7.18.2010

ထူးထရေးဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ မွေးနေ့ကို အောင်ဆန်းဘော်လုံးအားကစားဝင်းတွင် ကျင်းပ


၁၈ဇူလိုင်၊ ၂၀၁၀
နအဖ စစ်အာဏရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မွေးစားသားဟု နာမည်ကြီးသူ ထူးထရေးဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ မွေးနေ့ပွဲကို ရန်ကုန် ဘော်လုံး အားကစားကွင်းအတွင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်ဟု သိရှိရပါသည်။

တီးဝိုင်းများအဆိုတော်များဖြင့် ယနေ့နံတွင် စည်ကားစွာကျင်းပသော မွေးနေ့ပွဲသို့ ဧည့်ပရိတ်သတ် ၁၀၀၀ နီးပါးခန့် တက်ရောက်ကြပြီး တက်ရောက်သူများ၏ ကားအစီးပေါင်း ၅၀၀ ခန့်ရှိသည်ကို တွေ့မြင်ခဲ့ရသလို ကွင်းထဲမှ ဖွင့်ထားသော ဆောင်းဘောက်မှ ဦးတေဇက သူသဘောကျသည့် အဆိုတော်များကို ချီးမြှင့်သည့် ဦးတေဇမှ သိန်းနှစ်ဆယ်ချီးမြှင်ပါသည့် ဆိုသည့်စကားကို တနာရီ တစ်ခါခန့် ဆိုသလို ကြားနေရပါသည်။
ဦးသန်းရွှေ၏ မွေးစားသားဟု နာမည်ကြီးနေသူ ဦးတေဇသည် ဦးသန်းရွှေ၏ ကိုယ်စား စီးပွါးရေး လုပ်ငန်းများကို ကိုယ်စားဆောင်ရွက်ပေးသူ၊ နအဖ၏ ငွေမဲများကို ငွေဖြူအဖြစ် ပြောင်းလဲပေး နေသူ အဖြစ် နာမည်ကြီးနေသူဖြစ်ပါသည်။
ဦးတေဇ၏ သားလည်း ငွေကြေးသုံးစွဲနိုင်သူများ အဖြစ် နာမည်ကြီးနေသလို၊ လွန်ခဲ့သော ရက်များက ဥရောပသမဂ္ဂမှ ဗီဇာပိတ်ပင်မှုကိုခံထားရသူဖြစ်ပါသည်။
ဦးတေဇသား၏ ထင်ရှားသော ပုံရိပ်များကို အီးမေးသတင်းများတွင် မကြာခဏဆိုသလို တွေ့ရလေ့ရှိပါသည်။ ထင်ရှားသည့် ပုံများမှာ မြန်မာငွေသိန်းနှင့်ချီတန်သည့် ရှန်ပိန်ပုလင်းကို ပရမစ်ပုံ အရက်ခွက်များပေါ်မှ လောင်းချနေသည့် ဓါတ်ပုံနှင့် နိုင်ငံခြားသူများနှင့် ပျော်ပါးနေသည့် ပုံများဖြစ်ပါသည်။
မြန်မာနှိင်ငံဘောလုံးအသင်း၏နာယက ဖြစ်သော ဦးတေဇ ၏ မွေးနေ့ မှာ ၁၈.၇.၁၉၆၄ ဖြစ်ပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment