2.28.2010

သင်ရိုးညွှန်းတမ်း ထိမ်းညှိရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

သင်ရိုးညွှန်းတမ်း ထိမ်းညှိရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

၂၇ ၊ ဖေဖေါ်ဝါရီ၊ ၂၀၁၀။
MMWEC (Burmese Migrant worker Education Committee) ၏ Migrant Curriculum Team (MCT) နှင့် Burmese Migrant Teacher’s Association တို့ ပူးပေါင်း၍ သင်ရိုးညွှန်းတမ်း ထိမ်းညှိရေး ဆိုင်ရာ အစည်းအဝေးကို  Children Development Center (CDC) တွင် ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေးသို့ မဲဆောက် တပ်ခ် ခရိုင်ရှိ မိုက်ဂရန့်ကျောင်း ၃၃ ကျောင်းမှ ကျောင်း ဒါရိုက်တာများ တာဝန်ခံများ ကျောင်းအုပ်များ တက်ရောက်ကြပြီး၊ BMWEC , MCT နှင့် BMTA တို့မှ တာဝန်ရှိသူများနှင့် World Education မှ Mr.Antos (Saya Gerg) တို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် BMTA ဥက္ကဌနှင့် MCT ၏ အဖွဲ့ခေါင်းဆောင် ဆရာမန်းရွှေနှင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး MCT ၏ Coordinator Naw Sweet မှ MCT ၏ ရည်မှန်းချက် လုပ်ဆောင်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စများကို ရှင်း လင်း တင်ပြသွားခဲ့ သလို BMWEC ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာကျော်ဝင်းအောင်မှ BMWEC ၏ သဘောထား အမြင်များကို တင်ပြသွားခဲ့ပါသည်။
ထို့နောက် ကျောင်းအသီးသီးမှ ကျောင်းတာဝန်ခံများက သူတို့၏ သဘောထား အမြင်များကို ထုတ်ဖေါ်ဆွေးနွေးကြပြီး မနှစ်က နွေရာသီကျောင်းပိတ်ရက်တွင် TTBT မှ Dr သိန်းလွင်၏ အကူအညီဖြင့် ရေးဆွဲခဲ့ကြသော အခြေခံ သင်ရိုးညွှန်းတမ်း၏ သင်ရိုးမာတိကာများနှင့် ပါတ်သက်ပြီး ဖြည့်စွက် အကြံပြုခဲ့ကြပါသည်။
ထိုနောက် လာမည့် မတ်လ ၁၃ရက်နေ့တွင် ပြုလုပ်မည့် English နှင့် Biology Subject အတွက် သင်ရိုးညွှန်းတမ်းညှိနှိုင်းရေး အစည်းအဝေးနှင့် လာမည့် မေလ ၃ရက်နေ့မှ ရ၇က်နေ့အထိ ဆရာမ Rose ( Ph.D. Candidate in Education at Connerl University .USA) မှ ဦးဆောင်ဆွေးနွေးမည့် သမိုင်းသင်ကြားရေးဆိုင်ရာ သင်တန်းသို့ တက်ရောက်နိုင်မည့် ဆရာ ဆရာမများစာရင်းကို ကျောင်းတာဝန်ခံများက ပေးအပ်ခဲ့ ကြပါသည်။
World Education မှ တာဝန်ရှိသူ တဥိးဖြစ်သူ Saya Gerg မှ ဆရာဆရာမများအား ဂုဏ်ပြု ချီးကျူးစကား နှင့် နိဂုံးချုပ် အမှာ စကားကို ပြောကြားပေးခဲ့ပြီး နေ့လည် ၂နာရီတွင် အစည်းအဝေးတက်ရောက် လာသူအားလုံး လက်တွဲ၍ We are here because you are here အမည်ရှိ သီချင်းကို သီဆိုရင်း အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Migrant Curriculum Team တွင် BMWEC မှ တာဝန်ပေးထားသော ကျောင်း အသီးသီးမှ ဆရာ၊ဆရာမများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံ ဆရာ ၊ ဆရာမများဖြင့် ဖွဲစည်းထားပြီး၊ အဓိက တာဝန်များမှာ မိုက်ဂရန့်နယ်မြေရှိ သင်ရိုးညွှန်းတမ်းများ စံချိန်ကိုက် တပြေးညီ အဆင့်အတန်း မြင့်လာစေရန် ထိန်းညှိဆောင်ရွက်ပေးရန်၊ WE မှ ရေးဆွဲပေးထားသော ၁တန်းမှ ၆တန်းအထိ သင်ရိုးညွှန်းတမ်း၏ အားနည်းချက် အားသာချက်များကို လေ့လာ၍ ပြန်လည် တင်ပြပေးရန်၊ ရွှေ့ပြောင်း ဒေသ ကျောင်းများအတွက် သမိုင်းဘာသာရပ် သင်ရိုးကို ပြုစုပေးရန်နှင့် သမိုင်း သင်ကြားမှု ဆိုင်ရာ နည်းစနစ်များကို ကျွမ်းကျင် ပညာရှင်များ အကူအညီဖြင့် လေ့ကျင့် သင်ကြား ပေးရန်တို့ ဖြစ်ပါသည်။
ထိုလုပ်ဆောင်မှုအတွက် World Education မှ ကူညီပုံပိုးပေးပါသည်။
bmta05.wordpress.com မှ

No comments:

Post a Comment