12.23.2009

ဂျပန် ဒုတိယစီးပွါးရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀၀၉
ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် မနေ့က ညနေ ၃နာရီ ၃၀တွင် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ထို ၁နာရီခွဲခန့်ကြာသော တွေ့ဆုံဆွေးနွေးမှုတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စီပွါး ရေး ဆိုင်ရာ အစီအစဉ်များကို အပြည့်အဝ ဆက်လက်ထောက်ပံ့ ပူးပေါင်းဆောင်ရွက်သွားရန် ပြောဆိုသွားခဲ့ သည်ဟု ဂျပန်သံရုံးမှ အဆင့်မြင့် ပြောရေးဆိုခွင့် ရှိသူ တဦးမှ ပြောပြခဲ့ပါသည်။
ထိုတွေ့ဆုံပွဲသို့ ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishigeနှင့် အတူ ဂျပန်အစိုးရ ၏ အထူးအကြံပေး အဖွဲ့ ဒုတိယ တာဝန်ခံ Counsellor Kazuyuki Takeuchi နှင့်အတူ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သလို မြန်မာဘက်မှ အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှုးကြီး သူရိန်ဇော်နှင့် အခြား ဒုတိယ ဝန်ကြီး နှစ်ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ထိုနေ့ နံနက်စောစော ပိုင်းကလဲ ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige နှင့် အဖွဲ့သည် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာနှင့် တွေ့ဆုံ၍ မြန်မာ-ဂျပန် ဆိုင်ရာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အစီအစဉ်များတွင် ဦးစိုးသာနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်းကို ထို ဂျပန်သံရုံး အရာရှိ ကပင် ဆက်လက်ပြောပြခဲ့ပါသည်။
ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige နှင့် အဖွဲ့သည် တနင်္လာနေ့ ညပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး အင်္ဂါနေ့ နံနက်တွင် နေပြည်တော်သို့ လေယာဉ်ဖြင့် သွားရောက်၍ ဝန်ကြီးဦးစိုးသာနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုနေ့ ညနေ တွင်ပင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ပါသည်။
ဂျပန် စက်မှုနှင့်စီးပွါး ကုန်သွယ်မှုဆိုင်ရာ ဒုတိယဝန်ကြီး Hiroyoki Ishige နှင့် အဖွဲ့သည် ယနေ့ နေ့လည် ပိုင်းက မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment