်မြောက်သူတဦး ဖော်ထုတ်
ရဲရင့် / ၆ အောက်တိုဘာ ၂၀၀၉ “ကျနော့်ကိုတော့ ကမာရွတ် ရဲစခန်းက ဒု-ရဲအုပ်ဆန်းဦးနဲ့ အောင်သပြေ...”အပြည့်အစုံသို့
တရုတ်စီးပွားရေးသမားများကြောင့် လယ်ယာမြေများ ရှားပါးလာ
လင်းနိုင်ဦး / ၆ အောက်တိုဘာ ၂၀၀၉ “လယ်တွေ သူတို့ကို မရောင်းရင် အတင်းသိမ်းယူမယ့်ပုံပဲ။ ဒီတော့ လယ်သမားတွေက မကျေမနပ်နဲ့ သူတို့ပေးတဲ့ ဈေးနဲ့ပဲ ရောင်းလိုက်ကြရတယ်။ (၁) ဧကကို...”အပြည့်အစုံသို့
ရဲချုပ် ခင်ရီ သတင်း ဖိအားပေး ဖော်ပြခိုင်း

ရဲချုပ် ခင်ရီ သတင်း ဖိအားပေး ဖော်ပြခိုင်း

စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ သတင်းနှင့် ပတ်သက်ပြီး ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေးက

ရွေးကောက်ပွဲဝင်ရေး ENC ကြေညာချက် တိုင်းရင်းသား ခေါင်းဆောင်များ ဝေဖန်

တိုင်းရင်းသားများ အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် အနာဂတ် နိုင်ငံရေးတွင် ပါဝင်ရန်အတွက် တိုင်းရင်းသား လူမျိုးများကောင်စီ

“မြေအောက် တော်လှန်ရေး” ဟစ်ပ်ဟော့ပ် သီချင်းခွေ ဖြန့်ချိ

လူငယ်များ နိုင်ငံရေး နိုးကြားလာရန် လှုံ့ဆော်မည့် “မြေအောက် တော်လှန်ရေး” ဟစ်ပ်ဟော့ပ် သီချင်းများကို မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) က ထုတ်လုပ် ဖြန့်ချိလိုက်သည်။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော

ထိုင်းနိုင်ငံရောက် ဖိနပ်စက်ရုံတရုံမှ မြန်မာ အလုပ်သမား ၁၅၀၀ ခန့်တို့သည် ၎င်းတို့ ဆုံးရှုံးနေသော အခွင့်အရေး များအတွက် ဆန္ဒပြတောင်းဆိုခဲ့ပြီး ၂ ရက်ခန့်အကြာတွင် အလုပ်ရှင်က

ပုဂ္ဂလိက ဆေးရုံဖွင့်ခွင့် လိုင်စင်ပေးတော့မည်

စစ်အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင် လိုင်စင်ဖြင့် ပုဂ္ဂလိက ဆေးရုံများ ဖွင့်ခွင့်ပြုတော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များက ပြောသည်။ ၂၀၀၇ ခုနှစ်

အဓမ္မဖိအားပေးလျှင် ငြိမ်းချမ်းရေးပျက်နိုင်ဟု KIO ပြော

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရေး အတွက် တဖက်သတ် လုပ်ဆောင်ပါက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ကချင်လွတ်မြောက်ရေး

ထိုင်းနိုင်ငံရှိ ကရင်စစ်ပြေး ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြ

ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ယာယီဒုက္ခသည် စခန်းများတွင် ထိုင်းအာဏာပိုင်များက နေ့စဉ် စစ်ဆေးနေသဖြင့် နေရပ်ရင်း ပြန်ပို့ခံရမည်ကို ဒုက္ခသည်များ စိုးရိမ်နေကြောင်း...
ဆန္ဒပြရာမှ တရက်လျှင် လုပ်ခ ၂၀၃ ဘတ် ရရှိ
စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ ကျင်းပမည်
ဖမ်းဆီးသံဃာများ ပြန်လွှတ်ရန် တောင်းဆိုစာများ စစ်တွေတွင် ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

တက္ကသိုလ်ရိပ်သာလမ်းကို စစ်အုပ်စုအာဏာပိုင်များမှ ပိတ်ဆို့ထားလိုက်သည့်အတွက်…. လမ်းမကြီးသည် ရှင်း၍ နေသည်။ လမ်းမထက်၌ …. လူသူယာဉ်ရထားတို့က...

မိတ်ဆွေကောင်းများ မဖြစ်နိုင်တော့သော ပေကျင်းနှင့် မြန်မာ

အချိန်နှင့်အမျှ ကျဆင်းနေသော ဆက်ဆံရေးနှင့်အတူ အလွန်ရင်းနှီးသော အိမ်နီးချင်း မဟာမိတ် တရုတ်နှင့် မြန်မာကြား နယ်စပ် ပြဿာနာများပေါ်တွင် တည်မှီနေသော...


ကျေးလက်တွင် ဆိုလာပါဝါက လျှပ်စစ်ဓာတ်အားနေရာ အစားထိုးလာ

လျှပ်စစ်မီး ပေးဝေရေးနှင့် အလှမ်းဝေးကွာသည့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် နေရောင်ခြည် စွမ်းအားမှ ဆိုလာစနစ် အသုံးပြုခြင်းဖြင့် လျှပ်စစ်မီးထွန်းမှု......

more


more

ဒေၞအောင်ဆန်းစုကြည်နဲႛအမှုကိစ္စ တွေႚဆုံဆွေးနွေးခွင့် အဖွဲႚချုပ်တောင်းဆို

စစ်အစိုးရခေၝင်းဆောင်ကို မိစ္ဆာဒိဌိအဖြစ် ကြေညာ

နိုင်ငံတကာသုံး တယ်လီဖုန်းတွေ အသုံးပြုခွင့်ပေးတော့မယ်

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းကုမ္ပဏီ သန်း ၃၀ ရှေႚပြေး ကုန်ကျထား

တတိယအကြိမ် သပိတ်ကံဆောင်တာ အောင်မြင်တယ်လိုႛ သံဃာ့ တပ်ပေၝင်းစုက မိန်ႛကြား

No comments:

Post a Comment