3.15.2010

NLD က လာမည့်မတ်လ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲနှင့်ပါတ်သက်သော သဘောထားကို ထုတ်ပြန်မည်

NLD အနေဖြင့် လာမည့် ၂၉ရက်နေ့ အီးစီ စုံညီအစည်းအဝေး အပြီးတွင် ထုတ်ပြန်ကြေညာသွားမည်ဟု ယနေ့ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ဗဟိုကော်မတီ အဖွဲဝင် ဦးခင်မောင်ဆွေက ထုတ်ဖေါ် ပြောပြခဲ့ပါသည်။ 
ဥိးခင်မောင်ဆွေက ပြောပြရာတွင် ပါတီ ဗဟိုကော်မတီ အနေဖြင့် လက်ရှိကြုံတွေ့နေရသည့် အခြေအနေ အပေါ် သဘောထားကို ဆွေးနွေးခဲ့ကြပြီး ဖြစ်သော်လည်း လာမည့် ၂၉ရက်နေ့ တွင် ပါတီ အီးစီ ၁၀၀ကျော် ပါဝင်မည့် စုံညီ အစည်းအဝေးတွင် တင်ပြပြီးမှ သဘောထားကြေငြာချက်ကို ထုတ်ပြန်သွားမည်ဟု ပြောပြခဲ့ ပါသည်။
ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုလ ၈ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့သော ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တရားမျှတမှု မရှိကြောင်း ဝေဖန်ပြောကြားခဲ့ပါသည်။ နိုင်ငံရေး အကဲခတ်များကမူ NLD ၏ ဆုံးဖြတ်ချက်သည် လာမည့်ရွေးကောက်ပွဲ အပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်ဟု သုံးသပ် ပြောဆိုကြပါသည်။ 
ထိုဥပဒေများတွင် ရွေးကောက်ပွဲဝင်မည့် ပါတီများသည် နှစ်လအတွင်း ကော်မရှင်တွင် မှတ်ပုံတင်ရန်ကို၎င်း၊ ထောင်ဒဏ်ကျခံနေရသော ပါတီခေါင်းဆောင်များကို ရွေးကောက်ပွဲ ရွေးကောက်ပွဲ မဝင်ရ ရုံမျှမက ပါတီဝင်အဖြစ်ပင် လက်ခံနိုင်ခြင်းမရှိရန် ကန့်သတ်ထားပါသည်။ ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ ကိုလဲ ပျက်ပြယ်ပြီး ဖြစ်ကြောင်း ကြေငြာထားပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment