Showing posts with label သူတို့အတွေးသူတို့အမြင်. Show all posts
Showing posts with label သူတို့အတွေးသူတို့အမြင်. Show all posts
2.06.2010
သူများမျက်ရည်ကိုယ့်မျက်ဝန်းမှာကျဘူးလား
ပြည်တွင်းက လူငယ်တစုရဲ့ သူတို့ အတွေးနဲ့ သူတို့လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းပါဝင်ကြဖို့ ဖိတ်ခေါ်ချက်လေးကို မျှဝေလိုက်တာပါ။ ဒီနေရာမှာနှိပ်ပြီး သူတို့ရဲ့ ဘလော့ကို သွားကြည်နိုင်သလို သူတို့ထဲက တယောက်ရဲ့ သူ့အမြင်သူ့အတွေးကို ဖတ်မယ်ဆိုရင်တော့ ဒီနေရာကနေပြီး PDF ဖိုင်ကို ဒေါင်းလုပ် ရယူ နိုင်ပါတယ်။ အွန်လိုင်းမှာ ဖတ်ချင်တာဆိုရင်တော့ အောက်က ခေါင်းစဉ်လေးကို နှိပ်လိုက်ရုံပါပဲ။ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းလုပ်မယ်လို့ ဆိုထားတဲ့ လူငယ်တွေရဲ့ လူမှုရေး စိတ်ဓါတ်ကိုလေးစားလို့ ထပ်ဆင့်မျှဝေ ပေးလိုက် တာပါ။
သူများမျက်ရည်ကိုယ့်မျက်ဝန်းမှာကျဘူးလား
9.19.2009
လမ်းသစ်ကို တုန့်ပြန်ခြင်း ဆောင်းပါးနှစ်ပုဒ်
အတ္တလား၊ ပရဟိတလား
ငြိမ်းချမ်း
လူထုဦးစိန်ဝင်းရဲ့ ပြည်တွင်း၊ ပြည်ပအန်ဂျီအိုများရဲ့ လုပ်ရပ်များနဲ့ လူထုကို ဘန်းပြ မျောက်ပြဆန်တောင်းဖြစ် အောင်လုပ်စားမှုမျိုးကို လူငယ်တွေအတုမြင်အတတ်သင်ပြီး မပျက်စီးကြစေဖို့ တိုက်တွန်းနှိုးဆော်ချက်ကို ဖတ် မိပါတယ်။ ကိုအောင်သူငြိမ်းရဲ့ ‘လမ်းသစ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တုံ့ပြန်ချေပချက်ကိုလည်း ဖတ်လိုက်မိပါတယ်။ ကိုအောင်သူငြိမ်းရဲ့ မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာ တာပါပဲ ဆိုတဲ့ ချုပ်နှုတ်ပြောဆိုချက်ကိုလည်း စိတ်ထဲမှာ တရားရပြီး သဘောကျမိတယ်။
အပြည့်အစုံသို့

ဘယ်ယောကျာင်္းလဲ၊ ဘယ်မိန်းမလဲ
မင်းဒင်
(၁) လမ်းသစ်
တရုတ်ပြည်တွင် ၁၉၁၁ ခုနှစ်၌ သက်ဦးဆံပိုင် မန်ချူးမင်းဆက်ကို တော်လှန်သော သမ္မတစနစ် အရေးတော်ပုံ ကြီးပေါ်ခဲ့ရာမှ မန်းချူးမင်းကို နန်းချလိုက်ကြသည်။ ထိုမှသည် နန်းချအုပ်စုချင်းမညီညွတ်ပြန်၍ ဆွန်ယတ်ဆင် ဦးဆောင်သော တောင်ပိုင်း သမ္မတဝါဒီတို့နှင့် မြောက်ပိုင်း ဘုရင့်ဝါဒီတို့ ပြည်တွင်းစစ်ခင်းကြသည်။ ဆွန်ယတ် ဆင်ပါတီက ဆက်တိုက်အနိုင်ရခဲ့ပြီး မြောက်ပိုင်းနန်ကင်းမြို့ကို သိမ်းနိုင်ခဲ့သည်။
ဒေါက်တာလွဏ်ဆွေ ဘလော့မှ ဖြစ်ပါသည်။ ဆောင်းပါးခေါင်းစဉ်ကို နှိပ်လျှင်ဒေါက်တာလွဏ်းဆွေ ဘလော့သို့ရောက်ရှိ ဖတ်ရှုနိုင်မည်ဖြစ်ပြီး၊ ပြည်တွင်းမှ ဖတ်သူများ ဝင်မရလျှင် အပြည့်အစုံသို့ကို နှိပ်၍ ဖတ်ပါ။
9.10.2009
7.02.2009
တိုင်းရင်းသား အရေးအတွေးအမြင်များ
ဆေးရုံပေါ်ရောက်မှ ငြိမ်းချမ်းစွာ စကားပြောဖြစ်ကြတာ။
မှတ်ချက် ။ ။အထူးသဖြင့် မျက်နှာအိုးမဲ အသုတ်ခံရသည့် D K B A အရာရှိ အရာခံ အကြပ်တပ်သားများ အား
လုံး အမှန်တရားအတွက် အမြင်မှန်ရဖို့ အချိန်တန်ပြီ ဆိုတဲ့အကြောင်း ဤနေရာမှ ကျမနှိုးဆော်လိုက်ပါတယ် ။
ကူညီပြုစုခဲ့သည့် သက်သေအထောက်အ ထားပုံများ
ဤပုံသည် ထီးချဖီး (ခေါ် ) နော်ပေါ် ဆိုသူ K N L A တပ်မှ တပ်ရင်းမှုး တဦး၏ ဇနီးသည်တစ်ဦးဖြစ်ပါတယ် ။
သူမပြောခဲ့တာကတော့ အရင်တုန်းက ကျမတို့ဟာအတူတူနေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ။ အခုဒီလိုတွေ့ရ
တာ စိတ်မကောင်းပါဘူး ၊ ကိုယ့်အမျိုးသား အချင်းချင်းပဲလေ ခွဲခြားလို့မရပါဘူး ။

ဒီပုံဟာ D K B A ဗသာဖြိုး နှင့် ဇနီးဖြစ်သူ နန်းအမီ ကို ထီးချာဖီး သွားရောက်အားပေးတဲ့အချိန်မှာ နန်းအမီ က ဤကဲ့သို့ပြောပါတယ် ။
"ဒီလိုထိမှကောင်းတယ် နောက်ဘယ်တော့မှ သွားလို့မရတော့ဘူး ဒီအလုပ်လုပ်တာ ကျမမကြိုက်ဘူး ။ ကိုယ့်အ တွက် လည်းအကျိုးမရှိ ၊ ကိုယ့်အမျိုးသားအတွက် လည်းဘာမှအကျိုးမရှိဘူး"
ဗသာဖြိုး သည်ယ္ခင်က ကော့ညင်း ကျေးရွာတွင် ကျေးရွာကာကွယ်ရေး လုပ်ခဲ့တယ် ။ 2000 နှစ်K N L A တပ် ရင်း 19 သို့ကူးပြောင်းခဲ့တယ် ။ 2004 ခုနှစ်တွင် D K B A သို့ကူးပြောင်းပြီး ယနေ့ထိသူလုပ်ခဲ့ပါတယ် ။

ဤပုံသည် ဆရာမ အက်စတာ ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို မခွဲခြားပဲ အားလုံးကိုကူညီခဲ့သူ
ဖြစ်ပါတယ် ။

ဤပုံသည် ဆရာမ နော်ဘလေး ဖြစ်ပါတယ် ။ ဒါဏ်ရာရ ကရင်အမျိုးသားများကို နေ့မအားညမအားကူညီခဲ့သူဖြစ်ပါတယ်

ဤပုံသည် ဆရာမလေး ဒေးမူဆီ ဖြစ်ပါတယ် ။ လူသာငယ်ပေမဲ့သူ့ရဲ့ မေတ္တာစေတနာဟာ အလွန်ပဲကြီးမားပါ
တယ် ။ ဒါဏ်ရာရလူနာများကို နေ့စဉ် အချိန်ပြည့် အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တယ် ။ လူနာများကို ရေပတ် တိုက်ပေးခြင်း ၊ လိုအပ်သည့်အစားအစာများအတွက် ကူညီဆောင်ရွက်ပေးခြင်း ၊ အားပေးစကားများပြောခြင်း ဖြင့် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ် ။
ဤမျှမက K W O , K Y O မှဦးဆောင်ပြီး ကရင်အမျိုးသား လူငယ်လေးများအဖွဲ့ဖွဲ့၍ အလည့်ကျ လူနာစောင့် အဖြစ် စနစ်တကျ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါတယ် ။ ထို့ကြောင့်ကရင်တမျိုးသားလုံး ဤဖြစ်ရပ် မှန်ကို ကြည့်ခြင်း အားဖြင့် ကနေ့ကျမတို့ကရင်အမျိုးသားများ တာဝန်တရပ်ဖြစ်တဲ့ (ကရင်အမျိုးသား ပြန်လည် သင့်မြတ်ရေး) ဆိုတဲ့တာဝန်ကြီးအတွက် ကျမတို့ဘယ်လိုလုပ်ကြမလဲ ။ ဘာလုပ်ကြမလဲ ။ လက်ပိုက်ကြည့်နေ ကြမလား ။ လက်ရှောင်နေကြမလား ။ တွေးမနေ ၊ ငေးမနေကြပါနဲ့တော့ ။ ကိုယ်တတ်စွမ်းသမျှ ယ္ခုချက်ချင်း လက်တွဲ ညီညီထလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
ဒီကေဘီအေ (၀ဲပုံ) နဲ့  KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ယာပုံ) တို့  မဲဆောက်ဆေးရုံမှာ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့  ဆေးရုံတက်နေရင်း စကားပြောကြတာ ဖြစ်ပါတယ်။
ဒီပုံကို ကြည့်ပြီး အင်မတန်မှ စိတ်ထိခိုက်မိပါသည်။ တို့ တိုင်းရင်းသားတွေ ဒီလို အချိန်ခါရောက်မှ ငြိမ်းချမ်းစွာ စကားပြောကြ ဖြစ်ကြတာ ပါလား။
နအဖ လူယုတ်မာနဲ့ အမျိုးသားသစ္စာဖေါက်တို့ ရဲ့ လက်ချက်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲကြရပြီး အပြစ်မဲ့သူတွေ သွေးခင်းကြရပြီ။ တိုင်းရင်းသား အမျိုးသားအပေါင်းတို့ ဒါကို သင်ခန်းစာ ယူကြတော့။ အချိန် နည်းနည်းလေး ကျန်သေးတယ်။
နအဖ လူယုတ်မာတွေရဲ့  လှည့်ဖြားမှုမှ အလွတ်ရုံးထွက်ကြကာ တိုင်းရင်းသား အမျိုးသားအပေါင်းတို့  လက်ချင်း ပြန်ချိတ်ကာ အာဏာရှင် နအဖအား ပြန်လည်တိုက်ထုတ်ကြပါ။ ဒီကေဘီအေမှ တိုင်းရင်းသားတွေကို သိစေချင် ပါတယ်။
နစ်နေမန်း ဘလော့မှ
ခွဲခြားမှုမရှိသောမျိုးချစ်စိတ်
2009 June တစ်ရက်နေ့မှစ၍ယနေ့ထိ န အ ဖ နှင့် D K B A တပ်များပူးပေါင်းပြီး K N U တပ်မဟာ ( 7 ) အား ဝင် ရောက်တိုက်ခိုက်ရာတွင် ဒါဏ်ရာရစစ်သည်များအား ထိုင်းနယ်ခြားစောင့်တပ်များမှ လူသားခြင်း စာနာ မှုဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ K N U ဖက်မှလည်း အနှောက်အယှက် တစ်စုံ တစ်ရာမျှ မပြုလုပ်ခဲ့ပါ ။ မဲ ဆောက်ဆေးရုံတွင် န အ ဖ နှင့် D K B A စစ်သားများအတွက်လူနာစောင့်မရှိပါ။ သို့သော် လည်း K N U အသိုင်း အဝန်း မှမျိုးချစ်ပုဂ္ဂိုများသည် ဒါဏ်ရာရ မိမိစစ်သားများသာမက D K B A နှင့် န အ ဖ စစ်သားများ ကိုပါပြုစုစောင့်ရှောက်ပေး ခဲ့ပါတယ် ။ ဤဖြစ်ရပ်မှန်ကို တွေ့မြင်ရသော ကျမအဖို့ ခေါင်းထဲမှာ အတွေးပေါင်း များစွာ ၊ ခံစားချက်ပေါင်း များစွာဖြင့် ရေးသားတင်ပြလိုက်ပါတယ် ။
တစ်ခုလောက် မေးချင်ပါတယ်။ ဘာ့ကြောင့် ကျမတို့ ကရင်အမျိုးသားများရဲ့ ဘဝတွေ ဒီလိုဖြစ်နေရပါသလဲ ။ ကရင် တမျိုးသားလုံး ဖြေရမည့် မေးခွန်းဖြစ်ပါတယ် ။ ဒီစစ်အာဏာရှင် စနစ်ဆိုးကြောင့် ကျမတို့ ကရင် အမျိုးသား တွေရဲ့ဘဝပေါင်း မြောက်များစွာ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ် ။ ယ္ခုလက်ရှိ ဖြစ်နေတာ ကိုပဲကြည့်လေ ။ ကျမတို့ ကရင်အမျိုးသားအချင်းချင်း မျက်နှာအိုးမဲသုတ်ပြီးသတ်ခိုင်းနေကြတယ် ။ မသေပဲ ဒါဏ်ရာရသူ တွေကျ ပြန်တော့လည်း တာဝန်ယူခြင်းမရှိပဲ ဖြစ်ချင် ရာဖြစ်ဆိုပြီးပစ္စလက္ခလွှဲပေးလိုက်တယ် ။ ဒီလုပ်ရပ်ဟာ တရားသလား ။ မှန်ကန်ပါသလား ။ လူသားတွေပါ ။ ကျမတို့ ကရင်အမျိုးသားတွေပါ ။ ကြည့်ရက်ကြပါသလား ။ ကျမတို့ကတော့ မကြည့်ရက်နိုင်ပါဘူး ။
ကရင်အမျိုးသားရေးသည် ကရင်အမျိုးသားတိုင်းမှာတာဝန်ရှိပါတယ် ။ ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျမတို့ ကရင်အမျိုးသားများသာမက တိုင်းရင်းသားပြည်သူလူထုများ ၊ အလုပ်သမားများ ၊ လယ်သမားများ၊ သံဃာတော် များပါ မကျန် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ကမ္ဘာကတောင်သိပါတယ် ။ အဲ့ဒါကြောင့် ဒီဖြစ်ရပ်မှန်ကို ဖတ်ရူ ကြည့်ရူရသူများ အားလုံး အမှန်တရားအတွက်ရဲဝံ့စွာရပ်တည်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင် တော်လှန် သွားကြရန် တိုက်တွန်းနှိုးဆော် လိုက်ပါတယ် ။
တစ်ခုလောက် မေးချင်ပါတယ်။ ဘာ့ကြောင့် ကျမတို့ ကရင်အမျိုးသားများရဲ့ ဘဝတွေ ဒီလိုဖြစ်နေရပါသလဲ ။ ကရင် တမျိုးသားလုံး ဖြေရမည့် မေးခွန်းဖြစ်ပါတယ် ။ ဒီစစ်အာဏာရှင် စနစ်ဆိုးကြောင့် ကျမတို့ ကရင် အမျိုးသား တွေရဲ့ဘဝပေါင်း မြောက်များစွာ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ် ။ ယ္ခုလက်ရှိ ဖြစ်နေတာ ကိုပဲကြည့်လေ ။ ကျမတို့ ကရင်အမျိုးသားအချင်းချင်း မျက်နှာအိုးမဲသုတ်ပြီးသတ်ခိုင်းနေကြတယ် ။ မသေပဲ ဒါဏ်ရာရသူ တွေကျ ပြန်တော့လည်း တာဝန်ယူခြင်းမရှိပဲ ဖြစ်ချင် ရာဖြစ်ဆိုပြီးပစ္စလက္ခလွှဲပေးလိုက်တယ် ။ ဒီလုပ်ရပ်ဟာ တရားသလား ။ မှန်ကန်ပါသလား ။ လူသားတွေပါ ။ ကျမတို့ ကရင်အမျိုးသားတွေပါ ။ ကြည့်ရက်ကြပါသလား ။ ကျမတို့ကတော့ မကြည့်ရက်နိုင်ပါဘူး ။
ကရင်အမျိုးသားရေးသည် ကရင်အမျိုးသားတိုင်းမှာတာဝန်ရှိပါတယ် ။ ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျမတို့ ကရင်အမျိုးသားများသာမက တိုင်းရင်းသားပြည်သူလူထုများ ၊ အလုပ်သမားများ ၊ လယ်သမားများ၊ သံဃာတော် များပါ မကျန် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ကမ္ဘာကတောင်သိပါတယ် ။ အဲ့ဒါကြောင့် ဒီဖြစ်ရပ်မှန်ကို ဖတ်ရူ ကြည့်ရူရသူများ အားလုံး အမှန်တရားအတွက်ရဲဝံ့စွာရပ်တည်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင် တော်လှန် သွားကြရန် တိုက်တွန်းနှိုးဆော် လိုက်ပါတယ် ။
မှတ်ချက် ။ ။အထူးသဖြင့် မျက်နှာအိုးမဲ အသုတ်ခံရသည့် D K B A အရာရှိ အရာခံ အကြပ်တပ်သားများ အား
လုံး အမှန်တရားအတွက် အမြင်မှန်ရဖို့ အချိန်တန်ပြီ ဆိုတဲ့အကြောင်း ဤနေရာမှ ကျမနှိုးဆော်လိုက်ပါတယ် ။
ကူညီပြုစုခဲ့သည့် သက်သေအထောက်အ ထားပုံများ

ဤပုံသည် ထီးချဖီး (ခေါ် ) နော်ပေါ် ဆိုသူ K N L A တပ်မှ တပ်ရင်းမှုး တဦး၏ ဇနီးသည်တစ်ဦးဖြစ်ပါတယ် ။
သူမပြောခဲ့တာကတော့ အရင်တုန်းက ကျမတို့ဟာအတူတူနေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ။ အခုဒီလိုတွေ့ရ
တာ စိတ်မကောင်းပါဘူး ၊ ကိုယ့်အမျိုးသား အချင်းချင်းပဲလေ ခွဲခြားလို့မရပါဘူး ။

ဒီပုံဟာ D K B A ဗသာဖြိုး နှင့် ဇနီးဖြစ်သူ နန်းအမီ ကို ထီးချာဖီး သွားရောက်အားပေးတဲ့အချိန်မှာ နန်းအမီ က ဤကဲ့သို့ပြောပါတယ် ။
"ဒီလိုထိမှကောင်းတယ် နောက်ဘယ်တော့မှ သွားလို့မရတော့ဘူး ဒီအလုပ်လုပ်တာ ကျမမကြိုက်ဘူး ။ ကိုယ့်အ တွက် လည်းအကျိုးမရှိ ၊ ကိုယ့်အမျိုးသားအတွက် လည်းဘာမှအကျိုးမရှိဘူး"
ဗသာဖြိုး သည်ယ္ခင်က ကော့ညင်း ကျေးရွာတွင် ကျေးရွာကာကွယ်ရေး လုပ်ခဲ့တယ် ။ 2000 နှစ်K N L A တပ် ရင်း 19 သို့ကူးပြောင်းခဲ့တယ် ။ 2004 ခုနှစ်တွင် D K B A သို့ကူးပြောင်းပြီး ယနေ့ထိသူလုပ်ခဲ့ပါတယ် ။

ဤပုံသည် ဆရာမ အက်စတာ ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို မခွဲခြားပဲ အားလုံးကိုကူညီခဲ့သူ
ဖြစ်ပါတယ် ။

ဤပုံသည် ဆရာမ နော်ဘလေး ဖြစ်ပါတယ် ။ ဒါဏ်ရာရ ကရင်အမျိုးသားများကို နေ့မအားညမအားကူညီခဲ့သူဖြစ်ပါတယ်

ဤပုံသည် ဆရာမလေး ဒေးမူဆီ ဖြစ်ပါတယ် ။ လူသာငယ်ပေမဲ့သူ့ရဲ့ မေတ္တာစေတနာဟာ အလွန်ပဲကြီးမားပါ
တယ် ။ ဒါဏ်ရာရလူနာများကို နေ့စဉ် အချိန်ပြည့် အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တယ် ။ လူနာများကို ရေပတ် တိုက်ပေးခြင်း ၊ လိုအပ်သည့်အစားအစာများအတွက် ကူညီဆောင်ရွက်ပေးခြင်း ၊ အားပေးစကားများပြောခြင်း ဖြင့် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ် ။
ဤမျှမက K W O , K Y O မှဦးဆောင်ပြီး ကရင်အမျိုးသား လူငယ်လေးများအဖွဲ့ဖွဲ့၍ အလည့်ကျ လူနာစောင့် အဖြစ် စနစ်တကျ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါတယ် ။ ထို့ကြောင့်ကရင်တမျိုးသားလုံး ဤဖြစ်ရပ် မှန်ကို ကြည့်ခြင်း အားဖြင့် ကနေ့ကျမတို့ကရင်အမျိုးသားများ တာဝန်တရပ်ဖြစ်တဲ့ (ကရင်အမျိုးသား ပြန်လည် သင့်မြတ်ရေး) ဆိုတဲ့တာဝန်ကြီးအတွက် ကျမတို့ဘယ်လိုလုပ်ကြမလဲ ။ ဘာလုပ်ကြမလဲ ။ လက်ပိုက်ကြည့်နေ ကြမလား ။ လက်ရှောင်နေကြမလား ။ တွေးမနေ ၊ ငေးမနေကြပါနဲ့တော့ ။ ကိုယ်တတ်စွမ်းသမျှ ယ္ခုချက်ချင်း လက်တွဲ ညီညီထလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
သောသီခိုဘလော့မှ ကူးယူဖေါ်ပြပါသည်။
5.03.2009
သူတို့အတွေး သူတို့အမြင်
ပေးစာ တစောင်နှင့် ဆောင်းပါးတပုဒ်
ဌေးဇော် အင်းဝ၏ အတွေးအမြင် Publish at Scribd or explore others:
သူတို့အတွေးသူတို့အမြင်တွင် ဖေါ်ပြချက်များသည် ကာယကံရှင်များ၏ အတွေးအမြင်များသာ ဖြစ်၍ ဤဘလော့၏ အာဘော်မဟုတ်ကြောင်း သိစေ အပ်ပါသည်။

4.24.2009
အဖွဲ့ချုပ်က ပြည်သူများအတွက် ကိုယ်စားပြုရပ်တည်ဆဲ
လာမည့်အပတ်တွင် မြန်မာနိုင်ငံ၏အဓိက နိုင်ငံရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံလုံး ဆိုင်ရာ အထူးအစည်းအဝေး တရပ်ကို ခေါ်ယူထားသည်။
NLD ပါတီက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တခဲနက်အနိုင်ရရှိထားသည့် ပါတီဖြစ်ပြီး ဤအချက်ကြောင့် ပင်မြန်မာ ပြည်သူများကို တရားဝင်ကိုယ်စားပြု ရပ်တည်ပေးနေသည့် ပါတီလည်းဖြစ်သည်။ ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်များ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားကြရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားအဆင့် ပါတီခေါင်းဆောင်များနှင့် တနိုင်ငံလုံးမှ အမျိုးသမီးနှင့် လူငယ်ဌာနခွဲများ၏ ကိုယ်စားလှယ် များလည်း တက်ရောက်ကြရန် ဖိတ်ကြားထားသည်။
၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲပြီးချိန်မှစ၍ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း NLD ပါတီက ကျယ်ကျယ် ပြန့်ပြန့် ကျင်းပသည့်အစည်းအဝေးကြီးဆို၍ ၂ ခုသာခေါ်ယူနိုင်ခဲ့သည်။ တနိုင်ငံလုံး ရွေးကောက် ပွဲတွင်မဲပေးခဲ့ကြသည့် အချိန်က တကြိမ်၊ ၁၉၉၇ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ်နှစ်ကြိမ်သာခေါ်ယူနိုင်ခဲ့သည်။
၁၉၉၈ခုနှစ်၊ သြဂုတ်လတွင် ၁၉၉၀ပြည့်နှစ် ရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစည်းအဝေး ခေါ်ယူ နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အစည်းအဝေးတက်ရောက်မည့်သူအများအပြားကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ သောကြောင့် အစည်းအဝေး အထမမြောက်နိုင်ဘဲရှိခဲ့ရသည်။ ထိုမျှမက ပါတီအဖွဲ့ဝင်များ၏ ခရီးသွားလာရေးကိစ္စများကို လည်း အာဏာ ပိုင်များက ကန့်သတ်ချုပ်ချယ်ထားခဲ့သေးသည်။
၁၉၉၈ခုနှစ် သြဂုတ်လက ပိတ်ပင်ချုပ်ချယ်မှုပြုထားဖူးသည်နှင့်အညီ NLD ပါတီ အဖွဲ့ဝင်များနှင့် ပြည်တွင်း ပြည်ပရှိလေ့လာ စောင့်ကြည့်နေသူများကလည်း ယခုတကြိမ်အစည်းအဝေးခေါ်ဆိုထားမှုကို အာဏာပိုင်များက မည်သို့ တုံ့ပြန်ဆောင်ရွက် မည်ကို ရင်မောစွာစောင့်ကြည့်နေကြသည်။
ယခုလအစောပိုင်းက အသက် ၉၁ နှစ်ရှိပြီဖြစ်သူ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုး၍ အထူးအစည်း အဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သောဖိတ်စာအရ ပါတီအလုပ်အမှုဆောင်ကော်မတီက အစည်းအဝေး တက်ရောက်လာသူများ ထံသို့ စာတမ်းများ တင်သွင်းရန်ရှိသည်ဟု သိရသည်။
စာတမ်းပါ အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ယခုပါတီ လက်ရှိရင်ဆိုင် နေရသော ပြဿနာများ၊ အခက်အခဲများပါဝင်မည်ဟု ယူဆရပြီး၊ အထူးသဖြင့် ၂၀၁၀ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကိစ္စလည်း ပါဝင်မည်ဟုမျှော်လင့်ရသည်။
အကယ်၍ စစ်အစိုးရကအနာဂတ်နိုင်ငံရေး၌ စစ်တပ်ကလွှမ်းမိုးချယ်လှယ်နိုင်မည့်အနေအထားကိုယူထားသော လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရန် သဘောတူညီမည်ဆိုပါက စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်း အပေးအယူပြုရန် အသင့် ရှိကြောင်း၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ပါတီက ၎င်း၏ လက်ရှိ ရပ်တည်ချက်အဖြစ်ဖော်ပြထားခဲ့သည်။
ထို့အပြင် ထောင်သွင်းအကျဉ်းချထားသော ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များပြန်လည်လွှတ်ပေးရေး အတွက်လည်း တောင်းဆိုနေသည်။
သို့သော်လည်း မတ်လ၂၇ရက်နေ့၊ တပ်မတော်နေ့ကျင်းပရာ၌ ပြောခဲ့သောမိန့်ခွန်း၌မူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကNLD ပါတီ ၏ တောင်းဆိုချက်များ အားလုံးကိုပယ်ချခဲ့သည်။
"ဒီမိုကရေစီလမ်းပြမြေပုံ"ဟုခေါ်ဆိုထားသည့် စစ်တပ်ကလျှောက်လှမ်းလိုသော လမ်းကြောင်း၌ အပေးအယူ ပြုရန် ကိစ္စမရှိ ကြောင်းပြောဆိုခဲ့သည်။ စစ်အစိုးရ၏ ဒုတိယအကြီးအကဲဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက လည်း မကြာသေးမီ က စစ်တပ်အရာရှိများကို၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် တာဝန်ရှိကြောင်း ဖော်ပြပြောဆိုခဲ့သေးသည်။
၁၉၉၀ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအရဆိုလျှင် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃ နေရာတွင် ရွေးချယ်ခံရန် တင်သွင်းနိုင်ခြင်းမရှိသည့် နိုင်ငံရေးပါတီတရပ်အနေနှင့် ဖျက်သိမ်းခံရလိမ့်မည်ဖြစ်သည်။
အကယ်၍၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ပြီဆိုပါစို့။ ဤအချက်သည် NLD ရပ်တည်ရေး အတွက် များစွာစိုးရိမ်ဖွယ်ကောင်းသောခြိမ်းခြောက်မှုဖြစ်နေသည်။ စစ်အစိုးရက ဤထောင် ချောက်ဖြင့် အတိုက်အခံ အဖွဲ့ အစည်းများ သူ့ဘာသာနိဂုံးချုပ်သွားသည်ကိုမြင်လိုနေသည်။ နောက်ပိုင်းတွင် နိုင်ငံတကာက မည်သို့သဘောထားပြီး အရေးယူဆောင်ရွက် သွားဖွယ် ရှိသည်ဖြစ်ပါစေ စစ်အစိုးရက ပါတီကိုဖိနှိပ်ဖြိုခွဲရန် အတွက် လက်တွန့်နေတော့မည် မဟုတ်ပါ။
အကယ်၍ NLD ပါတီက၂၀၁၀ရွေးကောက်ပွဲကို ၀င်မည်ဆိုပါကလည်း စိတ်တိုင်းကျ ဆောင်ရွက်နိုင်ဖွယ် မမြင်ချေ။ အချို့ လေ့လာသုံးသပ်သူများ၏ အဆိုအရ NLD ပါတီမှလွဲလျှင်အခြားသောနိုင်ငံရေးပါတီများက တခဲနက်လူထုထောက်ခံ အား ပေး၍ အနိုင်ရဖွယ်မမြင်ဟု ဆိုကြသည်။
NLD ပါတီကအနိုင်မရနိုင်အောင် စစ်အစိုးရက ပုံမှန်သုံးနေကျနည်းနာများကို ဆက်၍သုံးစွဲ ဆောင်ရွက် လိမ့်ဦးမည်ပင် ဖြစ်သည်။ အတိုက်အခံနိုင်ငံရေးပါတီနှင့် ထောက်ခံသူများကို ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက် ခြင်း၊ ခြိမ်းခြောက် နှောင့်ယှက်ခြင်းများ ပြုလိမ့်ဦးမည်ပင်ဖြစ်သည်။ မဲခိုးမဲလိမ်ညစ်ပတ်မှုများလည်း မလွဲမသွေ ရှိလာလိမ့်ဦးမည်ဖြစ်သည်။
နှစ်၂၀ကျော်ရပ်တည်လာခဲ့ရသည့်ခရီးတွင် NLD ပါတီအနေနှင့် စစ်အစိုးရက အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရ သည်။ အချို့သောရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှာ သေဆုံးသည် အထိ ဖြစ်ခဲ့ရပြီး အချို့မှာလည်းပြည်ပ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကဲ့သို့သော ပါတီခေါင်းဆောင်များသည်ပင် အထိန်းသိမ်းခံနေရ၊ အကျဉ်းချခံနေကြရ သည်။ နိုင်ငံတ၀န်းရှိ ပါတီရုံးခွဲများလည်း ပိတ်ပင်ခံခဲ့ကြရပြီး ၎င်းတို့ပါတီအဖွဲ့ဝင် အများ အပြားမှာဖိနှိပ်နှောင့်ယှက် ခံရခြင်း၊ ပါတီ မှနှုတ်ထွက်စေရန် အတင်းအကျပ် ဖိအားပေးခြင်းများ ကြုံတွေ့ ခဲ့ကြရသည်။
မြန်မာနိုင်ငံ၏ အဓိကဦးဆောင်၊သြဇာအကြီးဆုံး နိုင်ငံရေးပါတီကြီးတခုအနေနှင့် မြန်မာနိုင်ငံ၏စီးပွားရေး၊ နိုင်ငံရေး ပြဿနာများဖြေရှင်းနိုင်ရန် မပြီးဆုံးသေးသည့်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ကျန်ရှိနေသေး ကြောင်း NLD ပါတီကကောင်းစွာ သဘောပေါက်ထားပါသည်။
ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော စစ်အစိုးရကို ဆန့်ကျင်အံတုနေရသည်မှာ ခက်ခဲလှသော၊ မလွယ်ကူ လွန်းလှ သော တိုက်ပွဲဖြစ်ကြောင်းလည်း ၎င်းတို့ကသဘောပေါက်နားလည်ထားကြပါသည်။
သို့သော်လည်း NLD ပါတီကသဘောပေါက်ထားသင့်သည်မှာ ၎င်းသည် ယခုတိုင်လက်နက်ကြီးငယ်များ တပ်ဆင်ထားကြ သည့်စစ်အစိုးရကိုခြိမ်းခြောက်နိုင်ဆဲဖြစ်သော၊ စစ်အစိုးရ၏ အသည်းနှလုံးထဲစိမ့်နေအောင် ကြောက်ရွံ့နေရဆဲဖြစ်သော အဖွဲ့ဖြစ်သည်ဟူသော ၎င်း၏အားကောင်းချက်ကိုမေ့လျော့မထားသင့်ပါ။
၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာ နိုင်ငံရှိပြည်သူတို့၏ စိတ်ဓာတ်ရေးရာခွန်အားကိုကိုယ်စားပြုထားပေးသည့် အဖွဲ့ပင်ဖြစ်ကြောင်း လူအများက ကောင်းကောင်း အမှတ်ရနေကြမည်သာ ဖြစ်ပါသည်။ ။
4.17.2009
မီဒီယာသစ်၊ နည်းပညာ အကန့်အသတ်နှင့် ပြည်တွင်းမီဒီယာ
ပြည်တွင်းတွင် အင်တာနက် သုံးစွဲနိုင်မှု အကန့်အသတ် ကြောင့် အင်တာနက်နှင့် ယဉ်ပါးမှုနည်းခြင်း၊ ပြည်ပရောက် မြန်မာ များအဖို့မှာ မြန်မာစာ ရိုက်ရန်အခက်အခဲနှင့် ဘလော့ဂ် နည်းပညာ ထိတွေ့မှုနည်းခြင်း တို့ကြောင့် မီဒီယာသစ်တွင် မြန်မာတို့ ပါဝင်စီးမျောမှု အရှိန်နည်းနေသည်ကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက တွန်းအားပေးလိုက်သည်။
မြန်မာဘလော့ဂ်နှင့် ဖိုရမ်များ၊ ပုဂ္ဂိလိက ဝက်ဘ်ဆိုက်များ ထိုအချိန်မှစ၍ ဝုန်းခနဲ တိုးပွားလာခဲ့သည်။ နိုင်ငံတကာသုံး စနစ်ကို မလိုက်နိုင်သည့်တိုင် ဇော်ဂျီဖောင့်ကလည်း မြန်မာဘာသာဖြင့် ဝက်ဘ်စာမျက်နှာများကို ပွားများအောင် ထောက် ကူပေးသည်။
ပြည်တွင်းမီဒီယာများအနေဖြင့် ဝက်ဘ်ဆိုက်များ ထူထောင်လာခြင်းသည်လည်း ထိုကာလနောက်ပိုင်းတွင် ပိုများလာခဲ့ သည်။ အစောပိုင်းတွင် ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်သည် အချိန်မီ သတင်းရယူရန်နှင့် ပုံများ ရှာဖွေရန်သာ ဖြစ်ခဲ့သည်။ ဂျာနယ်များအတွက် ဒေသတွင်းသတင်း၊ နိုင်ငံတကာသတင်း ဆောင်းပါးနှင့် ပုံများအတွက် အင်တာနက်ကို သာ အားကိုးရသည်။ ထို့ထက်အစောပိုင်းကာလ အင်တာနက် မတွင်ကျယ်သေးခင်က နိုင်ငံတကာ သတင်း၊ ဆောင်းပါး နှင့် ရုပ်ပုံများအတွက် နိုင်ငံတကာ လေယာဉ်ဖြင့် ပါလာသော သတင်းစာများ၊ လစဉ်ထုတ် နိုင်ငံတကာ စာစောင်များကိုသာ အားကိုးခဲ့ရသည်။
အင်တာနက်နှင့် ထိတွေ့လာပြီးနောက် အချိန်မီ သတင်းရယူခြင်းဖြင့် အလုပ်အဖြစ်ဆုံးမှာ အားကစားဂျာနယ် အမည်ခံ ဘောလုံးလောင်းကစား အားပေး ဂျာနယ်များဖြစ်ပြီး နိုင်ငံတကာ သတင်း ဂျာနယ်များက ဒုတိယလိုက်သည်။
ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင်ကာလက အင်တာနက်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးသားသည့် ဝက်ဘ်စာမျက်နှာ များမှာ အနည်းငယ်သာရှိခဲ့သည်။ ယခုအချိန်တွင် ဂူဂယ် ရှာဖွေရေးစနစ်၌ တော်လှန်ရေးဟူသော စကားလုံးအတွက် ၂ သောင်းကျော်၊ အချစ်ဟူသော စကားလုံးအတွက် ၇ သောင်းနီးပါး၊ နိုင်ငံရေးဟူသော စကားလုံးအတွက် ၁ သိန်းကျော် မြန်မာဝက်ဘ်စာမျက်နှာများ ရှိနေပေသည်။
ရွှေဝါရောင်တော်လှန်ရေးကာလမှ စ၍ မြန်မာ ဘလော့ဂါ၊ ဖိုရမ်သမား မြောက်မြားစွာတို့က သတင်းများ၊ စာများ၊ ပုံများကို အင်တာနက်ပေါ် တင်လာခဲ့ကြသည်။ ယင်းသတင်းများ၊ စာများ၏ တိကျမှု၊ လက်ခံနိုင်မှုအပေါ် မေးခွန်းထုတ်စရာ ရှိ သည့်တိုင် မြန်မာသတင်းအချက်အလက် စီးဆင်းမှုတွင် ၄င်းတို့၏ အရှိန်အဟုန်မှာ မသေးငယ်လှပေ။ ဆိုက်ဘာဂျာနယ် လစ်၊ နိုင်ငံသားဂျာနယ်လစ် စသည်ဖြင့် ပုံဖော် အမည်ပေးခံရသော ဘလော့ဂါများနှင့် ရှိနှင့်ပြီး ပြည်တွင်းနှင့် ပြည်ပ အခြေစိုက် မြန်မာအွန်လိုင်းမီဒီယာကြီးများ သဟဇာတဖြစ်မှုများရှိသလို ပဋိပက္ခများလည်း ပေါ်ပေါက်လာသည်ကို တွေ့ ရသည်။
ဘလော့ဂါများက မီဒီယာများကို ပွင့်လင်းစွာ ဝေဖန်ကြသလို ဘလော့ဂါများက ရေးသားလိုက်သော အတွေ့အကြုံ၊ အချက်အလက်များသည်လည်း မီဒီယာများအဖို့ နောက်ဆက်တွဲ သတင်းများဖြစ်လာကြသည်။ ဤနေရာတွင် မြန်မာ ဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ သဟဇာတ ဖြစ်မှုများနှင့် အသံမထွက်သော ထိပ်တိုက်တွေ့မှုများကိုသာ မီးမောင်းထိုးပြချင်ပါသည်။
တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရသော မြန်မာ ပြည်တွင်းမီဒီယာများအဖို့ နိုင်ငံတကာရေးရာ သတင်းများကို အချိန်မီ ရယူရန်အတွက် အင်တာနက်သည် အရေးပါသော ကဏ္ဍတွင်လုံးဝရှိနေသည်ကို ယခုနှစ် မတ်လနှောင်းပိုင်းနှင့် ဧပြီလ အစောပိုင်း သီတင်းပတ်ရှည်ကြာသော ပြည်တွင်းအင်တာနက်လိုင်း ပြတ်တောက်မှု(သို့) ဆက်သွယ်နိုင်မှုနှုန်း အလွန် အမင်း နှေးကွေးခဲ့ခြင်းက တပ်လှန့်ပေးလိုက်သည်။
ပြည်ပရှိ ယုံကြည်ရသော မိတ်ဆွေ အသိုင်းအဝန်းများထံ ပြည်တွင်း အယ်ဒီတာအချို့က သတင်းများ ရှာဖွေစုဆောင်း ပေး ပို့ရန် မေတ္တာရပ်ခဲ့ရသည်။ မိတ်ဆွေ အယ်ဒီတာ၏ အကူအညီတောင်းမှုကြောင့် ဂျာနယ် တပတ်စာ ပြည်ပသတင်းများ၊ ဆောင်းပါးများ စုစည်း ပေးပို့ခဲ့ရသည်ဟု ပြည်ပ တက္ကသိုလ်တခုမှ ဘလော့ဂါ ကျောင်းသား တယောက်က ဆိုသည်။
ပြည်တွင်းတွင် ဆင်ဆာထိသော၊ ထုတ်ဝေခွင့်မပြုနိုင်သော ဆောင်းပါးများ၊ ကြေညာချက်များ၊ ပေးစာများသည် ဘလော့ဂ် များတွင် ပေါ်ထွက်လာကြသည်။ ပြည်တွင်းမှ အယ်ဒီတာများ၊ သတင်းထောက်များကို နာမည်ဝှက်များဖြင့် ဘလော့ဂ်များ၊ ဖိုရမ်များတွင် ပိုမိုတွေ့လာရသည်။ သတင်းထောက်တဦးက သူဂျာနယ်လစ်ဖြစ်သည်ကို ဘလော့ဂ်တွင် လူသိမခံကြောင်း၊ ဂျာနယ်တိုက် ပိုင်ရှင်သိလျှင် ငြိုငြင်မည်စိုး၍လည်း ပါကြောင်း ပြောသည်။
ဆိုက်ဘာဂျာနယ်လစ်၊ စီတီဇင် ဂျာနယ်လစ်ဖြစ်သော မြန်မာဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ ထိပ်တိုက်တွေ့မှု များကိုလည်း အသံတိတ် တွေ့နေရသည်။ နိုင်ငံတကာ သတင်းဌာနများ၏ ပုံများ၊ သတင်းများကို အင်တာနက်မှ တဆင့် အမြဲတစေ မှီခိုသုံးစွဲနေရသော ပြည်တွင်းမီဒီယာများသည် မြန်မာဘလော့ဂါတို့ တင်ထားသော ပုံများ၊ မြန်မာစာသားများကို ခွင့်မတောင်းမိဘဲ ယူငင်သုံးစွဲမိမှုများ ပေါ်ပေါက်လာသည်။ အများအားဖြင့် ကိုယ်ပိုင်စာ၊ ကိုယ်ပိုင် ဓာတ်ပုံများ တင်ထား သည့် မြန်မာဘလော့ဂ်များသည် ယင်းတို့၏ ဖန်တီးမှုများကို စီးပွားရေးအရ မသုံးစွဲရန် တားမြစ်ကြောင်း ဖော်ပြထားကြ သည်။
ထို့အပြင် ဘလော့ဂါအချို့၏ ဆောင်းပါးများ၊ စာများသည် အမည်တမျိုးဖြင့် ပြည်တွင်းမီဒီယာများတွင် ပါရှိလာသည့် အဖြစ် များလည်း ပိုများလာသည်။ မိန်းကလေးဘလော့ဂါတယောက်က သူမ ရှာဖွေရေးသားထားသည့် အလှအပရေးရာ ဆောင်း ပါး ၂ ပုဒ်သည် အနည်းငယ် ပြင်ဆင်ထားသည်မှအပ သူမရေးထားသည့်အတိုင်း အမည်တမျိုးဖြင့် မဂ္ဂဇင်းတခုတွင် ပါလာ သည်ဟု ပြောပြသည်။ ထို့အတူ ဆောင်းပါးတပုဒ်သည် ရေးသူ ဘလော့ဂါမသိဘဲ နာမည်တမျိုးဖြင့် မန္တလေးမြို့အခြေစိုက် ဂျာနယ်တစောင်တွင် ပါလာခဲ့ဖူးသည်။ အင်တာနက်မှ ရသည်ဟုဆိုကာ ရေးသူအမည်မပါဘဲ မြန်မာဘာသာဖြင့် တိုက်ရိုက် ကူးယူ ဖော်ပြထားသော စာအချို့ကိုလည်း ပြီးခဲ့သည့်လထုတ် မဂ္ဂဇင်းတစောင်တွင် တွေ့ရသည်။
ထိန်းချုပ်ကန့်သတ်မှုများလွန်းသော ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်ပေါ်မှ သူတို့နှင့် ကိုက်ညီမည့် စာများ ပုံများရရှိ သည့်အတွက် အလုပ်သက်သာကောင်း သက်သာမည်။ သို့သော် မြန်မာအင်တာနက်သုံးစွဲသူ အသိုင်းအဝန်းသည် ကြီးမား ကျယ်ပြန့်နေသည်နှင့်အမျှ ထိုသို့ ပုံများ၊ စာများ အမှုမဲ့ အမှတ်မဲ့ ရယူသုံးစွဲရာတွင်လည်း သတိချပ်သင့်သည့် အချိန်ရောက် ပေပြီ။ ပြည်တွင်း အယ်ဒီတာများသည်လည်း အင်တာနက်နှင့် ပို၍ အကျွမ်းဝင်သင့်သည့် အချိန်ဖြစ်သည်။ မသင်္ကာသည့် ဆောင်းပါး၊ စာထဲမှ အဓိကစာလုံးတလုံးကို ဂူဂယ်အင်ဂျင်တွင် ထည့်ရှာရုံမျှဖြင့် ခြေရာအလွယ်ခံနိုင်ပါသည်။
"ဆောင်းပါးကို ကွန်ပျူတာနဲ့ ရိုက်ပြီး တိုက်ရိုက်ရေးတယ်၊ အင်တာနက်ပေါ်မှာလည်း စာလိုက်ဖတ်တယ်၊ မဟုတ်ရင် နောက်ကျကျန်ခဲ့ဖို့ မြင်တယ်"ဟု မြန်မာစာရိုက် လေ့ကျင်နေသူ ပြည်တွင်း ဆောင်းပါးရှင်တဦးက ဆိုသည်။
မီဒီယာသစ် လမ်းကြောင်းကို ခြေချလာသူများလာသည့်နည်းတူ အစိုးရက ပိုမိုထိန်းချုပ်လာနေသော်လည်း အင်တာနက် တွင် မြန်မာပရိသတ် အားကောင်း ကျယ်ပြန့်လာသည်နှင့်အညီ ပြည်တွင်းမီဒီယာများ ထိုကွန်ယက်နှင့် ချိတ်ဆက် မိနေဖို့ လိုသည်ဟု ထင်မြင်မိသည်။
အင်တာနက်နှင့် ယဉ်ပါးနေသောခေတ်တွင် သတင်းစီးဆင်းမှု ထိန်းချုပ်ရန် အမြဲကြံစည်နေသော စစ်အာဏာပိုင်များကား ရေကို ယိုဖိတ်မကျအောင် လက်ခုပ်နှင့် ခပ်ရန် ကြိုးပမ်းနေသူများသာဖြစ်သည်ဟူသော ဘလော့ဂါတယောက်၏ မှတ်ချက် ကိုလည်း မျှဝေလိုက်ပါသည်။
စာရေးသူသည် ထိုင်းနိုင်ငံ တက္ကသိုလ်တခုမှ လူမှုသိပ္ပံ ဘွဲ့လွန် ကျောင်းသားတစ်ဦး ဖြစ်သည်။

4.10.2009
မဟာချူလာလောင်ကွန်တက္ကသိုလ် (ဘန်ကောက်)
နောက်ခံသမိုင်း
မဟာချူလာလောင်ကွန်တက္ကသိုလ်ဟာ ဘာသာရေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၅.ဆက်မြောက် ရာမ ဘုရင်ဖြစ်တဲ့ ချူလာလောင်ကွန် ဘုရင်က တည်ထောင်ခဲ့တာဖြစ်ပါတယ်၊ တက္ကသိုလ်ကိုလည်း တည်ထောင်ခဲ့တဲ့ ဘုရင့်ရဲ့ အမည်ကိုလိုက်ပြီး မဟာချူလာလောင်ကွန်တက္ကသိုလ်ဆိုပြီး မှည့်ခေါ်ခဲ့ပါတယ်၊ (ထိုင်းလူမျိုးများက သူတို့ ဘုရင်များကို ရာမ ၁- ၂ စသည်ဖြင့် ခေါ်ဆိုကြသည်။) ရည်ရွယ်ချက်က ဗုဒ္ဓသာသနာကို မြှင့်တင်ဖို့ဖြစ်ပြီး ရဟန်းတော်များ သာမက ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသူ လူပုဂ္ဂိုလ်များပါ သင်ကြားခွင့်ပြုထားပါသည်၊ ယင်း တက္ကသိုလ်ကြီးကို သာသနာသကရာဇ် ၂၄၃၂-ခု၊ ခရာဇ်နှစ် ၁၈၉၀-ခု၊ နိုဝင်ဘာ ၈.ရက်နေ့မှာ တည်ထောင်ခဲ့ ပါတယ်။ ယင်းတက္ကသိုလ်မှာ B.A တန်းနှင့် M.A တန်းးများကို အင်္ဂလိပ်လိုရော ထိုင်းလိုပါ နှစ်သက်ရာ ဘာသာနှင့် သင်ကြားနိုင်ပါတယ်၊
B.A တန်းဝင်ခွင့်
B.A တန်းကို တက်ချင်တဲ့မြန်မာကျောင်းသားဟာ သာသနာ့ဝန်ထမ်း ရဟန်း သီလရှင်ဆိုယင် အနည်းဆုံး အကြီးတန်းအောင်မြင်ပြီးသူဖြစ်ရပါမယ်၊ လူပုဂ္ဂိုလ်ဆိုယင် ၁၀.တန်းအောင်ရပါမယ်၊ မူရင်းအောက်လက်မှတ်ဟာ မြန်မာဘာသာနဲ့ဆိုလျင်တော့ နိုထရီပြန်ဖို့လိုပါတယ်၊ အင်္ဂလိပ်လို ရေးထားပါက ပြန်ရန် မလိုအပ်တော့ပါ၊ ကျန်တဲ့လိုအပ်ချက်တွေကတော့ ကိုယ်အောင်မြင်ထားတဲ့ စာမေးပွဲ အမှတ်စာရင်း၊ သာသနာရေးဝန်ကြီး ဌာန ထောက်ခံစာများ လိုအပ်ပါမယ်၊ အင်္ဂလိပ်ပရိုဂရမ် တက်မည့်သူများဟာ အင်္ဂလိပ်စာကို ကောင်းကောင်း လေ့လာပြီးသူ ဖြစ်သင့်ပြီး အက်ဆေးကိုလည်း နိုင်နိုင်နင်းနင်း လက်တန်းရေးနိုင်သူဖြစ်က ပိုအဆင်ပြေပါသည်၊ သို့မဟုတ်ပါက ပညာသင်နှစ် အတွင်းမှာ အခက်ခဲတွေ့နိုင်ပြီး မျက်နှာငယ်ရတတ်ပါသည်၊ B.A တန်းကို လေးနှစ်သတ်မှတ်ထားပြီး ကုန်ကျစရိတ်ကတော့ Semester တစ်ခုကို ဘတ် ၅၀၀၀ သွင်းရပါသည်၊ (ကျပ်တစ်သိန်းခွဲခန့်) တစ်နှစ်လျင် Semester နှစ်ခုရှိပြီး လေးနှစ်ဆိုလျင် Semester ရှစ်ခုရှိ ပါမည်၊ လေးနှစ်စာ ကုန်ကျစရိတ်ကား ဘတ်ငွေ ၄၀၀၀၀ ရှိပါမည်၊ (ကျပ် ၁၄.သိန်းခန့်) B.A တန်းတွင် ဘာသာရပ် ၇.ခုရှိပြီး စိတ်ဝင်စားစရာလည်းကောင်းပါသည်၊ သင်္ချာနဲ့ အင်္ဂလိပ်စာများလည်း ပါပါသည်၊ ၀င်ခွင့်ဖေါင်များကို ဇန်န၀ါရီတွင် စတင်လက်ခံလေ့ရှိပြီး M.A တန်းအတိုင်း ၀င်ခွင့်ကို ရေးဖြေကော နှုတ်ဖြေပါ ဖြေရပါသည်၊ မေးတတ်သော မေးခွန်းများကား General knowledge in Buddhism (Four Nobel Truths & Eight-fold Nobel Paths, etc) နဲ့ English Proficiency များပင်ဖြစ်သည်။
M.A တန်းဝင်ခွင့်
M.A တန်းကိုတက်ရောက်လိုသည့်ကျောင်းသားသည် အနည်းဆုံး ဓမ္မာစရိယ သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ B.A အောင်ထားပြီးသူဖြစ်ရပါမည်၊ ဓမ္မာစရိယအောင်လက်မှတ်ဖြစ်ပါက နိုထရီ အင်္ဂလိပ်လိုပြန်ရန်လိုအပ်ပြီး သာသနာ့တက္ကသိုလ်မှ အောင်လက်မှတ်ဖြစ်ပါက အင်္ဂလိပ်လို ပါပြီးဖြစ်၍ ပြန်ရန်မလိုတော့ပါ၊ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကုန်တာနဲ့ ၀င်ခွင့်တွေကိုလက်ခံတတ်ပြီး မတ်လ အလယ်လောက်မှာ ၀င်ခွင့်စာမေးပွဲ ကျင်းပလေ့ ရှိပါတယ်၊ ရေးဖြေကော နှုတ်ဖြေပါ ဖြေရပါတယ်၊ ၀င်ခွင့်စာမေးပွဲမှာတော့ General Knowledge in Buddhism နဲ့ English Proficiency မေးခွန်းတွေပဲဖြစ်ပါတယ်၊ ပညာသသင်နှစ်ကို ၅-နှစ်သတ်မှတ်ထားပြီး (Course Works) သင်တန်းကာလ ၂-နှစ်ဖြစ်ပြီး (Thesis) ကျမ်းရေးရန် ၃-နှစ်သတ်မှတ်ထားပါသည်၊ တတ်နိုင်ပါက သင်တန်းပြီးပြီးချင်းလည်း ကျမ်းကို တင်နိုင်ပါသည်၊ မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးရမည်ဖြစ်ကာ အနည်းဆုံး စာမျက်နှာ ၁၂၀ ပါရှိရပါမည်၊ အင်္ဂလိပ်လို ရေးရပါမည်၊ M.A တန်းအတွက် ကုန်ကျစရိတ်ကတော့ ဘတ်ငွေ ၁၅၀၀၀၊ (ဒေါ်လာ-လေးရာကျော်) ပေးသွင်းရပါတယ်၊ ဖိုင်နယ်စာမေးပွဲမှာ အမှတ်ကောင်းပြီး Credit များများရပါက Tuition Fee Scholarship ရပြီး ပိုက်ဆံထပ်သွင်းစရာ မလိုတော့ပါ၊ စာမေးပွဲကျပါက ဘာသာအလိုက် Tuition Fee ထပ်သွင်းရပါသည်။
ရဟန်းတော်များနှင့် နေရာအခက်အခဲ
မဟာချူလာတက္ကသိုလ်သည် ပညာရေးတစ်ခုကိုသာ တာဝန်ယူပြီး ကျန်သည့် နေရေးထိုင်ရေး စာရေး သောက်ရေးတို့ကို တာဝန်လုံးဝ မယူပါ၊ ဘန်ကောက်ရောက်လာသော ရဟန်းတော်အများဆုံး ကြုံတွေ့ရသည့် ဒုက္ခမှာ နေစရာပင်ဖြစ်သည်၊ နိုင်ငံတကာ ဗဟုသုတနည်းပါးကြသော သံဃာတော်တို့က နိုင်ငံခြားတက္ကသိုလ် များသည် မြန်မာနိုင်ငံမှာလို နေစရာ၊ စားစရာတာဝန်ယူသည်ဟု ထင်တတ်ကြသည်၊ ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သည့်အတွက် စားစရာအတွက် အပူအပင် မရှိသော်လည်း နေစရာအတွက် အလွန့် အလွန်ကို ခက်ခဲပါသည်၊ ထိုင်းလူမျိုးအများစုသည် အင်္ဂလိပ်စကားကိုလည်း မပြောတတ်ကြရကား သူတို့နဲ့ ရင်နှီးမှု့ရဖို့၊ ပြောဆိုဆက်ဆံဖို့ အခက်ခဲများစွာ တွေ့ရပါသည်၊ ဒါ့အပြင် ထိုင်းနှင့်မြန်မာ နောက်ခံ သမိုင်းကြောင်း အရသော်လည်းကောင်း၊ လက်ရှိ နိမ့်ကျနေသော မြန်မာနိုင်ငံ၏ စီးပွားရေး လူမှု့ရေးအရကြောင့် သော်လည်းကောင်း ထိုင်းလူမျိုးများသည် မြန်မာလူမျိုးများအပေါ် အလွန်အထင်သေးတတ်ပြီး အဆက်အဆံ သိပ်မလုပ်တတ်ကြပါ၊ မြန်မာရဟန်းတော်များအတွက် ကံကောင်းသည်ကား ဘန်ခယ်ဘက်မှ ၀ပ်တလုံး ကျောင်းဆရာတော် အကျန်ဘွန်တန် ရှိနေခြင်းပင်ဖြစ်သည်၊ (၀ပ် ကား မြန်မာလို ကျောင်း ဖြစ်ပြီး အကျန်ကား ဆရာဟု အဓိပ္ပါယ်ရသည်၊) ထိုဆရာတော်သည် ရောက်လာသမျ သံဃာအားလုံးကို ဘာမှ မခွဲခြားဘဲ ကျောင်းတွင် လက်ခံပေးသည်၊ ဆရာတော်ကိုယ်တိုင် အိန္ဒိယမှာ ပညာသင်ခဲ့စဉ်က နေရာအခက်ခဲတွေ့ခဲ့ရပြီး ကိုယ်ချင်းစာကာ လက်ခံခြင်းဖြစ်သည်ဟု ဦးဇင်းတစ်ပါးက ပြောဖူးသည်၊
ဝပ်တလုံးကျောင်းတွင် နေရာရ၍ အဆင်ပြေပြီဟု ကံသေကံမကား မသတ်မှတ်နိုင်သေးပါ၊ လက်ရှိမြန်မာ ရဟန်းတော် အပါး ၂၀.ခန့်တို့ ကျဉ်းကျဉ်းကြပ်ကြပ်နှင့် နေနေကြရသည်၊ သီးသန့်အခန်းများမရှိဘဲ ဆွမ်းစားကျောင်းမှာ ရောရောနှောနှောပင် နေကြရသည်၊ အသက်ရှုပင် မွန်းကြပ်လှသည်၊ မဟာချူလာ တက္ကသိုလ်ကို လာဖို့လည်း ကား မိနစ် ၅၀-ခန့်စီးရသည်၊ Traffic ဖြစ်ပါက တစ်နာရီကျော်ပင် ကြာတတ်သည်၊ ဒီဒုက္ခများကို မသိသော မြန်မာရဟန်းတော်တို့သည် ငွေအမြောက်များကုန်ကြခံကာ ဘန်ကောက်ကို ပညာလာရှာကြသည်။
ပိုဆိုးသည်ကား ရန်ကုန် ၀င်ဒါမီယာထဲမှ ပရောဖက်ဆာဆိုသူတစ်ယောက်သည် အကယ်ဒမီ တစ်ခု ဖွင့်ပြီး ရဟန်းတော်များထံမှ ငွေအမြှောက်အများယူကာ မဟာချူလာကို ကျောင်းဂျိုင်းပေးခြင်း ဖြစ်သည်၊ ထိုဆရာဖြည့်လိုက်သော Application Form သည် ကော်ပီဖြစ်ရကား ဘန်ကောက် ရောက်သောအခါ Form အစစ်ကို ဘတ် ၅၀၀ နှင့် တဖန်ထုတ်ကာ ဖြည့်ရသည်၊ ထိုဆရာအားလည်း ကျောင်းဂျိုင်းပေးခ၊ တက္ကသိုလ်မှပြန်ပို့သော ခေါ်စာခ ကျပ် ၆-သောင်း၊ ၇-သောင်း ပေးရသည်၊ ရဟန်းတော်များ မလိုအပ်ဘဲ ငွေနှစ်ခါ ကုန်ကြရသည်၊ ပိုဆိုးသည်ကား ယင်းအကယ်ဒမီမှ အောင်လက်မှတ်ရောင်းစားခြင်းဖြစ်သည်၊ ယခင်က သင်တန်းတက်၍ အတန်းပြီးသူများကိုသာ ပေးသော်လည်း ယခုအချိန်တွင် သင်တန်းမတက်သော်လည်း ပိုက်ဆံပေးပါက အောက်လက်မှတ်ထုတ် ပေးလိုက်သည်၊ ထိုဆရာ့အထံမှလာသော ရဟန်းတော်များ ယခုဘန်ကောက်တွင် အများအပြားပင် ရှိသည်၊ ထိုရဟန်းတော်အများစုမှာ နေစရာမရှိ၍ ၀ပ်တလုံးကျောင်းတွင် ကျဉ်းကြပ်စွာနေ နေကြရသည်၊ ကျောင်းဂျိုင်းပေးစဉ်က ၀င်ဒါမီယာထဲမှ ထိုပရော်ဖက်ဆာဆိုသူသည် ရဟန်းတော်များအား တက္ကသိုလ်မှ အားလုံးတာဝန်ယူမည့်အကြောင်း၊ သူ ကြိုတင်၍ဆက်သွယ်ကာ စာရေးထားသည့် အကြောင်းတို့ကို ပြောတတ်သည်ဟု ဒီရောက်နေသော ဦးဇင်းတစ်ပါးက ပြောဖူးသည်၊
"ဦးဇင်းဆိုယင် သူ့ကို ဒေါ်လာတစ်ရာလောက်ပေးခဲ့ရတယ်၊ ကျောင်းဂျွိုင်းခ၊ Certificate ခပေါ့၊ ပြီးတော့လည်း ထွက်လာခါနီး မုန့်ဖိုးဆိုပြီး ဒေါ်လာ နှစ်ဆယ်လောက် ပေးခဲ့ရသေးတယ်၊ ဒီရောက်တော့ ဘာမှ အဆင်မပြေ ဘူးလေ၊ လာကြိုမဲ့သူမရှိ၊ လေဆိပ်မှာ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူး၊ လိပ်စာကလည်း မဟာချူလာ ဆိုတာပဲသိတာ၊ ဒီတော့ ယောင်လည်လည်နဲ့ မဟာချူလာတော့ ရောက်လာပါရဲ့၊ ရောက်လာတော့လည်း နေစရာ အတွက် ဘယ်သူမှ တာဝန်မယူဘူးလေ၊ ဟိုမေးဒီမေးနဲ့ ရုံးခန်းထဲရောက်သွားတော့ Sectary သီလရှင်ရဲ့ အကောတောင်ခံလိုက်ရသေးတယ်၊ ဒီမှာ Accommodation အတွက် တာဝန်မယူဘူး၊ နေစရာ မရှိယင် go back home တဲ့ဗျ၊ နောက်ဆုံးကျမှ လောလောဆယ် ၀င်ခွင့်မဖြေခင် တည်းလို့ရအောင်ဆိုပြီး ကျောင်းလေး တစ်ကျောင်းတော့ ရှာပေးလို့တော်သေးတာပေါ့၊ အဲဒီကလည်း အကြာကြီး လက်မခံဘူးဆိုတော့ အခု ၀ပ်တလုံးမှာပဲ ဖြစ်သလို နေနေရတာပေါ့"တဲ့၊ ရဟန်းတော်တစ်ပါးက သူ့ရဲ့ အခက်အခဲကို အထက်ပါ အတိုင်း ရင်ဖွင့်ပြသည်၊
အကျွန်ုပ်ကိုယ်တိုင် သူငယ်ချင်းများကို တက္ကသိုလ်ဂျွိုင်းပေးသောအခါ နေရာအကြောင်းကို အရင် ရှင်းပြ ထားသည်၊ တတ်နိုင်သမျှလုပ်ပေးမည့်အကြောင်း၊ နေစရာကျောင်းကိုတော့ တာဝန် မယူနိုင်ကြောင်း စသည်ပေါ့၊ တက္ကသိုလ်ဂျွိုင်းသည့်အခါ ငွေမကုန်သည့်နည်းကား ဘန်ကောက်မှာ ရှိနှင့်နေသော သူငယ်ချင်းကို ကိုယ်စား ဖောင်ဖြည့်ခိုင်းခြင်းဖြစ်သည်၊ လိုအပ်သည့် စာရွက်စာတမ်း ဓာတ်ပုံများကို စကင်ဖတ်ပြီး အီးမေးလ်နှင့် ပို့နိုင်သည်၊ ဒီဘက်က သူငယ်ချင်းက တက္ကသိုလ်ကို သွားကာ သွင်းပေးပြီး လိပ်စာအတိုင်း ခေါ်စာပို့ပေးခြင်း ဖြစ်သည်၊ သို့မဟုတ် ဒီဘက် သူငယ်ချင်းက ဘတ် ၅၀၀ သွင်းပြီး ဖေါင်ထုတ်ကာ မြန်မာပြည်က သူငယ်ချင်းထံ လှမ်းပို့၊ ဖြည့်ပြီးမှ တက္ကသိုလ်ကို စာတိုက်မှ ပြန်ပို့ခြင်းဖြစ်သည်၊ ယင်းသို့ဆိုလျင် မည်သည့် ကြားခံ ပွဲစားမှ မလိုတော့ဘဲ ရဟန်းတော်များ အကုန်အကျနည်းကာ ကျောင်းဂျိုင်းနိုင်ကြမည်ဖြစ်သည်၊ မိမိကိုယ်တိုင်လည်း သူငယ်ချင်းများကို အထက်ပါအတိုင်းပင် ဂျွိုင်းပေးသည်။
တခါက ရုံးခန်းထဲရောက်သွားသောအခါ Sectary က ၀င်ဒါမီယာထဲမှ ဆရာ့အကြောင်းပြောပြီး Form ကော်ပီ တွေဟာ တရားမ၀င်ကြောင်း၊ ကိုယ်တော်တွေကို အားနာလို့သာ လက်ခံရကြောင်း ပြောသည်၊ အဲလိုမလုပ်ဖို့ပင် အီးမေးလ်ပို့ကြောင်း၊ ဒါပေမဲ့ မရကြောင်းများပါ ပါသည်။
အကျွန်ုပ်လည်းဒီအကြောင်းကို ကြားနေရတာ ကြာပြီဖြစ်သည့်အတွက် မိမိတို့လည်း ၎င်းဆရာထံ စာများ ရေးဖူးကြောင်း အီးမေးလ်လည်း ပို့ကြောင်း၊ သူ့ဆီမှ လာတဲ့ ကိုယ်တော်များကိုယ်တိုင်ပင် နေရာ အခက်အခဲ အကြောင်းများကို စာရေးကြောင်း၊ ကိုယ်တော်တွေဆီက ပိုက်ဆံအများအပြား ယူကြောင်း တို့ကို ပြောပြခဲ့သည်၊
အဲဒါမျိုးကိစ္စတွေ ရှိသလား ဟုအမေးခံရသောအခါ မိမိလည်း ထိုဆရာကို မေးခွန်းတစ်ခု မေးကြည့်မိသည်၊ ထိုဆရာသည် နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်နေတာလား၊ အောက်ဆုံးကို ပြုတ်ကျအောင် တွန်းချနေတာလား ဟူ၍ဖြစ်သည်၊
မှတ်ချက်။ ။ဤဆောင်းပါးကို မည်သူတစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်စော်ကားလို၍ ရေးခြင်းမဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရသော အခက်ခဲများ ပြေလည်ရန်နှင့် မိမိသိသော မဟာချူလာ တက္ကသိုလ် အကြောင်း ပြည်တွင်း သံဃာတော်များ သိစေရန်ရည်ရွယ်၍သာ ရေးသားခြင်းဖြစ်ပါသည်။
သျှင်ဥက္ကဌ
ဆက်သွယ်မေးမြန်းနိုင်ပါသည်၊
agga777@gmail.com
ဆက်သွယ်မေးမြန်းနိုင်ပါသည်၊
agga777@gmail.com
Subscribe to:
Posts (Atom)