2.18.2010

ဆိုင်ကယ်စီး မြန်မာလင်မယားအား ဆယ်ဘီးကားတိုက်၊ အမျိုးသားသေ၊ အမျိုးသမီးဆေးရုံတင်ရ

Photobucket

Photobucket
ဖေဖေါ်ဝါရီ၁၈
ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)

ထိုင်းနိုင်ငံအနောက်ဖက် ကန်ချနဘူရီမြို့တွင် မော်တော်ဆိုင်ကယ်စီးနေသည့် မြန်မာလင်မယား ၂ ယောက်အား ကြံတင်သည့် ဆယ်ဘီးကား ကြိတ်မိသဖြင့် လင်ဖြစ်သူပွဲချင်းပြီး သေဆုံးသွားပြီး ဇနီးဖြစ်သူမှာ အရေးပေါ် လူနာအဖြစ် ၄င်းမြို့ရှိ ဖ၀ုန်ဖုန်း ဖယုတေန ဆေးရုံတွင် တင်ထားရသည်။
ဖေဖေါ်ဝါရီ၁၆ ရက်နေ့ ညည့်၁၁အချိန်ခန့်က ဆိုင်ကယ်စီးလာသော ကိုနိုင်လှနှင့် မနန်းအေးတို့ လင်မယား ၂ယောက်အား ဆယ်ဘီးကားက တိုက်မိခဲ့ခြင်းဖြစ်သည်။

သကြားစက်ရုံသို့ ကြံပင်များ ပို့ဆောင်ရန်လာစဉ် အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာ၍ ဘရိတ်အုပ် မရတော့ သဖြင့်၊ တိုက်မိကြောင်း ကားမောင်းသူ အသက်၅၉နှစ်အရွယ် နိုင်ချာအင်နလွန်က ရဲစခန်း တွင် ထွက်ဆိုထားသည်။

အရေးပေါ် အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသူ မနန်းအေးမှာလည်း အခြေအနေမကောင်းကြောင်း ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။ သေဆုံးသူ နိုင်လှမှာ အသက်၃၂နှစ်ရှိသူဖြစ်ပြီး မနန်အေးမှာ အသက် ၂၇နှစ်အရွယ် ရှိသည့် မြန်မာ အလုပ်သမားများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ မည်သည့်အရပ် ဒေသကဟူ၍ သတင်းစာတွင် ရေးသားထားခြင်း မရှိသည့်အပြင် ဆေးရုံကို ဖုန်းဆက်မေးမြန်းခဲ့သော်လည်း တိကျစွာ မသိရှိ ခဲ့ရပါ။ တိုက်မိသောကားနှင့် ကားမောင်းသူတို့အား ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်း သိရှိရသည်။

No comments:

Post a Comment