3.20.2010

ခွေးဟောင်တာလူမသိ ခဲနဲ့ပေါက်တာ လူသိတယ်....။ (အိန္ဒိယသံရုံးရှေ့ ဆန္ဒပြမှု ဆက်သွယ်မေးမြန်းချက်)

ဖွတ်ရုံးရှေ့
ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက နယူးဒေလီ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲမှာ ခေတ္တထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက် လာတဲ့ အရှင်ထာဝရနဲ့ ဆက်သွယ် မေးမြန်းခဲ့တာကို ဖော်ပြလိုက်ပါတယ်။

"မနေ့က နေ့လည် ၁၁နာရီက ဦးဇင်းတို့လူ၇၀လောက် မြန်မာသံရုံးရှေ့ကို ရောက်တယ်။ ဆေးမှုတ်လှုပ်ရှားမှု အနေနဲ့သွားတာပါ..။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေး၊ ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိဘူး တကမ္ဘာလုံးအနေနဲ့ ဝိုင်းဝန်းကန့်ကွက်ပေးဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပေးဆိုပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတယ်။ အဲ့ဒီ့အချိန်မှာ နအဖသံရုံး အရာရှိကထွက်လာပြီးတော့ ကြိမ်းလားမောင်းလားလုပ် ရန်စပြီး အိန္ဒိယရဲဋ္ဌာနကို လှမ်းခေါ်ပြီး ဖမ်းဆီးခိုင်းပါတယ်။

ဦးဇင်းတို့က ကားပေါ်ပြန်တက်ပြီး အေးအေးဆေးဆေးပြန်မယ့် အချိန်မှာရဲတွေရှေ့မှာ သံရုံးအရာရှိက မင်းတို့ဘာလားညာလား ဆိုပြီးရန်စစကား ထပ်ပြောတဲ့ အတွက် မခံမရပ်နိုင်တဲ့ ဆန္ဒပြလူငယ်တွေက အင်မတန်ဒေါသ ဖြစ်ပြီး ကမ္ဘာမကြေ သီချင်းကိုဆိုတယ်။ နောက်သူတို့က ရဲကိုကားထွက်ခွင့် မပေးခိုင်းတဲ့အတွက် ကားပေါ်က ပြန်ဆင်းလာပြီး သံရုံးရှေ့မှာရှိတဲ့ သူတို့ရဲ့ ပစ္စည်းတွေကို ရိုက်ချိုးပစ်တာတွေ ဖြစ်လာတာပါ..။ ပြောရမယ် ဆိုရင်တော့ ဦးဇင်းတို့ဘက်က စပြီးရန်စတာမဟုတ်ဘူး နအဖသံရုံးက စပြီးရန်စ စိန်ခေါ်တဲ့ အတွက်ကြောင့် လူငယ်တွေ အလွန်အင်မတန်မှ ဒေါသထွက်ပြီး ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတာပါ...။


နောက်ဦးဇင်းတို့အဖွဲ့ကို တင်မိုတင် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ နောက်ရဲစခန်းမှာ ဦးဇင်းတို့ကို ဘာကြောင့် ဖျက်ဆီးတာလဲ မေးပါတယ်။ ငါတို့ဖျက်ဆီးတာမဟုတ်ဘူး သူတို့ကငါတို့ကို စိန်ခေါ်တဲ့ အတွက်ကြောင့် မိုလို့ ငါတို့လုပ်တာလို့ ပြောလိုက်တယ်။ နောက်ဦးဇင်းတို့က အိန္ဒိယအစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး အာဏာရှင် မြန်မာအစိုးရကို ဆန့်ကျင်တာလို့ ပြန်ပြောပြပါတယ်။ နောက်ဦးဇင်းတို့ အခုအာမခံနဲ့ပါ စွဲချက် ၄ခုနဲ စွဲထားပါတယ်။ လာမယ့်အင်္ဂါနေ့မှာ တရားရင်ဆိုင်ရဦးမှာပါ...။

အထဲမှာ လွတ်လပ်မှုရှိပါတယ် သူတို့က ဦးဇင်းတို့ရဲ့လုပ်ရပ်ကိုအားပေးပါတယ်.. သံရုံးက သူတို့အထက်ကိုတိုင်တော့ သူတို့အနေနဲ့ အမှုမဖွင့်မရတဲ့ အတွက် တရားစွဲရခြင်းဖြစ်ပါတယ်။ တရားဥပဒေအရ ရင်ဆိုင်ရဦးမှာပါ...။


အခုတချို့ သတင်းဋ္ဌာနတွေမှာ (သတင်းဋ္ဌာနကြီးတခုက) ရေးထားတာက မြန်မာ့အရေး လှုပ်ရှားသူတွေ အကြမ်းဖက် ဆန္ဒပြတယ်လို့ ရေးထားပါတယ်...။ ဒါကိုဦးဇင်းတို့ လက်မခံနိုင်ပါဘူး.. ။ ဦးဇင်းတို့ အကြမ်းဖက်တာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ နောက်ရဲက သိမ်းမိတာ တုတ်ဓားတွေ ပါတာမဟုတ်ပဲ ဆိုင်းဘုတ်တွေပဲ သိမ်းမိတော့ တရားစွဲဖို့ခက်နေတာပေါ့။ စွဲချက်တင်မရဖြစ်နေတယ်လေ။ နောက်ရဲတွေ ကိုယ်တိုင်က ရီနေတယ်လေ..။ ဦးဇင်းတို့ကို ပြန်တော့ ပြန်တာ့ဆိုပြီး အတင်းပြန်ခိုင်းတာ .. နောက် သံအမတ်က ဖမ်းခိုင်းတဲ့ အတွက်ကြောင့် အခုလိုဖြစ်ရတာပါ.. လွှတ်တော်အမတ်တွေ၊ တရားရုံးချုပ် ရှေ့နေတွေ နောက် UNHCR တို့ချက်ချင်းရောက်လာပြီး လာကူညီပေးတယ်။ ရဲတွေကို ပန်ကာတွေဖွင့်ခိုင်း ဘာခိုင်း အစားအစာမုန့်တွေက အစအကုန်ပါလာတာပါ။ အဲ့လိုနိုင်ငံခြားသားတွေတောင် အားပေး ကူညီကြပြီး လူအများနားထောင်တဲ့ ဒီသတင်းဋ္ဌာနကြီးတခုက ဒီလိုအကြမ်းဖက်တယ်လို့ ရေးတာတော့ လက်မခံနိုင်ပါဘူး။ ဒီကလူတော်တော်များများကလည်း အဲ့ဒီအကြမ်းဖက်တယ် ဆိုတဲ့ စကားလုံးကို တော်တော်ဒေါသဖြစ်နေပါတယ်။ ဦးဇင်းတို့နိုင်ငံမှာ စစ်အာဏာရှင်စံနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အတွက် စစ်အာဏာရှင် တော်လှန်တဲ့နေရာမှာ အကြမ်းဖက်တယ် ဆိုပြီးသုံးတဲ့ စကားလုံးကို လုံးဝလက်မခံနိုင်ပါဘူး. ဟု အရှင်ထာဝရမှ ပြောဆိုသွားပါတယ်။

ရဲစခန်းမှာ
စွဲချက် တင်တဲ့ ပုဒ်မတွေကတော့... Twenty sive Burmese activists including a monk and five women, were charged by the Delhi police with sections 147, 149, 188 and 427. They are to be produced on March 20, 2010 in Partiala Court in New Delhi.

ဓာတ်ပုံ ... အရှင်ထာဝရ
သတင်း.. ဒီမိုဝေယံ

No comments:

Post a Comment