9.26.2009

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုစာကို ယနေ့နံနက်က ပေးပို့လိုက်ပြီဟု ဦးဥာဏ်ဝင်းပြော

ယနေ့နံနက် ဆယ်နာရီ သုံးဆယ်မိနစ်ခန့်က သူကိုယ်တိုင် စာတိုက်တွင် Register လုပ်၍ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါသည်။
အရေးကြီးသော စာဖြစ်၍ လျှင်မြန်ချောမော သေချာစွာ ရောက်ရှိနိုင်ရေးအတွက် ကိုယ်တိုင်ပင် သွားရောက် ပေးပို့ရခြင်းဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။ ထိုအကြံပြုချက် ပေးစာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမနေဖြင့် ထိုစီးပွားရေး ပိတ်ဆို့ခံရမှုကို စစ်အာဏာပိုင်များနှင့် အတူ ပူးပေါင်းညှိနှိုင်း အဖြေရှာကြရန် ၂၀၀၇ ခုနှစ်ကတည်းက ပြောဆိုခဲ့ဘူးကြောင်း ပြောဆိုထားပါသည်။
ထိုအကြံပြုစာ၏ ရည်ရွယ်ချက်မှာ စီးပွားရေးပိတ်ဆို့မှု အကြပ်အတည်းများမှ ရုန်းထွက်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်သင့်သည် ဆိုသော အချက်ကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးတည်ဖေါ်ပြ ထားသလို ထို အကျိုးဆက်များကြောင့် မြန်မာနိုင်ငံသားများ မည်ကဲ့သို့နစ်နာရသည် ဆိုသော အချက်ကိုလဲ ထည့်သွင်းဖေါ်ပြခဲ့ ပြီး မြန်မာနိုင်ငံအား အခြားနိုင်ငံများမှ အဘယ့်ကြောင့် စီးပွားရေး ပိတ်ဆို့ခဲ့ကြသည် ဆိုသည့် အချက်ကို အထူးပြုဖေါ်ပြခဲ့သည်ဟု ဦးဥာဏ်ဝင်းမှ ပြောပြ သွားခဲ့ ပါသည်။
အရေးအကြီးဆုံး အချက်တချက် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ထိုစီးပွားရေး ပိတ်ဆို့မှုများမှ လွတ်မြောက်စေရေး အတွက် တိုင်းပြည် အကျိုးစီးပွားကို ရှေ့ရှု၍ အတူတကွ ပူးပေါင်းဆောင်ရွက် အဖြေရှာသွားကြရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကမ်းလှမ်းခဲ့ပြီး၊ ဖြစ်နိုင်သမျှ အမြန်ဆုံး အကြောင်းပြန်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment