5.06.2008

Some idea for suffering people of cyclone Nargis in Burma


မုန်တိုင်းကြောင့် ပျောက်ဆုံးသွားသည့်ရွာများမှာ ကိုင်းသောင်၊ လွှစာ၊ မိကျောင်းအိုင်၊ ရွေး၊ ကြို့ကုန်း၊ဓမ္မင်းချောင်းလေး၊ လေယာဉ်ကွင်း၊ ဆင်းလမ်းကြီး၊ ရေရွဲ၊ အိုင်မ၊ ကမာ၊ မိဦး၊ ကြာနီကန်ရွာများဖြစ်သည်။ ရွာအားလုံးမှာ ဧရာဝတီတိုင်း လပ္ပတ္တာမြီု့ပတ်ဝန်းကျင်ဖြစ်ပါတယ်။
QUOTE OF THE DAY
Let the United States come to help you, help the people. Our hearts go out to the people of Burma. We want to help them deal with this terrible disaster.
— US President George W. Bush

QUOTE OF THE DAY

Laura Bush"Although they were aware of the threat, Burma's state-run media failed to issue a timely warning to citizens in the storm's path. The response to this cyclone is just the most recent example of the junta's failures to meet its people's basic needs."
Laura Bush
US first Lady



Dear everyone,

May I suggest all medical personnel, BMA (Mae Sot), BMA-NA, BMA-Australia, CBPP – to come out with a statement (together, in unity) – to call for humanitarian assistance – urge the junta to allow free access to allow humanitarian assistance and also to set national mourning day. At the same time, we ourselves could collect the funds (I would suggest we could all send to Dr James Hsu, BMA-NA) to help. The current figures are immediate death, but there will be a lot of more deaths from health consequences if there is no timely intervention.

Thank you

Best regards,

Alice

Dr. Alice Khin

MBBS, M.Sc. (Int.Med), PhD (c)

Faculty of Nursing

Faculty of Medicine and Dentistry

University of Alberta

Tel: 1-780-4924547

Fax: 1-780-4926241

မုန်တိုင်း ကြိုတင်သတိပေးစနစ် မရှိသဖြင့် ထောင်ချီ သေဆုံးရဟု ကပ်ဘေးအန္တရာယ် ပါရဂူက ပြောဆို




ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 13:49 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးခဲ့ရသော ဆိုင်ကလုံးမုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက် ဖျက်ဆီးခြင်း မပြုမီ ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ပေါ်နေကတည်းက မြန်မာအစိုးရ သိရှိခဲ့ပြီး မုန်တိုင်းကြိုတင် သတိပေးစနစ် မရှိသောကြောင့် နာရီပိုင်းအလိုအထိ ကြိုတင် သတိပေးနိုင်ခဲ့ခြင်း မရှိဟု သိရသည်။

အိန္ဒိယ မိုးလေဝသဌာနက မြန်မာအာဏာပိုင်များထံ ဧပြီလ ၂၆ ရက်နေ့ကတည်းက ဆိုင်ကလုံးသတင်း ကနဦး အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။ ယင်းမှာ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပေါ်ခြင်း မရှိမီ ၂ ရက်အလို၊ မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးခြင်း မပြုမီ တပတ်နီးပါး အလိုတွင် သတိပေးခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ၃ နာရီခြားတခါ မြန်မာ အာဏာပိုင်တွေကို မုန်တိုင်း နောက်ဆုံးသတင်းတွေ ပို့ပေးနေပါတယ်။ ဧပြီလ ၃ဝ ရက်နေ့ကတော့ ဆိုင်ကလုံး မုန်တိုင်းရဲ့ လမ်းကြောင်း၊ လေတိုက်နှုံး၊ မုန်တိုင်း နောက်ဆုံး ရောက်ရှိနေတဲ့ နေရာ၊ ဘယ်နေရာတွေကို ဝင်ရောက် ဖျက်ဆီးနိုင်တယ် ဆိုတာတွေ အသေးစိတ် ပေးပို့ခဲ့ပါတယ်” ဟု အိန္ဒိယ မိုးလေဝသဌာန ညွှန်ကြားရေးမှူး ဘီပီယာဒပ်ဗ် (B.P. Yadav) က ပြောသည်။

မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒဌာနက မုန်တိုင်းအကြောင်း ယင်းတို့၏ ဝဘ်ဆိုဒ်တွင် ဧပြီလ ၂၇ ရက်နေ့က လွှင့်တင် သတိပေးခဲ့သော်လည်း လူထုအကြား ကျယ်ပြန့်စွာ ဖြန့်ချိနိုင်ခဲ့ခြင်း မရှိပါ။ ဆိုင်ကလုံးမုန်တိုင်း ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ဦးတည် ရွေ့လျားနေသည်ဟုသာ ဖော်ပြခဲ့သည်။ အစိုးရ မီဒီယာများက မေလ ၂ ရက်နေ့ သောကြာနေ့ မွန်းလွဲပိုင်းအထိ မုန်တိုင်း သတိပေးချက်များ ထုတ်ပြန် ကြေညာခြင်း မလုပ်ခဲ့ပါ။ ဆိုင်ကလုံး မုန်တိုင်းသည် သောကြာနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ စတင် ဝင်ရောက်ခဲ့ပြီး စနေနေ့ အစောပိုင်းတွင် ရန်ကုန်သို့ ဝင်ရောက်လာခဲ့သည်။

အစိုးရ တီဗီ၊ ရေဒီယိုများသည် အစိုးရ ဝါဒဖြန့်ချိရေး သတင်းများသာ လွှင့်ထုတ်လေ့ ရှိခြင်းကြောင့် ရန်ကုန်မြို့ခံ အများအပြားက ထိုသတိပေး ကြေညာချက်ကို မကြားလိုက်ဘဲ လွတ်သွားကြသည်ဟု ဆိုသည်။

“ကျနော့် သမီးတွေကတော့ ဒီကြေညာချက်အကြောင်း သိပေမယ့် ကျနော်က ဆိုင်ကလုံးအကြောင်း လုံးလုံး မသိလိုက်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျနော်က တီဗီသတင်းလည်း စိတ်မဝင်စားဘူးဗျာ။ ရပ်ကွက်ထဲတော့ လူထုသိအောင် လိုက်ကြေညာတာ မရှိပါဘူး” ဟု သစ်ပင်လဲကျသဖြင့် နေအိမ် ပျက်စီးသွားသော ရန်ကုန်မြို့ခံ တဦးက ပြောသည်။

အချိန်နှင့်တပြေးညီ မုန်တိုင်း သတိပေးချက်များ မထုတ်ပြန်နိုင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သား အသက်ပေါင်းများစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ မိုးလေဝသ ထိပ်တန်း ပါရဂူတဦးက ပြောဆိုသည်။

မြန်မာအစိုးရ၏ တုံ့ပြန် ဆောင်ရွက်မှုသည် လုံလောက်မှု မရှိကြောင်း ထိုင်းနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးဌာန ဥက္ကဋ္ဌ ဒေါက်တာ စမစ်ဒါမာဆာရိုဂျာ (Dr. Smith Dharmasaroja) က ပြောသည်။

“အစိုးရအနေနဲ့ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်ရမယ်။ မုန်တိုင်းဒဏ်ခံရမယ့် ဒေသက လူတွေကို ရွှေ့ပြောင်းပေးဖို့ မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ လူတွေ လွှတ်ရမယ်” ဟု ဒေါက်တာစမစ်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယ သမုဒ္ဒရာမှ ကြောက်မက်ဘွယ် လှိုင်းလုံးကြီးများ ထိုင်းနိုင်ငံ ကမ်းခြေသို့ ဝင်ရောက် ဖျက်ဆီးလိမ့်မည်ဟု အချိန်စောစီးစွာ ကတည်းကပင် ကြိုတင် သတိပေးခဲ့သောကြောင့် ဒေါက်တာစမစ်မှာ ထင်ရှားသူ တဦး ဖြစ်သည်။ သို့သော် သူ့ခန့်မှန်း သတိပေးချက်ကို လျစ်လျူရှုခဲ့ကြသည်။

အစိုးရအနေနှင့် ကြေညာချက် ထုတ်ပြန်ရန် အရေးကြီးသလို အဆိုပါ သတိပေးချက်ကို ကောင်းမွန် ကျယ်ပြန့်စွာ ဖြန့်ချိရန်လည်း အရေးကြီးသည်ဟု ဒေါက်တာစမစ်က ဆိုသည်။ အာဏာပိုင်များ အနေနှင့် မုန်တိုင်း ကျရောက်မည်ဟု ခန့်မှန်းထားသော လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ လူများအား ရေလွတ်မည့် ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းပေးခြင်းများ အပါအဝင် ကြိုတင် ကာကွယ်မှု လုပ်ငန်းများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်းလည်း သူက ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် အပူပိုင်းဒေသ မုန်တိုင်းများနှင့် ဆိုင်ကလုံးမုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များအတွက် ကြိုတင် သတိပေးစနစ်များ ဖန်တီး တည်ဆောက်ထားကြောင်း၊ ဂြိုဟ်တုမှ ရရှိသော အချက်အလက်များကို စုစည်းတွက်ချက်ပြီး မီဒီယာမျိုးစုံဖြင့် သဘာဝ ဘေးအန္တရာယ် သတင်းများကို ဖြန့်ချိပေးကြောင်း သူက ပြောသည်။ မိုဘိုင်းဖုန်းများသို့ စာတိုပို့ စနစ်ဖြင့် ဆက်သွယ် ပေးပို့ခြင်းများ၊ ကမ်းရိုးတန်း ဒေသများတွင် သတိပေး တာဝါတိုင်များ ထားရှိပြီး ကြိုတင် သတိပေးလုပ်ငန်းများ ပြုလုပ်ကြောင်း သူက ပြောသည်။

သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ဘေးအန္တရာယ် ကျရောက်သော ဒေသများသို့ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခြင်း၊ ဒေသခံပြည်သူများကို လုံခြုံ စိတ်ချရသော နေရာများသို့ ရွှေ့ပြောင်းပေးခြင်း၊ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ ကင်းလွတ်စေရန် ခိုအောင်းမည့် နေရာများ တည်ဆောက်ထားခြင်းတို့ ပါဝင်သည်။

“မြန်မာအစိုးရမှာ ဆိုင်ကလုံး ချဉ်းကပ် ဝင်ရောက်လာတာကို သိနိုင်တဲ့ ကမ်းခြေ ရေဒါတွေ ကောင်းကောင်း မရှိဘူးလို့ ကျနော်တော့ ယုံတယ်။ ဒါကြောင့် အချိန်မီ ပြင်ဆင်မှု လုပ်ငန်းတွေ မလုပ်နိုင်တာပေါ့” ဟု ဒေါက်တာစမစ်က ဆက်ပြောသည်။

ဘန်ကောက်ရှိ အာရှ သဘာဝ ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးဌာန (ADPC) ကလည်း နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်မည်ကို မြန်မာ အာဏာပိုင်များထံ အကြောင်းစာ ပေးပို့ သတိပေးခဲ့သေးသည်ဟု ဆိုသည်။ ADPC သည် ဒေသတွင်းရှိ နိုင်ငံများနှင့် နှစ်ပေါင်း ၂ဝ ကျော် လက်တွဲ အလုပ်လုပ်လာခဲ့ပြီး ဆိုင်ကလုံး ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကူအညီ ပေးခဲ့သည်။

ထိုအတောအတွင်း အမေရိကန် သမတကတော် လော်ရာဘုရှ်ကလည်း မုန်တိုင်း ကြိုတင် သတိပေးချက်များ ထုတ်ပြန်ခြင်း မပြုခဲ့သည့်အတွက် မြန်မာ စစ်အစိုးရကို ပြစ်တင် ပြောဆိုလိုက်သည်။

“မုန်တိုင်း ခြိမ်းခြောက်မှု အန္တရာယ်ကို သိပေမယ့် မုန်တိုင်းဝင်ရောက်ရာ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေကို အချိန်မီ သတိပေးချက်တွေ အစိုးရမီဒီယာတွေက ထုတ်ပြန် ကြေညာတာ လုပ်မပေးနိုင်ခဲ့ဘူး” ဟု ဝါရှင်တန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ဆိုင်ကလုံး မုန်တိုင်း ဖြစ်ပေါ်ရန် အနည်းဆုံး အချိန် ၂ ရက်ခန့် ကြာတတ်ပြီး မုန်တိုင်း ဖြစ်ပေါ်သည်ကို ကြိုတင်သိရှိပြီး ကြိုတင် သတိပေးချက်များ အချိန်မီ ဖြန့်ဝေပေးနိုင်ပါက အသက်ပေါင်းများစွာ ကယ်နိုင်ပြီး ပျက်စီးမှု ပမာဏကိုလည်း လျှော့ချနိုင်ကြောင်းဖြင့် အိန္ဒိယ မိုးလေဝသ အသင်းကြီး၏ အတွင်းရေးမှူးဟောင်း ဒေါက်တာ အာကီလက်ရှ်ဂုပ်တား (Dr. Akilesh Gup) က ပြောသည်။

“နာဂစ် ဆိုင်ကလုံး မုန်တိုင်းက ပထမ တောင်တရုတ် ပင်လယ်မှာ စဖြစ်တာ။ ဘင်္ဂလား ပင်လယ်အော်မှာ စုစည်းဖြစ်ပေါ် မလာခင်ကတည်းက ကျနော်တို့ တွေ့ခဲ့တာ။ မြန်မာ အာဏာပိုင်တွေကိုလည်း အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်” ဟု မစ္စတာ ဂုပ်တားက ပြောဆိုသည်။




If you want to see more about cyclone Nargis see that links

http://africa.reuters.com/commodities/news/usnBKK181098.html

http://www.mizzimaburmese.com/

http://www.soneseayar.blogspot.com/

http://arzarni.blogspot.com/

http://www.drlunswe.blogspot.com/

http://mmastrology.myanmarbloggers.org/2008/05/blog-post_04.html

http://www.irrawaddy.org/bur/

Links: http://www.burmatoday.net/journal.htm

ezine and Journal bur: http://ezine.mywebdigest.net/spgm/index.php?spgmGal=MMK-Journals

After Cyclone hit: http://burmadigest.info/2008/05/05/myanmar-foreign-minister-says-storm-death-toll-could-hit-10000/

http://www.burmadaily.com/

http://www.washingtonpost.com/wp-dyn/content/article/2008/05/05/AR2008050501928.html

http://burmasitmone.wordpress.com/

VDO: http://publish.vx.roo.com/heraldsun/hsflashvidplayer/index-popup.html?vxChannel=frontPagePicks&vxClipId=922896

http://voanews.com/english/2008-05-05-voa39.cfm

http://voanews.com/burmese/2008-05-03-voa3.cfm

http://voanews.com/burmese/

RgnNews: http://www.peoplemediavoice.net/index.php?option=com_content&task=view&id=53&Itemid=9

http://burmese.dvb.no/

http://www.rfa.org/burmese/





 

5.05.2008

Lasted News about Burma after cyclone Nargis






Dozens Reported Dead in Insein Prison Clash


By THE IRRAWADDY Monday, May 5, 2008

E-MAIL
PRINT

Thirty six inmates of Rangoon’s Insein prison reportedly died in a clash with troops and riot police after setting the jail ablaze as Saturday’s cyclone hit the city.

Prison sources said prisoners had demanded to be moved to security after the cyclone blew off the roof of the jail’s Building No. 1.

When prison authorities refused, the prisoners set fire to a hall, the sources said. Guards failed to suppress the rioters and called in troops and riot police, who opened fire.

It was not known on Monday how many prisoners had died in the fire or from gunshot wounds. Seventy injured were reportedly admitted to the prison hospital.

About 800 prisoners are confined in Insein’s No. 1 building.

အင်းစိန်ထောင် မီးလောင် ၃၆ ဦးသေ၊ ၇၀ ဒါဏ်ရာရ Print E-mail
မဇ္ဈိမသတင်းဌာန
Monday, 05 May 2008 17:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်တွင် စနေနေ့က မီးလောင်မှု ဖြစ်ပွားပြီး အဓိကရုဏ်း ဖြစ်ပွားရာ လူ ၃၆ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရသွားခဲ့သည်။

အကျဉ်းထောင် အတွင်းရှိ နှစ်ထပ်ဆောင် အဆောင် ၁ တွင် စနေနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားရာ အပေါ်ထပ် ပြိုကျပြီးနောက် ထောင်လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်မှု ဖြစ်ခဲ့သည်။ အကျဉ်းထောင်ထဲရှိ အဆောင်တခုလျှင် အနည်းဆုံး အကျဉ်းသား ၁၅၀၀ ရှိသည်။

"လေတိုက်ပြီးတော့ မိုးတွေ ရွာနေတဲ့အခါမှာ အကျဉ်းသားတွေ မနက်အစောကြီး မီးလှုံတဲ့ အခါမှာ လေတိုက်ပြီးတော့ အိပ်ဆောင် မီးကူးတယ်၊ မီးကူးတဲ့ အခါမှာ ထောင်အာဏာပိုင်တွေ ရောက်လာတယ်။ ၀န်ထမ်းတွေ ရောက်လာတယ်အခါ ထောင်သားတွေက ထွက်ပြေးတယ်။ ထွက်ပြေးတော့ ထောင်အာဏာပိုင်တွေက မီးကို မငြိမ်းသတ်ဘဲနဲ့ အကျဉ်းသားတွေကို ပစ်ခတ်တာ" ဟု ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ကိုတိတ်နိုင်က ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်သည့် စနေနေ့တွင် ထောင်မီးလောင်သည့် သတင်း ထွက်ပေါ်ခဲ့သော်လည်း ယနေ့မှသာ ထောင်ဝင်စာ တွေ့ခွင့်ရ၍ သတင်း ခိုင်ခိုင်လုံလုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထောင်အာဏာပိုင်များ၏ ဆူပူမှုကို ကိုင်တွယ်ပုံကို ကိုတိတ်နိုင်က ဝေဖန်လိုက်သည်။

"ပုံမှန်အားဖြင့်တော့ အာဏာပိုင်တွေဟာ မီးလောင်ရင်တော့ မီးသတ်ပေးဖို့ တာဝန်ရှိတယ်လေ။ ထောင်သားတွေ ဆူပူလာရင်လည်း စနစ်တကျ ပြန်သွင်းပေးရမှာ။ အခုတော့ သူတို့က ပစ်ခတ်လို့ သေတာက များနေတယ်။" ဟု သူက ပြောသည်။

အင်းစိန် အကျဉ်းထောင်အနီး နေထိုင်သူများမှာ မီးခိုးလုံးများ ထွက်ပေါ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သေနတ်သံများ ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြသည်။

အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်ဖွယ် မရှိဟု ထောင်အနီး နေသူတဦးက ပြောသည်။

ထောင်အဓိကရုဏ်းကြောင့် ထောင်ကျခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ မိသားစုဝင်များ စိုးရိမ်တကြီးဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေခဲ့ကြသည်။

သို့သော် သေဆုံး၊ ဒဏ်ရာရသူများတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိဟု အေအေပီပီက ပြောသည်။

Confirmed deaths: 3,939 from Yangon and Irrawaddy division
2879 Missing ( Yangon and Irrawaddy division )
IN BOGALAY alone ten of thounsands deaths - forcasted
IN Lupputta alone thousands deaths - forcasted
Junta must open international humanitarian assistance and set national mourning days.
From SPDC Radio Announcement


Nearly 4,000 People Dead; 3,000 People Missing


By AYE AYE WIN / AP WRITER / RANGOON Monday, May 5, 2008

E-MAIL
PRINT

Officials said on Monday nearly 4,000 people died in the wake of cyclone Nargis which swept through Burma on Saturday. An estimated 3,000 people are missing. Several hundred thousand of people may be homeless throughout the Irrawaddy delta.

Residents of Burma's biggest city, Rangoon, face the third day of severe shortages of water, power and other essentials as they battle to clean up after the disastrous cyclone.

Older citizens said they had never seen Rangoon, a city of some 6.5 million, so devastated in their lifetimes.

Residents rebuild their house after cyclone Nargis on the outskirts of Rangoon on May 4. At least 351 people were killed and nearly 100,000 left homeless when tropical cyclone Nargis tore through Burma, razing thousands of buildings and knocking out power lines, state media said. (Photo: AFP)
Despite the havoc wreaked by tropical cyclone Nargis across wide swathes of the Southeast Asian country on Saturday, the government indicated that a referendum on the country's draft constitution would proceed as planned on May 10.

"It's only a few days left before the coming referendum and people are eager to cast their vote," the state-owned Burmese language newspaper Myanma Ahlin said on Monday.

Pro-democracy groups in the country and many international critics have branded the constitution as merely a tool for the military's continued grip on power.

Should the junta be seen as failing disaster victims, voters who already blame the regime for ruining the economy and squashing democracy could take out their frustrations at the ballot box.

Some in Rangoon complained that the 400,000-strong military was doing little to help victims after Saturday's storm, only clearing streets where the ruling elite resided but leaving residents to cope on their own in most other areas.

Residents, as well as Buddhist monks from the city's many monasteries, banded together on Monday, wielding axes and knives to clear roads of tree trunks and branches torn off by the cyclone’s 190 kph (120 mph) winds.

With the city's already unstable electricity supply virtually nonfunctional, citizens lined up to buy candles, which doubled in price, as well as water as a lack of electricity-driven pumps left most households dry. Some walked to the city's lakes to wash.

Cyclone Nargis knocked out Rangoon’s municipal water supply, forcing residents to rely on backyard wells. (Photo: AFP)
Hotels and richer families were using private generators but only sparingly, given the soaring price of fuel.

Public transport was almost at a standstill although airlines announced that Rangoon's international airport had reopened for foreign and domestic flights on Monday.

Most telephone landlines, mobile phones and Internet connections were down.

With the city plunged into almost total darkness overnight, security concerns mounted, and many shops sold their goods through partially opened doors or iron grills.

At least 351 people were killed, including 162 who lived on Haing Gyi island off the country's southwest coast, military-run Myaddy television station reported. Many of the others died in the low-lying Irrawaddy delta.

"The Irrawaddy delta was hit extremely hard not only because of the wind and rain but because of the storm surge," said Chris Kaye, the UN's acting humanitarian coordinator in Rangoon. "The villages there have reportedly been completely flattened."

State television reported that in the Irrawaddy's Labutta township, 75 percent of the buildings had collapsed.

The UN planned to send teams on Monday to assess the damage, Kaye said. Initial assessment efforts had been hampered by roads clogged with debris and downed phone lines, he added.

The Forum for Democracy in Burma and other dissident groups outside Burma urged the military junta on Sunday to allow aid groups to operate freely in the wake of the cyclone.


မုန်တိုင်းဘေး ဒုက္ခသည်များအတွက် ပြည်ပရောက်မြန်မာများ စိုးရိမ် Print E-mail
နေသွင်
Monday, 05 May 2008 16:48 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသူများသည် အစားအသောက်နှင့် ရေပြဿနာ အကြီးအကျယ် ကြုံနေရပြီး ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အကူအညီ ပေးရေးလုပ်ငန်းများ ယခုတိုင် မစတင်နိုင်သေးသဖြင့် ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းက စိုးရိမ်နေကြသည်။

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်တွင်းးမှ မုန်တိုင်းဒဏ် ခံရသော ဒုက္ခသည်များကို အရေးပေါ် အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာ အကူအညီများ တောင်းခံထားသည်။

နယ်စပ်အခြေစိုက် အတိုက်အခံ အဖွဲ့က စစ်အစိုးရအနေဖြင့် အကူအညီများကို ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေး အမြတ်မထုတ်ဘဲ မှန်မှန်ကန်ကန် ကိုင်တွယ်ရန် နယ်စပ် အခြေစိုက်အဖွဲ့က တိုက်တွန်းထားသည်။

ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်း (၅) ဆမှ (၁၀) ဆအထိ ထိုးတက်သွားပြီး အစားအသောက် ရှားပါးမှုကြောင့် သာကေတ၊ ဒလ၊ ညောင်ပင်လေးဈေးဘက်တွင် လုယက်မှုများ ဖြစ်ပေါ်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးမြင့်စိုးက ပြောသည်။

ဦးမြင့်စိုးက "ရန်ကုန်မှာ အစားအသောက်ဈေးတွေ တက်ကုန်ပြီး၊ ကားတွေမထွက်နိုင်ဘူး၊ ဒီနေ့ မနက်မှ ပြန်ထွက်တယ်၊ ဓာတ်ဆီဈေးက (၅) ထောင်ကနေ တသောင်းခွဲကို ခုန်တက်သွားတယ်၊ ကားက ဟိုနားဒီနား ၃၀၀။ ၅ မှတ်တိုင်လောက်ဆို ၅၀၀။ အဲဒီထက်များရင် တထောင်၊ စီအန်ဂျီတွေ မပေးနိုင်ဘူး၊ ဘဲဥ တလုံးဆို ၃၀၀၊ ဆန်က ရောင်းမယ့်လူ မရှိဘူး၊ အငတ်ဘေးလည်း ဖြစ်လာတော့၊ တမြို့လုံး အတိုင်းအတာနှင့် အတော်ကြီးတယ်၊ အခုချိန်ထိ ဒဂုံမြို့သစ်။ ဒဂုံ တက္ကသိုလ်တို့မှာ ရေမြုပ်နေတုန်းပဲ" ဟုပြောသည်။

သောက်ရေရှားပါးမှုကြောင့် ဂျိုးဖြူရေနှင့် မီးသတ်ပိုက်များကို ဖောက်ယူနေကြသည်ဟု သူက ဖြည့်စွက် ပြောကြားသည်။

ကိုးရီးယားရောက် မြန်မာ အသိုင်းအ၀ိုင်းကလည်း လေဘေး ဒုက္ခသည်များကို အကူအညီပေးရေးအတွက် အလှူငွေများ စုဆောင်းရန် ယနေ့မှ စ၍ စီစဉ်လျက် ရှိသည်။

ကိုးရီးယားတွင် ဖွဲ့ထားသော မြန်မာနိုင်ငံ အမျိုးသားရေး မြင့်တင်ရေးအဖွဲ့မှ ဘဏ္ဍာရေးအဖွဲ့ဝင် ဇေ မင်းအောင်က "ပြည်တွင်းမှာရှိတဲ့ မုန်တိုင်း ဒဏ်ခံရသူများကို ကူညီနိုင်ဖို့ ပထမအဆင့် အနေနဲ့ ရန်ပုံငွေရဖို့။ ကောက်ခံတဲ့အခါမှာ ကိုရီးယားမှာ ရှိတဲ့ အဖွဲ့အစည်းတွေက ကောက်ခံဖို့ စီစဉ်ထားပါတယ်၊ ရန်ပုံငွေ ရရှိပြီးတဲ့ နောက်မှာတော့ ဒုကရောက်နေတဲ့ ဒေသတွေဆီ ရောက်အောင် ပို့သွားမှာပါ" ဟု ပြောသည်။

အဖွဲ့တွင် ကိုးရီးယားနိုင်ငံရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) အပါအ၀င် ကိုးရီးယားရောက် မြန်မာအဖွဲ့အစည်း (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ကိုးရီးယားတွင် မြန်မာအလုပ်သမား။ ကျောင်းသား စုစုပေါင်း အယောက် (၂၀၀၀) ၀န်းကျင်ရှိမည်ဟု မြန်မာအသိုင်းအ၀ိုင်းက ခန့်မှန်းသည်။

စင်ကာပူတွင်လည်း လေဘေး ဒုက္ခသည်များကို အကူအညီပေးရေးအတွက် စင်္ကာပူတွင် ဖွဲ့ထားသော ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ အကူငွေများ စုဆောင်းနေလျက် ရှိသည်။

စင်ကာပူနိုင်ငံရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများမှ အလှုငွေများ စတင် ကောက်ခံမည်ဖြစ်ရာ တယ်လီဖုန်း မက်ဆေ့ခ်ျများ စင်္ကာပူကျွန်းတခုလုံးမှာ ဖြန့်နေကြောင်း စင်ကာပူ အသိုင်းအ၀ိုင်းက ပြောသည်။

အလှူငွေများကို ပင်နီဇူလား ပလာဇာ (Peninzula Plza) ရှိ လင်းလက် ရောင်းဝယ်ရေး (၂- လွှာ)၊ စင်မြန်မာ လေယာဉ် လက်မှတ် အရောင်းဆိုင် (၃- လွှာ)၊ သပြေနု ရောင်းဝယ်ရေး (၄-လွှာ) နှင့် လမ်းပြကြယ် စာကြည့်တိုက် (၅-လွှာ) တို့တွင် လက်ခံလျက် ရှိသည်။ ကောက်ခံရရှိငွေများ အားလုံးကို မြန်မာနိုင်ငံတွင်းရှိ နာရေးကူညီမှု အသင်းကြီးတခုကို လွှဲပေးမည် ဖြစ်ကြောင်းသိရသည်။

စင်္ကာပူရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများ အဖွဲ့တွင် စင်္ကာပူရောက် မြန်မာကျောင်းသား လူငယ်များနှင့် မြန်မာ့အရေး တက်ကြွသူများနှင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

အလားတူ ယူကေနိုင်ငံရှိ မြန်မာ အသိုင်းအ၀ိုင်းကလည်း အကူအညီပေးရေးအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်း တော်များအဖွဲ့ (ယူကေ) နှင့် ယူ၂ ဗွီကော်မတီမှ (Unity To Victory) ဦးဆောင်ပြီး လေဘေး ဒုက္ခသည်များ အတွက် အလှူငွေများ ယမန်နေ့မှ စ၍ ကောက်ခံလျက် ရှိသည်ဟု ယူကေ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။



ဒေးဒရဲလမ်းဘေးတွင် လူသေအလောင်းများ တွေ့ခဲ့ရဟု မျက်မြင်သက်သေပြော Print E-mail
မဇ္ဈိမသတင်းဌာန
Monday, 05 May 2008 15:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းကြောင့် ဒေးဒရဲမြို့တွင်း လူအသေအပျောက် မြောက်များစွာ ရှိနေပြီး လူသေ အလောင်းများကို လမ်းဘေးတွင်ပင် မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာသူတဦးက ပြောကြားရာတွင် ရန်ကုန်မှ မိုင် ၄၀ ခန့်ဝေးသော ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့ကို ဖြတ်သန်းသွားသော အဝေးပြေး လမ်းမဘေးးတွင် လူသေအလောင်းများ၊ တိရိစ္ဆာန် အလောင်းများ တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

လူအသေအပျောက်နှင့် ပတ်သက်၍ အရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း ရာဂဏန်းအထိ ရှိနိုင်သည်ဟု ပြောသည်။

အစိုးရက ထုတ်ပြန်သော စာရင်းဇယားများတွင် ဒေးဒရဲမြို့၏ ပျက်စီးအဆုံးအရှုံး အသေအပျောက်နှင့် ပတ်သက်၍ ထည့်သွင်း ကြေညာခြင်း မရှိပေ။

ဧရာဝတီတိုင်းတွင်း တယ်လီဖုံး ပြတ်တောက်မှုဖြစ်ရာ ဒေသတွင်းမှ ဖြတ်သန်းလာသူများ၏ ပြန်ပြောစကားကိုသာ စီစစ်နေရသည်။

ရန်ကုန်တဘက်ကမ်း ဒလမြို့တွင်လည်း မြို့လုံးကျွတ်နီးပါး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိသည်။ ထို့အပြင် သောက်ရေ ပြတ်တောက်မှုကို ဆိုးဆိုးဝါးဝါး ခံနေရသည်။

တခုတည်းသော ဆက်သွယ်ရေး ဖြစ်သည့် ရန်ကုန်နှင့် ဒလမြို့သို့ ကူးခတ်နေသည့် သမ္ဗာန်များ၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။

အစိုးရ၏ ထုတ်ပြန် ကြေညာချက်များတွင် အနည်းဆုံး လူပေါင်း ၃၅၁ ယောက် သေဆုံးရာတွင် ဟိုင်းကြီးကျွန်းသည် ၁၀၉ ယောက် သေဆုံးပြီး အဆိုးဝါးဆုံး ဖြစ်သည်ဟု ဆိုသည်။ အနည်ဆုံး အိမ်ခြေ ၂၀၀၀၀ ပျက်စီးပြီး လူ ၉၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ပါရှိသည်။

အစဉ်အမြဲ သတင်းအမှောင်ချ လျှို့ဝှက်လေ့ရှိသည့် မြန်မာ စစ်အစိုးရကြောင့် စောင့်ကြည့် လေ့လာသူများက အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ အစိုးရ ထုတ်ပြန်ချက်ထက် များနိုင်သည်ဟု ပြောသည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အပျက်အစီးများသည့် မြို့များတွင် မော်လမြိုင်ကျွန်း ပါဝင်နိုင်သည်ဟု ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က ပြောသည်။

ရန်ကုန်ပင်လယ်ဝတွင် ရပ်နားထားသော စစ်သင်္ဘောတစီး မြုပ်သွားခဲ့ပြီး ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် ငါးတင် သင်္ဘောတစီး နှစ်မြုပ်သွားသည်။

ရန်ကုန်တွင်တော့ ရေပြတ်တောက်မှုကို ကြုံတွေ့နေရသဖြင့် အင်းယားကန်၊ ကန်တော်ကြီးများတွင် ဆယ်ဘီးကားများ၊ ထရပ်ကားများဖြင့် လာရောက် ရေသယ်၊ ရေချိုး ပြုလုပ်နေကြသည်။

အနော်ရထာ လမ်းမကြီးတွင် စည်ပင်သာယာမှ ရေကားများက ရေဝေမှု ပြုလုပ်နေရာ ရေပုံး၊ ရေခွက် အရွယ်စုံဖြင့် ရေလာယူသူ လူတန်းရှည်ကြီးများ ဖြစ်ပေါ်လျှက် ရှိသည်။

တောင်ဥက္ကလာပ မြို့နယ်နှင့် ရန်ကင်းမြို့များတွင် ဂျိုးဖြူပိုက်ကို ဖောက်၍ သောက်သုံးရေ ရရှိရန် ကြိုးစားမှုများ ရှိခဲ့သည်။ မီးသတ် ပိုက်ခေါင်းများကို ဖွင့်၍ ရေဝေသုံးစွဲမှုများ သာကေတမြို့နယ်တွင် တွေ့ရသည်။

လုယက်မှုများ ဖြစ်နိုင်သည် ဆိုသော စိုးရိမ်ချက်များကား ဒေသခံများတွင် ဖြစ်ပေါ်လျှက် ရှိသည်။

အစိုးရ စက်သုံးဆီအရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ လောင်စာဆီ ပြတ်တောက်မှု အနည်းငယ် လျော့ပါးသွားသည်။ သို့သော် နှစ်မိုင်ခန့်ပင် ရှည်လျားသော ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းကြီးများကို ဆီဆိုင်တိုင်းလိုလိုတွင် တွေ့မြင်ရသည်။ မှောင်ခို ဈေးကွက်တွင်တော့ ဈေးတက်ဆဲ ဖြစ်ရာ ဓာတ်ဆီတဂါလံ ၁၂၀၀၀ ကျပ်နှင့် ဒီဇယ်ဆီတဂါလံ ၁၅၀၀၀ ကျပ် ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်များက ည ၁၀ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်သည်ဟု ကြေညာထားသည်။

ကမ္ဘာအေး ဘုရားလမ်း ကဲ့သို့သော လမ်းမကြီးအချို့ ပြန်ပွင့်လာသော်လည်း ယာဉ်လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည်။ မြို့ထဲတွင်တော့ မီးစက်သံများတညံညံ ပေါ်ထွက်နေသည်။

အိမ်မိုးသွပ်ဈေးများ ၅ ဆ မြင့်တက်သွားပြီး တပေလျှင် ကျပ် ၃၀၀၀ သို့ ရောက်ရှိသွားသည်။ မုန်တိုင်း မတိုက်မီက တပေလျှင် ကျပ် ၆၀၀ သာ ရှိသည်။ သွပ်ရိုက် သံကတော့ တပိသာလျှင် ၃ သောင်းကျပ် ဖြစ်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဒီရေ ၀င်ရောက်ပြီး ရေလျှံနေသည်။ အိမ်တွေယိုင်၊ သစ်ပင်ပြိုလဲမှု အဖြစ်များသည်။

အင်းယားလမ်း ပိတ်ထားဆဲ ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာ လမ်းတလျှေက် သစ်ပင်ပြိုလဲမှု များသည်။ စစ်အစိုးရက အပျက်အစီးများ လုံးဝ ဖယ်ရှားခြင်း မပြုသေးပေ။ မုန်တိုင်း မကျမီလေးကမှ ဒေါ်စုအိမ်အနီး လုံခြုံရေး အတားအဆီးများ တိုးမြှင့်ခဲ့သေးသည်။

သို့သော် အပင်များ လဲပြိုသွားပြီဖြစ်သဖြင့် ဒေါ်စုနေအိမ်ကို ယခုအခါတွင် အင်ယားကန်ဘောင်မှပင် လမ်းမြင်နေရပြီ ဖြစ်သည်။ ဒေါ်စုနေအိမ် ပျက်စီးမှု ရှိ မရှိကို မဇ္ဈိမအနေဖြင့် စုံစမ်း မရသေးပါ။

ရန်ကုန်လေဆိပ် ပြန်လည် ဖွင့်လှစ်ပြီးနောက် ခရီးသည်များ တင်ဆောင်ထားသော ပြည်ပ လေယာဉ်များ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။


5.04.2008

Hollywood Actors partispated in Burma"s affair

မြန်မာ့အရေး ဟောလီးဝုဒ် သရုပ်ဆောင်များပါဝင်လာ
ကိုစိုး | မေ ၂၊ ၂၀0၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအဝင် မြန်မာနိုင်ငံသားများအားလုံး စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ခံနေရခြင်းအား ကမ္ဘာက ပိုမိုသိရှိနိုင်ရန်အတွက် အမေရိကန် ဟောလီးဝုဒ် သရုပ်ဆောင် များစွာ ပါဝင်သည့် အချိန် တလ ကြာ ပြုလုပ်မည်ဖြစ်သော ဗီဒီယိုလှုပ်ရှားမှုကို ယမန်နေ့ က စတင်လိုက်သည်။

အဆိုပါ လှုပ်ရှားမှုကို သရုပ်ဆောင် ဝေလ် ဖာရေးလ်နှင့် စတင်လိုက်ပြီး နာမည်ကြီး သရုပ်ဆောင်မင်းသား ဆီးလ်ဗက်စတား စတောလုံး အပါအဝင် သရုပ်ဆောင် ဂျက်နီဖာ အန်နစ် စတန်၊ အယ်လန် ပေ့ခ်ျ၊ ဆာရာ့ စီလ်ဗာမန်၊ အန်ဂျယ်လီကာ ဟပ်စတန်၊ ဝူဒီ ဟာရယ်လ်ဆန်၊ ဂျု အပတ်တိုး စသည့် ဟောလီးဝုဒ် သရုပ်ဆောင် ၃၀ ခန့် ပါဝင်မည့် ယင်း ဗီဒီယိုလှုပ်ရှားမှုကို အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(US Campaign for Burma-USCB)က ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုမှာ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အဓိက ဖော်ပြခြင်းဖြစ်ပြီး ဟောလီးဝုဒ် သရုပ်ဆောင်များ၏ ပြောကြားချက် ဗီဒီယို ကို အင်တာနက် စာမျက်နှာတွင် တင်ထားမည်ဖြစ် ကြောင်း၊ ယခုလှုပ်ရှားမှုတွင် USCB အဖွဲ့အား ကမ္ဘာ့ပြည်သူ သန်းနှင့်ချီ၍ ပါဝင်ဆက်သွယ်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။ (ယင်း အင်တာနက် စာမျက်နှာကိုကြည့်ရန် ဤနေရာတွင် နှိပ်ပါ)

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၈ နှစ်ကစတင်၍ စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်မှုများကို အကြိမ်ကြိမ် ခံခဲ့ရရာ ယခုမေလ ၂၇ ရက်ဆိုလျင် နေအိမ်အကျယ်ချုပ်ဖြင့် နေရချိန် ၁၂ နှစ်ရှိပြီဖြစ်သည်။ ထို့ကြောင့် ယခု နှစ်ပတ်လည်တွင် စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်းထပ်မတိုးရန်လည်း ယင်း ဗီဒီယိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်တွင် ပါဝင်သည်ဟု ဆိုသည်။

ဟောလီးဝုဒ် သရုပ်ဆောင် ဝေလ် ဖာရေးလ်က“ကမ္ဘာကြီးရဲ့အပြောင်းအလဲတခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွဲသတ္တိ ကို ဂုဏ်ပြုတဲ့အနေနဲ့၊ သူမကို စာနာရိုင်းပင်းတဲ့အနေနဲ့ သင်လည်း ဆက်သွယ် ပါဝင်လိုက်စမ်းပါ၊ သူမဟာ ကမ္ဘာ့ကြီးရဲ့စံပြုဖွယ် တဦးတည်းသော အကျဉ်းစံ အမျိုးသမီးဖြစ်ပါတယ်”ဟု ပြောဆိုသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်တို့ လွတ်မြောက်ရေးအတွက် အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်သည့် ဒိုင်လန် ဖိုင်းစတိုင်း နှင့် ရစ်ချတ် ဒါဘင်တို့ကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး လူးဝစ် အာဘာတို့သို့ ဧပြီ ၃၀ ရက်စွဲဖြင့် လိပ်မူ၍စာတစောင်ပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းမဂ္ဂဇင်းကလည်း ယခုနှစ် ကမ္ဘာ့ သြဇာအလွှမ်းဆုံး လူ ၁၀၀ ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

The collection News about after Cyclone Nargis Slammed into Burma



240 People Dead; Number of Dead, Injured Expected to Climb


By THE IRRAWADDY AND AGENCIES Sunday, May 4, 2008

E-MAIL
PRINT

Burma's junta declared five disaster zones on Sunday—Rangoon, Irrawaddy, Pegu divisions as well as Karen and Mon states—after devastating cyclone Nargis slammed into mainland Burma on Saturday.

Rangoon's Traders Hotel is seen in the background as a vehicle carrying men drives past a damaged billboard in the former capital on May 4, a day after Rangoon was hit by a cyclone. (Photo: Reuters/DVB/Handout)
At least 240 people have died across Burma, authorities said. The number of injured was not available, but it is believed to be high.

"According to the latest information we have, altogether 19 people were were killed in Rangoon Division, and then about 222 people were killed in Irrawaddy Division," an Information Ministry official told Agency France Press.

The number of dead and injured is expected to climb as local officials and media-shy authorities slowly make contact with outlying towns and villages along the coast and in central Burma.

The overseas Burmese community has been searching for information about relatives and loved ones, further clogging Burma’s telecommunication system, which is barely functioning, if at all, in many cities.

Cyclone Nargis—rated a Category 3 storm—ripped through the Irrawaddy delta and Rangoon on Saturday morning, tearing off roofs, uprooting trees and knocking out electricity with wind speeds reaching 190 kilometers per hour (120 mph).

Therje Skavdal, the Bangkok-based regional head of the UN office for the Coordination of Humanitarian Affairs (UNOCHA), told Reuters: "It's early, and it will take a few days before we get an overview of the damage."

Residents walk past fallen trees on a street in Rangoon, Burma's largest city on Saturday. Tropical Cyclone Nargis ripped through Rangoon early Saturday, tearing off roofs, uprooting trees and knocking out electricity. (Photo: Xinhua)
An estimated 7.03 million people were affected by the storm. In addition, an estimated 1.82 million people who live in coastal areas below 5 meters could have been hard hit by a surge of water up to 12 feet (3.5 meters), according to the Global Disaster Alert and Coordination System.

Structures have been damaged or collapsed in towns throughout the Irrawaddy delta, where the massive cyclone hit on Friday night having gathered power in the tropical waters of the Bay of Bengal. Three out of four buildings were collapsed in Laputta and Kyaik Lat, state media reported.

Official media said seven vessels sank in the Rangoon harbor.

The Rangoon Airport has been closed. All incoming domestic flights were diverted to Mandalay, the country’s second largest city, in the middle of Burma. Thai Airways in Bangkok said its flights would not resume before Monday.

Meanwhile, the junta formed a national central committee for natural disasters, with Prime Minister Gen Thein Sein as chairman, to coordinate relief and aid efforts.

Some police and army personnel have been deployed throughout the worst hits areas to start the clean-up operation, said AFP.

Military personnel attempt to remove fallen trees from a road in Burma after a cyclone in this television grab May 4. (Photo: Reuters/MRTV)
However, Rangoon residents who are experienced with natural disasters are already complaining bitterly about the slow response from the military government.

"Where are all those uniformed people who are always ready to beat monks and civilians?" one woman asked. "They should come out in full force and help clean up the area and restore electricity."

A 35-year-old resident in Kyaukpadaung Township in Mandalay division asked where are the Union Solidarity and Development Association members.

ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိ မြို့များ မုန်တိုင်းဒဏ်ကြောင့် ပျက်စီး
ဧရာဝတီ | မေ ၃၊ ၂၀၀၈

ယနေ့နံနက် အစောပိုင်း တိုက်ခတ်သော မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိမြို့များ ထိခိုက် ပျက်စီးမှု ကြီးမားကြောင်း စုံစမ်းသိရှိရသည်။ တိုက်ခတ်သော မုန်တိုင်းမှာ ၁ နာရီ မိုင် ၁၂၀ နှုန်း ရှိသည်။


နာဂစ်မုန်တိုင်း မြန်မာပြည်သို့ ဝင်ရောက်တိုက်ခတ်နေစဉ် (Photo: US Navy)

ကုလသမဂ္ဂ သတင်းရပ်ကွက်များ၏ အဆိုအရ နာဂစ်အမည်ရှိ မုန်တိုင်းသည် သောကြာနေ့ ညလယ်အချိန်တွင် မြန်မာပြည် ကမ်းရိုးတမ်းရှိ လပွတ္တာမြို့သို့ စတင်ဝင်ရောက်ခဲ့ပြီး နံနက် ၅ နာရီခွဲတွင် အပြင်းထန်ဆုံး အရှိန်အဟုန်ဖြင့် ရန်ကုန်မြို့သို့ တိုက်ခတ်ခဲ့သည်။

“မုန်တိုင်းက မနေ့ည ၁၁ နာရီက စတိုက်တယ်၊ ၁ နာရီက စပြီး ပြင်းပြင်းထန်ထန်တိုက်တာ အပြင်းဆုံးအချိန်ကတော့ မနက် ၅ နာရီ၊ ၆ နာရီ ထင်တာပဲ၊ အိမ်တအိမ်လုံးရေတွေထဲ မှာ၊ မနက် ၇ နာရီ လောက်မှာ သွပ်မိုး လန်သွားတာ၊ တညလုံးလည်း မအိပ်ရဘူး၊ စလောင်းတွေ အားလုံးလည်း လွင့်၊ ကားတွေက လမ်းမကြီးတွေမှာ တောင် ရှောင်သွားနေရတယ်၊ သစ်ပင်တွေ လည်းကျိုး၊ သစ်ပင်တွေကုန်ပြီ၊ လူအသေ အပျောက်ကတော့ အတိ အကျ မသိနိုင်သေးဘူး၊ မနက် ၁၁ နာရီခွဲလောက်မှာ တော့လေရပ်သွားတယ်” ဟု ရန်ကုန်မြို့ ဗိုလ်တထောင်မြို့ နယ်တွင် နေထိုင်သည့် သတင်းထောက် တဦးက ပြောသည်။

ယခုအချိန်အထိ အသေအပျောက် စာရင်းအတိအကျကို မသိရှိရသေးသော်လည်း အေပီ သတင်း တပုဒ်၏ အဆိုအရ ရန်ကုန်မြစ်ကို ဖြတ်ကူးသော အမျိုးသမီး ၃ ဦး လေပြင်းမုန်တိုင်းဒဏ်ကြောင့် လှေမှောက်သေဆုံးသည် ဟု သိရသည်။

ဆင်ဟွာ သတင်း တပုဒ်က ရန်ကုန်မြို့တဝန်း သစ်ပင်ကြီးများ ပြိုလဲမှုကြောင့် လမ်းများ ပိတ်ကုန်ပြီး လမ်းများပေါ်တွင်ရပ် ထားသော ကားများစွာမှာလည်း သစ်ပင်များ ပိလျှက်ရှိကြောင်း၊ လျှပ်စစ်မီးနှင့် တယ်လီဖုန်း လိုင်းများ ပြတ်တောက်ကုန် ကြောင်း၊ မိုဘိုင်း လက်ကိုင် ဖုန်းများလည်း ဆက်သွယ်၍မရတော့ကြောင်း၊ ကြော်ငြာဆိုင်းဘုတ် များနှင့် ဂြိုဟ်တုစလောင်း များ အားလုံးနီးပါးမှာ ပြိုကျ ပျက်စီးကုန်ကြောင်း ဆိုသည်။

ရိုက်တာ သတင်းကလည်း မြန်မာ့ရုပ်မြင်သံကြားနှင့် ရန်ကုန် စီးတီး အက်ဖ်အမ် ရေဒီယို ထုတ်လွှင့်မှုများ ရပ်ဆိုင်းကုန် သည်ဟု ဆိုသည်။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ယခုအခါ ပိတ်ထားရကြောင်းလည်း သိရှိရသည်။

ယင်းမုန်တိုင်း ဒဏ်ကြောင့် လျှပ်စစ်မီးလိုင်းများနှင့် တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်ကုန် သည်ဟု အထက်ပါ ရန်ကုန်သတင်းထောက်ကလည်း ပြောသည်။

ရန်ကုန် ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ရပ်ကွက်တွင်နေထိုင်သူ တဦးကလည်း ၎င်းတို့နေထိုင်ရာ ရပ်ကွက် တခုလုံး တွင်လည်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း ပြောဆိုသည်။

“မုန်တိုင်းက တော်တော်ဆိုးတယ်၊ တလမ်းမှ မလွတ်ဘူး၊ မှန်တွေကွဲတယ်၊ ခေါင်းမိုးပေါ်တင်ထားတဲ့ စလောင်းတွေ လန်ကုန်ပြီ အောက်ကို ပြုတ်ကျကုန်တယ်၊ ကားတွေပေါ်သစ်ပင်ပိတယ်၊ ကျနော့်ကားလည်းပိတယ်၊ သွပ်ပြားတွေ အချပ် လိုက် လမ်းတွေပေါ်ပြေးနေတယ်”ဟု စံရိပ်ငြိမ်တွင် နေသူက ပြောသည်။

မျက်မြင်တဦးကလည်း ကမာရွတ်၊ လှိုင်၊ မြေနီကုန်း ဝန်းကျင်၊ ရွှေုဂုန်တိုင် ဝန်းကျင်နှင့် တက္ကသိုလ်ရိပ်သာလမ်း ဝန်းကျင်တို့ တွင် သစ်ပင်များလဲကျ၍ လမ်းများပိတ်နေကြောင်း ပြောပြသည်။

ရန်ကုန်လှော်ကား ဘက်တွင် ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများလဲကျပြီး အိမ်ပြိုကျမှုများရှိသည်ဟု လှော်ကားတွင် နေသူတဦးကလည်း ပြောသည်။

“အိမ်အပြင်တောင်ထွက်လို့ မရဘူး၊ လမ်းမှာ သစ်ပင်ကြီးတွေပိတ်နေတယ်၊ အိမ်အမိုးတွေလန်တယ်၊ တချို့ အိမ်ပြိုတယ်”ဟု ၎င်းက ပြောပြသည်။

“ဝေဠုဝန်တိုက်ခန်းတွေမှာ လေးခန်းတွဲ၊ သုံးထပ်တိုက် ဆယ့်ရှစ်လုံးရှိတာ အမိုးတွေအားလုံး လန်သွားတယ်။ ဟံသာဝတီ ကားပွဲစားတန်းဘက်မှာ ကုန်းကျော်လိုက်တာနဲ့ ကျွန်းတောလမ်းလောက်အထိ အပင်ကြီးတွေ လဲနေတယ်။ မီးရထားလမ်း တွေမှာလည်း သစ်ပင်တွေကျိုးပြီးပိတ်နေတယ် … သွားလို့မရဘူး၊ မီးရထားတွေ မထွက်ဘူး” ဟု စမ်းချောင်းမြို့နယ်ရှိ ဒေသခံက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းကစ၍ စမ်းချောင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)၊ အခြေခံပညာ မူလတန်း ကျောင်း အမှတ် (၁၂) နှင့် မူးယစ်ဆေးဝါးပြတိုက်တို့တွင် လေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည် ဟုလည်း အဆိုပါဒေသခံက ဆိုသည်။

ယင်းမုန်တိုင်းသည် ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ ဂွ တို့ကိုလည်း ညဦးပိုင်းတွင် ဖြတ်သွားပြီး အထိအခိုက် ရှိကြောင်း ဒေသခံတဦးက ပြောသည်

နာဂစ် မုန်တိုင်းသည် ဧရာဝတီ တိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ သာယာဝတီ၊ ဂွ မြို့တို့ကိုလည်း ဝင်ရောက် တိုက်ခတ်ရာ အပျက်အစီး များကြောင်း သိရှိရသည်။ အသေးစိတ် ကိုမူ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် လူ ၂၄၀ ကျော်သေဆုံး
ဧရာဝတီ | မေ ၄ ၊ ၂၀၀၈

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်အစိုးရက ပြည်နယ်နှင့်တိုင်း ၅ ခုကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် ကြေညာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူ ၂၄၀ ကျော် သေဆုံးကြောင်း သိရသည်။

မုန်တိုင်း ဒဏ်သင့် ရန်ကုန်မြို့လယ်မြင်ကွင်း (Photo: Reuters/DVB/Handout)

နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်တွင် လူ ၁၉ ယောက် သေဆုံးပြီး ဧရာဝတီတိုင်းတွင် လူ ၂၂၂ ယောက်သေဆုံးကြောင်း အမည် မဖော်လိုသူ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောကြားသည်ကို အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထိခိုက်အနာတရ ရရှိသူစာရင်းကိုမူ အတိအကျမသိရှိရသေးသော်လည်း များပြားနိုင်သည်ဟု မျှော်လင့်ရသည်။

မုန်တိုင်းကြောင့် အပျက်အစီးများစွာရှိခဲ့သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကို မုန်တိုင်းဒဏ်အခံရဆုံး ဒေသများအဖြစ် အာဏာပိုင်များက ရုပ်မြင်သံကြားမှ ယမန်နေ့က ကြေညာခဲ့သည်။

စနေနေ့နံနက် အစောပိုင်း တိုက်ခတ်သော ယင်းမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းရှိမြို့များ ထိခိုက် ပျက်စီးမှုကြီးမားကြောင်း စုံစမ်းသိရှိရသည်။ တိုက်ခတ်သော မုန်တိုင်းမှာ ၁ နာရီ မိုင်၁၂၀ နှုန်း ရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဒေသ ဆိုင်ရာအကြီးအကဲ ထာဂျီ စကက် ဒဲလ်က“ပျက်စီးဆုံးရှုံးရမှုအားလုံး ကျနော်တို့ သိရဖို့အတွက် ရက်အနည်း ငယ်ကြာလိမ့်ဦးမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ကမ္ဘာ့ မုန်တိုင်း သတိပေးချက် နည်းစနစ် ဝက်ဘ်ဆိုက်၏ တွက်ချက်မှုအရ လူပေါင်း ၇.၀၃ သန်း မုန်တိုင်းဒဏ် ခံရနိုင်ဖွယ် ရှိကြောင်း၊ ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတွင် နေထိုင်သော လူဦးရေ ၁.၈၂ သန်းသည် လည်း မုန်တိုင်းကြောင့်ဖြစ်သော လှိုင်းကြီးမှုဒဏ်ကို ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

သစ်ပင်ကြီးများ လေပြင်းဒဏ်ကြောင့် အမြစ်မှ ကျွတ်ထွက် လဲပြိုကုန်ကြ (Photo: Xinhua)

မြန်မာစစ်အစိုးရ၏ တရားဝင် ကြေညာချက်အရ ဧရာဝတီတိုင်းရှိ လပွတ္တာနှင့် ကျိုက်လတ်မြို့များသည် ၄ ပုံ ၃ ပုံ ခန့် ပျက်စီးသွားကြောင်း သိရသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းများလုံးဝနီးပါး ပြတ်တောက်နေ သောကြောင့် ရန်ကုန်အပါအဝင် မုန်တိုင်း ဒဏ်သင့်ဒေသများရှိ ၎င်းတို့၏ မိသားစုဝင်များအား အလွန်အမင်း စိတ်ပူပန်နေရကြောင်းလည်း သိရသည်။

မြန်မာအစိုးရ အနေဖြင့် မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်များ လုပ်ဆောင် နိုင်ရန် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော ကော်မတီတခုကို ဖွဲ့စည်းခဲ့ကြောင်း မြန်မာ့အသံမှ ကြေညာသွားသည်။

ရန်ကုန်မြို့လမ်းမများအား ပိတ်ဆို့နေသော ပြိုလဲကျနေသည့် သစ်ပင်ကြီးများကို ရှင်းလင်းရန် စစ်တပ်နှင့် ရဲတပ် ဖွဲ့များ စတင်ထားရှိသည်ကို တွေ့မြင်ရသော်လည်း ရန်ကုန်မြို့ခံများကမူ စစ်အစိုးရ၏ ကယ်ဆယ်ကူညီရေးမှာ နှောင့်နှေးကြန့်ကြာနေကြောင်း ဝေဖန်ကြသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ရှင်းလင်းရေး စတင်နေသော်လည်း ရန်ကုန်မြို့ခံများက အင်မတန် နှေးကွေးကြောင်း ဝေဖန်နေကြသည် (Photo: Reuters/MRTV)

“အင်္ကျီအပြာမှာ ရဲ တံဆိပ်တွေနဲ့ တွေ့တယ်၊ စွမ်းအားရှင်လို့ပြောတာပဲ၊ လမ်းပေါ်မှာ ဟေးလားဝါးလားနဲ့၊ အမှိုက် ရှင်းမလိုလို လုပ်နေကြတယ်၊ အဲဒါတွေကို နိုင်ငံတော်က လုပ်ပေးရမှာ၊ ဘာမှလည်း မလုပ်ပေးဘူး၊ မသိသလို နေနေကြတယ်၊ မနေ့က ရဲ တွေ သွားတာ လိုက်ကြည့်တော့၊ လွှတ်တော်ရှေ့က သစ်ပင်တွေကို သွားရှင်းတာ၊ သူတို့ လက်ထဲမှာ သစ်ပင်ခုတ်ဖို့ ဓားမပါဘူး၊ ဒိုင်းတွေ တုတ်တွေ သေနတ်တွေပဲပါတယ်၊ သစ်ကိုင်းတွေကို လက်နဲ့ချိုးတယ်”ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးနှင့် သောက်သုံးရေ ယခုအချိန်အထိ ပြတ်လပ်နေဆဲဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးများလည်း ပြတ်တောက်နေဆဲဖြစ်သည်။

ယနေ့တွင် ရန်ကုန်မြို့ရှိလူများမှာ ပျက်စီးသွားသော အိမ်ရာများကို ပြုပြင်ရန် ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူ နေကြကြောင်း သိရှိရသည်။ ဓာတ်ဆီဈေးမှာလည်း တရှိန်ထိုး တက်သွားပြီး တဂါလန် ၇၅၀၀ ကျပ် ပေါက်ဈေး ရှိကြောင်း သိရှိရသည်။

ယခု မုန်တိုင်း ဒဏ်ကြောင့် လာမည့် စနေနေ့တွင် ကျင်းပမည့် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်း နိုင်ဖွယ်ရှိကြောင်း ရန်ကုန် စာနယ်ဇင်းအသိုင်းအဝန်းက သုံးသပ်နေကြသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ပံ့ရေး အေဂျင်စီများအနေဖြင့် အကူအညီများ ပေးရန် အဆင်သင့် ရှိနေသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း မြန်မာစစ်အစိုးရ က အကူအညီတောင်းခံမှု မပြုလုပ်သေးချေ။

5.01.2008

UNLD Calls for Referendum Boycott

UNLD Calls for Referendum Boycott



Thursday, May 1, 2008




While many political campaigners in Burma are calling for a “No” vote in the forthcoming referendum, the United Nationalities League for Democracy (UNLD) is calling for a complete boycott of the polls on May 10.

A hawker sells copies of countries new constitution at an intersection in Burma's biggest city Rangoon. (Photo: AFP)
Leaders of the UNLD, a Rangoon-based umbrella organization of political parties representing ethnic minority peoples, said that casting a vote in the constitutional referendum is a form of following the regime's orders and supporting their "Seven-step road map" to democracy.

Speaking with The Irrawaddy on Thursday, Thawng Kho Thang, a senior member of the UNLD and the Committee Representing People’s Parliament (CRPP), said: “As we never supported the ‘Seven-step road map,’ why should we go and vote? If we cast a vote, it means we support Step Four of the road map. So, we won’t go and cast a vote in the referendum.”

The national referendum is the fourth step on the junta’s so-called “Seven-step road map” toward democracy in Burma. The junta has also announced the fifth step of the road map—multi-party elections in 2010.

Thawng Kho Thang said that no leader or member of the UNLD will cast a vote in the national referendum. The group called for a boycott of the referendum on May 10 and urged Burmese citizens to join the boycott.

Senior leaders of the UNLD also include: Aye Tha Aung, the chairman of the Arakan League for Democracy and the secretary of the CRPP; Thar Ban of the Arakan League for Democracy; and veteran politician Aung Tin Oo.

Thawng Kho Thang said that even if a majority of Burmese citizens vote “No” in the referendum, the junta will try to legitimize the draft constitution somehow.

The UNLD leader also said that the military regime was holding the national referendum too early after releasing the draft of the constitution, which gave voters insufficient time to read the 194-page document. He said many citizens were unclear about the new constitution and didn’t know whether to support it or oppose it.

"The junta should allow another two years for people to study the constitution,” he added. “If possible, they should translate the draft constitution into ethnic languages, because some ethnic minority people can’t read Burmese."

Thawng Kho Thang predicted that the majority of Burmese citizens would vote “Yes” in the referendum out of fear of repercussions from the security forces.

He also criticized the National League for Democracy, saying that the opposition party did not launch its “Vote No” campaign widely enough in Burma nor seek to educate people about the junta's constitution.

UNLD senior member Aye Thar Aung also confirmed that he would not participate in the May 10 referendum. He said that to solve the conflict in Burma, the military regime should create a genuine dialogue with the opposition parties—not hold a constitutional referendum.

The UNLD leaders condemned the draft constitution as a one-sided document written by the military generals alone, which lacked the suggestions of the 1990 elected members of the CRPP.

Meanwhile, Rangoon-based veteran politician Amyotheryei Win Naing suggested that Burmese citizens should seriously consider casting a vote on May 10 based on two points.

He said that if 32 million people are eligible to vote in the referendum, then a turnout of 16 million plus one person would legitimize the referendum.

If half of the participants, 8 million plus one person, vote “Yes,” the draft constitution would be legitimized, he said.

“If people don’t vote, the junta cannot legitimize the draft constitution,” Amyotheryei Win Naing said in a letter received by The Irrawaddy on Thursday.