3.12.2010

ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ပြည့် နှုတ်ခွန်းဆက် စကားနှင့် တိုက်တွန်းစကား

Photobucket
ဦးဝင်တင်၏ပြောကြားချက် ဗီဒီယိုဖိုင်ကြည့်ရန် ဤနေရာမှာနှိပ်ပါ။
NLD ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ပြည့် မွေးနေ့ပွဲနှင့် သူကိုယ်တိုင် အင်းစိန်ထောင်ထဲတွင် ရက်ပေါင်း ၇၀၀၀ကျော် နေထိုင်ခဲ့စဉ်က တွေ့မြင်ကြုံတွေ့ ခံစားခဲ့ရသည်များကို ရေးသားထားသည့် “ဘာလဲဟဲ့ လူ့ငရဲ ” အမည်ရှိ စာအုပ်ထုတ်ဝေပွဲကို ထိုင်းနိုင်ငံနယ်စပ်ရှိ အေအေပီပီ ရုံးတွင် ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြ ပါသည်။
အခမ်းအနားတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ခံကိုယ်စားလှယ်နှင့် နိုင်ငံရေးနိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသော NLD မှ ဒေါ်စမ်းစမ်းနှင့်၊ ဦးခွန်မြင့်ထွန်းက မွေးနေ့ ဆုတောင်းစကားများ ပြောကြားပေးခဲ့ပြီး DVB မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ကြီးက စာအုပ်ထုတ်ဝေရသည့် ရည်ရွယ်ချက်ကိုရှင်းပြခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဌေးအောင်က ဦးဝင်းတင်၏ကိုယ်ရေးရာဇဝင်ကို ဖတ်ကြားခဲ့ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုငွေလင်းက ဦးဝင်းတင်၏ ကြွေးကြော်သံများနှင့် တိုက်တွန်းချက်များ အပေါ် ထောက်ခံဆွေးနွေးသွားခဲ့ပြီး၊ အေအေပီပီမှ ကိုတိတ်နိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ပါသည်။ ထို့နောက် ဦးဝင်းတင်ကိုယ်တိုင် ပြောကြားချက် ဗီဒီယိုဖိုင်ကို ပြသပေးခဲ့ပြီး အခမ်းအနားကို နေ့လည် ၁၁နာရီခန့်တွင် ရုတ်သိမ်းခဲ့ပါသည်။
“ဘာလဲဟဲ့ လူ့ငရဲ ”စာအုပ်ကို DVB မှ တာဝန်ယူ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အေအေပီပီမှ တာဝန်ယူ ဖြန့်ချီသွားမည်ဟု သိရပါသည်။ စာအုပ်တန်ဘိုးမှာ ထိုင်းဘတ်ငွေဖြင့် တအုပ်၂၀၀ ဘတ်ဖြစ်ပြီး၊ နိုင်ငံခြားမှ မှာယူလျှင် ၁၅ဒေါ်လာ ကျသင့်မည်ဟု သိရပါသည်။ ရရှိသောငွေများကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စတွင် အသုံးမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီမှ တာဝန်ရှိသူ တဦးကပြောပြခဲ့ပါသည်။

မဲဆောက်မြို့ AAPP-B ရုံး၌ ကျင်းပပြုလုပ်သည့် သတင်းစာဆရာကြီး ဟံသာဝ တီ ဦးဝင်းတင် (၈၀) ပြည့်မွေးနေ့အထိမ်းမှတ် ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်မိတ် ဆက်ပွဲအခမ်းအနား ဓါတ်ပုံမှတ်တမ်း(ဒေါက်တာလွဏ်းဆွေ ဘလော့မှ)

ဓာတ်ပုံသတင်း - ကိုလတ် (၁၂-၃-၂၀၁၀)

No comments:

Post a Comment