6.21.2010

နေထိုင်ခွင့်မရှိသော ရွေ့ပြောင်းအလုပ်သမား၃၄၆ဦးအား ဖမ်းဆီးပြီးဖြစ်ဟု ထိုင်းသတင်းစာရေးသား

Photobucket
ဇွန် ၂၁။ ခေါင်စွတ်သတင်းစာ
ဘာသာပြန်(ကိုတီ ရခိုင့်တံခွန်ဂျာနယ်)

ပြီးခဲ့သည့်ဇွန် ၁၆ ရက်နေ့မှစ၍ ၁၉ရက်နေ့ အထိ တရားမ၀င်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ၊ လောနှင့် ကမ္ဘောဒီးယား အလုပ်သမားစုစုပေါင်း ၃၄၆ဦး ဖမ်းဆီးခဲ့ကြောင်း ထိုင်းဗဟိုရဲဌာနချုပ်က ဗိုလ်ချုပ် စထန်စရန်နုန်နှင့် ဒုဗိုလ်ချုပ် ဥဖုန်ကိုမာကုန် တို့က ထုတ်ပြန်ပြောကြားခဲ့သည်။

နယ်မြေ (၁)မှ နယ်မြေ(၉)အတွင်း ဖမ်းဆီခဲ့ခြင်းဖြစ်ပြီး အဓိက ဖမ်းဆီးရမိသည့် နေရာများမှာ၊ ဆောက်လုပ်ရေး စားသောက်ဆိုင်ယမကာ၊ ဖျော်ဖြေရေးနှင့် ဘောလုံးလောင်းကစား လုပ်နေစဉ် ဖမ်းဆီခဲ့ခြင်းဖြစ်သည်။

ယခု ဖမ်းဆီးမိသူများထဲတွင် အများစုမှာ မြန်မာများဖြစ်သဖြင့် ရေရှည်တွင် ထိုင်းနိုင်ငံ အတွင်း အေးချမ်း သာယာရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်လာနိုင်ဖွယ်ရှိသည်။ လုယက်မှုများပါ ပေါ်ပေါက် လာနိုင်သဖြင့် အထူး သတိထားရမည် ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသည့် ခေါင်စွတ် သတင်းစာတွင် ရေးသား ဖေါ်ပြထားသည်။

No comments:

Post a Comment