12.08.2009

မြန်မာ စစ်အုပ်စုမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား ကျိုင်းတုံ မြို့တွင်ကျင်းပ

မြန်မာစစ်အုပ်အုပ်ချုပ်သူများက ယနေ့နေ့လည်ပိုင်းတွင် ဘိန်းဖြူနှင့် ဆက်စပ်ပစ္စည်းများ၊ စိတ်ကြွဆေးပြားများ ကို ဖျက်ဆီးသည့် အခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့တွင် သံတမန်များနှင့် သတင်းသမား များ ကို ဖိတ်ခေါ်၍ ကျင်းပခဲ့ကြောင်း သိရပါသည်။
ထိုသို့ မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ မှာ အမေရိကန်ဒေါ်လာ ၉၃ သန်း ခန့်တန်ဘိုးရှိပြီး ထိုအထဲတွင် အက်ဖီတမင်း စိတ်ကြွဆေးပြား ၆.၉ သန်း၊ ဟီးရိုးအင်း ၈၁၉ ကီလိုဂရမ်နှင့် ဘိန်းမဲ ၁၅၆ ကီလို ဂရမ်တို့ ဖြစ်သည်ဟု သိရပါသည်။
ထိုသို့ မီးရှို့ဖျက်ဆီး သည့် အခမ်းအနားတွင် မြန်မာနိုင်ငံ ရဲချုပ် ခင်ရီက သံတမန်များနှင့် သတင်း သမားများကို ရှင်းလင်း ပြောကြားရာတွင် ဤမူးယစ်ဆေးဝါးများကို ယခုနှစ် ၂၀၀၉ ခုနှစ် ဂျွန်လမှ ယနေ့အထိ ကျုင်းတုံနှင့် တာချီလိတ် ဧရိယာမှ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းမှ ဆက်လက်ပြောကြားရာတွင် ယခုမူးယစ်ဆေးဝါးများသည် မြန်မာ့ အိမ်နီးချင်းနိုင်ငံများ မှ တဆင့် တင်သွင်းလာခဲခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဓါတု ဆေးများကို မြန်မာ နိုင်ငံတွင် ထုတ်လုပ်နိုင်သော အခြေအနေမရှိသေးကြောင်း ပြောပြသွားခဲ့ပါသည်။ ၄င်းက ဆက်လက်၍ မြန်မာနိုင်ငံ အနေဖြင့် ၁၅နှစ် စီမံကိန်းချကာ မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်းကိုလဲ ပြောပြသွားခဲ့ပါသည်။
ပြီးခဲ့သော အောက်တိုဘာလ ၃၀ ရက်နေ့ကလဲ မြန်မာ စစ်အာဏာပိုင်များက ကိုးကန့်နှင့် လောက်ကိုင် ဒေသ အတွင်း သြဂုတ်လ အကုန်က ဖမ်းဆီးရမိသော အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ဖိုးခန့် ပမာဏရှိသော မူးယစ် ဆေးဝါး များကို မိးရှို့ ဖျက်ဆီးခဲ့ပါသည်။
မနက်ဖြန် မနက်ထုတ် ပြည်တွင်း သတင်းစာများတွင် ထိုသတင်းကို ထုတ်ပြန်မည် ဖြစ်ရာ အသေးစိတ် သိလိုသူများ သတိပြုနိုင်ရန် ကြိုတင် တင်ပြလိုက်ရပါသည်.
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment