10.28.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

China-Burma Gas pipeline-ShweGasMovement

နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ အဖွဲ့အစည်း ၁၀၀ ကျော်က ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဖောက်လုပ်မယ့် သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကို ရပ်တန့်ဖို့ တရုတ်သမ္မတဆီကို ဒီကနေ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

myanmar-farmers-210

US Soldiers in Afghanistan

ဂျပန်စစ်သင်္ဘောနဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောတို့ တိုက်မိ Audio Clip Available
မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံပွဲ သြစတြေးလျ ၀န်ကြီးချုပ် ဇနီး ပူးပေါင်း ပါဝင် Audio Clip Available
အီရတ်ဗုံးကွဲမှု အယ်လ်ကိုင်းဒါး လက်ချက် Audio Clip Available
အာဖဂန် အကူအညီပေးရေး EU မူဝါဒ ပြန်လည်ချမှတ်မည် Audio Clip Available
ဘာသာရေးလွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံတွေထဲ မြန်မာ ပါဝင် Audio Clip Available

စဉ်းစားစရာဝေါဟာရနဲ့စံ
ရဲဘော်ဖိုးသံချောင်း / ၂၇ အောက်တိုဘာ ၂၀၀၉

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ လိုအပ်နေတာက သူတို့ပြောတဲ့ စတိတ်စမင်းကြီးတွေလား ဆိုတာပါပဲ။ ဗမာပြည်ကြီး ဒီလိုပစ်စလက်ခတ်ဖြစ်နေတာကို စတိတ်စမင်းကြီးတွေကမှ ကယ်တင်နိုင်မှာလား၊ ဗမာပြည်သူတွေ ရာစုနှစ် တဝက်နီးပါး မျှော်လင့်တောင့်တနေတဲ့ ဗမာပြည်သစ်ကြီးကို စတိတ်စမင်းကြီးတွေကမှ ......အပြည့်အစုံသို့

ရတနာပုံ FC ထိုင်း All Star ကို ရှုံး၊ မနက်ဖြန် တတိယနေရာလုမည်

ရတနာပုံ FC ထိုင်း All Star ကို ရှုံး၊ မနက်ဖြန် တတိယနေရာလုမည်

ထိုင်းနိုင်ငံ ဖူးကက်တွင် ကျင်းပနေသော ဖူးကက် ကာတာ ဂရုဖ်(၂၀၀၉) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၌ ယမန်နေ့  ည(၇)နာရီက မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံ FC အသင်းနှင့် ထိုင်း လက်ရွေးစင် All Star အသင်း တို့ ယှဉ်ပြိုင် ကစားရကြရာ All Star အသင်းက ရတနာပုံ FC အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

ကချင်ရေကာတာ စီမံကိန်း ရပ်တန့်ပေးရန် တောင်းဆို

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို ရပ်တန့်ရန် ကချင် လူမှုရေး အဖွဲ့ တခုက တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကို ယမန်နေ့က တောင်းဆိုလိုက်သည်။

မဲဆောက် လုံခြုံရေးအတွက် စစ်ဆေးမှုလုပ်ဟု ထိုင်းတပ်မှူးပြော

မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး(KNU)ခေါင်းဆောင်များ၏ နေအိမ်များသို့ ထိုင်းအာဏာပိုင်များက ယမန်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုသည် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းရေးလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆို

ရခိုင်ကမ်းလွန်ပင်လယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ရောင်းချရန် ပိုက်လိုင်းများ သွယ်တန်းမည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆိုသည့်စာကို တရုတ်သမ္မတ ဟူကျင်းတောင်ထံသို့ နိုင်ငံ၂၀ မှ လူမှုလှုပ်ရှားရေးအဖွဲ့များက ယနေ့ ပေးပို့သည်ဟု သတင်းရရှိသည်။

နယ်စပ်ခြံစည်းရိုး ကာရံမှုတွင် ရိုဟင်ဂျာများကို အဓမ္မလုပ်အားပေးခိုင်းစေ

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်တလျောက် ခြံစည်းရိုး ကာရံမှု အတွက် ဒေသခံ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ် မောင်းတော မြို့ အခြေစိုက် စစ်တပ်မှ အဓမ္မ ခေါ်ယူ ခိုင်းစေနေကြောင်း သိရသည်။

ဦးချိုနှင့် မျက်လုံး ၅လုံးပါ အင်းဆက် ရုပ်ကြွင်း မြန်မာတွင် တွေ့

မြန်မာနိုင်ငံ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ သတ္တုတွင်းတခုတွင် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၀၀ခန့်က ရှင်သန် နေထိုင်ခဲ့သည်ဟု ယူဆရသော အင်းဆက် မျိုးစိတ်သစ်တမျိုးကို ပယင်း ကျောက်ဖြစ်ရုပ်ကြွင်းတခု အတွင်းတွင် တွေ့ရှိကြောင်း သိရသည်။

“နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး”

“နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး” စစ်အစိုးရ၏ တင်းမာသော သဘောထားများကို ဝေဖန်ပြောဆိုရာတွင် အထင်ရှားဆုံး နိုင်ငံရေးသမား တဦး ဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို စတင် တည်ထောင်သူ များထဲတွင် ပါဝင်သော ခေါင်းဆောင်တဦးဖြစ်သည်။ ၎င်းသည် မြန်မာ စာနယ်ဇင်းလောက၏ အထင်ကရ သတင်းစာဆရာ တဦးလည်း ဖြစ်သည်။
ဆက်ဖတ်ရန် ...

“လိမ္မာရင် သူ့ဖို့ချည်းပါပဲ … နည်းနည်းလျှော့ဖို့ အစီအစဉ် ရှိပါတယ်”

E-mail Print

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့

ရေပေါ်ဆီ လူတန်းစားတွေ


လူထုစိန်ဝင်း

(အောက်တိုဘာ ၅ ရက်နေ့ထုတ် Favourite ဂျာနယ်မှာ ရေးထားတဲ့ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တတိယအုပ်စု ဆိုသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ အမြင်ကို သိနိုင်အောင် မျှဝေပေးလိုက် ပါတယ်။ )

"မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား" အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား "အီလစ်"(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး "နဝေတိမ်တောင်" ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ

ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်

ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး

မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ "နိုင်ငံရေးဂုရု" ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ "ဂုရု"တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ "အီလစ်"တွေနဲ့ နိုင်ငံခြားသား "ဂုရု"တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက် ရတော့မှာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း
သတင်းထောက်နှင့် လူငယ်အချို့ ဖမ်းဆီးခံရ
“ကိုသန့်ဇင်စိုးရယ်၊ အရင်က ပြည်မြန်မာဂျာနယ်မှာ လုပ်ကိုင်ဖူးပြီး လက်ရှိ Freelance သတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ကိုပိုင်စိုးဦးအပါအဝင် လူငယ် စုစုပေါင်း (၈) ဦးကို သူတို့နေထိုင်ရာ ယုဇနဥယျဉ်မြို့တော်က တိုက်ခန်းမှာ အာဏာပိုင်တွေက လာပြီး ဖမ်းသွားတယ်။ ကျနော် သိသလောက် ကိုသန့်ဇင်စိုးဆိုတာဟာ.....”အပြည့်အစုံသို့
အကျဉ်းကျခံ ကိုညီညီအောင်၏မွေးနေ့ မဲဆောက်တွင် ကျင်းပ
ရဲရင့် / ၂၈ အောက်တိုဘာ ၂၀၀၉ “လုပ်ဖော်ကိုင်ဖက်တဦး ထောင်သွင်း အကျဉ်းကျခံနေရ တယ်။ ဒီမိုကရေစီ..”အပြည့်အစုံသို့
ရမခ တိုင်းမှူးအား ဝခေါင်းဆောင်များ တွေ့ဆုံနှုတ်ဆက်

ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၀၉ “တိုင်းမှူးက လားရှိုးကနေ ပြောင်းရတော့မယ်။ အဲဒီအတွက် ကျနော်တို့ ခေါင်းဆောင်တွေ သွားနှုတ်ဆက်တာ။ ဆွေးနွေးတဲ့ ကိစ္စမဟုတ်ဘူး။ အခုက တိုင်းမှူးပြောင်းရမယ့်..”အပြည့်အစုံသို့
ကွမ်းခြံကုန်းမြို့နယ်မှ ကလေးငယ်တဦး စစ်သားအဖြစ် စုဆောင်းခံရ
မင်းနိုင်သူ / ၂၈ အောက်တိုဘာ ၂၀၀၉ “ကွမ်းခြံကုန်းမြို့နယ်က (၆) တန်းကျောင်းသားလေး မောင်ရဲကိုနိုင်တဲ့။ ကလေးက ကွမ်းခြံကုန်းကနေ ရန်ကုန်ကိုအသွား ပန်းဆိုးတန်း....”အပြည့်အစုံသို့
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီစာချုပ်များ လက်တွေ့အခြေအနေနှင့် များစွာကွဲလွဲ
အောင်ထက် / ၂၈ အောက်တိုဘာ ၂၀၀၉ “ကျနော်က ကလန်းမြို့ သံမဏိစက်ရုံမှာ အလုပ်ဝင်တယ်။ သူဌေးက ကျနော်ရဲ့ နိုင်ငံကူးလက်မှတ်မှာ ဗီဇာပါမစ် နေထိုင်ခွင့် စတေကာ ကပ်မပေးဘူး ....”အပြည့်အစုံသို့
swegas3s

နိုင်ငံရေးအကျဉ်းသား ၁၂၅ ဦး ဆေးကုရန်လိုအပ်နေ

မြန်မာနိုင်ငံအနှံ အကျဉ်းထောင်များ၌ ဆေးကုသမှုခံယူရန် လိုအပ်နေသည့် နိုင်ငံရေး အကျဉ်းသား ၁၂၅ ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B...
မုန်တိုင်းသင့် ကလေးများကို ကူညီသူ သတင်းထောက် ဖမ်းဆီးခံရ
မြန်မာလိဂ်နဲ့ ဆန်းပြားတဲ့ ဒယ်လ်တာ လက်လွှဲမှု
ဝ' တပ်ဖွဲ့ အလျှော့ပေးမည့် လက္ခဏာမရှိဟု အကဲခတ်များ ပြော

သူတို့နှင့် လင်းယုန်ကြီး …..

၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခဲ့၏။ အောက်တိုဘာလ ၂၇ ရက်နေ့၌ ဆရာ၏...


အမျိုးသား ပြန်လည်သင့်မြတ်ရေးတွင် ဒေါ်စု ကဏ္ဍရှိနေဟု ဗိုလ်ချုပ်ကြီးသိန်းစိန် ပြော (ရုပ်သံသတင်း)

အမျိုးသား ပြန်လည်သင့်မြတ်ရေးတွင် ဒေါ်စု ကဏ္ဍရှိနေဟု ဗိုလ်ချုပ်ကြီးသိန်းစိန် ပြော (ရုပ်သံသတင်း)...

KNU ခေါင်းဆောင်များ၏ နေအိမ်များကို ထိုင်းက ရှောင်တခင်စစ်ဆေး

ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်မြို့ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိပ်တန်း ခေါင်းဆောင် အများအပြား၏ နေအိမ်များကို ထိုင်းလုံခြုံရေး...

စစ်အစိုးရမျက်နှာဖုံးတပ်ထားတဲ့ ကိုရီးယားကားများ

သို့မဟုတ် စစ်အစိုးရရေးတဲ့ ဇာတ်ညွှန်း

မိုင်အကယ်ဒမီစိန်

အောက်တိုဘာ ၂၈၊ ၂၀၀၉

သာမန်လူနားမလည်နိုင်သော ယုတ်မာကောက်ကျစ်မှုများ၊ အကျင့်ဆိုးများ၊ ရှိရှိသမျှသော ဆိုးရွားကောက်ကျစ်မှုမျိုးစုံ သုံးကာ မြန်မာပရိသတ်နှလုံးသားကို ဆွဲယူသွားသည့် “မေတ္တာလမ်းဆုံ” ကိုရီးယားကားထဲက မင်းသမီး “မြောင်ဂျီ” ပါတဲ့ဗျား။
အျပည့္အစုံသိုႛ ...

ရင်ရဲ့ အနမ်း

မိုးစဲနေ

အောက်တိုဘာ ၂၈၊ ၂၀၀၉

ဆောင်းအကြို ရော်ရွက်တွေနဲ့
တုပထားတဲ့ ပိတောက်တောအုပ်တခုလုံးကို
ရင်နဲ့နမ်းပြီး လျှောက်ခဲ့တယ်။

ကိုယ့်တိုင်းပြည်ကို ကိုယ်လွမ်းတာ
ရာဇ၀တ်မှုမြောက်တယ်ဆိုရင်
ပြည်ပြေးတယောက်ရဲ့ရင်အုံကို
မြားအစင်းစင်းနဲ့ ပစ်ခတ်ပါ။
အျပည့္အစုံသိုႛ ...

Did3twmjqxwedp5mgp7_medium

မြန်မာပြည်တွင်းက စာပေသမားများရဲ့ စာစောင် - အလံတော်သစ်ဂျာနယ် ထွက်ရှိ

စာအုပ်စင်သာဂိ
အောက်တိုဘာ ၂၈၊ ၂၀၀၉

အီးမေးက လက္ခံရရှိတဲ့ စာစောင်တခုနံမယ်က အလံတော်သစ် ပါတဲ့။ ကျွန်ုပ်တို့သည် ယဉ်ကျေးမှုစစ်မျက်နှာကို ဖွင့်ကာ အာဏာရှင်စနစ်ကို စိမ်ခေါ်ရင်း “အလံတော်သစ်” အောက်တွင် စုစည်းမိကြပြီ လို့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။ ဒီနေရာကနေ ရယူပြီး ဖတ်နိုင်ပါတယ်။ မိုးမခ ထုံးစံအတိုင်း စကရစ်ဘ်မှာ တင်ထားပါတယ်။ http://www.scribd.com/doc/21732233/New-Flag-Journal

ယခုတလောမှာ ပြည်တွင်းက စာပေနဲ့ စာနယ်ဇင်းသမားတွေကို စစ်အုပ်စုနဲ့ အလိုတော်ရိတွေက မျက်လုံးဒေါက်ထောက်ကြည့်ပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ စာတွေ သတင်းတွေ ရေးသားတယ် ဖြန့်ချိတယ် ဆိုတဲ့ စွပ်စွဲ ဖမ်းဆီး ဖိနှိပ်တာတွေ တိုးမြှင့်နေတဲ့အချိန်မှာ အခုလိုမျိုး စာစောင်တွေကို လက်ဆင့်ကမ်း ဖြန့်ချိမြဲ ဖြန့်ချိနေကြတာဟာ ဂုဏ်ယူ အလေးပြုဖွယ် ကောင်းပါတယ်။

ပြည်ပက ပရိသတ်တွေ၊ စာနယ်ဇင်းသမားတွေကလည်း ဆက်လက် အားပေးဖြန့်ချိပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

(အလံတော်သစ် ဂျာနယ်ကို Saffron Mail Letter ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ အတားအဆီးမှန်သမျှကို ကျွန်တော်တို့ တတ်နိုင်သမျှနည်းဖြင့် ရိုက်ချိုးဖေါက်ထွက်မှ ပန်းတိုင်ဆီရောက်မှာ ဖြစ်ပါတယ်)


ပြည်ပ ငွေလွှဲလုပ်ငန်းများအား စတင်စီစစ်
၂၈ အောက်တိုဘာ ရန်ကုန် ၊ ၊ယူကွန်

စင်္ကာပူ ရှိ သင်္ဘောကျင်းလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ

ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများအနေ ဖြင့် မြန်မာနိုင်ငံရှိ မိသားစု ထဲသို့ ပြန်လည်ပို့ ပေးသည့် ဟွန်ဒီ ဟု ခေါ်သည့် တရားမ၀င်ငွေလွှဲလုပ်ငန်းများအား စတင်စစ်ဆေးမှု ပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ အပြည့်အစုံသို့ ........

ဂျပန်စစ်သင်္ဘောနဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောတို့ တိုက်မိ

28 October 2009

Smoke billows from the bow of Japanese navy destroyer JS Kurama after it collided with a commercial vessel in Kanmon strait, off southern Japan, Tuesday, Oct. 27, 2009.AP
တောင်ကိုရီးယား ကုန်သင်္ဘောနှင့် တိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် ဂျပန်ဖျက်သင်္ဘော ကုရာမ။
အောက်တိုဘာ ၂၇၊ ၂၀၀၉။
ဂျပန်နိုင်ငံ တောင်ဘက် ကမ်းလွန်မှာ အင်္ဂါနေ့က ဂျပန်ရေတပ် ဖျက်သင်္ဘောနဲ့ တောင်ကိုရီးယား ကုန်သင်္ဘောတစင်း တိုက်မိခဲ့တဲ့အတွက် ၂ စင်းစလုံး မီးလောင်ခဲ့တဲ့အပြင် ဂျပန်သင်္ဘောပေါ်က သင်္ဘောသား ၃ ဦးပါ ဒဏ်ရာရရှိခဲ့ပါတယ်။
အပြည့်အစုံသို့.....
ရေနှံင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများရပ်တန်ရန်ဆန္ဒပြတောင်းဆို
-သတင်းနှင့် မီဒီယာကွန်ယက်။ နွယ်လေး ။
အောက်တိုဘာလ ၂၇ ရက် ၊၂၀၀၉ ခုနှစ်။
စီမံကိန်းကောင့် ဖြစ်လာမယ့် ဆိုးက တွေက ဒေသခံ ပြည်သူလူထုနဲို့င်ငံခြား ကုမ္ပဏီတွေကား ဆက်ဆံရေးတွေမှာ မလိုလားတဲ့ပြဿနာတွေ ဖြစ်မလာဖို့၊ တိုင်း ရေးပြည်ရေး ပိုပီး ...........

(အပြည့်အစုံ)

ဗုံးခွဲသူ ဒီကေဘီအေ အရာရှိကို ဖမ်းဆီးရမ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
အောက်တိုဘာလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်။
၂၆ ရက်နေ့တုန်းက ပြန်ဖမ်းမိထားတယ်။ ဒီကေဘီအေနဲ့ ရဲနဲ့ ၀ိုင်းပြီး တော့ ဖမ်းတာ။ စစ်ဆေးနေတုန်းပဲ မြ၀တီမြို့ထဲမှာ .......

(အပြည့်အစုံ)

မြန်မာကလေးများ ကိုယ်တိုင်ရေး ကလေးကူးသန်းရောင်းဝယ်မှုတားဆီးရေး ပညာပေးပြဇာတ် ဖျော်ဖြေကပြ
- သတင်းနှင့်မီဒီယာကွန်ယက်။
ဇော်ကြီး။ အောက်တိုဘာလ ၂၈ ရက်၊ ၂၀၀၉ ခုနှစ်။
ကျောင်းငါးကျောင်း၊ ခြောက်ကျောင်းပေါင်းပြီးတော့မှ ကလေးတွေတီထွင်ထားတဲ့ ဒီကလေးကူးသန်း ရောင်းဝယ်မှုတားဆီးရေး ပညာပေးပြဇာတ်တွေရယ်၊နောက်ပြီး ကလေးတွေကိုယ်တိုင် .........

(အပြည့်အစုံ)


မိုင်းလားခေါင်းဆောင် နှင့် ဗိုလ်ချုပ်ရဲမြင့် ကျိုင်းတုံ၌ တွေ့ဆုံ

စစ်အစိုးရ နားဂစ်ဖွဲ့စည်းပုံအရ နိုင်ငံတခု၌ တပ်မတော်တခုသာထားရှိမည်ကို မိုင်းလားတပ်ဖွဲ့က မူအားဖြင့် လက်ခံ လိုက်ပြီဖြစ်ကြောင်း၊ မိုင်းလားခေါင်းဆောင်နှင့် စစ်အစိုးရကိုယ်စားလှယ်တို့ ယနေ့တွေ့ဆုံကြ ကြောင်း ထိုင်းနယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

more


more


more


more


more


more


more


more

၂၀၀၉ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ အမေရိကန်အစိုးရ ထုတ်ပြန်
မြစ်ဆုံရေကာတာစီမံကိန်း ချက်ချင်းရပ်ဆိုင်းစေလို
မွန်ပြည်သစ်ပၝတီ တပ်မှူးးဟောင်းတဦး လက်နက်ချမြစ်ကြီးနားထောင်ရောက်
ကိုဇာဂနာအခြေအနေ
မဲဆောက်မြို့ရှိ ကေအဲန်ယူခေၝင်းဆောင်နေအိမ်များ ထိုင်းအာဏာပိုင်တွေ စီးနင်းရှာဖွေ
NLD ပၝတီတွင်း စည်းကမ်းလိုက်နာဖိုႛ ဗဟိုက သတိပေး

No comments:

Post a Comment