2.25.2010

ချင်းမိုင် BMA ရဲ့ညီလာခံကို တက်ရောက်ပြီး ရွေးကောက်ပွဲဝင်ရေးတွေ ပြောနေတဲ့ ဦးသုဝေတို့ ပါတီ အတွင်းရေးများ

သံတော်ဆင့်မှ ထပ်မံသတင်းပေးပို့ချက်။ ဦးရဲထွန်းက သူ့ရဲ့ ဒီမိုကရက်တစ်ပါတီကနေ ဦးသုဝေကို ထုတ်ပစ်ဖို့ ဒေါ်သန်းသန်းနုနဲ့ တိုင်ပင်ပြီး အားလုံးစီစဉ်နေပါပြီ။ ဒါတွေကို ယခု ဦးသုဝေ ထိုင်းနိုင်ငံကို ရောက်နေစဉ်မှာ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ ပါတီရဲ့ အစည်းအဝေးမှတ်တမ်းများကို ထောက်လှမ်းရေးကို ရုပ်ပျက်လောက်အောင် အမြဲဆက်သ တင်ပြနေရပါတယ်။ ပါတီနဲ့ ပတ်သက်လို့ တစ်ရက်တစ်ရက် စားစရိတ် သောက်စရိတ်တွေ တင်ပြ သုံးစွဲပြီး တစ်ဘက်ကလည်း ထောက်လှမ်းရေးကို သတင်းပို့ ပိုက်ဆံယူ လုပ်နေသူများ ပြည့်နှက်နေတဲ့အတွက် ဦးရဲထွန်းက စိတ်ပျက်လာတယ်လို့ အကြောင်းပြပါတယ်။ ဒါကြောင့် ဥိးရဲထွန်းကို ပိုက်ဆံထုတ်ပေးနေသူ နောက်ကွယ်က ကျူံယွမ် ကျော်မြင့်တို့ကလည်း စိတ်ပျက်လာကြတယ်လို့ သံတော်ဆင့် ကို ပြောပါတယ်။ အခု အချိန်အထိ စုစုပေါင်း သုံးစွဲငွေ ကျပ်သိန်း ရှစ်ဆယ်ကျော်ပြီ ဖြစ်ပြီး ပါတီ ရုံးခန်း နောက်ထပ်တစ်ခန်းပြောင်းငှားရဖို့ ငွေလိုနေသေးကြောင်းသိရပါတယ်။ ဦးသုဝေအတွက် တယ်လီဖုန်း ၀ယ်ပေးရတာတင် ကျပ်သိန်းနှစ်ဆယ် ရှိနေပြီး အခြား ထောက်ပံ့ရမှုများလည်းရှိနေရတယ်လို့ ဆိုပါတယ်။ မတ်လမှာ ဦးရဲထွန်းက စင်ကာပူနိုင်ငံကို ဆေးစစ်ဖို့ အကြောင်းပြချက်နဲ့ လစ်ထွက်လာပြီး ကျူံယွမ်း ကျော်မြင့်တို့ အုပ်စုကို ရငွေ-သုံးငွေများကို စာရင်းရှင်းလင်းတင်ပြရမှာဖြစ်ပါတယ်။ ဦးသုဝေကလည်း ဒီအစီအစဉ်တွေကို ကြိုတင်သိမြင်လို့ ပါတီ အသစ်တစ်ခု ထောင်နိုင်ရေးအတွက် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ရှာဖွေရန် အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ ဦးသုဝေ နဲ့ ရင်းနှီးသူ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း စစ်ထောက်လှမ်းရေးနဲ့ တိုင်ပင်ဖွဲ့စည်းထားတဲ့ ဦးအေးလွင်၊ ဦးသိန်းတင်အောင်၊ ဦးဖြိုးမင်းသိန်း တို့နဲ့ ပါတီ သီးသန့် ထောင်ဖို့ စီစဉ်ပြီးပါပြီ။ သူတို့အုပ်စုရဲ့ ရန်ကုန်မြို့က ၊ ကရ၀ိတ် ဟိုတယ်မှာ ပြုလုပ်တဲ့ ဟောပြောပွဲ အကြောင်းကို န-အ-ဖ သတင်းစာတွေက ဆောင်းပါးရေးပြီး ချီးမွမ်းထားပါတယ်။

1 comment:

  1. အတိုက်အခံ ဆိုသူမျာ..စုပေါင်းဆွေးနွေးနေသော..BMA ညီလာခံကို လာတက်ကြတဲ့ ..သူတို့ နှစ်ယောက်ကို..ပြန်ရောက်ရင်..17/1 နဲ့ ဖမ်းဆီးတာမျိုးတွေ..မလုပ်ဘဲ.ကင်းလွတ်ခွင့် ရမယ်ပေါ့.ဒီလိုလား.....

    ReplyDelete