4.04.2010

မဲခေါင်မြစ်ထိမ်းသိမ်းရေး လှုပ်ရှားသူများ တရုတ်သံရုံးရှေ့တွင်ဆန္ဒပြ

Photobucket
ဧပြီ ၃

မဲခေါင်မြစ်ရေခမ်းခြောက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုင်ပျက်စီမှုများကြောင့် ဒေသတွင်းပြည်သူများ အခက်အခဲကြုံတွေ့ နေခြင်းများကို သိရှိစေရန်နှင့် မဲခေါင်မြစ်အထက်အပိုင်းတွင် ရေကာတာကြီးတွေ တည်ဆောက်ထားသော တရုတ်အစိုးရအား ကန့်ကွက်စာတစ်စောင်အား မဲခေါင်သဘာဝ ထိမ်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့ ကဘန်ကောက်မြို့ရှိ တရုတ်သံမှုထံသို့ ပေးအပ်ခဲ့သည်။

ယနေ့ စောစောပိုင်းက ဘန်ကောက်မြို့၊ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြပွဲတရပ် ကျင်းပခဲ့ကြပြီး ကန့်ကွက်စာအား သံရုံးတာဝန်ခံမှ တစ်ဆင့် တရုတ်အစိုးရထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုင်း၊ လာအိုနိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားသူများ ယမန်နေ့က ဘန်ကောက်မြို့တွင် စည်းဝေးပွဲတခု ကျင်းပခဲ့ပြီး ယနေ့ဆန္ဒပြပွဲကို အကောင်အထည်ဖေါ်ခြင်းဖြစ်သည်။ အနှစ်၄၀အတွင်း မဲခေါင်မြစ်ရေမျက်နှာပြင် အနိမ့်ဆုံးဖြစ်လာကြောင်း လှုပ်ရှားသူများကဆိုသည်။ ရေစီးနှုန်း အထူး နှေးကွေးလာသဖြင့် မြစ်ရေများကောလာပြီး၊ မြေနုကျွန်းများ၊ သန္တာကျောက်တန်းများမှာ မြေပေါ်တွင် ပေါ်နေပြီးဖြစ်သည်။

ရေအောက်နေသည့် ငါးပုစွန်များ နေစရာမရှိသဖြင့် ငါးများအထူးရှားပါးသဖြင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုသော တံငါသည်များမှာ ရပ်တည်ရေး အထူးခက်ခဲလာသည်ဟုဆိုသည်။ မြစ်ရေမှာ အထူးနည်းပါးသဖြင့် မိုးခေါင်ခြင်းများကြောင့် မြစ်ပတ်ဝန်းကျင်များ ပျက်စီးလာပြီး စိုက်ပျိုးမရ ဖြစ်လာကြောင်းပြောသည်။

မဲခေါင်မြစ်အထက်ပိုင်းမှာ နေထိုင်သော တရုတ်နိုင်ငံက ဆည်ကြီးများ တည်ဆောက်ထားသောကြောင့် မြစ်အောက်ပိုင်းမှာ နေသောထိုင်းနဲ့ လာအိုနိုင်ငံက လယ်သမားများ တံငါသည်တွေ ဘ၀ရပ်တည်ရေး ခက်ခဲကျပ်တည်း လာကြောင်း လှုပ်ရှားသူတွေက ပြောသည်။

ထိုင်းလယ်သမားတစ်ဦးက “ ကျနော်တို့ စိုက်ခင်းကို မိုးရောနွေပါ ရေမရောက်တော့ဘူး၊ ဟို..မြစ်အောက်ပိုင်းက ရေကို အဝေးကနေတင်ရတော့ စက်မောင်းဆီဖိုး မတတ်နိုင်တော့ဘူး၊ ဒီအတိုင်းဆိုရင် ကျနော်တို့အကုန် ဒုက္ခရောက်လာမယ်” ဟု ပြောသည်။

ထို့အပြင် ရှားပါးအပင်များ၊ သားငါးမျိုးစိပ်များ၊ အမျိုးပါပျောက်ကွယ်သွားပြီး သဘာဝများ ပြောင်းလဲ ကုန်ကြောင်းပြောသည်။ ဆန္ဒပြခေါင်းဆောင်နှင့် တရုတ်သံရုံးတာဝန်ခံတို့ ဘာသာပြန်မှ တဆင့် အပြန် အလှန်ပြောဆိုကြပြီး ဆန္ဒပြသူများ ပေးသောပေးစာကို တရုတ်အစိုးရထံသို့ အမြန်ဆုံးပေးပို့မည်ဟု ကတိပြုသည်။

ယနေ့ ဆန္ဒပြသူများက အလိုအလျှောက်သေသွားသည့် ၀ါးမြစ်များကို ပိတ်စများနှင့်ပါတ်ပြီး တရုတ်သံရုံးရှေ့  တွင် ၀ိုင်းဖွဲ့ တီးခတ်ကခုန်ကြသည်။ နဂါးခေါင်းတံဆိပ် ရိုက်ထားသော တီရှပ်အဖြူများကို ၀တ်ဆင်ထားကြပြီး မိုးပြာရောင်အလံငယ်များ ကိုယ်စီကိုင်ဆောင်ပြီး ဆောင်းဘောက်များဖွင့်ကာ ကခုန်ဆန္ဒပြကြသည်။

မဲခေါင်မြစ်ဝှန်းတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီယား၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ မှီတင်းနေထိုင်ကြသည်။ တရုတ်နိုင်ငံသည် ၁၉၉၆ ခုနှစ်မှကစပြီး၂၀၀၈ အထိ မဲခေါင်မြစ်အထက်ပိုင်းတွင် ရေကာတာ ၄လုံး တည်ဆောက်ပြီးဖြစ်ကြောင်း ယနေ့ပေးပို့သောစာတွင် ရေးသားထားးသည်။ နောက်ထပ်လည်း ရေကာတွေ တည်ဆောက်ရန် ပြင်ဆင်နေခြင်းများအား ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူ တစ်ရာဝန်းကျင်ခန့်ရှိပြီး ဆန္ဒပြပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါတယ်။ 
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment