6.21.2011

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ

ရန်ကုန် ၂၁ ဇွန် ၊ ၂၀၁၁ ။
ဥရောပ သမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်သော အဖွဲ့သည် ယနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် နှစ်နာရီကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ယနေ့ည ၈နာရီခန့်တွင် ပြီးဆုံးခဲ့သော တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဥရောပ သမဂ္ဂ၏ ကိုယ်စားလှယ်များက သတင်းထောက်များကို ဆွေးနွေးပွဲနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ပြောပြရန် ငြင်းဆိုခဲ့ပါသည်။
သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် ပြင်ဆင်နေသလားဆိုသည့် မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် လအနည်းငယ်ကမှ ဥရောပ သမဂ္ဂက သူတို့၏ စီးပွါးရေး ပိတ်ဆို့မှုကို သက်တမ်းတိုးခဲ့ခြင်းသာ ဖြစ်သည်ဟု သူမအနေဖြင့် နားလည်ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
သူမအနေဖြင့် ဥရောပ သမဂ္ဂ ကိုယ်စားလှယ်များကို လက်ရှိ တိုင်းရင်းသား လူမျိုးစုများကို စစ်အုပ်စုက တိုက်ခိုက်နေသော စစ်ရေးဆိုင်ရာ အကြပ်အတည်းများ အကြောင်းကို ပြောပြခဲ့ပြီး ထိုအကြပ် အတည်းများကို ပြေလည်ရန်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာ ဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment