1.08.2010

UNHCR မှ တာဝန်ရှိသူများ နို့ဖိုးကန့်သို့ လာရောက်၍ ရှင်းလင်းပြောကြားချက်

ယခုလ ၇ရက် နေ့နံနက် ၁၀နာရီမှ ၁၁ နာရီခန့်အထိ နို့ဖိုးကမ့်တွင် UNHCR ဘန်ကောက်နှင့် မဲဆောက်ရုံးမှ တာဝန်ရှိသူများ လာရောက်၍ တတိယနိုင်ငံသို့ ပြောင်းရွှေ့ရေး အစီအစဉ်နှင့် ပါတ်သက်ပြီး အမေရီကန်နိုင်ငံ၏ ဟိုးထိထားသူနှင့် ရီဂျက် ထိထားသူများကို လာရောက်ရှင်းလင်းပြော ကြားသည့် ကိစ္စနှင့် ပါတ်သက်ပြီး နို့ဖိုးကမ့် တွင် လက်ရှိနေထိုင်သူ ထိုနေ့ရှင်းလင်းပွဲကို တက်ရောက် နားထောင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦး၏ အီမေးမှ ရေးသား တင်ပြလာမှုကို ဖေါ်ပြပေးလိုက် ပါသည်။

အမေရိကန်နိုင်ငံအခြေချနေထိုင်ရေးအစီအစဉ်(NUPO CAMP)အခြေအနေ

သို့
ရဲဘော်များမိတ်ဆွေများခင်ဗျား....

ခင်ဗျားတို့ရဲ့ နေ့သစ်ကို ယခုကဲ့သို့ မကောင်းသတင်းနဲ့ နှုတ်ဆက်ရသည့် အတွက် ၀မ်းနည်းပါသည်။ ယနေ့ နို့ဖိုးကန့်၏ USA အခြေချရေးကိစ္စ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ စခန်းရုံးခန်းမဆောင်တွင် UNHCR-resettlement မှ ရီဂျက်များကို ခေါ်ယူ၍ သတင်း အချက်အလက်များ ပေးပါသည်။
ရီဂျက်သမားများထဲမှ UNHCR ဗျူးရန် ကျန်သူများအား ဆက်လက် အင်တာဗျူး၍ အခြားနိုင်ငံများသို့ ရှာဖွေ ပေးပြီး ရရှိသူများထွက်ခွာ၍ ကျန်သူများက စောင့်ဆိုင်းနေရမည်။ အကယ်၍ မစောင့်ဆိုင်းနိုင်ပါက မြန်မာ ပြည်သို့ ပြန်လိုလျင် ပြန်နိုင်ပြီး မပြန်လိုပါက စခန်းအတွင်း ဒုက္ခသည်အဖြစ် နေထိုင်နိုင်သည်ဟု သတင်းပေး ပါသည်။

နံနက်၁၂ နာရီတွင် ဟိုးသမားများအား ထပ်မံခေါ်ယူ၍ အောက်ပါ သတင်းအချက်အလက်များကို ပေးပါသည်။

မတ်လတွင် ဟိုးသမားများအား သုံးမျိုး ခွဲ၍ အဖြေ တိတိကျကျပေးရန်ရှိပါသည်။

၁။ အမေရိကန်မှ လွဲ၍ အခြားနိုင်ငံများမှ လက်ခံမည့်ဟိုးများ
၂။ အမေရိကန် process တွင် ဟိုးပွင့်သည်အထိ ဆက်လက်စောင့်ဆိုင်းရမည့် ဟိုးများ
၃။ ဘိုင်အိုအား ပြန်လည်တည်ဆောက်ရန် UNHCR တွင် ပြန်လည်အင်တာဗျူး လုပ်ရမည့် ဟိုးများ

ထပ်မံထူးခြားမှုတခုမှာ ၂၀၀၆ နိုဝင်ဘာPAB အင်တာဗျူးတွင် ပလာမှ အင်တာဗျူးပေးလိုက်သော NPO သမားများသည် ၄င်းတို့ ၏ NPO တွင် UNHCR မှတ်ပုံတင်နေ့ ၂၀၀၇ ခုနှစ်ဖြစ်နေသူများအား အမေရိကန် အစိုးရမှ လက်မခံတော့ပါ။ ၄င်း ၂၀၀၇ အထဲတွင် လက်ခံစာရသူများ ဟိုးသမားများ ရီဂျက်သမားများ ပါဝင်နေ ပါသည်။ ထပ်မံထူးခြားမှုများမှာ-

ကိုဝင်းအောင် အားလုံးရှင်းလင်းပြီး ဖြစ်သော်လည်း သေချာရန်အတွက် ဒုတိယအကြိမ် ပြန်လည် စစ်ဆေး သည်ဟု ပြောသည်။ ကိုသိန်းဇော် လက်ဗွေရှင်းသည်ဟုပြောပြီးမှ လက်ဗွေ ထပ်မံတောင်းခံ နေသည်။ ကိုကျော်ဇော DHS သွားရန် နေ့ရက်ကို မေးရာ နာမည်တူနေသည်ဟုပြောသည်။ ကိုသန်းဦးမြင့် ၂၀၀၇ NPO နှင့် အမေရိကန် withdraw လုပ်ထားသည့်အတွက် အခြားနိုင်ငံ ရှာဖွေရန်ပြောသည်.။ ဟိုးနှစ်မျိုးရှိပါသည်။ ဟိုးသေနှင့် ဟိုးရှင်ဖြစ်ပြီး withdraw လုပ်ထားသူများမှာ ဟိုးသေဖြစ်ပြီး withdraw မလုပ်သူမှာ ဟိုးရှင်ဖြစ်သည်။

ကျန်းမာကြပါစေ။

2 comments:

  1. UNHCR နဲ့  OPE ဆိုတာ အမျိုးမျိုး ပြောတာ နို့ ဘိုးမှာ တယောက်တည်း ၂ ရက် မေးတာ ပထမ တရက် က တမျိုးပြောတယ် နောက် တရက်ကျတော့ တမျိုးပြောတယ် ၂ ရက်ပြော ၂ မျိုး ဖြစ်တယ် သေချာတဲ့ သတင်းတွေ ရဘို့ က စခန်း က ဥက္ကဌ ရယ် စခန်း အုပ်ချုပ်ရေးမှူး (ထိုင်းအာဏာပိုင်) တို့ နဲ့ သေချာ ညှိနှိုင်းတိုင်ပင်ပြီး သေချာ တဲ့ စကားပြောခိုင်းမှ ရမယ် အဲလိုမလုပ်ရင် အမျိုးမျိုး မရေ ရာတွေချည်းပဲပြောနေကြမယ်

    ReplyDelete
  2. အမေရိကန်(သို့) တတိယနိုင်ငံသွားဖို့လောက် ကြိုးစားကြရင် ဒီမိုကရေစီ ရပြီထင်တယ်။ ယူအင်န်ကို ဆန္ဒမပြဘဲ ဗမာပြည်မှာ ဆန္ဒပြကြရအောင်။

    ReplyDelete