10.04.2009

ဖိနပ်ရုံအလုပ်သမားများ အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြ

Photobucket
Photobucket
အောက်တိုဘာ ၃

ထိုင်းနိုင်ငံဘန်ကောက်မြို့ တောင်ဘက် ချုံဘူရီခရိုင် စမူပါကန် တလာဘန့်ချလုံအရပ်တွင်ရှိသော aerosoft ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများ က အလုပ်သမားအခွင့်အရေးများ ချိုးဖေါက်ခံရမှုများကို တောင်းဆို ဆန္ဒပြ ကြသည်။

ယမန်နေ့ညနေ ၆နာရီခန့် မှစ၍ အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားက နဂိုပေးနေသော နေ့တွက်ခ လုပ်အားခမှ ဖြတ်တောက်ခြင်းကို မကြေနပ်သဖြင့် ညဆိုင်းမဆင်းပဲ စုရုံးဆန္ဒပြနေခဲ့ ကြသည်။ မကြာမီဒေသခံ ထိုင်းရဲများ ရောက်ရှိလားပြီး လစာကိစ္စကို နောက်နေ့တွင် လုပ်ငန်းရှင်းတို့နှင့် ညှိနှိုင်းရန် ပြောဆိုခဲ့ပြီးနောက် ညနေ ၈နာရီကျော်ခန့် တွင်လူစုလူဝေးကို ခွဲခဲ့ကြသည်။

ယနေ့နံနက် အလုပ်ဝင်ချိန်တွင် မြန်မာအလုပ်သမားအများစုမှ ညီညွတ်စွာဖြင့် အလုပ်မဆင်းပဲ နေထိုင်ခဲ့ ကြသည်။ ဤဖိနပ်စက်ရုံတွင် မြန်မာအလုပ်သမားပေါင်း သုံးထောင်ဝန်းကျင်ခန့် ရှိနိုင်ကြောင်း အလုပ်သမား များက ပြောသည်။

အလုပ်မဆင်းပဲ ဆန္ဒပြ အစီအစဉ်ကို ဦးဆောင်သူတစ်ဦးဖြစ်သော ကိုကျော်စိုးပိုင်က “ကျနော်တို့အယင် ဘတ်မရှိတဲ့အတွက် အလုပ်ရုံက လုပ်သမျှ ခေါင်းငုံ့ခံခဲ့ပြီးပြီ။ ခုက အယင်လုပ်အားခ တိုးပေးမယ်ပြောပြီး ၁၅ ရက်စာ တိုးပေးပြီးတော့ ခုပြန်ပြီး လျှော့ပေးပြန်တယ်။ ဒီကိစ္စတစ်ခုတည်းနဲ့ဆန္ဒပြကြတာမဟုတ်ဘူး။ ကျနော်တို့ကို နေ့စားလိုမခိုင်းပဲ ပုတ်ပြတ်သမားလို ခိုင်းတာ အလုပ်ဆိုင်းတစ်ခုကို သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မှ အလုပ်ကဆင်းရတာ ။ ညနေ ၅နာရီထိုးလို့ မပြီးသေးရင် ပြီးအောင်လုပ်ရတယ်။ အချိန်ပို လုပ်အားခမရဘူး။ နွားလိုခိုင်းတာ”ဟုပြောသည်။ အလုပ်သမားများအား လုပ်အားခ ရှင်းပေးသောအခါ ဘောင်ချာစာရွက်များကို အလယ်တွင် ကာဗွန်စက္ကူညှပ်ပြီး လက်မှတ်ထိုးခိုင်းသော်လည်း အောက်ဆုံး စာရွက် တွင် လစာငွေ မည်ရွှေ့မည်မျှ ရေးထားသည်ကို ကြည့်၍မမြင်ရဟု အလုပ်သမားများက ဆိုသည်။ လုပ်ငန်းရှင်က အမှန်အကန်ပေးသော်လည်း မန်နေဂျာနှင့် ထိုင်းအလုပ်သမား ကြီးကြပ်သူများက ဖြတ်ယူခြင်းဖြစ်နိုင်ကြောင်း အလုပ်သမား ခေါင်းဆောင်များက သုံးသပ်ကြသည်။

အလုပ်သမား ကိုဘအေးက“ အလုပ်က ကျနော်တို့မြန်မာ အလုပ်သမားတွေကို ပိုခိုင်းတယ်။ နင်္ဂနွေနေ့တွေ အလုပ်ဆင်းရင် ထိုင်းတွေကို နှစ်ရက်စာပေးပေမယ့် ကျနော်တို့ မြန်မာအလုပ်သမားတွေကို မပေးဘူး။ ထိုင်းဘုရင်မွေးနေ့တို့ ထိုင်းဘု၇င်မ မွေးနေ့တို့တွေမှာ အလုပ်အရေးကြီးလို့ အလုပ်လုပ်ရရင် လုပ်အားခ သုံးဆရတယ်။ ၃ရက်စာရတယ်။ ထိုင်းအလုပ်သမားတွေကို ပေးတာ။ ကျနော်တို့ ဗမာအလုပ်သမားတွေကို တစ်ရက်ခွဲစာပဲပေးတယ်။ ပြီးတော့ အလုပ်ပျက်ရင် အလုပ်ထုတ်တယ်။ နေမကောင်းရင်လည်း အလုပ်ပျက်လို့ မရဘူး။ ထိခိုက်ဒဏ်ရာရတာတွေ အများကြီးရှိတယ်။ ဘာနစ်နာကြေးမှမရဘူး”ဟု ပြောသည်။

သတင်းယူရန် သွားရောက်စဉ် ယနေ့ နံနက်ရှစ်နာရီကျော်က စက်ရုံမှ ထိုင်းဝဏ္ဏ (အလုပ်သမား ကြီးကြပ်သူ) အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သုံးကြိမ်တိုင်တိုင် လာရောက်၍ အလုပ်ဆင်းကြရန် ပြောဆိုခဲ့ သော်လည်း အလုပ်သမားများက မိမိတို့ တောင်းဆိုချက်များ မပြည့်မချင်း အလုပ်မဆင်းကြောင်း ပြောဆို ကြသည်။ aerosoft ဖိနပ်စက်ရုံတွင် ၅နှစ်တိုင်အောင် ဆက်တိုက်အလုပ်နေသော ဆရာမက “ကျမတို့ အချက်၇ ချက်ကို စာရေးပြီး ၀ဏ္ဏကို ပေးလိုက်တယ်။ အကျဉ်းချုပ်ပြောရရင်-
(၁)လုပ်အားခကို ကျား/မ မခွဲပဲ တန်းတူပေးရေး။
(၂)အလုပ်သမားတစ်ယောက် နေမကောင်းလို့ အလုပ်နားခဲ့ပြီး ပြန်ဆင်းရင် အချိန်ပို မပေးပဲ တစ်ပတ်ကနေ တစ်လအထိ အပြစ်ဒဏ်ခတ်တာကို ပြင်ဆင်ပေးပါ။
အခြား၎ချက်ကို စုပေါင်းပြောမယ်ဆိုရင် အချိန်ပို သတ်မှတ်ကြေး မှန်မှန်ကန်ကန်ရှိဖို့ ။ တစ်နှစ်မှာ ၁၀ ရက်အထက် ပျက်ကွက်ခဲ့ရင် လူသစ်အဖြစ် သတ်မှတ်လိုက်တာတို့။ ဘတ်လုပ်ထားတဲ့ သက္ကရာဇ်ကို လိုသလို ပြောင်းလိုက်တာတို့။ ကိစ္စကြီးငယ်တွေကို လူကြီးတွေနဲ့ မပြောရပဲ အောက်ခြေမှာပဲ ပြောနေရတာတွေကို ကျမတို့ မလိုလားကြောင်း စာရေးပြီး ပြောထားပါတယ်” ဟု ပြောသည်။

အဆိုပါအလုပ်သမားများ အဆိုအရ စနေနေ့မှစ၍ လာမည့် တနင်္လာနေ့အထိ (၃)ရက်တိုင်တိုင် လိုအပ်ချက် တောင်းဆိုချက်များကို မလိုက်လျှော့ပါက ဆက်လက် သပိတ်မှောက် ဆန္ဒပြနေကြမည် ဖြစ်ကြောင်းပြောသည်။ အလုပ်ရုံအတွင်း ပွဲစားနှင့် နီးစပ်သော မြန်မာအလုပ်သမား အနည်းငယ် အလုပ်ဆင်းနေကြသော်လည်း ထောင်ချီသော မြန်မာအလုပ်သမားများမှာ တောင်းဆိုချက်များ မရရှိပဲ အလုပ်ထုတ်ပစ်လိုက်ပါကလည်း မြန်မာပြည်သို့ ပြန်မည်ဖြစ်ကြောင်း ရဲရင့်စွာပြောဆိုနေကြသည်။
ကိုကျော်သောင်းမှပေးပို့ပါသည်။Justify Full

No comments:

Post a Comment