11.28.2010

ကုလ အရာရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့

ရန်ကုန် ၊နိုဝင်ဘာ၊ ၂၀၁၀။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ Chief of Staff ဖြစ်သူ ဗီဂျေးနမ်ဘီရာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ယနေ့နေ့လည်ခင်းက တစ်နာရီကြာခန့် တွေ့ဆုံခဲ့ပါသည်။
ဆွေးနွေးပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေကြသော သတင်းသမားများကို အကျိုးရှိသော ဆွေးနွေးပွဲတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့ပြီး NLD အနေနှင့် မိမိတို့ အခြေအနေများကို ပွင့်လင်းစွာဖွင့်ဟ ပြောဆိုနိုင်ခဲ့သည်ဟု ဆိုပါသည်။ ထို့အတူ ကုလသမဂ္ဂ၏ အမြင်သဘောထားများကိုလဲ လေ့လာနိုင်ခဲ့သည်ဟု ဆိုပါသည်။
သို့ရာတွင် ထိုဆွေးနွေးပွဲသည် ပြည့်စုံလုံလောက်သေးခြင်း မရှိပဲ နောက်ထပ် ဆွေးနွေးမှုများစွာ အတွက် အစသာ ဖြစ်သေးသည်ဟု ဆိုပါသည်။ ဗီဂျေးနမ်ရာဘီ အနေနှင့်လည်း မြန်မာနိုင်ငံနှင့် ပါတ်သက်သော ပြဿနာ အားလုံးကို အချိန်တိုအတွင်း ခြုံငုံမိရန် မလွယ်ကြောင်းနှင့် ပြောဆိုခဲ့သော်လည်း ရှေ့လုပ်ငန်းစဉ်များကိုမူ ဖွင့်ဟ ပြောဆိုခြင်း မရှိပါ။
ဗီဂျေးနမ်ရာဘီ သည် ကုလအရာရှိများတွင် ၁၉၉၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့သော အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါသည်။

၎င်းသည် ယနေ့ နံနက်ပိုင်းက နှစ်ရက် ခရီးစဉ်အတွက် ထိုင်းအဲယားဝေးဖြင့် ရောက်ရှိလာခဲ့ပြီး ယနေ့နံနက် ၁၀နာရီတွင် မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံခဲ့ပါသည်။ မြန်မာစစ်အုပ်စုကမူ ထိုဆွေးနွေးမှုနှင့် ပါတ်သက်ပြီး မည်သည့် သတင်းထုတ်ပြန်မှုမှ မလုပ်ခဲ့သေးပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ၄င်းသည် ယနေ့ညနေ ၄ နာရီက NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်း အပါအဝင် နိုင်ငံရေးပါတီများနှင့် ရန်ကုန်ရှိ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေးရုံး အဆောက်အအုံတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ ဆုံရာတွင် ပါတီ တစ်ခုကို မိနစ် သုံးဆယ် အချိန်ပေး၍ တွေ့ဆုံခဲ့ပါသည်။
ကြံဖွံ့ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ယူအန်အရာရှိချုပ်သည် သူတို့ပါတီ ခေါင်းဆောင်နှင့် ပါတီဌာနချုပ်တွင် မနက်ဖြန် တွေ့ဆုံရန်ရှိသည်ဟု ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment