3.27.2010

၆၅ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို တပ်မတော်နေ့ အဖြစ် နေပြည်တော်တွင် ပြုလုပ်

မတ်လ ၂၇ ၊ နေပြည်တော်။
Photobucket
ဖက်ဆစ်ဂျပန်ကို တပြည်လုံးညီညွတ်စွာ တော်လှန်ခဲ့ကြသော နေ့ကို အစွဲပြု၍ ကျင်းပခဲ့သည့် တော်လှန်ရေး နေ့ အခမ်းအနားသည် ယခုအခါ ၆၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ထိုတော်လှန်ရေးနေ့ အခမ်းအနားကို တပ်မတော်နေ့ အဖြစ်  ယနေ့ နံနက်စောစောပိုင်းက နေပြည်တော်ရှိ စစ်ရေးပြ ကွင်းပြင်တွင် ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တက်ရောက်လာကြသော စစ်သည်တော် ၁၃၀၈၅ ယောက်ကို မိန်ခွန်း ပြောကြားခဲ့သည့်ဟု သိရပါသည်။
နေပြည်တော်သည် ရန်ကုန်မြို့ မြောက်ဘက် မိုင် ၂၅၀ အကွာတွင်ရှိပြီး အချင်းဧရိယာ ၂မိုင်ခွဲ ခန့် ကျယ်ဝန်းပြီး တောင်တန်းများက ဝိုင်းပတ်ထားပါသည်။
၁၀မိနစ်ကြာ မိန့်ခွန်းကို မပြောခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နောက်ဆုံးပေါ် အမိုးဖွင့်ကားကို ဖြေးညှင်းစွာ မောင်းနှင်စေပြီး တပ်များကို လှည့်လည်စစ်ဆေးပါသည်။ ဗိုလ်ချုပ်ကြီး စောမောင်ထံမှ ၁၉၉၂ခုနှစ် ဧပြီလ ၂၃ ရက် က အာဏာလွှဲပြောင်းရယူပြီးနောက် တော်လှန်ရေးနေ့ အခမ်းအနားများတွင် အမိုးဖွင့်ကားဖြင့် တပ်များကို လှည့်လည် စစ်ဆေးသည်မှာ ယခုနှစ်သည် ၅ကြီမ်မြောက် ဖြစ်ပါသည်။
ယနေ့ပြောကြားသော မိန့်ခွန်းထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခုနှစ် မကုန်ခင် ရွေးကောက်ပွဲကို ပြီးစီး အောင် ကျင်းပသွားမည်ဟု ထပ်မံ အတည်ပြု ပြောဆိုသွားခဲ့ပါသည်။
ထို့အတူ ပြည်တွင်းပြည်ပရှိ အတိုက်အခံများကို ရည်ညွှန်း၍လည်း အခြေခံဥပဒေကို ဆန့်ကျင်သူများကို ပြည်သူလူထုများက ခြေမှုန်းသွားရမည်ဟု ပြောဆိုသွားခဲ့ရာ ထိုရည်ညွှန်းချက်သည် NLD နှင့် ပြည်ပရှိ အတိုက်အခံ အဖွဲ့အစည်းများကိုပါ သိသာစွာရည်ညွှန်းခဲ့ပါသည်။ 
ထို့အတူ တပ်မတော်ကို ခေတ်မှီ တပ်မတော်ဖြစ်အောင် တည်ထောင်သွားရန်နှင့် သူတို့ တပ်မတော် အစိုးရ သည် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်နေခြင်း ဖြစ်သည်ဟု စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုခဲ့ပါသည်။ ထို့အပြင် လမ်းပြမြေပုံ ခုနှစ်ရပ်ကသာ ထို အချက်ကို အကောင်အထည်ဖေါ်နိုင်မည်ဟုလည်း ဆက်လက်ပြောဆို သွားခဲ့ပါသည်။ 
အထူးပြု ပြောဆိုသွားရာတွင် တပ်မတော်သည် နိုင်ငံတော်၏ အန္တရာယ်များကို ပြည်သူများနှင့် ပူးပေါင်း တိုက်ပွဲဝင်သွားရန်အတွက် အရည်အသွေးများကို မြှင့်တင်သွားရမည်ဟု ပြောဆိုခဲ့သည်။ 
Photobucket
ယခုအခါ နေပြည်တော်တွင် ပါလီမန်အဆောက်အအုံကြီးကို ဆောက်လုပ်နေရာ ပြီးစီးလုပြီဟု သိရပါသည်။ ထိုပါလီမန် အဆောက်အအုံကြီးကို ဦးတင်ဆန်း ပိုင်ဆိုင်သော ACE ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ် နေခြင်းဖြစ်သည်။
ထိုကုမ္ပဏီ၏ တာဝန်ရှိသူတဦးက ထိုအဆောက်အဦးကို ယခုနှစ် ဇွန်သို့ ဇူလိုင်လတွင် ပြီးစီးနိုင်မည် ဟု ပြောပြခဲ့ပြီး ယခုအချိန်အထိ ကျပ်ငွေ ၁၀၀ ဘီလျှံ ကုန်ကျခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။

No comments:

Post a Comment