5.01.2010

ဂျင်းဘောင်းဘီချုပ်စက်ရုံတွင် မေဒေးနေ့ အလုပ်ဆင်းရ၊ ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်မရှိ

မေ ၁

ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၅၀ခန့် အကွာတွင် ရှိသည့် လုံငန် မက်ဖတနာ၊ ဟိုတခစ်ဈေး အနီး လမ်းသွယ် ၉၆/၉၂ လကဖန်မြို့ နယ်တွင်ရှိသည့် ဂျင်းဘောင်းဘီ ချုပ်လုပ်သည့် စက်ရုံတွင် မြန်မာအလုပ်သ
မားများက၊ မေဒေးနေ့ အလုပ်ဆင်းနေကြရသဖြင့် အထူးမကျေမနပ်ဖြစ်နေကြသည်။

မြန်မာအလုပ်သမားများ တစ်ရာနီးပါးတို့ အလုပ်လုပ်ကိုင်နေသည့် အဆိုပါအလုပ်ရုံမှ အလုပ်သမား ငယ်လေးက “တကမ္ဘာလုံး အလုပ်ပိတ်တဲ့ ဒီနေ့ လို့ မေဒေးနေ့ မှာ အလုပ်ဆင်းခိုင်းတယ်။ လုပ်ခလည်း တိုးမပေးပါဘူး။ တစ်နေ့ လုပ်ခ ၁၈၅ ဘတ်ပဲပေးမှာပါ။ စည်းကမ်းတွေတင်းကျပ်သလောက် လုပ်အားခ အထူးနည်းပါးပါတယ်။ လုပ်ငန်းရှင်က အယင်နေ့တွေက ပုံမှန်အလုပ်ဆင်းသလို အလုပ်ရုံ ၀တ်စုံများကို မ၀တ်လာပါနဲ့ သာမန်အရပ်ဝတ်တွေနဲ့လာပါတဲ့။ လမ်းသွားလမ်းလာ ထိုင်းရဲများက မေးမြန်းရင် အလုပ်ဆင်းတယ်လို့ မပြောပါနဲ့ လို့ မှာထားပါတယ်”ဟု ပြောသည်။

ယမန်နေ့က မြန်မာအလုပ်သမား၇ဦး အလုပ်ရုံကထွက်သွားစဉ် ယာယီပတ်စပို့ကို ထုတ်ပေးခအဖြစ် ဘတ်ငွေ ၁၀၀၀ ပေးသွင်းခဲ့ရသည်။ ယာယီပတ်စပို့ လုပ်ခအတွက် မြန်မာအလုပ်သမားတစ်ဦးလျှင် ဘတ်တွေ ၅၃၀၀ ကုန်ကျခဲ့သည်။ စက်ရုံထဲတွင် (မြန်မာအလုပ်သမားများအနေဖြင့် ယာယီပတ်စပို့ လုပ်ခအတွက် တစ်နှစ်နှင့် ၆လ အလုပ်ရုံတွင်လုပ်ပေးရမည်။ ထိုင်းအစိုးရ အမိန့်) ဟု ရေးသားပြီး ကပ်ထားကြောင်း အလုပ်သမားကိုရဲက ပြောသည်။

မြန်မာအလုပ်သမားများ အားလုံးနီးပါးမှာ ယာယီပတ်စပို့ လုပ်ကိုင်ထားသော်လည်း အလုပ်သမားများမှာ မိတ္တူကိုသာ ကိုင်ဆောင်ခွင့်ရှိပြီး အစစ်ကို လုပ်ငန်းရှင်က သိမ်းဆည်းထားသည်။ အလုပ်သမားများမှ ယာယီပတ်စပို့အား ကိုင်ဆောင်လိုပါက ဘတ်ငွေတစ်သောင်း ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း ပြောဆို သဖြင့် အချို့ အလုပ်သမားများက ပေးချေရန်ပြင်ဆင်ပြန်လျှင်လည်း မန်နေဂျာကလက်မခံပြန်သဖြင့် မြန်မာ အလုပ်သမားများအခက်ကြုံ နေကြရကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment