7.07.2008

ဆဲဗင်းဂျူလိုင်နေ့ရန်ကုန်တွင်လုံခြုံရေးတင်းကြပ်၊ ကျောင်းသားသမဂ္ဂဖြိုဖျက်မှု ၄၆နှစ်ရှိခဲ့ပြီ


တနင်္လာနေ့၊ ဂျူလိုင်လ 07 2008 17:06 - မြန်မာစံတော်ချိန်
ဆဲဗင်းဂျူလိုင်နေ့တွင် ရန်ကုန်တိုင်း မြို့နယ်များတွင် အာဏာပိုင်များမှ လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်။ယနေ့ ကျရောက်သည့် ၄၆ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့၊ မြို့နယ် အများအပြားရှိ လမ်းဆုံလမ်းခွများနှင့် တက္ကသိုလ်များ အနီးတွင် စွမ်းအားရှင်များ ချထားသလို၊ စစ်သားများကလည်း ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်သည်။ “လုံခြုံရေးကတော့ တော်တော်များတယ်။ ဒါပေမဲ့ ထူခြားတာကလေ ရဲ မရှိဘူး။ စွမ်းအားရှင်တွေပဲ ချထားတယ်။ ရုံးရှေ့မှာ ၅ဝ၊ ၆ဝ လောက် ရှိတယ်။ ထိုင်ပြီး စောင့်နေကြတယ်။ ဒိုင်နာကား ၄ စီးလောက် ရှိတယ်။ ဆူးလေမှာကတော့ ၃ဝ၊ ၄ဝ လောက် ရှိတယ်” ဟု အဖွဲ့ချုပ် လူငယ် ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်သူ ကိုနိုင်ငံလင်းက ပြောသည်။မဇ္ဈိမ ပြည်တွင်း သတင်းထောက်ကလည်း “မနေ့ညကတည်းက ရဲကားထဲမှာ စစ်သားတွေကော ကင်းလှည့်နေတာကို ဒီနေ့ ထူးထူးခြားခြား လမ်းဆုံလမ်းခွ အတော်များများမှာ အရပ်ဝတ် လုံခြုံရေးနဲ့ စွမ်းအားရှင် ပုံစံမျိုးတွေ တွေ့ရတယ်။ အခုမနက် လှည့်ကြည့်တဲ့ အနေအထားအရ လုံခြုံရေးအင်အား ဖြန့်ထားတာ တွေ့ရပါတယ်။ 7 July ဖြစ်နေတော့လေ။ ဒီနေ့ ပိုပြီး လုံခြုံရေးအင်အား ဖြန့်ထားတဲ့ အနေအထားပေါ့” ဟု ပြောသည်။ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင်လည်း ရဲမှူးကြီးတဦးက မာစဒါဂျစ် တစီး၊ လုံးထိန်းကား တစီး၊ စွမ်းအားရှင် ၂ဝ ခန့် ချထားသည်ဟု သူက ဆက်ပြောသည်။ ကုက္ကိုင်းမီးပွိုင့်၊ ရွှေဂုံတိုင်၊ ဆူးလေ၊ သင်္ကန်ကျွန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှည်းတန်း၊ တောင်ဥက္ကလာပ၊ လမ်းမတော်၊ လသာ စသည့် မြို့နယ်များတွင် ဝတ်စုံအပြည့်ဖြင့် ရဲများ၊ စစ်သားများနှင့် အရပ်ဝတ် စွမ်းအားရှင်များ ထိုင်နေကြောင်းလည်း ရန်ကုန် ဒေသခံတဦးက ပြောဆိုသည်။ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်၊ တာဝ တက္ကသိုလ်တို့မှာ လုံခြုံရေး ချရန်အတွက် ဒေါပုံမြို့နယ်မှ စွမ်းအားရှင် ၈ဝ ခန့်ကို မြို့နယ် မယကမှ ယနေ့ နံနက်ပိုင်းတွင် လာရောက် ခေါ်ဆောင်သွားသည်ဟု သိရသည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်း စစ်ကောင်စီက လက်နက်နှင့် ပစ်ခတ်ဖြိုခွဲခဲ့သည့် ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးတေဇက “သူတို့ကတော့ ကျောင်းသားတွေ ဆူပူမှုတွေ လုပ်လာမယ်လို့ အမြဲတမ်း ကြောက်နေကြတာပဲလေ။ အခု ဗကသ ကျောင်းသားတွေကလည်း ကျောင်းတိုင်းလို စာကပ်နေတာတွေ ရှိနေတယ်လေ” ဟု ပြောသည်။ဗကသ က ယနေ့ ထုတ်ပြန်လိုက်သည့် “စစ်ကျွန်မခံ ဒို့တွန်းလှန် ... ခွပ်ဒေါင်းအလံ လွှင့်ကြစို့” ဟူသည့် ကြေညာချက်များကို ရန်ကုန်တိုင်းရှိ ဝိဇ္ဇာသိပံ္ပ တက္ကသိုလ်၊ ကွန်ပြူတာ ကောလိပ်၊ ဂျီတီစီ၊ အစိုးရနည်းပညာ တက္ကသိုလ် ကျောင်းများတွင် လိုက်ကပ်ထားသည်ဟု သိရသည်။ကြေညာချက်ထဲတွင် အခြေအနေဆိုးများမှ အမှန်တကယ် လွန်မြောက် ကျော်လွှားနိုင်မည့် အကောင်းဆုံးနှင့် အငြင်သာဆုံး နည်းလမ်းမှာ တခုတည်းသာ ရှိပြီး မတရား ဖမ်းဆီးခံထားရသည့် ကျောင်းသားလူငယ်များ အပါအဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် နိုင်ငံရေး အကျဉ်းသား အားလုံးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းပင် ဖြစ်သည်ဟု ရေးသားထားသည်။“ပညာရေးက နိုင်ငံရေး ဖြစ်တယ်။ ပညာရေး လွတ်လပ်မှ နိုင်ငံရေး လွတ်လပ်မယ်ဆိုတဲ့ ပုံစံအတိုင်း ယူပြီးတော့ ကျောင်းသား လူငယ်တွေရဲ့ လူအများကို ဖွင့်ဟချင်စိတ်၊ လွတ်လွတ်လပ်လပ်နဲ့ ဆန္ဒအမှန်အတိုင်း သင်ယူခွင့်ရအောင် ကျနော်တို့က ရှေ့ဆုံးကနေ ဦးဆောင်ပြီး လုပ်နေတာပါ” ဟု ကိုမျိုးတေဇက ပြောသည်။လက်နက်အားကိုး၊ လူမိုက်အားကိုးဖြင့် တဖက်သတ် အဓမ္မ အနိုင်ကျင့်လုပ်ဆောင်မှု မှန်သမျှသည် လတ်တလောတွင် ပြဿနာများ ပြေလည်သွားမည် မဟုတ်ဘဲ ပိုမို ရှုပ်ထွေးစေသကဲ့သို့ ရေရှည်တွင်လည်း အုံကြွမှုများနှင့် ကပ်ဘေး ဒုက္ခအမျိုးမျိုးတို့ ကျရောက်ကာ နိုင်ငံတခုလုံး ဆုံးရှုံး ပျက်သုဉ်းမည့် အခြေအနေသို့ ဆိုက်ရောက် သွားစေလိမ့်မည်ဟု ဗကသ ကြေညာချက်က ဆိုသည်။ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်ဝါဒ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသား လှုပ်ရှားမှုများ၏ စုရုံးရာ လွတ်လပ်ရေးသမိုင်းဝင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးအား ဗိုလ်ချုပ်နေဝင်း၏ စစ်ကောင်စီက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်ခဲ့သည်။

ကျောင်းသားသမဂ္ဂဖြိုဖျက်မှု ၄၆နှစ်ရှိခဲ့ပြီ
07 July 2008

လွန်ခဲ့တဲ့ ၄၆နှစ်က ဒီလိုနေ့မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကနေ သူတို့ရဲ့  ကျောင်းသား အခွင့်အရေး တွေရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို မြန်မာ့ တပ်မတော်က အကြမ်းဖက်ပစ်ခတ်ပြီး ဖြေရှင်းခဲ့လို့ သေဆုံးမှုတွေဖြစ်ခဲ့ ပြီး နောက်တနေ့ မနက်ပိုင်းမှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို မြန်မာ့ တပ်မတော်ကပဲ ဗုံးခွဲဖျက်စီးခဲ့တဲ့ အထိ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီကနေ့ကို Seven July, ဇူလိုင် ၇ရက် ကျောင်းသားလှုပ်ရှားမှုနေ့ အဖြစ် လူသိများလာခဲ့ပြီး ကျောင်းသူကျောင်းသားတွေနဲ့ စစ်တပ်နဲ့ကြားက မပြေလည်မှုတွေဟာလည်း အဲဒီအချိန်ကပဲ ပီပီ ပြင်ပြင် စတင်လာခဲ့တယ် လို့ဆိုရမှာပါ။
ဒီကနေ့ကျရောက်တဲ့ ၄၆နှစ်မြောက် Seven July အထိမ်းအမှတ်နဲ့ပါတ်သက်ပြီးပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားကြသူ တွေကတော့ အထိမ်းအမှတ်အခန်းအနားတွေကြေညာချက်ထုတ်ပြန်တာတွေလုပ်ကြပါတယ်။ ၁၉၆၂ခုက စစ်အာဏာသိမ်း အစိုးရက ကျောင်းသားတွေရဲ့  တောင်းဆိုမှုတွေကို မလိုက်ရောပဲ အကြမ်းဖက် သတ်ဖြတ်မှု တွေနဲ့ တုန့်ပြန်ခဲ့လို့ သမိုင်းနဲ့ ချီပြီး ဖြစ်လာခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်နဲ့ ကျောင်းသားလှုပ်ရှားမှု အဆက်ဆက်ကြားက ပြ ဿနာတွေဟာ အခုထိ ကျေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။ ကျောင်းသူကျောင်းသားတွေကို သတ်ဖြတ် ထောင်ချ အပစ်ပေးဖို့ အမိန့်ပေးခဲ့တဲ့ သူတွေ တချို့ ရော။ အပစ်ကျခံခဲ့ရတဲ့ ကျောင်းသူကျောင်းသား တချို့ နဲ့ မိဘတချို့လည်း ကွယ်လွန် ခဲ့ကြပြီဆိုပေမယ့်။ ဒီအဖြစ်အပျက်တွေဟာ မှေးမှိန် ပျောက်ကွယ် မသွားပဲ ဆက်ပြီှး ရှင်သန်နေတယ်လို့ပဲ ဆိုရမှာပါ။ အခုဆိုရင်ပဲ စစ်အာဏာပိုင်တွေ အဆက်ဆက် ကျောင်းသား ပြည်သူတွေအပေါ် သတ်ဖြတ်။ အကျဉ်းချခဲ့မှု တွေဟာ ပြစ်မှုကျုး လွန်တာတွေပဲဖြစ်ပြီး ဒီကိစ္စတွေကိုလည်း အစိုးရ အဆက်ဆက် ဖေါ်ထုတ် စစ်ဆေးတာတွေ မလုပ်ခဲ့လို့ ပြစ်မှုဆိုင်ရာ နိုင်ငံတ ကာတရားရုံးကို တိုင်ကြား အရေးယူသွားဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရှေ့ နေများကောင်စီ BLC က ဇူလိုင် ၇ရက်နေ့ မှာတိုက်တွန်းလိုက်ပါတယ်။ အဲဒါကြောင့် BLC အဖွဲ့က ရှေ့ နေဦးမျိုးကအခုလိုပြောပြပါတယ်။
"စစ်အာဏာပိုင် အဆက်ဆက်က ဒီလိုပြစ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုကျွန်တော်တို့ မျက်ကွယ် ပြုထားမယ်ဆိုရင် နောက် ပိုင်း သူတို့ကို ကျုးလွန်ပိုင်ခွင့်ဆိုတဲ့ လိုင်စင် ပေးထားသလိုဖြစ်နေမယ်။ ကျွန်တော်တို့ ကျောင်းသား ပြည်သူတွေဘက်က နစ်နာ ဆုံးရှုံးမှုတွေ ရှေ့ ဆက် မဖြစ်ရအောင်ဆိုပြီး ကျွန်တော်တို့က စစ်အာဏာပိုင်တွေရဲ့ လှုပ်ရှားမှုတွေကို ဖေါ်ထုတ်ပြီး အရေးယူသွားရင် တစုံတရာ ပြည်သူလူထုဘက်က နစ်နာ ဆုံးရှုံးမှုတွေဟာ ကုစားမှုလည်း တစုံတရာ ရလာနိုင်တယ်။ ပြီးတော့ သူတို့ရဲ့  လုပ်ရပ်တွေဟာလည်း ရပ်တန့် သွားနိုင်တယ်ခင်ဗျ။"
လက်ရှိ အခြေအနေတွေမှာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေပြီး အရေးယူ ဆောင်ရွက်ဖို့ အခြေအနေတွေဟာ ဖြစ်နိုင်ခြေတွေ ဘယ်လောက် ရှိပါလဲခင်ဗျ။
"၂၀၀၂ ဇူလိုင်နောက်ပိုင်းမှာ ဖြစ်တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ ရှင်းပါတယ်။ အရေးယူ ဆောင်ရွက်ဖို့က လွယ်ပါ တယ်။ ဒါပေမယ့် ၂၀၀၂ ဇူလိုင်ရဲ့ အရှေ့မှာ ဖြစ်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာ ရာဇ၀တ် တရားရုံးက လက်ခံတယ်ဆိုတဲ့ စီရင်ပိုင်ခွင့် အာဏာကို ဖော်ပြထားတာရှိပါတယ်။ ၂၀၀၂ ဇူလိုင်ရှေ့မှာ ဖြစ်ခဲ့တဲ့ ပျောက်ဆုံးသွားတယ်။ ဥပမာ အရေးအခင်းတခုမှာ သတ်ဖြတ်ပစ်တယ်။ စာရင်းဇယားမရဘူးခင်ဗျ အတိအကျ။ အခုဇူလိုင်၇ရက်နဲ့ ပါတ်သက်ပြီး စာရင်းဇယားတွေနဲ့ လိုက်တဲ့ အခါ ပျောက်ဆုံးနေတဲ့ စာရင်းဟာ ကိုအောင်ထွန်းရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းထဲမှာ လေးဆယ်လောက်ပဲတွေ့တယ်။ ဒါထက်မကဘူး အများကြီးရှိတယ်။ ပျောက်ဆုံးသွားတဲ့စာရင်းတွေကို ပြည်သူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေက လိုက်လံစုစည်းပြီးတော့ တရားရုံးဆွဲ တင်လို့ရနိုင်ပါတယ်ခင်ဗျ။ အဲဒီအတွက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရှေ့နေများ ကောင်စီနဲ့ Global justice ကို တင်တယ်ပေါ့ဗျာ။ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်။ ဒီလိုပဲ တခြားခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တရားရုံးမှာတင်နိုင်အောင် ကြိုးစားကြဖို့ ကျွန်တော်တို့ BLCက ဦးဆောင်ဦးရွက်လုပ်ပြီးတော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ခင်ဗျ။"
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်နိုင်ငံခြားရေးရာ တာဝန်ခံကိုမင်းနိုင်ကလည်း မြန်မာပြည်မှာ စစ်အာဏာရှင်ရှိနေသရွေ့ ကျောင်းသားလှုပ်ရှားမှုတွေရှိနေဦးမှာပဲလို့ဆိုပါ တယ်။
" ၇ ဇူလိုင် အရေးအခင်းကနေ စလိုက်မယ်ဆိုရင် ဒီခေတ်မှာ ကျောင်းသားလှုပ်ရှားမှုတွေက ရပ်တန့်ခဲ့တာ မတွေ့ပါဘူး။ ဘယ်တော့မှလည်း ရပ်တန့်သွားမယ်လို့ ကျွန်တော်တို့ မယူဆဘူးခင်ဗျ။ ၆၂ကစမယ်ဆိုရင် ၇၄၊ ၇၅၊ ၇၆လို သမိုင်းတွေ ရှိခဲ့တယ်။ နောက် ၈၈ ကျောင်းသားလှုပ်ရှားမှုတွေရှိခဲ့တယ်။ နောက်ဆုံး စက်တင်ဘာ လှုပ်ရှားမှုနဲ့တွဲတဲ့ ကျောင်းသားလှုပ်ရှားမှုတွေက တောက်ရှောက်ရှိခဲ့တယ်။ ကျောင်းသား သမဂ္ဂပေါ်ပေါက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ် မရှိမှ ဖြစ်မယ်။ ဒီ စစ်အာဏာရှင်စနစ်ရှိနေသ၍ကတော့ ကျောင်းသားလှုပ်ရှားမှုတွေက ဆက်ပြီးတော့ ရှိနေဦးမှာပဲလို့ ကျွန်တော် ပြောချင်ပါတယ်။"
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ကိုအောင်မိုးဇော်ကလည်း ကျောင်းသားလှုပ်ရှားမှုတွေဟာ သမိုင်းနဲ့ချီပြီးအခိုင် အမာရှိလာတာကြောင့် ပျောက်ပျက်အောင်လုပ်လို့မရနိုင်ဘူးလို့ဆိုပါတယ်။
"ဇူလိုင်၇ရက် စိတ်ဓာတ်ဆိုတာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ စိတ်ဓာတ်ပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် စပြီး အခြေချဖို့ ကြိုးစားတဲ့အချိန်မှာ ကျောင်းသားတွေက ဒါတွေဟာ စစ်အာဏာရှင် စနစ်ဖြစ်တယ်၊ စစ်အာဏာရှင် စနစ်ဆိုတာကို အမြစ်ကလှန်ရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့ ပွဲလည်းဖြစ်တယ်။ အဲဒီ ဇူလိုင် ၇ရက် စိတ်ဓာတ်ကို ယနေ့အချိန်အထိ ကျောင်းသား မျိုးဆက် အဆက်ဆက်က ကိုင်ဆွဲတုန်းပဲဖြစ်တယ်။ စက်တင်ဘာ လှုပ်ရှားမှုအထိ ဆက်လက် တိုက်ပွဲဝင်နေတယ်။ နောက်ထပ် မျိုးဆက်သစ် ကျောင်းသားတွေကလည်း အဲဒီ စိတ်ဓာတ်နဲ့ အပြီးကိုင်ပြီး ဆက်ကြိုးစားသွားဦးမယ်လို့ ကျွန်တော် ယုံကြည်တယ်။"
လက်ရှိအခြေအနေတွေမှာလည်း ကျောင်းသားလှုပ်ရှားမှုတွေကို စစ်အစိုးရဘက်က မျက်ခြေမပြတ်စောင့်ကြည့်ပြီးဖိနှိပ်နေ သလိုပဲ ကျောင်းသူကျောင်းသားတွေဘက်ကလည်း အခွင့်အခါအလိုက်စစ်အစိုးရဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးတွေကို တောင်းဆိုနေကြတုန်းပါ။ အကျဉ်းထောင်တွေထဲမှာလည်း ကျောင်းသားခေါင်းဆောင်တွေကိုနှစ်ရှည်ဖမ်းဆီးထားဆဲဖြစ် သလို သူတို့အားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာကလည်းတောင်းဆိုနေကြပါတယ်။ ၁၉၆၂ ဇူလိုင်၇ ရက်ကစခဲ့ တဲ့ဇာတ်လမ်းဟာ ဒီကနေ့အထိ အဆုံးသတ်လို့မရနိုင်သေးဘူးလို့ပဲပြောရမှာပါခင်ဗျား။

အကြောက်တရားများ


ငယ်စဉ်ကတည်းက အရိုးစွဲခဲ့သော အကြောက်တရားများ
ကျွှန်တော်တို့ ဘ၀မှာ လူမှန်းသိကတည်းက အရာရာမှာ ကြောက်နေခဲ့ရတာပါ။ ငယ်စဉ်လူမှန်းသိ
တတ်စ ကတည်းက အမေက ပြောမရတဲ့ အခါရပ်ကွက်ထဲက အမူးသမားနဲ့ခြောက် ဒါမှမဟုတ် အ
မှိုက်သိမ်း ချေးကျုံးတဲ့ ကုလားကြီးနဲ့ ခြောက်လို့ကြောက်ရ။ ကျောင်းတက်တဲ့ အရွယ်ရောက်ပြန်
တော့ ကျောင်းအုပ်ဆရာကြီးကို မော်တောင် မကြည့်ရဲအောင် ကြောက်ရ၊ အရိုက်ကြမ်းတဲ့ အတန်းပိုင်
ဆရာကို ကြောက်ရနဲ့၊ ကျွန်တော့်သူငယ်ချင်း တယောက်ဆို အပေါ့သွားချင်တာ ဆရာကို ခွင့်မတောင်း
ရဲလို့ အတန်းထဲမှာ သေးထွက်ကျတဲ့ အထိ ကြောက်ခဲ့ရတာပါ။
အပိုတွေလို့ တချို့ ငယ်သူတွေ ထင်ကြရင် ကိုယ့်ပါတ်ဝန်းကျင်က အသက်လေးဆယ် တန်းလောက်
သူတွေကို မေးကြည့်ပါ။ ကျောင်းမှာဆိုလဲ အဆင့်ဆင့် ကြိုးကိုင်ဖို့ သူတို့ဖွဲ့ထားခဲ့တဲ့ တေဇလူငယ်၊
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် စတာတွေကို မဖြစ်မနေ ၀င်ခိုင်းတာတွေ
ကို မငြင်းဝံ့အောင် ကြောက်ခဲ့ရတာတွေ၊ ၀န်ထမ်းတွေဆိုလဲ ပါတီဝင်မှ၊ ဖေါင်ကြီးသင်တန်း
တက်မှဆို ရာထူးမတက်မှာ ကြောက်လို့ ဇွတ်မှိတ်ပြီး လုပ်ကြရတာတွေ အများကြီးပါ။
ဆင့်ပွါးလာသော ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အကြောက်တရားများ
အဲဒါတွေ မဟုတ်ဘဲ လမ်းဘေး ဈေးရောင်းတော့ မြူနီစပယ်ကြောက်ရ၊ ဆိုင်ခင်းရောင်းပြန်တော့
မချိမဆန့်အခွန်အခတွေနဲ့ဈေးလူကြီးဆိုတာကို ကြောက်ရ၊ ရပ်ကွက်ထဲနေပြန်တော့ ရပ်ကွက်
ကောင်စီ (အခုရအဖ)ဆိုတာတွေ ကြောက်ရ၊ အခုတခါ လမ်းဘေးက အလုပ်မရှိ အကိုင်မရှိတွေကို
နေ့တွက်ပေးပြီး စွမ်းအားရှင်တွေဆိုတဲ့ တံဆိပ်ကပ် လူတွေကို နှိပ်စက်လို့ ကြောက်ကြရပြန်ရော၊
ယူနီဖေါင်း မပါတာတွေတောင် ဒီလောက် ကြောက်နေရမှ ယူနီဖေါင်း ဝတ်ထားတဲ့ ရဲတို့ စစ်တပ်တို့
ဆို ပြောဖို့တောင် မလိုတော့ပါဘူး။ ဒါတောင် ကျွန်တော်တို့ နေခဲ့တာ ရန်ကုန်မြို့ကြီး မှာပါ။
တောနယ်တွေဆို စဉ်းစားသာကြည့်ပါတော့။ အညိုရောင် အမဲရောင်စတဲ့ သူတို့ သတ်မှတ်ထားတဲ့
နယ်မြေတွေမှာ ဆိုရင်တော့ ပေါ်တာဆွဲခွင့် လိုင်စင်ရ၊ မုဒိမ်းကျင့်ခွင့်လိုင်စင်ရ၊ လူသတ်ခွင့်လိုင်စင်
ရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့။
ရုပ်ပိုင်းဆိုင်ရာ ကြောက်နေရတာတောင် အားမရနိုင်ကြသေးဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ချိုးနှိမ်မှူ
အမျိုးမျိုးတွေနဲ့ စနစ်တကျ ဖိနှိပ်ခံရပါသေးတယ်။ ဘာသာရေး အဆုံးအမတွေထဲက လိုသလိုထုတ်နှုတ်
ပြီး စိတ်ပိုင်းဆိုင်ရာပါ ချိုးနှိမ်ကြပြန်ပါတယ်။ ကိုယ့်ထက် တနာရီ တမိနစ် တစက္ကန့်ပဲ ကြီးသူ
ကိုတောင် လေးစားရမယ် ဆိုတာမျိုးတွေက အစချီလို့ အရပ်ဘက်မှာ၊ စစ်တပ်ထဲမှာ အထက်အရာရှိ
အဆင့်ဆင့်ကို လုံးဝပြန်မလှန်ရဲအောင် ချိုးနှိမ်ထားလိုက်တာ၊ ကိုယ့်ထက် တဆင့်လောက် မြင့်သူကို
တောင် အဲဒီလောက် ကြောက်ရအောင် ချိုးနှိမ်ထားမှတော့ ဗိုလ်ချုပ်မှူးကြီးလောက် ကြီးတဲ့အကောင်
ကြီးကို မော်တောင် မကြည့်ဝန့်တာ အဆန်းတော့ မဟုတ်ပါဘူး။
အကြောက်တရားအပေါ် ရင်ဆိုင်အံတုခဲ့ဘူးသည့် ဖြစ်စဉ်များ
အဲဒီလိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေ ချိုးနှိမ်ခံခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၈၈အရေးအခင်း
လောက် ကြီးမားတဲ့ အရေးအခင်းကြီး ဖြစ်ပွါးခဲ့ရတယ်ဆိုတာ တကယ်စဉ်းစားကြည့်မယ်ဆိုရင် မယုံ
နိုင်လောက်အောင်ပါဘဲ။ တဖက်က ပြန်ကြည့်မယ်ဆိုယင်တော့ ဒီလောက်တောင် ကြောက်ရသူတွေ
ကို ပြန်တုန့်ပြန် ချင်လာလောက်အောင် ဘယ်လောက်အထိ မတရားမှူတွေကို ပြည်သူလူထုတွေ ခါး
စည်း ခံခဲ့ရတယ်ဆိုတာ ပြနေတာပါဘဲ။
တသက်လုံး လူတကာကို အနိုင်ကျင့်လာခဲ့တဲ့ အာဏာရှင် နေဝင်းတယောက်ကတော့ လူထုအားဆိုတာ
ဒါပါပဲလား ဆိုတာ သေသည်အထိ သတိရသွားမှာပါ ။မ.ဆ.လရဲ့ အမွေခံသား န.အ.ဖဆိုတဲ့ စစ်
ဗိုလ်များကလဲ ဒီနည်းလမ်းကိုသာ အားထားရာအဖြစ် ယူမှတ်ပြီး လက်နက်နဲ့ခြောက်၊ အာဏာနဲ့
ခြောက်ပြီး ဒီလမ်းကို ဆက်ရှောက်နေကြပြန်ပါတယ်။ ဒီတကြိမ်မှာတော့ ပိုပိုပြီးဖိနှိပ်လာခဲ့ပါတယ်။
လက်နက်နဲ့ အကြမ်းဖက် ဖြေရှင်းတာမျိုးတွေ၊ တကယ့်ရာဇဝတ်သားကြီးတွေလို နှစ်ရှည်ထောင်
ဒဏ်တွေ မတရားချတာမျိုးတွေ ကစလို့ နည်းစုံလမ်းစုံနဲ့ မီးကုန်ယမ်းကုန် ဖိနှိပ်လို့ မလှန်နိုင်အောင်
ကို ဖိလုပ်ခဲ့တာပါ။ ဒါပေမယ့် သူတို့အောင်မြင်တယ်၊ မအောင်မြင်တယ် ဆိုတာကိုတော့ အဆင့်ဆင့်
ဖြစ်ပွားလာခဲ့တဲ့ လူထုအုံကြွမှူတွေ ကျောင်းသား လုပ်ရှားမှူတွေကို ကြည့်ယင် သိနိုင်ပါတယ်။
အခု နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးဟာ
တကမ္ဘာလုံးကိုတောင် တုန်လှူပ်စေခဲ့တဲ့ သက်သေပါပဲ။
ကျွန်တော်တို့ ပြည်သူလူထုတွေဟာ အခါအခွင့်ကြုံတိုင်း သူတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
ကို လိုလားတဲ့ ဆန္ဒ၊ စစ်အာဏာရှင် စနစ်အပေါ် ခါးသီးတဲ့ သဘောထားကို စစ်အာဏာ သိမ်းခံရပြီးတဲ့
၈၈ခုနှစ် နောက်ပိုင်း အဆမတန် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ အမျိုးမျိုးသော အကြပ်အတည်း
တွေ ကြားထဲမှာ သူတို့ဘဝ ရှင်သန်ရေးအတွက်၊ မသေရုံတမယ် စားသောက် နေထိုင်ရေးအတွက်
ရုန်းကန် လှုပ်ရှားနေရင်းနဲ့တောင် အကြိမ်ပေါင်း မြောက်များစွာ ထုတ်ဖေါ် ပြသခဲ့ကြပါတယ်။
ဒီမိုကရေစီ နည်းလမ်းကျကျ တရားမျှတစွာ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဒီမိုကရေစီအရေး လှုပ်ရှား
သူတွေဟာ ဘာမဲဆွယ်လှုပ်ရှားမှုမှ မလိုပဲ အိမ်မှာအိပ်နေရင်တောင် အချိန်တန်တဲ့အခါ သူတို့
မဲပုံးတွေ ပြည့်နေမှာပါ။
၁၉၉၀ခုနှစ် ရွေးကောက်ပွဲဟာ သက်သေပါပဲ။ ကျွန်တော်ဆိုလိုချင်တာက ပြည်သူ
လူထုတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံအချက်တွေကို ရယူပိုင်ဆိုင်လို
တဲ့ ဆန္ဒတွေ အမြဲ ရှိနေပါတယ် ဆိုတာပါပဲ။ တနည်းပြောရရင် ကျွန်တော်တို့ ပြည်သူလူထုမှာ
နိုင်ငံရေးနိုးကြားမှု အပြည့်အဝရှိတယ် လို့ ဆိုလိုချင်တာပါ။
ဆန္ဒပြရင် ပစ်သတ်မယ်ဆိုပြီး မောင်းတင်ထားတဲ့ သေနတ်ပြောင်းတွေရှေ့မှာ ချီတက်ဆန္ဒ
မပြရဲတာနဲ့၊ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်းတုန်းက ရေသန့်ဘူးလေး
လှူမိတာတောင် ဖမ်းဆီးချုပ်နှောင်တတ်တဲ့ န.အ.ဖကို တရားဝင်မဆန့်ကျင်
ရဲတာကို နိုင်ငံရေးမနိုးကြားဘူးလို့တော့ အလွဲ မသုံးသပ်ကြ စေချင်ပါဘူး။
သူသူကိုယ်ကိုယ် ဘယ်သူမဆို ကိုယ့်အသက် ဆုံးရှုံးရမှာ၊ ဒို့အရေးလို့ တခွန်းလေး
အော်မိတာနဲ့ နှစ်ရှည်လများ ထောင်ထဲမှာ သွားနေရမှာကို ကြောက်တာဟာ တရားနည်းလမ်း
ကျပါတယ်။ နဂိုကတည်းကို စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ရဲ့ အာဏာသက် ရှည်ရေး
အတွက် အကြောက်တရားကို စနစ်တကျ ပျိုးထောင် ပေးခဲ့တာပါ။
ကြောက်စိတ်ကို ဘယ်လို ဖယ်ရှားနိုင်ပါမလဲ
ပြည်သူလူထုတရပ်လုံး တခဲနက် ပူးပေါင်း ပါဝင်လာဖို့ဆိုတာ ကျွန်တော်အထက်မှာ ဖေါ်ပြခဲ့သလိုပဲ
ပြည်သူလူထု ရင်ထဲမှာ အရိုးစွဲနေတဲ့ အဲဒီအကြောက်တရားကို ဘယ်လို ဖယ်ထုတ်ပေးရမလဲ ဆိုတာ
အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာတပြည်လုံးက ပြည်သူတွေရင်မှာ စူးဝင်နေတဲ့ အဲဒီ
အကြောက်တရားဆိုတဲ့ သပ်တချောင်းကို ဆွဲနှုတ်ပေးနိုင်တဲ့နေ့ဟာ စစ်အာဏာရှင်စနစ်
အမြစ်ပြုတ်တဲ့နေ့ပါပဲ။ ကျွန်တော်ရည်ညွန်းတဲ့ ပြည်သူလူထုဆိုတာ သာမန်အရပ်သူ
အရပ်သားတွေ သာမကပဲ ဌာနအသီးသီးက အရပ်ဖက်ဝန်ထမ်းတွေ၊ စစ်အာဏာရှင်
လက်တဆုပ်စာကလွဲရင် အောက်ခြေဝန်ထမ်း လက်နက်ကိုင် အသီးသီးတွေလည်း
အကြုံးဝင်ပါတယ်။ စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့ လက်ဝေခံတချို့ကလွဲရင် အားလုံးဟာ
အကြောက်တရားနဲ့ ချုပ်ကိုင်ခံနေရတာပါ။
အဲဒီလူတွေအားလုံးသာအမှန်တရား(သို့) မိမိတို့ရဲ့ သဘောဆန္ဒကို ဖေါ်ထုတ်တာဟာ
ကြောက်စရာ မဟုတ်ဘူးဆိုတာ နားလည်လာခဲ့မယ် ဆိုရင် ရှေ့ဆက်ရေးရမယ့် ကျွန်တော်တို့
မြန်မာ့နိုင်ရေးသမိုင်းမှာ စစ်အာဏာရှင်စနစ်ဆိုတာ သက်ဦးဆံပိုင်ဘုရင်စနစ်လို သမိုင်းထဲမှာ
သင်ရတဲ့ အဖြစ်မျိုးကို ရောက်သွားမှာ ကျိန်းသေပါပဲ။
တကယ်တော့ စာမျက်နှာ အနည်းငယ်လောက်နဲ့ အကြောက်တရားကို ဖြေရှင်းလိုက်ရင် ပြဿနာ
တွေ အားလုံးပြေလည်သွားမယ်လို့ ရေးပြရတာ လွယ်ပါတယ်၊ လက်တွေ့ လူထုကြားမှာ ဖြေရှင်း
ဆောင်ရွက်ကြဖို့ လုပ်ဆောင်ရာမှာတော့ အင်မတန်သိမ်မွေ့ပြီး လက်ဝင်တဲ့အလုပ်ပါပဲ။
ကြောက်နေတာကို မကြောက်ပါနဲ့လို့ ပြောဖို့ လွယ်ပေမယ့် အဲဒီအကြောက်တရားက
တကယ် လွတ်မြောက်အောင် လုပ်ပေးဖို့ကတော့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် မလုပ်နိုင်အောင်
ခက်ခဲတဲ့ အလုပ်မျိုးတော့လဲ မဟုတ်ပါဘူး။
ကာယကံရှင်များ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန် လိုပါသည်
အကြောက်တရားဆိုတာ လူတွေရဲ့ ရင်ထဲမှာ စူးဝင်နေတဲ့ သပ်တချောင်းလို့ ကျွန်တော်တင်ပြခဲ့ပြီး
ပါပြီ။ ဆူးဆိုတာ စူးဝင်တုန်းကလဲ နာသလို၊ ဆူးရှိနေတုန်းမှာလဲ နာကျင်ခံစားနေရတာပါပဲ။
ပြန်နှုတ်မယ်ဆိုရင်လဲ အဲဒီနာကျင်မှု နှစ်ရပ်ပေါင်းပြီး ပိုတောင် ခံစားရမှာ ဖြစ်ပါတယ်။
ကျွန်တော် ဆိုလိုချင်တဲ့ သဘောက ဝေဒနာရှင် ကိုယ်တိုင်မှာ အဲဒီဆူးကို တကယ်နှုတ်ချင်တဲ့ ဆန္ဒနဲ့
ပူးပေါင်း ပါဝင်မှ ဒီဝေဒနာကို ကုစားနိုင်မယ် ဆိုတာပါပဲ။ ဆူးဆက်ရှိနေရင် အမြေ့မြေ့နဲ့ ဘဝ
တလျောက်လုံး နာကျင်နေမယ်ဆိုတာကို တကယ်သဘောပေါက်သလို ဆူးနှုတ်တဲ့အချိန်မှာ
တခဏတာ အပြင်းအထန် နာကျင်မှု ခံစားရပေမယ့် ဆူးထွက်ပြီးတဲ့ အချိန်ကစလို့
ကျန်းမာ ပျော်ရွင်စွာ နေထိုင် သွားနိုင်မယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင် လက္ခံဖို့ လိုပါတယ်။
အဲဒီလိုပါပဲ ကျွန်တော်တို့ ပြည်သူတွေကိုလည်း အကြောက်တရားနဲ့ ဆက်နေသွားမယ် ဆိုရင်
အာဏာရှင်စနစ်ရဲ့ သားစဉ်မြေးဆက်ရဲ့ အောက်မှာ ကျွန်သက်ရှည်သွားမယ်။
အကြောက်တရားကို ပယ်ဖျောက်မယ်ဆိုယင်တော့ လက်တလောမှာ ခါးသီးပြင်းထန်တဲ့ တိုက်ပွဲတွေ
ကြုံရင် ကြုံနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေကတော့ ဒီမိုကရေစီရဲ့ ချိုမြိန်တဲ့
အသီးအပွင့်တွေကို ခံစား နိုင်မှာ ဖြစ်ပါတယ်ဆိုတာ ကိုယ်တိုင်နားလည်ပြီး ပူးပေါင်း
ဆောင်ရွက်လိုတဲ့ စိတ်ဖြစ်လာဖို့ ပထမအဆင့်အနေနဲ့ လိုအပ်ပါတယ်။
ကြောက်စိတ်များကို သရုပ်ခွဲကြည့်ခြင်း
ဒီအကြောက်တရားကို ဖြေရှင်းဖို့ ယျေဘူယျအားဖြင့် သဘောတူပြီဆိုရင် ဖြစ်နိုင်ခြေရှိမယ့်
အခြေခံ အချက်ကလေးတွေကို ကျွန်တော်တို့ ဝိုင်းစဉ်းစားနိုင်ပါပြီ။ လောကမှာ ကြောက်နည်း
ကြောက်ဟန်တွေ အမျိုးမျိုးရှိပါတယ်၊ သေရမှာ ကြောက်တာ၊ ဖမ်းဆီးခံရမှာ ကြောက်တာ၊ မိမိတို့ စည်းစိမ်ဥစ္စာတွေ၊ ပျက်ဆီးးဆုံးရှုံးမှာ ကြောက်တာ၊ ကိုယ့်ကို မှီခိုနေတဲ့လူတွေ ခိုကိုးရာမဲ့ ဖြစ်
မှာ ကြောက်တာ ဒါတွေဟာ ကြီးမားတဲ့ ကြောက်ရွံ့မှူ (အကြောက်ကြီး)လို့ ပြောလို့ ရပါတယ်။
ကျောင်းမှာ ဆရာကိုကြောက်တာ၊ အကောင်ဘလောင်တွေကို ကြောက်တတ်တာ၊ သရဲတစ္ဆေကို
ကြောက်တတ်တာ ၊အခြားအခြားသော အရိုးစွဲနေတဲ့ အကြောက်တရား တချို့ဟာ ပင်ကိုပါလာခဲ့တဲ့
အကြောက်သေးလို့ ပြောလို့ရပါတယ်။
ယုတ္တိဗေဒနည်း ကျကျ စဉ်းစားကြည့်မယ်ဆိုယင်၊ ပုံမှန်အားဖြင့် လူတွေဟာ အကြောက်သေးတွေကို
ဖြေရှင်းလို့ ရပေမယ့် အထက်က ပြောတဲ့ အကြောက်ကြီးတွေကို ကျဖြေရှင်းရခက်လိမ့်မယ်လို့
ယူဆစရာရှိပါတယ်။ တကယ်တမ်းမှာတော့ လူတွေဟာ အဲဒီအကြောက်သေးတွေကို သေသည့်တိုင်
အောင် ဆက်ကြောက်သွားကြပါတယ်။ ဥပမာ-သရဲကြောက်တဲ့လူဟာ တသက်လုံး အဲဒီလိုပဲ ဆက်
ကြောက်သွားတာပါ။
အကြောက်ကြီးလို့ ပြောတဲ့ ဖမ်းဆီင်္းခံရမယ့် ရာဇဝတ်မှုမျိုးတွေ၊ မိမိစည်းစိမ်ဥစ္စာ
ပြုတ်ပြုတ်ပြုန်း သွားစေတဲ့ လောင်းကစားမှုမျိုးတွေကိုတော့ ဘဝတလျောက်လုံးမှာ စိတ်ခံစားမှူကို
လိုက်လို့ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိကြပါတယ်။ တကယ် နာကျည်းခံပြင်းလာတဲ့ အခါမှာ
လဲ အဲဒီကြောက်စိတ်တွေဟာ ခွန်အားအဖြစ် ပြောင်းသွားတတ်ပါတယ်။ ရေရှည်ခိုင်မာတဲ့ စနစ်ကျတဲ့
အင်အားမျိုးတော့ မဟုတ်ပါဘူး။ ကောက်ရိုးမီးလို ဟုန်းကနဲ့ တောက်လာပြီး အချိန်အတော်ကြာတဲ့ အခါ
ပြန်ပျောက် သွားတတ်ပါတယ်။ အထက်ပါ ဥပမာကို ကြည့်မယ်ဆိုရင် အရိုးစွဲနေတဲ့ အကြောက်
သေး ကပိုလို့ ဖြေရှင်းရ ခက်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေ ရင်ထဲမှာ ရှိ
နေတဲ့ အခြေအနေက အဲဒီနှစ်မျိုး ရောထွေးနေတယ်ဆို သေသေချာချာ သုံးသပ်ကြည့်ရင် တွေ့ပါလိမ့်
မယ်။ ရှိနေတဲ့ မခံချင်စိတ်ကြောင့် မကြာခဏ ဆိုသလို ဆန္ဒပြ လှူပ်ရှားမှူတွေထဲမှာ ပူးပေါင်း ပါဝင်လာခဲ့
ပြီး လူထု အုံကြွမှူတွေ ဖြစ်လာပေမယ့် စစ်အာဏာရှင်တွေက အင်အားသုံး ဖြိုခွဲလာတဲ့အခါ အရိုးစွဲနေတဲ့၊
နှစ်ပေါင်းများစွာ ဖိစီးလာခဲ့တဲ့ အကြောက်တရားကြောင့် အလွယ်တကူ ပြန်ပြီး ပြိုကွဲသွားပါတယ်။
ရိုးစင်းသော နည်းလမ်းတချို့
ကြီးမားတဲ့ အကြောက်တရားကို မခံချင်စိတ် ပြင်းပြလာတဲ့ အချိန်မှာ ဖယ်ရှားဖေါ်ထုတ်ပေး နိုင်သလို
အရိုးစွဲနေတဲ့ အငုံ့စိတ်(သို့)အကြောက်သေးကိုပါ ဖယ်ရှားပေးဖို့ လိုပါတယ်။ တိရိစ္ဆာန်တွေမှာ ငယ်
စဉ်ကတည်းက ကြောက်ခဲ့ရတဲ့ အကောင်ကို ဘယ်လောက်ပဲ အကောင်ကြီးလာပေမယ့် ဘယ်တော့
မှ မလှန်ရဲတော့ သလိုပါပဲ။ န.အ.ဖဟာ ဒီအချက်ကို အခွင့်အရေးယူပြီး လူထုကို ငယ်နိုင်လို လုပ်နေ
တာပါပဲ။ ဒါပေမယ့် အဲဒီအကြောက်သေးတွေကို ဖြေရှင်းဖို့ အင်မတန်ရိုးစင်းတဲ့ နည်းလမ်းတချို့ရှိ
ပါတယ်။
အင်္ဂလိပ်စကား အီဒီယမ်မှာ(Face it)ဆိုတဲ့ အသုံးလေးတခု ရှိခဲ့ဘူးပါတယ်။ သူတို့ဆီမှာ လွန်ခဲ့တဲ့
နှစ်အတော်ကြာလောက်က ပြဇတ်တွေ ကတဲ့အချိန်မှာ တချို့သရုပ်ဆောင်တွေဟာ ဇတ်ခုံရဲ့အရှိန်ကို
ကြောက်တာရော ပရိတ်သတ်ကို ကြောက်တာရောနဲ့ တုန်လှုပ် ခြောက်ခြားနေတဲ့အခါ သူတို့အ
ချင်းချင်း အားပေးတဲ့ အနေနဲ့ (Don’t worry man , face it )လို့ ပြောလေ့ပြောထ ပြောထရှိပါ
တယ်။ အဓိပ္ပါယ်ကတော့ ရင်ဆိုင်ရမယ့် အတူတူ ရင်ဆိုင်လိုက်စမ်းပါလို့ ပြောတာပါပဲ။ အဲဒီစကား
တလုံးနဲ့ ကြောက်စိတ်ကို ဖယ်ရှားပြီိး ရင်ဆိုင်ရင်းနဲ့ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် ဖြစ်သွားတဲ့
လူတွေ အများကြီးရှိခဲ့တယ်လို့ မှတ်သားခဲ့ရဘူးပါတယ်။ သူတို့သာ အဲဒီကြောက်စိတ်ကို ရင်မဆိုင်
ခဲ့ဘူး ဆိုရင် အောင်မြင်ကြော်ကြားတဲ့ သူတွေဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တင်ပြချင်တဲ့ အချက်က အဲဒီရိုးစင်းတဲ့ အချက်ကလေးပါပဲ။ ဘာကိုကြောက်နေသလဲ ဆိုတာ
သေသေချာချာ တွေးခေါ်သုံးသပ်ပြီး ရင်ဆိုင်မှ ပြေလည်မယ်ဆိုရင် ဆိုင်လိုက်ပါဆိုတာပါပဲ။
မြန်မာစကားပုံနဲ့ေ ပြာရင်"လာမယ့်ဘေး ပြေးတွေ့ " ဆိုတဲ့ သဘောပါ။
စိတ်ပညာရဲ့ သဘောတရားကို နားလည်တဲ့ တချို့မိဘတွေဟာလဲ သူတို့သားသမီးတွေရဲ့ အ
ကြောက်တရားကို သိမ်မွေ့စွာနဲ့ ဖြေရှင်းပေးတတ်ကြပါတယ်၊ ဥပမာသရဲကြောက်တတ်တဲ့ ခလေး
ကို မကြောက်နဲ့လို့ မပြောပဲ ညဘက်မှာ သူတို့ မလုပ်ရဲတဲ့ အလုပ်မျိုးကို နဲနဲချင်း တိုးလုပ်ခိုင်းရင်းနဲ့
အကြောက်တရားကို ဖျောက်ပေး တတ်ကြပါတယ်။ တနည်းဆိုရင် သူတို့ကြောက်နေတဲ့ အရာနဲ့ မသိ
မသာ ရင်ဆိုင်ခိုင်း တာပါပဲ တကယ် ရင်ဆိုင်ကြည့်လို့ ဘာမှမဖြစ်မှန်း သိလာတဲ့အခါ အဲဒီအကြောက်
တရားဟာ အလိုလိုပျောက်ပျက်သွားပါတယ်။
ကျွန်တော်အင်္ဂလိပ်စာ သင်တန်းတက်တော့ အဲဒီ(Face it)ဆိုတဲ့စကားလုံးလေးကို
သိလာတဲ့အခါ နှစ်ခြိုက်လို့ကျွန်တော်ကြောက်တဲ့ ရှောင်လွှဲလို့လည်း မရတဲ့
ကိစ္စ တော်တော်များများကို အဲဒီလိုပဲ ရင်ဆိုင်ခဲ့ဘူးပါတယ်။ ရာနှုန်းပြည့် မဟုတ်ပေမယ့်
၉၀ ရာခိုင်နှုန်းလောက်ဟာ ကျွန်တော်ကြောက်ခဲ့သလို
ဖြစ်မလာပါဘူး။ ကျန်တဲ့၁၀ရာခိုင်နှုန်း လောက်ကလဲ အဲဒီကိစ္စကို
ရှောင်လွှဲမနေပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အတွက် ဖြေရှင်းဖို့ အချိန်ပိုရခဲ့ပါတယ်။
ကြုံခဲ့ပြီးသော အဖြစ်အပျက်များမှ သင်ခန်းစာများ
အခြားအခြားသော မြောက်များစွာသော ဥပမာတွေ ထပ်ပေးနိုင်ပေမယ့် စာဖတ်သူတွေမှာလည်း
ကျွန်တော့်လိုပဲ ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ဘူးတဲ့ လူတွေချည်းပဲမို့ ထပ်မံ မတင်ပြတော့ပါဘူး။ လူ
တိုင်းသာ မတရားဘူးလို့ထင်တဲ့ ကိစ္စတွေကို အကြောက်တရားနဲ့ ကြိတ်မှိတ်ငုံ့ခံမနေပဲ ကိုယ့်အသိ
စိတ်ဓါတ်နဲ့ ကိုယ်ဝိုင်းဝန်းရင်ဆိုင်ကြမယ်ဆိုရင် မတရားတဲ့သူတွေဟာ ပြေးစရာမြေတောင် ရှိမှာ
မဟုတ်ပါဘူး။ ကျောက်တောင်ကြီးကို ခေါင်းနဲ့ ဆောင့်ရင်တော့ ခေါင်းကွဲမှာအမှန်ပါ။
ဒါပေမယ့် မဖြစ်မနေ လုပ်သင့်လုပ်ထိုက်တယ်လို့ ကိုယ့်စိတ်ထဲက ယုံကြည်လာပြီဆိုယင်
တော့ ဖြစ်နိုင်မယ့်နည်းလမ်းဟာ ထွက်ပေါ်လာမှာပါ။
၁၉၈၈ခုနှစ် အရေးအခင်းတုန်းက မြေနီကုန်းကြက်တန်းအနီးမှာ ကျောင်းသားငယ်လေး
တွေကို ဒိုင်းတွေတုတ်တွေကိုင်ထားတဲ့ လုံထိန်းတွေက ရိုက်နှက်နေတဲ့အချိန်မှာ အနားမှာ
ရှိတြဲ့ ပည်သူလူထုက မတရားတာကို သိတဲ့စိတ်နဲ့ ဝိုင်းဝန်း ပါဝင်ပါတ်သတ်လာတဲ့ အခါ
လုံထိန်းတွေ ခွေးပြေး ဝက်ပြေးပြေး ကြရပါတယ်။ ဒါလဲမတရားတာကို လူထုအားနဲ့
ရင်ဆိုင်နိုင်တဲ့ သက်သေပြချက်တခုပါ။ နောက်တခါ ဆန္ဒပြပြည်သူလူထုထဲကို
သေနတ်နဲ့ပစ်တဲ့ ကုန်သွယ်ရေးရုံးအပေါ်က လက်နက်အပြည့်အစုံနဲ့
တပ်စိတ်တစိတ်ကို လက်နက်မဲ့ ပြည်သူလူထုကြီးက ဝိုင်းဝန်းညာသံပေးပြီး
ဖမ်းဆီး လက်နက်သိမ်းနိုင်ခဲ့ပါတယ်။ ၈၈အရေးအခင်းကာလမှာလဲ အုပ်ချုပ်ရေး
ပျက်သွားတဲ့အချိန်မှာ ကိုယ့်ရပ်ကွက်ကို ကိုယ်စည်းရိုးကာလို့ ကိုယ့်လုံခြုံရေးကို
ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် တာဝန်ယူခဲ့ကြရတာပါ။ ဘယ်မသမာသူ တယောက်
ဒါမှမဟုတ် စစ်ကားတစီးမှ ကျူးကျော်မဝင်ရောက်နိုင်ပါဘူး။ တကယ်ဆိုယင်
အဲဒီအချိန်ဟာ အရပ်ဖက်အုပ်ချုပ်ရေးရဲ့ အစပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှမြို့နယ်၊
မြို့နယ်မှ တိုင်းနဲ့ပြည်နယ်၊ အဲဒီကမှတပြည်လုံးအထိ အရပ်ဘက်
အုပ်ချုပ်ရေးကို ဖေါ်ဆောင်နိုင်တဲ့အချိန်ပါပဲ။ ဒါပေမယ့်ကျွန်တော်တို့
အခွင့်အရေး ဆက်မယူနိုင်ခဲ့ကြပါဘူး။
စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းတဲ့အချိန်ကစလို့
ပစ်တော့ခတ်တော့မယ်ဆိုတဲ့ အကြောက်တရားက ကျွန်တော်တို့ရဲ့
ခိုင်မာတဲ့ စုစည်းမှုတွေကို တခုပြီးတခုဖြိုခွဲသွားတာပါ။ ပစ်ခတ်ဖြိုခွဲခံရ
တဲ့နေရာက လက်ချိုးရေလို့ရပါတယ်။ သူ့အလိုလျောက်ပြိုကွဲသွားတဲ့
နေရာတွေက ရေတွက်လို့တောင် မရပါဘူး။ ဒါဟာအကြောက်တရားက
ပေးတဲ့ ဆုံးရှုံးမှုတခုပါ။
၁၉၉၀ ရွေးကောက်ပွဲမှာလဲ ကျွန်တော်တို့ရဲဝံ့စုစည်းစွာနဲ့ တခါအောင်ပွဲခံနိုင်ခဲ့ပြန်ပါတယ်။
ပြီးမှ နအဖ ခြိမ်းခြောက်ထုတ်ပြန်တဲ့ ဥပဒေတွေကို ကြောက်တဲ့စိတ်နဲ့ ရှုံးခဲ့ရပြန်တာပါ။
ကျွန်တော် ထင်သာမြင်သာတဲ့ ဥပမာတခု နောက်ဆုံးပေးချင်ပါသေးတယ်။
လူမိုက်အစုတ်အပြတ်တွေကို ကောက်သင်းကောက်ထားတဲ့ စွမ်းအားရှင်ဆိုတဲ့
နအဖရဲ့ နေ့စားလူမိုက်တွေ လှည်းတန်းမှာ မစုစုနွေးတို့အဖွဲ့တွေကို အတင်းဝင်ဆွဲနေတဲ့
အချိန်မှာ ဒီလှည်းတန်း အနီးဝန်းကျင်မှာ လူဦးရေ ဟာ မရှိဘူးဆိုရင်
၅၀၀နီးပါးလောက်ရှိပါတယ်။ စွမ်းအားရှင်ဆိုတဲ့ ကလေကချေ အုပ်စုတွေက
လွန်ရောကျွံရော ၂၀ယောက်ကျော်ပါပဲ။ ကျွန်တော်အဲဒီဓါတ်ပုံကို ဒီဆောင်းပါးရေး
နေတဲ့အချိန်မှာ ကြည့်ရင်းစဉ်စားမိတာတခုက အဲဒီလှည်းတန်းပရိတ်သတ်နေရာမှာ
ဟိုတုန်းက မြေနီကုန်းက ပရိတ်သတ်သာဆိုရင် အဲဒီစွမ်းအားရှင်ဆိုတဲ့
လူတွေ ခွေးပြေးဝက်ပြေးပြေးရမှာပါ။
မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေကြသူ
တွေကို မတရားနိုင်ထက်စီးနင်း လုပ်ခံနေရမှန်းလဲလည်း သိပါရဲ့ နဲ့ဝင်ပါတ်သက်
ရင် ငါပါဒုက္ခဖြစ်လိမ့်မယ်ဆိုတဲ့ အကြောက်တရားကြောင့် ပြည်သူလူထု
အများကြီး ကြားမှာ အဲဒီလက်တဆုတ်စာ လူတစုက မတရားလုပ်နိုင်တာပါ။ ဒီနေအထိ
လည်း လူကြားသူကြားထဲမှာပဲ လိုင်စင်ရ အာဏာပါးကွက်သားများလို အနိုင့်ထက်ပြု
ကျင့် နိုင်နေကြတာပါ။
ပြည်သူလူထု ပိုင်ဆိုင်သောအရာ
ကျွန်တော် နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာက တိုင်းပြည်အုပ်ချုပ်မှု အာဏာဆိုသည်မှာ
မိမိတို့ ပြည်သူလူထု ပိုင်ဆိုင်သော အရာဖြစ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့မှာ
ကိုယ့်ကို အုပ်ချုပ်မယ့်သူကို ရွေး ချယ်ပိုင်ခွင့်၊ အများသဘောတူတဲ့ ဥပဒေတွေ
ပြဌန်းပိုင်ခွင့်၊ တရားစီရင်နိုင်တဲ့ အာဏာကို မိမိတို့သဘောကျတဲ့ သူကို အပ်နှင်းပိုင်ခွင့်
စတာတွေ အအပါအဝင် အများပြည်သူနဲ့ သက်ဆိုင်သမျှ အားလုံးဟာ ပြည်သူအားလုံး
ပိုင်ဆိုင်တဲ့ အရာတွေဖြစ်ပါတယ်။
မိမိပိုင်ဆိုင်တဲ့အိမ်ကို တပါးသူ ဝင်ရောက် နိုင်ထက်စီးနင်း လုပ်ရင် ပြန်လည်တွန်းလှန်ရမယ် ဆိုတာ
လူတိုင်းသိကြပါတယ်။ ကိုယ့်ရဲ့ လူပီသတဲ့ အခွင့်အရေးအားလုံးကို အနိုင်ထက် ပြုကျင့် သိမ်းယူထား
တဲ့သူတွေကို တွန်းလှန်ဖယ်ရှားဖို့ ဆိုတာ ပိုတောင် လုပ်သင့်တဲ့အရာဖြစ်ပါတယ်။
ကိုယ့်ရဲပိုင်ဆိုင်မှုတွေ ကိုယ့်လက်ထဲပြန်ရောက်ဖို့ အတွက် မိမိတို့ကို ဖိစီးခြိမ်းခြောက်နေတဲ့
အဲဒီ အကြောက်တရားတွေကို လက်တွေ့ နည်းလမ်းရှာ ရင်ဆိုင်ကြည့်တဲ့
နည်းနဲ့ ရဲရဲဝံ့ဝံ့ အဖြေရှာကြည့်ကြပါစို့လို့ တင်ပြလိုက်ပါတယ်။
(၄၆နှစ်ပြည့်တဲ့ ဆဲဗင်းဂျူလိုင်နေ့မှာ ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ နောင်တော်
ကြီးများ၊ ကျဆုံးခဲ့ရတဲ့ရဲဘော်အားလုံးနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ တိုက်ပွဲဝင်ရဲဘော်အားလုံး
ကို ဦးညွတ် ဂုဏ်ပြုလျှက်)


D-Wave

7.06.2008

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာ ဖမ်းဆီးခံရ သူတွေကို စတင်ရုံးထုတ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့က ဖမ်းဆီးခံခဲ့ကြရတဲ့ သူမကို ထောက်ခံသူတွေကို အာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် တရားရုံးတင်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောပါတယ်။ တချိန်တည်းမှာပဲ ပါတီဝင်တချို့ကို အာဏာပိုင်တွေဖက်က မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင် နေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲကို ပြီးခဲ့တဲ့လ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တုန်းက ဖမ်းဆီးခံခဲ့ရသူ တွေကို ရန်ကုန်မြို့က တရားရုံးတခုမှာ ရုံးထုတ်ခဲ့တာပါ။ မနေ့တုန်းက ဒီလို ရုံးထုတ်ခဲ့တဲ့နေရာမှာ သူတို့အပေါ် စွဲဆိုချက်နဲ့ ပတ်သက်လို့ အတိအကျ မသိရသေးပေမယ့် မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုခဲ့တယ် ဆိုတာမျိုး ကြားရတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က အခုလို ပြောပြပါတယ်။
"မနေ့ကပေါ့ သောကြာနေ့ ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ အဲဒီသတင်းကို ရတယ်။ အဲဒီသတင်းဆိုတာက ကျနော်တို့ တရားရုံးမှာ ဗဟန်းတရားရုံးမှာ ကြုံကြိုက်လို့ ရှေ့နေတယောက်က အဲဒါကို တွေ့ခဲ့တယ်။ အဲဒီ ၁၄ ယောက်ပေါ့။ သူကတော့ အဲဒီ ၁၄ ယောက်လို့တော့ မပြောဘူး။ အဲဒီနေ့က လူတွေကို ရုံးထုတ်တယ်တဲ့။ ရုံးထုတ်တာ ဆိုပေမယ့် ရမန်ယူတာလား၊ တရားစွဲတင်တာလား ဆိုတာ ကျနော်တို့ အခုထိ မသိရသေးဘူး။ အဲဒီနေ့ကလည်း ၄ နာရီလောက်မှသိတော့ ကျနော်တို့ အချိန်မရလို့ ကျနော်တို့ မသိလိုက်ရဘူးပေါ့လေ။ အဲတော့ အဲဒီဟာတော့ ဗဟန်းတရားရုံးကို ရုံးထုတ်တယ်ဆိုတာကတော့ မှန်တာပေါ့။ ၅၀၅ (ခ) နဲ့ ရမန်ယူတယ်လို့ ကျနော် ကြားတယ်။ ဒါပေမယ်လို့ ဒီဟာကိုတော့ သိပ် Confirm တော့ မလုပ်နိုင်သေးဘူး။ ၅၀၅ (ခ) က ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင်ဆောင်ရွက်တဲ့အခါမှာ တပ်တဲ့ပုဒ်မပါ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဒီလူတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြွေးကြော်တယ်။ ဒေါ်အောင်ဆန်းစုကြည် မတရား ဖမ်းဆီးခံနေရလို့ လွတ်မြောက်ရေး ကြွေးကြော်တာ အေးချမ်းသာယာရေးနဲ့ ဘာမှမဆိုင်ဘူ။ ဥပဒေအရ တဖက်သက်ကြီး ကိုယ်ပြောချင်ရာပြော လုပ်တာကတော့ မမှန်ဘူးပေါ့ဗျာ။ ဒီဥပဒေ ဒီပုဒ်မနဲ့တော့ မဆိုင်ဘူးလို့ ကျနော်တို့ ယူဆတယ်။"
အခုလို အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ စာတစောင်ကိုလည်း အဲန်အယ်လ်ဒီက မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို မကြာသေးခင်ကပဲ ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ဖက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောတာ ဆိုတာမျိုးတော့ မကြားရပါဘူး။ တကယ်တော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လူထုအုံကြွမှု ကာလကတည်းက ဖမ်းဆီးခံထားရသူတွေဟာ ဆိုရင်လည်း အလားတူ ပုဒ်မအမျိုးမျိုး တတ်လိုက် ပြောင်းလဲလိုက်၊ နောက်ထပ် ရမန်အချုပ် ထပ်ယူလိုက်နဲ့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းတာကို ခံနေရတာပါ။ အခုနောက်ဆုံး ဖမ်းဆီးခံခဲ့ရသူ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေဟာလည်းပဲ တရားရုံးထုတ်ပြီး ထိန်းသိမ်းခံနေရတာမို့ ဒီလို တရားလက်မဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံနေရတာပါ။ ဒါနဲ့ ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ -
"အဲဒီကိစ္စတွေက လုံးဝ ဥပဒေနဲ့ မညီဘူး။ ဒီလိုဆောင်ရွက်လို့ ဥပဒေရဲ့ ပြဌာန်းချက် လုံးဝ မရှိဘူး။ ကျနော် ပြောချင်တာက အခုကိစ္စလည်း အဲဒီလို ဖြစ်မယ်မဖြစ်မယ် ကျနော်တို့ မပြောနိုင်ဘူး။ အရင်လုပ်ခဲ့တဲ့ ဒီ ၈၈ ကျောင်းသားတွေကို အခုဖမ်းမိန့် ချုပ်မိန့်ပေးထားတာတွေက လုံးဝ ဥပဒေနဲ့ ဆန့်ကျင်နေတယ်။ အဲဒီတော့ တရား ဥပဒေကို ပြည်သူချည်းပဲ လိုက်နာလို့မရဘူး။ အစိုးရပါ လိုက်နာမှ တရားဥပဒေ စိုးမိုးရေးဆိုတာ ရှိမယ်လို့ ကျနော် အဲဒါကို ပြောချင်ပါတယ်။"
အခုလို အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ဖမ်းဆီးခံနေရတဲ့ တချိန်တည်းမှာပဲ ကျန်နေတဲ့ အဖွဲ့ဝင်တွေ အနေနဲ့လည်း အာဏာပိုင်တွေရဲ့ မေးမြန်းတာတွေ၊ စစ်ဆေးတာတွေနဲ့ ရင်ဆိုင်နေရတာတွေ ရှိနေတယ်လို့ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုနေခြည်ဝင်း ကပြောပါတယ်။
"သူတို့ရဲ့ မိသားစုရဲ့ နောက်ခံအကြောင်းတွေကို စုံစမ်းတာတို့၊ SB တွေ ထောက်လှန်းရေးတွေဆီ ပို့တာတွေ ရှိတယ်။ အခုလောလောဆယ် အဲဒီလို လုပ်တဲ့မြို့နယ်တွေက တောင်ဥက္ကလာပမြို့နယ်၊ သံလျင်မြို့နယ်၊ တောင်ဥက္ကလာ မြို့နယ်၊ အဲဒီသုံးမြို့နယ်မှာ လုပ်တာတွေ့ရတယ်။ ဘာကြောင့်လာမေးတာလဲဆိုရင် ဘယ်သူမေးခိုင်းလို့ မေးတာပါလဲ ဆိုတာမျိုးပဲ ပြောတယ်။ တကယ်ဆိုလို့ရှိရင် သူတို့က ဒီလို ကိစ္စမျိုးကို စုံစမ်းမေးမြန်းလို့ ရတယ်လေ။ ဒါကတော့ လူငယ် လုပ်ငန်း အဖွဲ့ဝင်တွေကို သွယ်ဝိုက်သောနည်းလမ်းနဲ့ ခြိမ်းခြောက်တာကိုး။ ဆန္ဒခံယူပွဲပြီးတဲ့အခါမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ် ဆိုတော့ ဆန္ဒခံယူပွဲတုန်းကလည်း လူငယ်လုပ်ငန်းအဖွဲ့ဝင် တော်တော်များများက သူတို့ရဲ့ မတရားမှုတွေကို ဖော်ထုတ်ခဲ့တာတွေ ရှိတယ်လေ။ အဲတော့ အဲဒီဖော်ထုတ်မှုကို မကျေနပ်တာကလည်း တကြောင်း၊ နောက်တခုကလည်း နောက် ရွေးကောက်ပွဲလုပ်တဲ့အခါမှာလည်း အဖွဲ့ချုပ်လူငယ်တွေ အနေနဲ့ ပုံစံတမျိုးနဲ့ ကြိုးစားလာမှာကို စိုးရိမ်လို့လုပ်တာလို့လည်း ယူဆရပါတယ်။"
အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တချို့ အာဏာပိုင်တွေ မေးမြန်းစစ်ဆေးတာတွေနဲ့ ကြုံနေရတဲ့အကြောင်း အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုနေခြည်ဝင်း ပြောပြသွားတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့က လူထုဆန္ဒခံယူပွဲကာလ ကတည်းက ဖမ်းဆီးခံနေရတဲ့ အဲန်အယ်လ်ဒီ ပါတီဝင် ၄ ယောက်ကို တောင်ကုတ်မြို့ တရားရုံးတခုကနေ ထောင်ဒဏ်ပြစ်ဒဏ် ၁ နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီးနောက် အခုနောက်ဆုံး သံတွဲထောင်မှာ ပြစ်ဒဏ်တွေ ကျခံနေရပြီလို့လည်း လုပ်ဖော်ကိုင်ဖက် အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ပြောပါတယ်။

7.05.2008

Security Tightened in Rangoon after Bomb Blast ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တင်းကျပ်စစ်ဆေး


File photo shows members of Burma's special police force on guard in Rangoon. Burmese junta
has deploying security guards around-the-clock at government buildings and at the offices
of junta-backed groups following Tuesday’s bomb blast in Rangoon. (Photo: AFP)

Burmese authorities have begun deploying security guards around-the-clock at government buildings and at the offices of junta-backed groups following Tuesday’s bomb blast at a Union Solidarity and Development Association (USDA) office in Rangoon, according to sources close to authorities.
Since Tuesday’s incident at the USDA office in Shwe Pyi Thar Township in the northern outskirts of Rangoon—in which no one was killed—military authorities have increased nighttime patrols in army trucks and have set up checkpoints around the city, as well as urging the public through state-run media to remain alert and to report any suspicious activity, said the sources.


The chairman of Rangoon City Development Committee, Brig-Gen Aung Thein Linn, who is also an official with junta-backed civic organization USDA, told reporters in Rangoon that members of the USDA will be deployed as security guards around assigned offices and buildings.
Speaking to The Irrawaddy on Thursday, an official from Rangoon City Development Committee who requested anonymity said: “Aung Thein Linn said that he will increase security patrols. All USDA offices will be guarded 24 hours. And members of the USDA will be deployed as security troops.”
A USDA member in Kyauktada Township said that security guards recruited from his organization would undergo security training.
“The Authorities in townships and wards around Rangoon are calling meetings at the moment,” said a member of the Township Peace and Development Council. “They also asked residents to become involved in the security guard training, which will be led by USDA officials.”
Members of the Township Peace and Development Council in Rangoon have been pressuring local authorities in every ward in Rangoon division to form security groups within the next few days, said residents in Hlaing Thayar, Yankin and Pabedan townships.
An armed students’ group in exile, the Vigorous Burma Student Warriors, later claimed responsibility for the bombing.
Irrawaddy correspondent Aung Thet Wine contributed to this report from Rangoon.
ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တင်းကျပ်စစ်ဆေး
ဇူလိုင် (၁) ရက် နံနက် ရန်ကုန် ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်း တတိုင်းလုံးရှိ ကြံ့ဖွံ့ရုံးများတွင် လုံခြုံရေးအစီအစဉ်များ လုပ်ဆောင်နေပြီး ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထား စစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။
“ရွှေပြည်သာမှာ ကြံ့ဖွံ့ရုံး ဗုံးပေါက်တဲ့အတွက် အခုလို လုံခြုံရေးတွေ စတင်ဆောင်ရွက်တာ ဖြစ်ပါ တယ်။ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းက အခုလို စီစဉ်တာပါ။ ကြံ့ဖွံ့အဖွဲ့ဝင်တွေက မိမိနဲ့သက်ဆိုင်တဲ့ မြို့နယ်တွေမှာ အလှည့်ကျစီ စောင့်ပေးရမှာ ဖြစ်ပါတယ်” ဟု ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့အဖွဲ့ ၀င်တဦးက ပြောသည်။
ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးရှိ ကြံ့ဖွံ့ရုံးတွင် ယခုလ (၁) ရက် နေ့ နံနက် (၆) နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်သည်။
ထိုသို့ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစ၍ ရန်ကုန်မြို့အနှံ့ စစ်ဆေးရေးဂိတ်များ ချထားကာ ကားများ ကို စစ်ဆေးနေကြောင်းလည်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “မင်္ဂလာဒုံကနေ မရမ်းကုန်းလမ်းဆုံထိ ပြည်လမ်းပေါ်မှာ (၃) ဂိတ်၊ အင်းစိန် ကနေ လှည်းတန်းလမ်းဆုံ (၂) ဂိတ်၊ လှည်းတန်းကနေ မြေနီကုန်းအထိ (၃) ဂိတ်၊ မြေနီကုန်း ကနေ စံပြရုပ်ရှင်ရုံအထိ (၃) ဂိတ်၊ မြို့ထဲမှာလည်း ဂိတ်တွေ အများကြီးချထားပြီး ကားအသွား အလာကို စစ်နေတယ်။ အထူးသဖြင့် ဆာ့ဖ်လို၊ ပါဂျဲရိုးလို ကားအကောင်းစားတွေကို အသေအချာ စစ်ဆေးနေတာ တွေ့တယ်” ဟု ပြောသည်။
နအဖ စစ်အစိုးရသည် ပေါက်ကွဲမှုများ ဖြစ်ပေါ်တိုင်း ပြည်ပရောက် အတိုက်အခံများကို စွပ်စွဲလေ့ ရှိပြီး ယခုကဲ့သို့ စစ်ဆေးရေးလုပ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူမြင်ကွင်း၌ ချထားခြင်းတို့ လုပ်လေ့ရှိသည်။
သို့သော် ယခုတကြိမ်၌ စစ်ဆေးရေးဂိတ် အထူးများပြားခြင်း၊ ပြည်လမ်းမပေါ်ကဲ့သို့ နေရာမျိုးတွင် သံဆူးကြိုးခုံများ ချပြီး အသေအချာ စစ်ဆေးခြင်း၊ လိုင်းကားများ၊ ကြားကားများထက် အိမ်စီး ကားငယ်များ၊ ဇိမ်ခံကားအကြီးများကို ပိုမို စစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။
စစ်ဆေးရေးဂိတ်များ၌ ယူနီဖောင်းဝတ် ရဲ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ် လူများ ပူးပေါင်းပါဝင်ကြပြီး စစ်သားများကိုမူ ဂိတ်များ၏ မနီးမဝေးများတွင်သာ နေရာချထားကြောင်း၊ ညဘက်၌လည်း စစ်ဆေးရေးဂိတ်များ ချ စစ်ဆေးနေကြောင်း သိရသည်။
နအဖ စစ်အစိုးရ၏ ဇူလိုင် (၂) ရက် သတင်းစာများတွင် ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးခန်း၏ အုတ်နံရံအကျယ် (၆) လက်မ၊ အမြင့် (၉) လက်မခန့် ပေါက်ထွက်ပျက်စီးကာ ရုံးအောက် ထပ်အ၀င် တံခါးကြီး၊ ပြူတင်းပေါက်မှန်များ၊ စာရေးစားပွဲ (၃) လုံး၊ ကုလားထိုင် (၆) လုံး၊ လက်နှိပ် စက် (၁) လုံး၊ တယ်လီဖုန်းကိုယ်ထည် (၁) ခု ပျက်စီးကြောင်း၊ လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဖော်ပြပါရှိသည်။
ရွှေပြည်သာမြို့နယ်၌ တာဝန်ကျ ရဲတဦးကမူ ဗုံးအမျိုးအစားမှာ ယခင် ဧပြီ (၂၀) ရက်က ပေါက်ကွဲ သော ဗုံးများထက် ပေါက်အား ပြင်းထန်ကာ လူကိုသေစေနိုင်သည်အထိ အန္တရာယ်ရှိသော လက် လုပ်ဗုံးအမျိုးအစား ဖြစ်သည်ဟု ပြောသည်။
ယခုအခါ တရားခံဖမ်းဆီးရရှိရေးအတွက် စုံစမ်းနေပြီး အများပြည်သူများကလည်း မသင်္ကာဖွယ်ရာ လူများ တွေ့ရှိပါက အချိန်မီသတင်းပေးရန် အစိုးရသတင်းစာတွင် ရေးသားထားသည်။

စိန်ခေါ်မှုများကို အန်တုသူ




၂၀၀၈ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ဆိုလျှင် အင်းစိန် ထောင်၌ မတရားထောင်ချခံထားရသူ ဆရာ ဦးဝင်းတင်သည် ထောင်သက် (၁၉) နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ လူသတ်မှုဖြင့် ထောင်တသက် တကျွန်း ကျနေသူများပင် ထောင်တွင်း ဆုမှတ်ရက် လျှော့ရက်များ ခံစားခွင့်ရသဖြင့် (၇) နှစ်သာသာ လောက် ထောင်တွင်း၌ နေသားရလျှင် ထောင်မှ လွတ်မြောက်ကြသည်။ ဆရာသည် နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်ခဲ့သူတဦး မဟုတ်သလို အာဏာရှင်တို့အား လုပ်ကြံရန်လည်း အိပ်မက်မျှ မက်ခဲ့သူမဟုတ်။ ဆရာသည် သတင်းစာသမားပီပီ တိုင်းပြည် လူထု တွေ့ကြုံ ခံစားနေရသော ဒုက္ခဆင်းရဲတို့ကို နှလုံးရည်ဖြင့် ကယ်တင်ရန် ကြိုးစား အားထုတ်သူမျှသာဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းပြည်ပြဿနာများကို အကြမ်းမဖက်သည့်နည်း (နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာသည့်နည်း) ဖြင့် အဖြေရှာလိုသူ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲမိခြင်း ဖြစ်ပေသည်။
ဆရာဦးဝင်းတင်ကဲ့သို့သော နှလုံးရည်သမားတဦးကို ငြိုးသူရန်ဖက်သဖွယ် ဆယ်စုနှစ် (၂) စုနီးပါး ထောင်သွင်း အကျဉ်းချထားရက်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ “သူရသတ္တိ” ကား အံ့စရာကောင်းလှ ပေသည်။ အကယ်သာ စစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ် ချစ်သည်ဆိုလျှင် “ပြည့်မျက်စိ”၊ “ပြည့်နား”၊ ပြည့်ဦးနှောက်” သဖွယ်ဖြစ်သော သတင်းစာဆရာ စာရေးဆရာ ပညာရှင်များကို ဖမ်းဆီးထောင်ချမည့်အစား နေရာပေး စကားပြောဆို ဆွေးနွေးခွင့် ပေးရပေမည်။
ဆရာသည် စာရေးဆရာ သတင်းစာဆရာအဖြစ် နှစ်ပေါင်း (၃၀) ကျော် တိုင်းပြည်နှင့် လူမျိုးကို အလုပ်အကျွေးပြုခဲ့သည်။ သူ နေထိုင် ကျင်လည်ရာ လူမှုပတ်ဝန်းကျင်ရှိ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း လုပ်ဖော် ကိုင်ဖက်များကိုလည်း စိတ်စေတနာ ပြည့်ဝစွာ ကူညီထောက်ပံ့လေ့ ရှိသည်မှာ သူ၏ ထူးခြားထင်ရှားသည့် စရိုက်သဘာဝဖြစ်သည်။ ထို့ကြောင့် ဆရာသည် လူချစ် လူခင်များသူ ဖြစ်ပေသည်။ ဆရာသည် သူ့ လူမှုပတ်ဝန်းကျင်တွင် အကူအညီလိုနေသူ မည်သူ့ကို မဆို မျက်နှာစိမ်း မျက်နှာကျက် မရွေး ကူညီတတ်သူ ဖြစ်သည်။ အထူးသဖြင့် သူအလုပ်လုပ်သည့် သတင်းစာတိုက်မှ လုပ်ဖော်ကိုင်ဖက် အလုပ်သမား မိသားစုများ၏ စားဝတ်နေရေး အခက်အခဲ များကို သူ့အိတ်ထဲမှ စိုက်ထုတ်ကူညီလေ့ရှိသည်။ သူ ရရှိသည့်လစာ ၀င်ငွေကို သူ့အတွက် သုံးစွဲသည်က နည်း၍ အခြားလိုအပ်နေသူ မိတ်ဆွေများ လုပ်ဖော်ကိုင်ဖက်များအတွက် သုံးစွဲသည်က များပေသည်။ ထို့ကြောင့် ဆရာဦးဝင်းတင်၏ နေထိုင်စားသောက်မှု ဘ၀ပုံသဏ္ဌာန်ကို အာဏာရှင်ဘက်သားတို့က “ဘုံဝါဒ” သမားအဖြစ် ကင်ပွန်းတပ်ကြခြင်းဖြစ်သည်။ ဆရာ့ကို ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြခြင်းဖြစ်သည်။ ဗိုလ်အောင်ကြီးကပင်လျှင် ဆရာ့အား ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်ကို မှတ်မိကြမည် ထင်ပါသည်။
အမှန်တွင်မူ ဆရာ့စိတ်နေ စိတ်ထားမှာ “သူတော်စင်” တဦးကဲ့သို့ ဖြူစင်နေခြင်းဖြစ်သည်။ ဆရာသည် သူ့တကိုယ်ရေ တကာယအတွက် ခြိုးခြံစွာနေတတ်သူဖြစ်၍ အ၀တ်အစား၊ အသုံး အဆောင်မှအစ ငွေကြေးအဆုံး အခြားလိုအပ်နေသူများကို ဝေမျှစွန့်ကြဲတတ်သည်မှာ ၀ါသနာ တခုလိုပင် ဖြစ်သည်။ အလွန် ကျဉ်းကျပ်သည့် ထောင်ထဲမှာပင် ဆရာသည် သူ၏ ထောင်ဝင်စာတွင် ပါရှိလာသော အသုံးအဆောင် အစားအသောက်များကို အခြားလိုအပ်နေသူများအား မျှဝေ စွန့်ကြဲလေ့ ရှိပေသည်။ ရံဖန်ရံခါ သူ့အတွက် အမှန်တကယ် လိုအပ်သည့် အာဟာရဖြစ်မည့် အစားအသောက်နှင့် ဆေးဝါးများကိုပင် ဝေမျှတတ်သဖြင့် ဘေးမှ ရဲဘော်များက ၀င်ရောက် ဟန့်တားကြရသည်။ သို့တိုင်အောင် ဆရာက အပြုံးမပျက်ဘဲ “ဝေလိုက်ပါဗျာ၊ ကျနော်လည်း နေကောင်းနေတာပဲ၊ အသည်းအသန်ကြီး ဖျားနာနေတာမှမဟုတ်ဘဲ” ဟု ပြောတတ်သည်။ နောက်ဆုံး ဆရာ စိတ်ချမ်းသာအောင် သူပြောသည့်အတိုင်း ခွဲတမ်းချ ဝေမျှပေးရမြဲဖြစ်သည်။
အမှန်ဆိုလျှင် ဆရာ့ကျန်းမာရေးမှာ ဒေါင်ဒေါင်မည်မဟုတ်ပါ။ အရိုးကျည်းပေါင်းတက် ရောဂါကြောင့် လည်ပင်းတွင် အမြဲတစေ ဒေါက်ချာ စွပ်ထားရသည်။ နှလုံးရောဂါအတွက်လည်း အမြဲ ဆေးစား နေရသည်။ ဆီးရောဂါ ခံစားနေရရုံမက အူကျဝေဒနာကိုလည်း အာဏာပိုင်များက လျစ်လျူပြု ထား၍ လက်တဖက်နှင့် အမြဲဖေးမထားရပါသည်။ အကျဉ်းထောင်တိုက်ထဲတွင် နေရောင်၊ လေကောင်းလေသန့်၊ ရေကောင်းရေသန့် မရသဖြင့်လည်း အာဟာရချို့တဲ့မှု ရှိပါသည်။ အကျိုး ဆက်မှာ ဆရာ့မျက်စေ့များ မှုန်ဝါးနေပြီ။ အပေါ်သွားများ လုံးဝမရှိရှာတော့။ အောက်သွားလည်း သွားလေးငါးချောင်းသာ ကျန်တော့သည်။ သို့တိုင်အောင် ဆရာသည် စာရေးသောက်ရေးနှင့် ပတ်သက်လာလျှင် ဘ၀တူရဲဘော်များအတွက်သာ ကြည့်၍ သူ့အတွက် စဉ်းစားလေ့မရှိပါ။ စစ်အာဏာပိုင်များနှင့် ပတ်သက်လျှင်ကား သူ့ရပ်တည်ချက် ယုံကြည်ချက်တို့ကို မြူမှုံမျှပင် အပွန်းအပဲ့ ခံတတ်သူမဟုတ်ပါ။ ဤသည်ပင် နိုင်ငံရေးအကျဉ်းသားများက ဆရာ့အပေါ် အထူးလေးစား ချစ်ခင်ရသည့်အကြောင်းဖြစ်သည်။
ထောင်ထဲတွင် ထောင်ဝင်စာ လုံးဝမလာနိုင်သူများ၊ (၂) လ (၃) လမှ တကြိမ်လာတတ်သူများ၊ ထောင်ဝင်စာလာသော်လည်း ချို့တဲ့သူများ စသည်တို့ကို ဆရာက အသေအချာ မှတ်သားထား တတ်သည်။ သူ ထောင်ဝင်စာတွေ့ပြီး ပြန်လာသည်နှင့် အဆင်သင့်သူ ရဲဘော်တဦးကို အကူအညီ တောင်း၍ အစားအသောက်များကို ခွဲတမ်းချ အထုပ်ကလေးများ ထုပ်စေသည်။ လူပုဂ္ဂိုလ်တဦးချင်း အတွက် လိုအပ်ချက်နှင့် ဆီလျော်အောင် ဟင်းလျာ၊ မုန့်ပဲသွားရေစာ၊ သစ်သီး၊ ဆေးဝါး စသည် များကို အထုပ်ငယ်များ ထုပ်၍ မျှဝေပေးသည်။ သူ့အတွက် အနည်းငယ်သာ ချန်တတ်သည်။ စစ်အာဏာရှင်၏ အကျဉ်းတိုက်ထဲ၌ ထိုကဲ့သို့ ကိုယ့်အတ္တကို ချိုးနှိမ်ကာ ခြိုးခြိုးခြံခြံ ဝေမျှ စားသောက်နိုင်ရေး ကိစ္စသည် ပြောသလောက် လွယ်သည့်ကိစ္စမဟုတ်ပေ။ အခက်အခဲ အကျပ်အတည်းကြီးလေ “အတ္တစိတ်က တိုးထွက်လာတတ်လေလေ” ဖြစ်သည်။
တိုက်ခန်းတခန်းထဲတွင် နှစ်ယောက်အတူ ပိတ်ထားခြင်းခံနေရသော်လည်း မိမိ၏ ထောင်ဝင်စာ ရိက္ခာကို အခန်းဖော် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ချင်း ဝေမျှ မကျွေးနိုင်သူများ ရှိခဲ့သည်ဟုဆိုလျှင် တချို့က ယုံချင်မှ ယုံပါလိမ့်မည်။ ပို၍အံ့သြစရာကောင်းသည်မှာ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” ဝေမျှ မစားနိုင်သူများက နိုင်ငံရေး ဆွေးနွေးကြသောအခါ “ကိုယ်ကျိုးစွန့်ရေး” “အနစ်နာ ခံရေး” ဆိုသော ဝေါဟာရများကို ထပ်တလဲလဲ ပြောတတ်ကြသည်။ “ငပိကျော်တဇွန်း” “ဆေးလိပ် တဖွာ” အတွက်နှင့် ကိုယ့်ရဲဘော်ကို သစ္စာဖောက်ကာ အာဏာပိုင်၏ သတင်းပေးဖြစ်သွားကြသူများ လည်းရှိသည်။ ထို့ကြောင့် ထောင်အတွင်း အခြေအနေ စရိုက်သဘာဝနှင့် အခက်အခဲများကို သိမှသာ ဆရာဦးဝင်းတင်၏ စိတ်နေစိတ်ထား မွန်မြတ်လှပုံကို သိနိုင်ပေမည်။ ဆရာနှင့် အကျဉ်း ထောင်တိုက် တခုတည်းတွင် အတူနေဖူးကြတော့မှ ဆရာ့ကို အာဏာပိုင်တို့က ဘာကြောင့် ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြသည်ကို နားလည်လာရသည်။ အမှန်တွင် ဆရာသည် “လူသား ဆန်လွန်းသူ” “လူပီသလွန်းသူ” ပုဂ္ဂိုလ်တဦးဖြစ်သဖြင့် သူနှင့် ဆက်ဆံဖူးသူများက သူ့ကို ချစ်ခင် လေးစားသွားခြင်းဖြစ်ပေသည်။ ထို့ကြောင့် လူအများ၏ စက်ဆုတ်ရွံရှာခြင်းခံရသူ အာဏာရှင်တို့က ဆရာ့ကို လူအများ အထင်အမြင်လွဲမှားအောင် ၀ါဒဖြန့်ခဲ့ကြပုံရပေသည်။
လူတဦးကို လူအများက လေးစားချစ်ခင်သည်ဆိုခြင်းမှာ အကြောင်းမဲ့ဖြစ်နိုင်သည် မဟုတ်ပေ။ ဆရာ ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်လူထုကပါ ချစ်ခင်လေးစားဖို့ဆိုသည်က ပို၍ပင်မလွယ်ပါ။ လူထု၏ချစ်ခင်လေးစားမှုကို ငွေပေးဝယ်၍ ရနိုင်သည်မဟုတ်သကဲ့သို့၊ သေနတ်နှင့်ချိန်၍ လေးစားခိုင်းသော်လည်း မရနိုင်ပါ။ ဤသည်မှာ လူတဦး၏ တသက်တာ နေထိုင်စားသောက်မှုနှင့် တကွ ကိုယ့်ကျင့်သီလတို့နှင့်ပါ သက်ဆိုင်သည့် ကိစ္စဟု ဆိုရပေမည်။
ဆရာ့ နောက်ကြောင်းကို တစေ့တစောင်းမျှ လေ့လာကြည့်လျှင် လူထုက ဘာကြောင့် ဆရာ့အား လေးစားကြသည်ကို နားလည်သဘောပေါက်နိုင်လိမ့်မည် ထင်ပါသည်။ ဆရာဦးဝင်းတင်၏ ဇာတိမှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ဖြစ်သည်။ အဖ ဦးပုနှင့် အမိ ဒေါ်အမာတို့မှ ၁၉၃၀ ပြည့် မတ်လ (၁၂) ရက်နေ့တွင် မွေးဖွားခဲ့၍ ယခုနှစ် မတ်လတွင် (၇၈) နှစ်ပြည်ပြီးခဲ့ပြီဖြစ်သည်။ ဆရာသည် ငယ်စဉ်ကပင် စာဖတ်ဝါသနာ ထုံခဲ့သူဖြစ်သည့်အလျောက် စာပေဗဟုသုတကြွယ်ဝသူဖြစ်သည်။ အသက် (၂၀) အရွယ် တက္ကသိုလ် တက်နေစဉ်မှာပင် တဘက်၌ သတင်းထောက်တပိုင်း ဖြစ်နေခဲ့ပြီ။ ဆရာသည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။
ဝိဇ္ဇာဘွဲ့ရသည့် ၁၉၅၃ ခုနှစ်တွင် Agence France-Presse (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်းအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ ဆရာသည် သူစိတ်အားထက်သန်သည့် သတင်းစာပညာနှင့် စာရေးခြင်းကိစ္စ၌သာ အာရုံစူးစိုက်၍ ကြိုးစား အလုပ်လုပ်ခဲ့သည်။ အသက် (၂၀) အရွယ်မျှနှင့် စာပေဗိမာန်တွင် လက်ထောက်အယ်ဒီတာဖြစ်နေပြီ။ (၂၃) နှစ်တွင် (AFP) နိုင်ငံခြားသတင်းဌာနတွင် ညပိုင်း အယ်ဒီတာဖြစ်နေပြီဆိုသည်ကို ကြည့်လျှင် ဆရာ၏ ပညာထူးချွန်မှုကို သိနိုင်ပေသည်။
ထို့ကြောင့်ပင် ၁၉၅၄ မှ ၁၉၅၇ ခုနှစ်ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ဂျမ်ဘာတန်မှာပင် ပညာဆည်းပူးရင်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် “အကြံပေးအယ်ဒီတာ” အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ မအားလပ်သည့် ကြားမှပင် မြန်မာနိုင်ငံသတင်းများ စုဆောင်း၍ ကိုယ်တိုင်ဘာသာပြန် တည်းဖြတ် လက်နှိပ်စက်ရိုက်၍ “ဒို့ပြည်သတင်း” ဆိုသည့် သတင်းစာ စောင်ရေ (၅၀၀) ခန့်ကို ကိုယ့်အိတ်ထဲမှ ငွေကြေးစိုက်ထုတ်ကာ ထုတ်ဝေခဲ့သည်။ ထိုသတင်းစာကို ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေသည့်အလုပ်ကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာနိုင်ငံ ပြန်လာသည့်အချိန်ထိ လုပ်ဆောင်ခဲ့သည်။ တော်ရုံတန်ရုံ ဇွဲလုံ့လနှင့် ပညာလည်းသင် အလုပ်လည်း လုပ် တဘက်တွင်လည်း စေတနာ့ဝန်ထမ်း သတင်းစာထုတ် စသည်တို့ကို တပြိုင်နက်လုပ်နိုင်မည် မဟုတ်ပေ။ ယနေ့ခေတ် လူငယ်များ အတုယူဖွယ်ဖြစ်သည်။
၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူ ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရပြီးနောက်၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပနှင့် အာရှနိုင်ငံများစွာသို့ သတင်းစာဆရာတယောက်အဖြစ် လေ့လာရေး ခရီးဆန့်ခဲ့သည်။
ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူစဉ် မြန်မာစာပေ လှုပ်ရှားမှုအတွက် အရေးပါသော “မန္တလေး စနေစာဖတ်ဝိုင်း” ကို ဦးဆောင် ကျင်းပခဲ့သူတဦးလည်း ဖြစ်ခဲ့သည်။ ထို စနေစာပေ၀ိုင်းတွင် လူထုဦးလှ၊ လူထုဒေါ်အမာ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) အစရှိသော ထင်ရှားသည့် စာပေကဗျာပညာရှင်များ တက်ရောက် စာတမ်းဖတ် ဆွေးနွေးခဲ့ကြသဖြင့် မဆလအာဏာရှင်တို့၏ မျက်မာန်ရှခြင်း ခံခဲ့ရပေသည်။ ၁၉၇၈ ခုနှစ်၌ မဆလအစိုးရက ဟံသာဝတီသတင်းစာကို ပိတ်ပင်ဖျက်သိမ်းလိုက်ပြီး၊ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။
သို့သော် ဆရာသည် ထိုအချိန်မှစ၍ စာပိုရေးနိုင်ခဲ့သည်။ “ပေါ်သစ်” ကလောင်အမည်ဖြင့် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို ရေးသားခဲ့သည်။ မဂ္ဂဇင်းဂျာနယ်များတွင် ကိုယ်တိုင်ရေးဆောင်းပါးများ၊ ဘာသာပြန် ဆောင်းပါးများ အဆက်မပြတ်ရေးခဲ့သည်။
ဆရာ ဦးဝင်တင်၏ ထင်ရှားသော ဘာသာပြန်စာအုပ်များမှာ “ကွိ” (Queed)၊ “ဥတ္တရအလင်း” (The Northern Star) တို့ဖြစ်သည်။ “ကမ္ဘာနီတွင် တဒင်္ဂ” ဆိုသည့် ခရီးသွားမှတ်တမ်းစာအုပ်ကိုလည်း ရေးသားခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပတိုက်သို့ မြန်မာ ယဉ်ကျေးမှုအက အဖွဲ့နှင့် လိုက်ပါခဲ့စဉ်က အတွေ့အကြုံများကို သတင်းစာများတွင် အခန်းဆက် ဆောင်းပါးများ ရေးခဲ့သည်။ ယင်းဆောင်းပါးများကို စုစည်း၍ “ခြေမှာစကား လက်ဖျားကဗျာ” ဟု စာအုပ်တအုပ် ထုတ်ဝေခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်း စာပေ အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန်သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ဆရာဦးဝင်းတင် ကမကထပြု၍ ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ “စာနယ်ဇင်းသမဂ္ဂ” ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားမသဂ္ဂမှ ထုတ်ဝေခဲ့သည့် “သမဂ္ဂသတင်းစာ” တွင်လည်း တက်ကြွစွာ ပါဝင်ရေးသား ခဲ့သည်။
“ဆန္ဒဖော်သံ သတင်းစာ” ကို ၁၉၈၈ ခုနှစ် သြဂုတ်လ (၃၀) တွင် ကိုယ်တိုင်ဦးစီးထုတ်ဝေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ (၂၄) ရက်နေ့တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” စတင်ဖွဲ့စည်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏ အစုအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နုတ်ထွက်ခဲ့ ရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် “အတွင်းရေးမှူး” အဖြစ် ဆောင်ရွက်ခဲ့သည်။
စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာနမှ ၁၉၈၉ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန် ရည်ရွယ်၍ ကြေညာချက်အမှတ် (၃၈) ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေးပါတီ များအနေဖြင့် ထိုအမိန့်ကို ဆန့်ကျင်ရန် ဆော်သြခဲ့သည်။ ထိုသို့ဆော်သြရာ၌ သုံးစွဲခဲ့ရသည့် “အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ” ဟူသော ဆောင်ပုဒ်ကို ဆရာဦးဝင်းတင် ရေးသားခဲ့သည်။
၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ်လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ်စကားပြောဆို၍ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရသည်။ လွတ်ရက်စေ့ကာနီးတွင် ဆရာဦးဝင်းတင်အား နိုင်ငံရေးကို စွန့်၍ စစ်အုပ်စုနှင့် လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက “စစ်လွှမ်းမိုး ရေးဒဿန” ကို သူ အသက်ရှင်နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင် ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် (၁၁) နှစ် ထပ်မံ ချမှတ်ခံရသည်။
ဆရာ ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ (၄) ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူး တိုက်ဝင်းအတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာ ဦးဝင်းတင်အား အထူးတိုက်မှ (၃) တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲ ဆင်ရာတွင် ဦးဆောင်ခဲ့သည်။ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားအခွင့်အရေးအတွက် တိုက်ပွဲ ၀င်ရင်း သတင်းစဉ်တခုကို တိုက်ဝင်းအတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Suu-Slorc Dialogue “တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းစဉ်” ကို ရေးသားခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးရန်” “အမျိုးသားညီလာခံ ဖျက်သိမ်းပေးရန်” “စစ်မှန်သော တွေ့ဆုံဆွေးနွေး မှုများ စတင်ရန်” သဘောထားစာတမ်းကို ရေးသားဖြန့်ဝေခဲ့သည်။ ထို့နောက် “သုံးပွင့်ဆိုင် ဆွေးနွေးပွဲ” စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစုခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံ လက်ငင်းကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပေါ်လစီတရပ် ချမှတ် ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၉၅ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင်မတွေ့ရသဖြင့် “Appeal to the World” ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ရေးသား၍ ဘ၀တူထောင်ကျ နိုင်ငံရေး ရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှံ့အောင် လုပ်ဆောင်ခဲ့နိုင်သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ် များသည် ရိုးသားမှန်ကန်မှု မရှိသဖြင့် နိုင်ငံတကာမှ စစ်အာဏာရှင် နအဖအား ၀ိုင်းဝန်းအရေး ယူပေးပါရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်း “Appeal to the public” ကမ္ဘာ့ ပြည်သူများသို့ ပန်ကြားချက်ကို ရေးသားဖြန့်ဝေခဲ့သည်။ ယင်း “ပန်ကြားချက်” တွင် စစ်အာဏာ ရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အထပ်ထပ်အဖန်ဖန် လိမ်လည်လှည့်ဖြားနေသည်ကို ဒဏ်ခတ် သောအားဖြင့် နည်းမျိုးစုံ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ဇူလိုင်လအတွင်းမှာပင် “ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာ” ကို မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်သူ “မစ္စတာ ယိုဇိုယိုကိုတာ” မှတဆင့် ကုလသမဂ္ဂရွှေရတုညီလာခံသို့ ရောက်ရှိအောင် စုပေါင်းဆောင်ရွက်ကြ ရာတွင် ဆရာဦးဝင်းတင် ဦးဆောင်ခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အတုအယောင်အမျိုးသားညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ စုပေါင်းလက်မှတ်ရေးထိုး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင်ခဲ့ သည်။ ထို့ပြင် လက်ငင်းအရေးကြီးဆုံး လုပ်ငန်းစဉ် (၂) ခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။
ယင်းလုပ်ငန်းစဉ် (၂) ရပ်မှာ ပါတီပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင်ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။ ဆရာဦးဝင်းတင်သည် ထောင်တွင်း၌ “ထ” လေးလုံးပေါ်လစီကို ချမှတ်လမ်းညွှန်မှု ပေးခဲ့ပေသည်။ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်” ဆိုသည့် ပေါ်လစီဖြစ်သည်။ ယင်းပေါ်လစီက “ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ စိတ်ဓာတ် မကျရေး”၊ “စစ်ထောက်လှမ်းရေး၏ ဦးနှောက်ခ၀ါချမှု မခံရရေး”၊ “မိမိ၏ အတွေးအခေါ် ပိုမို အားကောင်း တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရေး”၊ “အကျဉ်းသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အာဏာပိုင်တို့၏ ဖိနှိပ်မှုများကို ငုံ့မခံရေး”၊ “မိမိတို့ ရပိုင်ခွင့်များအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ရေး” စသည်တို့ကို လမ်းညွှန်ပေးခဲ့သည်။
၁၉၉၅-ဇူလိုင်လလယ်တွင် ထောင်တွင်းနိုင်ငံရေးအဖွဲ့ အစည်း အင်အားစုအသီးသီး ပါဝင်စုစည်းသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်းဖိနှိပ်ညှဉ်းပမ်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံအခြေအနေတို့ ပါဝင်သော (၈၃) မျက်နှာပါ စာတမ်း “ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ” ကို အပြင်သို့ ခိုးထုတ်နိုင်ခဲ့သည်။ တိုက်ဆိုင်စွာပင် ဒေါ်စုကလည်း ဇူလိုင် (၁၀) တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန် ဖြစ်သည်။
နောက်တိုက်ဆိုင်မှုတခုမှာ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူ ကုလသမဂ္ဂ သံတမန် မစ္စတာယိုဇိုယိုကိုတာလည်း မရှေးမနှောင်းမှပင် ရန်ကုန်သို့ ရောက်လာချိန်ဖြစ်သည်။ ဤသို့ဖြင့် အစီရင်ခံစာမှာ ချောမောစွာပင် မစ္စတာ ယိုဇိုယိုကိုတာ၏ လက်သို့ ရောက်သွားကြောင်း သတင်းကြားခဲ့ရသည်။
ထို့ ပြင် တဆက်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား ကျင်းပဆဲအမျိုးသားညီလာခံမှ နှုတ်ထွက်သင့်ကြောင်း ထောင်တွင်းနိုင်ငံရေး အင်အားစုများက စုပေါင်းလက်မှတ်ရေးထိုးကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ နိုင်ခဲ့ကြသည်။ ဤကဲ့သို့ ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများ ညီညီညွတ်ညွတ် စိတ်ဓာတ်မကျဘဲ နိုင်ငံရေးတာဝန်များ ဆက်လက်ထမ်းဆောင်နိုင်ခြင်းမှာ ဦးဝင်းတင်ကဲ့သို့ သော ခေါင်းဆောင်ကောင်းတယောက်၏ ဦးဆောင်လမ်းညွှန်မှု ရှိနေသောကြောင့် ဆိုသည်မှာ အလွန်ထင်ရှားပါသည်။
၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ထို (၈၃) မျက်နှာပါစာတမ်း “ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” ကုလသမဂ္ဂသို့ ရောက်ရှိသွာခြင်းနှင့် စပ်လျဉ်း၍ အာဏာပိုင်များ အကြီးအကျယ် ဒေါသပေါက်ကွဲကာ (၄) တိုက်မှ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ တပ်ကြပ်ကြီးဟောင်း တင်ဝင်းအား စစ်ထောက်လှမ်းရေးမှ သွေးဆောင်စည်းရုံး၍ တိုက်ဝင်းအတွင်းရှိ လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းခဲ့သည်။
တင်ဝင်းက သူအားစစ်ထောက်လှမ်းရေးက ပြန်လွှတ်ပေးမည်ဟူသော မက်လုံးကြောင့် သစ္စာ ဖောက်ခဲ့သည်။ ဤသို့ ဖြင့် နိုင်ငံရေးအကျဉ်းသားများထားရာ တိုက်ဝင်းအတွင်းရှိ လျှို့ ဝှက်ချက်များ ပေါက်ကြားကာ ရေဒီယိုအပါအဝင် စာရွက်စာတမ်းများ သိမ်းဆည်းခံခဲ့ရသည်။ အမျိုးသားနေ့ စိန်ရတုသဘင်အထိမ်းအမှတ် လက်ရေးစာစောင်နဲ့ ဖုန်းမော်အထိမ်းအမှတ် သွေးသစ်လှိုင်းစာစောင် အပတ်စဉ် လက်ရေးသတင်းစာစောင်များလည်း သိမ်းဆည်းခံရပါသည်။ နိုင်ငံရေးအကျဉ်းသား (၆၃) ယောက်ကို ထောင်ထဲမှာပင် စစ်ထောက်လှမ်းရေးက ထပ်မံဖမ်းဆီး တိုက်ပိတ်လိုက်ပါသည်။
သို့ဖြင့် ဆရာဦးဝင်းတင်အပါအဝင် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား (၈) ယောက်ကို နာမည်ကျော်စစ်ခွေးတိုက်တွင် တိုက်ပိတ်လိုက်ပါသည်။ စစ်ခွေးတိုက် (၁) ခန်းတွင် ဒေါက်တာမြင့်နိုင် (ကန့်ဘလူလွှတ်တော်ကိုယ်စားလှယ်)၊ (၂) ခန်းတွင် စာရေးသူ၊ (၃) ခန်းတွင် ဒေါက်တာဇော်မြင့်မောင် (အမရပူရ လွှတ်တော်ကိုယ်စားလှယ်)၊ (၄) ခန်းတွင် မျိုးမြင့်ညိမ်း၊ (၅) ခန်းတွင် ဒေါက်တာ ခင်ဇော်ဝင်း၊ (၇) ခန်းတွင် ဦးနိုင်းနိုင်း (ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်)၊ အခန်း (၈) တွင် ဦးထွန်းဝင်း (မင်းဗျားစီးနင်းတိုက်ခိုက်မှု) နှင့် အခန်း (၁၀) တွင် ဆရာဦးဝင်းတင် ဖြစ်ပါသည်။ စစ်ခွေးတိုက်တခုလုံးတွင် ကျနော်တို့ (၈) ယောက်သာ ရှိပါသည်။
သံမံတလင်းပေါ်တွင် အိပ်ကြရပြီး သောက်ရေအိုးနှင့်တကွ မည်သည့်အသုံးအဆောင်မျှမပေးပါ။ အဆိုးဆုံးကိစ္စမှာ အိမ်သာသွားရန် ဘာမှစီစဉ်မပေးခြင်းဖြစ်သည်။ သီတင်းတပတ်မျှလည်း ရေချိုးခွင့်မပေးပဲ ထားခဲ့သည်။ ကျနော်တို့ က ကိုယ့်အတွက်ထက် ဆရာဦးဝင်းတင်အတွက် ပို၍စိုးရိမ်ခဲ့ကြသည်။ ဆရာသည် ထိုစဉ်က အူကျဝေဒနာ ခွဲစိပ်ကုသမှုခံယူထားရသည်မှာ မကြာ သေး။ ထို့ကြာင့် ဤမျှဆိုးရွားလှသော ညှဉ်းပမ်းနှိပ်စက်မှုဒဏ်ကြောင့် ဆရာ့ကျန်းမာရေး ပိုမို ဆိုးရွားသွားမည်ကို အားလုံးက စိုးရိမ်ခဲ့ကြသည်။ သို့သော် ဆရာကား အပြုံးမပျက်၊ အခြား သူများကိုပင် စိတ်ဓာတ်မကျရန် အားပေးနေခဲ့သည်။၁၉၉၆ မတ်လ (၁၂) ရက်နေ့ တွင် ဆရာ့ (၆၆) နှစ်မြောက် မွေးနေ့ ပွဲကို ထိုစစ်ခွေးတိုက်မှာပင် ကျနော်တို့ ဆင်နွှဲခဲ့ကြသည်။ ကျနော်တို့အားလုံးက သီချင်းဖြင့်လည်းကောင်း၊ ကဗျာဖြင့် လည်းကောင်း၊ ဆရာ့မွေးနေ့ကို ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်။ ဆရာကလည်း သူ့ဘဝဖြတ်သန်းမှု အတွေ့အကြုံ အချို့ကို ပြန်ပြောင်းပြောပြခဲ့သည်။
ဆရာက လူ့ ဘဝဆိုသည်မှာ “စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း” ဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ရင်မဆိုင် လို၍ ထွက်ပြေးပါက ဘဝအရှုံးသမားအဖြစ် နိဂုံးချုပ်ရရုံသာရှိကြောင်း၊ ထို့ကြောင့် စိန်ခေါ်မှု မှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းသည် အောင်မြင်ခြင်း၏ အကြောင်းဖြစ်သည်ဟု ကျနော်တို့ကို အားတက်ဖွယ်ရာစကားများ ပြောကြားခဲ့သည်။စစ်ခွေးတိုက်တွင် ဆရာနှင့်အတူနေရစဉ်က “မြန်မာပြည်မှာ နိုင်ငံရေးလုပ်တော့မယ်ဆို ကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတရေးအတွက် ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာ လောက်တော့ စံနမူနာပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်စွဲကိုင် ချီတက်ကြမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်လွှမ်းမိုးရေးဒဿနကို အမြစ်ကလှန်နိုင်ဖို့  ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်။” ဟု ဆရာပြောခဲ့သော စကားရပ်ကို ယခုပြန်လည်စဉ်းစားကြည့်သောအခါ ဆရာကိုယ်တိုင်က စိန်ခေါ်မှုများအတွက် အသင့်ပြင်ဆင် ထားပုံကို တွေ့ ရတယ်။ ဆရာဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေကို သိနေသူများက ဤမျှလောက်အထိ ဆရာ ကြံ့ကြံ့ ခံနိုင်ပါ့မလားဟု စိုးရိမ်နေကြသော်လည်း ဆရာက သူ့ တွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်း ရှိသေးကြောင်း၊ မျိုးဆက်သစ်တို့ကို လမ်းပြလျက်ရှိနေဆဲပင်ဖြစ်သည်။ လွန်ခဲ့သော မတ်လတွင် အသက် (၇၈) နှစ်ပြည့်၍ (၇၉) နှစ်တာခရီးကို စတင်နေသူ ဆရာဦးဝင်းတင်သည် အကျဉ်းထောင် အတွင်းရှိ တိုက်ခန်းကျဉ်းကျဉ်းကလေးထဲ၌ အထီးကျန်ဘဝကို ဖြတ်သန်းရင်း စစ်အာဏရှင်တို့  စိန်ခေါ်မှုကို ရင်ဆိုင်အံတုနိုင်ဆဲ ရှိပေသည်။မျိုးဆက်သစ်တို့ အနေဖြင့် “ဆရာဦးဝင်းတင်” ကို အားကျအတုယူရင်း “မြန်မာ့ဒုတိယ လွတ်လပ် ရေးတိုက်ပွဲ” အတွက် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်အံတုရန် ပြင်ဆင်ကြရ ပေဦးမည်။ စစ်အာဏာရှင်စနစ်၏ စိန်ခေါ်မှုအသစ်တို့ကို ရင်ဆိုင်အနိုင်ယူဖို့ ပြင်ဆင်ကြရပေဦးမည်။ “အာဏာရှင်ကို ပလ္လင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။” ဆိုသော ဆရာ့စကားမှာ “အမြင့်ဆုံးသော စိန်ခေါ် မှုကြီး” ကိုရင်ဆိုင်ရန် ဆရာ့အနေနှင့် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်ကို သိမြင်နိုင်သည်။
ထို့ ပြင်ဆရာ၏ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ ရမယ်” ဆိုသည့် အားပေး စကားမှာလည်း မျိုးဆက်သစ်တို့အတွက် ရည်ရွယ်ပုံရပေသည်။ “အောင်မြင်မှု” မည်သည် “စိန်ခေါ် မှုများကို ကျော်လွှားနိုင်သူ” တို့အတွက် ဖြစ်ပေသည်။ ။


ဇင်လင်း

7.02.2008

ဒီကေဘီအေနှင့်နအဖ ပူးပေါင်းတပ်များ ကေအန်ယူနယ်မြေမှ ပြန်လည်ဆုတ်ခွာ

၂ ဇူလိုင် ၂၀၀၈
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) တည်ရှိရာ ဝေါ်လေခီး ဒေသအား တနင်္လာနေ့ နံနက် (၄) နာရီက ဒီကေဘီအေနှင့် နအဖ ပူးပေါင်းအဖွဲ့မှ နယ်မြေသိမ်း ပိုက်နိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ည (၉) နာရီခန့်က ပြန်လည်ဆုတ်ခွာသွားသည်။
ဒီကေဘီအေ တပ်ရင်း (၉၀၇) မှ တပ်ဖွဲ့ဝင် (၃၀) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) မှ တပ်ဖွဲ့ဝင် (၈၀) တို့က ဝေါ်လေခီးဒေသအား လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း နအဖစစ်သည် (၂) ဦးနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးသည်။ ကေအန်ယူဘက်မှ (၁) ဦးကျဆုံးကာ (၂) ဦး လက်ရဖမ်းဆီးခံရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက ပြောသည်။
၎င်းက “မနေ့ည (၉) နာရီမှာ သူတို့ ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ကိုယ့်နယ်မြေကို ပြန်ထိန်း ချုပ်လို့ရသွားပြီ။ အခု နေရာရှင်းလင်းနေတယ်။ နအဖစစ်သားအလောင်း (၂) လောင်းနဲ့ ဒီကေ ဘီအေ (၁) လောင်း ကျန်ခဲ့တယ်။ သူတို့ဆုတ်သွားပေမယ့် မိုင်းတွေ အများကြီးထောင်သွားတယ်။ အဲဒါတွေကို လိုက်ရှင်းလင်းနေတုန်းပဲ။ အဖမ်းခံရတဲ့ ရဲဘော် (၂) ယောက်ကိုလည်း ရန်သူ့လက် ကနေ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ပြောသည်။
ဒီကေဘီအေ တပ်ရင်း (၉၀၇) အဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ တပ်ရင်းတာဝန်ရှိသူတဦးက ယခု ဖြစ်ပွားသည့်တိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အခြေအနေကို ပြောကြားရန် ငြင်းဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။

မြန်မာနိုင်ငံအရေးကုလသမဂ္ဂဖိအားပေးမည်


02 July 2008
တိုကျို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။
ဇူလိုင် ၁၊ ၂၀၀၈။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) က မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်ကောင်းမွန်လာအောင်လုပ်ဆောင်မယ်လို့ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့ကကတိပေး ပြောကြားလိုက်ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံဒေါက်တာသောင်းထွန်းကတော့ မြန်မာနိုင်ငံဒီမိုကရေစီရေး တိုးတက်စေဖို့ လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂဘက်က လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာ အပြည့်အ၀ ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံအရေးဆောင်ရွက်မှုတွေကိုတော့ သူက ချီးကျူးလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဂျပန်နိုင်ငံမှာရောက်နေတုန်း အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။ သူက မြန်မာနိုင်ငံဒီမိုကရေစီရေး တိုးတက်လာအောင် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာကကူညီသူတွေ လက်လှမ်းမမီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး အကူအညီတွေလက်ခံဖို့ စစ်ခေါင်းဆောင်တွေကို နားချခဲ့တဲ့ မစ္စတာဘန်ကီမွန်းကမြန်မာနိုင်ငံသားတွေအတွက် စစ်မှန်တဲ့ လွတ်လပ်ရေးရစေဖို့ မြန်မာနိုင်ငံကို ဖိအားပေးမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တဲ့အကြောင်း ဂျပန်ကလာတဲ့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။
အင်္ဂါနေ့ ကုလသမဂ္ဂရုံး သတင်းစာရှင်းလင်းပွဲမှာတော့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရမစ်ရှဲလ် မွန်းတပ်စ် (Michelle Montas) က အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အခုထက်ပိုပြီးလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲလာအောင် အခုထက်ပိုပြီးဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် နာဂစ်ဆိုင်ကလုံးဒဏ် ခံရသူတွေထဲက အကူအညီ တကယ်တမ်းလိုအပ်နေသူတွေအတွက် ကယ်ဆယ်ကူညီရေးပစ္စည်းတွေပေးပို့တဲ့နေရာမှာတော့ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ သူအသိအမှတ်ပြုပါတယ်” လို့ မစ္စမွန်းတပ်စ်က ပြောသွားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြင်ပကမ္ဘာကို ကြည့်တဲ့အခါ သံသယမျက်လုံးတွေနဲ့ကြည့်တတ်တာမို့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ပြီး လူပေါင်း သိန်းနဲ့ချီသေဆုံး၊ ပျောက်ဆုံးနေတာတောင် နိုင်ငံတကာကပေးအပ်တဲ့ အကူအညီတွေကိုလက်မခံရဲဘဲ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အဖြစ်မျိုးကို ရောက်ခဲ့ရတာပါ။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက လိုအပ်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူစကားပြောဆိုတဲ့ကိစ္စတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင်ဆောင်ရွက်မယ်လို့ ဂျပန်နိုင်ငံ တိုကျိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာစစ်အစိုးရဘက်က မုန်တိုင်းဒဏ် ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေကိုနှောင့်နှေးအောင် လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်းဆောင်ရွက်ခဲ့တာမို့ ဒါဟာ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်နေတဲ့ တိုးတက်မှုတခုပဲလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရသာကို ပျော်ပျော်ရွှင်ရွှင်ကြီး ခံစားရအောင် ကူညီဖို့အတွက် သူ အပြင်းအထန် ဆောင်ရွက်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့က ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ ကုလသမဂ္ဂဟာ သူလုပ်နိုင်တဲ့အတိုင်းအတာကို အပြည့်အ၀ မလုပ်သေးဘူးလို့ ထောက်ပြပါတယ်။
“နအဖရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ယူအန်ရဲ့သဘောထားကို မစ္စတာဘန်ကီမွန်းအနေနဲ့ ပြတ်ပြတ်သားသားပြောတာ မရှိသေးဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ကျနော်တို့တွေ့ရတာက ဇင်ဘာဘွေကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဟာ နိုင်ငံတကာထုံးစံတွေနဲ့ မညီဘူး၊ အတိုက်အခံတွေကို ဖမ်းတာဆီးတာ၊ သတ်တာဖြတ်တာတွေရှိတယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲရလဒ်က တရားမ၀င်ဘူးဆိုတဲ့ သဘောမျိုးတွေ ဘန်ကီမွန်းပြောတာ တွေ့ရတယ်။
“ဇင်ဘာဘွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီလို တရားမ၀င်ဘူးဆိုပြီးပြောရင် မြန်မာပြည်ရဲ့ ဆန္ဒခံယူပွဲဟာလည်း နအဖဘက်က ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လိမ်ညာမှုတွေ၊ ဥပဒေကြောင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီတာတွေရှိတယ်။ ဒါကြောင့် နအဖရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံကို ဒါဟာ တရားမ၀င်ဘူးဆိုတဲ့အပိုင်းပြောဖို့ကျနော်တို့ ချဉ်းကပ်ပြီး တိုက်တွန်းနေတာတွေ ရှိပါတယ်။
“ဆန္ဒခံယူပွဲလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့တော့ ယူအန်ရဲ့သဘောထား ပြတ်ပြတ်သားသားပေးဖို့ လိုလိမ့်မယ်။ နအဖရဲ့ လမ်းပြမြေပုံဆိုတာ ဆန္ဒခံယူပွဲမှာ အခုလိုမတရားမှုတွေ လုပ်သွားပြီးနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘာမှမျှော်လင့်စရာ မရှိတော့ဘူး။ ဆိုလိုတာက နအဖရဲ့ လမ်းပြမြေပုံဟာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့လုပ်ငန်းစဉ်တရပ် မဟုတ်တော့ဘူး။ ဒါကိုတော့ ယူအန်ဘက်က ပြတ်ပြတ်သားသားပြောဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။”
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂ တာဝန်ခံဒေါက်တာသောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။

7.01.2008

ရန်ကုန် လှိုင်သာယာ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ပွား


01 July 2008

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပေမယ့် သေကျေတာတော့ မရှိဘူးလို့ သိရပါတယ်။ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ လူမှုရေးအသင်းအဖွဲ့တခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ဖြစ်ပွားခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့အဆောက်အဦးမှာ ပျက်စီးမှုတချို့ ဖြစ်သွားခဲ့ပေမယ့် လူတွေထိခိုက်တာ၊ သေကျေတာမျိုးတော့ မကြားရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အာဏာပိုင်တွေရောက်ရှိလာပြီး လုံခြုံရေးအစောင့်အကြပ်တွေ ချထားတယ်လို့လည်း သိရပါတယ်။ဒီမနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်သွားတဲ့ မျက်မြင်သက်သေတယောက် ပြောပြတာကတော့ …
“ရွှေပြည်သာ ၆/၉ ရပ်ကွက်၊ ၁၃ လမ်းမှာရှိတဲ့ မြို့နယ်မဲကော်မရှင်ရဲ့ မျက်စောင်းထိုးကကြံ့ခိုင်ရေးရုံးမှာ၊ ပေါက်တဲ့အချိန်က ၆ နာရီခွဲလောက်ရှိမယ်။ အောက်ထပ်မှာပေါက်တာ။ ပျက်စီးမှုတော့များတယ်။ လူသေတာတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့အဲဒီအချိန်မှာ လူတွေက သူတို့ရှေ့မှာ ကားတိုက်မှုတခုဖြစ်လို့ အကုန် ထွက်ကြည့်နေကြတယ်။ အဲဒီအချိန် အထဲမှာ ပေါက်သွားတာပါ။ လက်ရှိအခြေအနေကတော့ လုံခြုံရေးတွေ အရမ်းတင်းကျပ်ထားတယ်။ အခုတော့ အဲဒီဘက် သွားလို့မရတော့ဘူး။”
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကို ရောက်သွားခဲ့တဲ့ ရန်ကုန်မြို့က မျက်မြင်သက်သေတယောက် ဖြစ်ပါတယ်။ အခုပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာဟာ မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် နာယကအဖြစ် ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ရုံးခွဲတခုလည်း ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ်တုန်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ အကြမ်းဖက်တိုက်ခိုက်စဉ်က ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးသလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို နှောင့်ယှက်ဟန့်တားမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေတာကြောင့် မနှစ်မြို့သူတွေကလည်း ရှိနေတာပါ။
ဒါပေမယ့်လို့ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ တစုံတယောက်က ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ဘယ်သူကမှလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ ရွှေပြည်သာမြို့ခံ ရဲတပ်ဖွဲ့ကို မေးကြည့်တဲ့အခါမှာလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါလို့ ဆိုပါတယ်။
“ဗုံးပေါက်တာတော့ သိတယ်ခင်ဗျ။ သတင်းအစအန အကုန်လုံးတော့ မသိသေးပါဘူး။အသံပဲထွက်တာပါ။ တိုင်းအဖွဲ့အစည်း ဆင်းပြီး စစ်ဆေးနေပါတယ်။ တည်ငြိမ်နေပါတယ်၊ ဘာမှမဖြစ်ပါဘူး။”ဒေသခံရဲတပ်ဖွဲ့က ဖြေကြားသွားခဲ့တာပါ။
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးတာကတော့ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းကပါ။ အဲဒီတုန်းကတော့ ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးပေါ်မှာပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်သေကျေတာမျိုးတော့ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်တဲ့အခါတွေမှာအတိုက်အခံ အင်အားစုတွေရဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် စွပ်စွဲလေ့ရှိပေမယ့်လည်းဒါတွေဟာ အများအားဖြင့် အထောက်အထား ခိုင်လုံမှုမရှိဘူးဆိုပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။

ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်တို့ တိုက်ပွဲအပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်ဆဲ


ဇူလိုင် ၂၀၀၈
ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်သဖြင့် ဖဒိရွာထိပ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ထိုင်းရွာသားများ
ယမန်နေ့နံနက်က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ဒီကေဘီအေ-မြန်မာစစ်တပ် ပူးတွဲအဖွဲ့ ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးဘဲ ယနေ့ဆက်လက် ဖြစ်ပွားရာ မိုးထဲရေထဲတွင် တဖက်နှင့်တဖက် အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လျက်ရှိသည်။
ဒီကေဘီအေ-မြန်မာစစ်တပ်ပူးတွဲအဖွဲ့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူး တပ်ရင်း (၂၀၁) စခန်း တည်ရှိရာ ဝေါ်လေခီးဒေသအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ထိုင်းနိုင်ငံတွင်းသို့ ယနေ့နေ့လယ်က လက်နက်ကြီးကျည် (၃) လုံး ကျရောက်ခဲ့သည်။
ဝေါ်လေခီးဒေသ ထိုင်းဘက်ခြမ်းရှိ ဖဒိရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် ထိုင်းရွာ သား (၂၀၀) ခန့်မှာ ဘေးလွတ်ရာသို့ထွက်ပြေးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရပြီး ကျေးရွာစာသင်ကျောင်းကို ပိတ်ထားရသည်။
တိုက်ပွဲအခြေအနေကို ဖိစနို့လို့ခရိုင် နရေစွမ်တပ်မမှူး ဗိုလ်ချုပ်ဆူရတ်ချစ်ကာဒီ၊ မဲဆောက်အခြေ စိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဖွန်စို့နှင့် တပ်ဖွဲ့ဝင်များ အနီးကပ်လာရောက်စစ်ဆေးခဲ့ကြသည်။
ယနေ့နံနက်မှစတင်ကာ အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နယ်စပ်မျဉ်းအနီး မည်သူ့ကိုမှ သွားလာခွင့် မပြုဘဲ စစ်ဆေးရေးဂိတ် (၃) ဆင့် ချထားကာ ထိုင်းနယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ် လုံခြုံရေးကို တိုးမြှင့်ချထားသည်။
တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသအား သိမ်းဆည်းနိုင်ရေးအတွက် ဒီကေဘီအေနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် (၁၅) မိနစ်တကြိမ်ခန့် ပစ်ခတ် လျက်ရှိသည်ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက “မိုးထဲ ရေထဲမှာ တိုက်ပွဲကတော့ ပြင်းထန်တယ်။ သူတို့က ဒီနယ်မြေကို လိုချင်သလို ကျနော်တို့ကလည်း ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံးပြုပြီးတော့ ကာကွယ်တိုက်ထုတ်နေပါတယ်။ ရှေ့ဆက် တိုက်ပွဲက ဒီထက်ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်” ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) တပ်စခန်းတည်ရှိရာ ဝေါ်လေခီး ဒေသအား ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့နံနက် (၄) နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည် (၂) ဦး လက်ရ ဖမ်းဆီးခြင်းခံရကာ (၁) ဦး ကျဆုံးခဲ့ပြီး ယနေ့တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးကို မသိရသေးပေ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိပြီး ထိုင်းဘက် ခြမ်းတွင် ဖဒိ ထိုင်းကျေးရွာတည်ရှိသည်။ ။

6.30.2008

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ မဲဆောက်UNရုံးရှေ့ဆန္ဒပြ



၃၀ ဇွန် ၂၀၀၈
မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။
ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။
ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။
မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။
မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။
မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။ ။

မြန်မာ့အရေး ဆောင်ရွက်ရန် ဥရောပ ပါလီမန် အမတ်များ ဖွဲ့စည်း

30 June 2008
မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေ အတွက် ပိုမိုအလေးပေးဆောင်ရွက်နိုင်ဘို့အတွက် မြန်မာ့အရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ European Parliamentary Caucus on Burma (EPCB) ကို ဖွဲ့စည်းခဲ့ပါတယ်။
ဥရောပ နိုင်ငံ (၈) နိုင်ငံက ပါလီမန်အမတ်များနဲ့ ဇွန်လ (၁၉) ရက် နေ့က ဖွဲ့စည်းခဲ့တာပါ၊ အခုလိုEPCB ဖွဲ့စည်းခဲ့မှုနဲ့ ပတ်သက်လို့ ဘဲလ်ဂျီယံ နိုင်ငံအခြေစိုက် ဥရောပမြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး ဦးဟန်ညောင်ဝေက အခုလို ပြောဆိုပါတယ်။
"ဘာကြောင့် ဒီအဖွဲ့ဖွဲ့လိုက်တာလဲဆိုတော့ အရင်တုန်းကဆိုရင် အဖွဲ့မရှိဘူး။ အရေးပေါ်တဲ့အချိန်မှာ တယောက်နဲ့ တယောက်လိုက်ညှိရတယ်ဆိုတော့ အချိန် နည်းနည်းကြာတယ်။ ဆုံးဖြတ်ချက်တွေချဖို့အတွက်။ အခုလိုမျိုး သူတို့ကလည်း အာစီယံက AIPMCအဖွဲ့ပုံစံလိုမျိုး ဥရောပ သမဂ္ဂမှာရှိတဲ့ ပါလီမာန်အမတ်တွေ တစုတစည်းထဲဖြစ်အောင် ဒီမှာ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တာပဲဖြစ်တယ်။ ကျွန်တော်ထင်တာက အရင်ကထက်ပိုပြီးတော့ အားရှိမယ်။ ဘာကြောင့်လည်း ဆိုရင် အဖွဲ့အစည်းရှိတော့ ပြည်ထောင်စု မြန်မာနိုင်ငံအကြောင်းကို တချိန်လုံး စောင့်ကြည့်မယ်။ လိုက်ပြီးတော့ သတင်းတွေ စုစည်းမယ်။ ပြဿနာ ပေါ်လာရင်လည်း သူတို့က ချက်ခြင်းတုန့်ပြန်နိုင်တယ်။ အရင်ထက်ကထက် ပိုမြန်မယ်ဆိုရင်လည်း ဒီလောက်ပါပဲ။ သာမန်အနေနဲ့ကတော့ ပေါ်လစီချလို့မရဘူး။ လူထုရဲ့ ဆန္ဒကို အစိုးရသိအောင် သူတို့ လုပ်ပေးနိုင်တယ်။ အစိုးရကလည်း သူတို့ရဲ့ လူထုဆန္ဒကို မဆန့်ကျင် ချင်ဘူးဆိုရင် ပါလီမန်ပြောတဲ့အတိုင်း သူတို့ လိုက်လုပ်မှာပဲ။ ဒါပေမယ့် ဥပဒေအရတော့ မဟုတ်ဘူးပေါ့။ ဒီမိုကရေစီ စနစ်အရ လူထုရဲ့ ဆန္ဒကို နားထောင်ရမယ်ဆိုတော့ အစိုးရတွေကတော့ နားထောင်မှာဖြစ်ပါတယ်။"
ဒီလို မြန်မာနိုင်ငံအရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ ကို AIPMC မြန်မာ့အရေး အာဆီယံပါလီမန် အမတ်များ အဖွဲ့ကလည်း ကြိုဆိုလိုက်ပြီး၊ မြန်မာ့အရေးအတွက် EPCB နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိရောက်တဲ့ လုပ်ဆောင် ချက်တွေကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ AIPMC အမှုဆောင် ညွန်ကြား ရေးမှုး Roshan Jason က ပြောဆိုပါတယ်။ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ မြန်မာ့ရေး ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ဟာ အာဆီယံ အမတ် များ အဖွဲ့ AIPMC ထက်တော့ မြန်မာ့အရေးကို ပိုမိုလုပ်ဆောင်သွားနိုင်မယ်လို့လဲ ဦးဟန်ညောင်ဝေ က ပြောဆိုပါတယ်။
"AIPMCထက်တော့ ပိုလုပ်နိုင်မယ်။ ဘာကြောင့်လည်းဆိုရင် အာစီယံနိုင်ငံတွေ အကုန်လုံးက ဒီမိုကရေစီ အစိုးရတွေ မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂထဲမှာက ဒီမိုကရေစီနိုင်ငံတွေဖြစ်ပါတယ်။ ၂၇နိုင်ငံ။ ဆိုတော့ လူထုရဲ့ ဆန္ဒကို သူတို့က ဆုံးဖြတ်ချက်တွေ ထုတ်ပြမယ်။ လူထုဘယ်လို မြင်သလဲဆိုတာကို အစိုးရတွေက လိုက်နာရမှာပဲဖြစ်ပါတယ်။"
EPCB အနေနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်ဘို့ အတွက် ဥရောပနိုင်ငံ အစိုးရတွေနဲ့ ဥရောပ သမဂ္ဂ တို့ကို ဖိအားပေးယုံမက တခြားနိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တို့ကိုပါ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တိုက် တွန်း ပြောဆိုမှုတွေကို အဓိက လုပ်ငန်းစဉ်တွေအဖြစ်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

“အနှစ်နှစ်ဆယ်မှသည်”





အနှစ်နှစ်ဆယ်ဆီသို့
“အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည်ကိုယ့်
ကိုယ်ပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ရောက်နေသည်ကိုတွေ့ရလေသည်။”

အထက်ပါစာပိုဒ်မှာဗိုလ်မှုးချစ်ကောင်းရေးခဲ့သည့်အနှစ်နှစ်ဆယ်စာအုပ်၏အဖွင့်စာပိုဒ်ပင်

ဖြစ်ပါသည်။၁၉၈၈ခုနှစ်လူထုအုံကြွမှုကြီးမှစခဲ့သောစစ်အာဏာရှင်ဆန့်ကျင်ရေ;

ှင့်ဒီမိုကရေစီရရှိရေးလှုပ်ရှားမှု၏ကာလသည်လည်းလာမည့်ဩဂုတ်လ (၈)ရက်နေ့တွင်အနှစ်နှစ်ဆယ်တင်းတင်းပြည့်တော့မည်ဖြစ်ပါသည်။

အနှစ်နှစ်ဆယ်ကြာတိုက်ပွဲခရီးရှည်ကြီးထဲမှာကျဆုံးသူတွေလဲကျဆုံးကုန်ကြရပါ

ပြီ။ကိုဖုန်းမော်တို့လိုသမိုင်းဝင်ခဲ့သူတွေရှိသလို၊နအဖမီးသဂြိုလ်စက်တွေထဲမှာ လူမသိသူမသိပြာကျခဲ့ရသူတွေ၊တောတောင်တွေထဲမှာတိုက်ပွဲဖြစ်ရင်းငှက်ဖျား

နှိပ်စက်ရင်းဖြင့်ခေါင်းချခဲ့ရသူတေ၊ွနအဖရဲ့စစ်အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းမှုတွေကိုအံတုကြံ့ကြံ့ခံရင်းကျဆုံးခဲ့ရသူတွေအခုတိုင်အကျဉ်း

ထောင်များထဲတွင်ဒူးထောက်အညံ့မခံပဲဆက်လက်တိုက်ပွဲဝင်နေသူတွေရှိေ

သလိုအချို့လဲလူသားချင်းစာနာတဲ့ကမ္ဘာ့နိုင်ငံအနှံ့အပြားကိုရောက်ရှိနေကြ

ပြီးအချို့ကလည်းနယ်စပ်ဒေသတွေမှာပဲအားခဲလို့ရပ်တည်ရုန်းကန်နေကြဆဲတိုက်ပွဲဝင်နေကြဆဲပင်၊ပြည်တွင်းရှိရဲဘော်များကလည်းဟိုပုန်းဒီခိုနဲ့အလံမလှဲစတမ်း

တိုက်ပွဲဝင်နေကြဆဲပင်။ထိုအင်အားစုများကြောင့်လဲဒီမိုကရေစီတိုက်ပွဲရဲ့အရှိန်အဟုန်ဟာအဆက်မပြတ်ဆက်လက်ဖြစ်ပေါ်နေတယ်လို့လဲဆိုနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်သည်ပင် နှစ်နှစ်ဆယ်အတွင်း ဘဝပေါင်းစုံကျင်လည်ရင်းမှ
Migrant ကျောင်းလေးတခုမှာ အနာဂတ်ရဲ့မျိုးဆက်သစ်လူငယ်တွေကို ပညာသင်ပေးရင်း

ဘဝကိုရုန်းကန်နေရဆဲပါ။နေ့စဉ်နံနက်ကျောင်းတက်ချိန်တိုင်းကျောင်းရှေ့အလံတိုင်မှာ

ထိုင်းအလံကိုတင်၊ထိုင်းနိုင်ငံတော်သီချင်းကိုသီဆိုနေကြရတဲ့ခလေးငယ်တွေကိုကြည့်ရင်း

ပင်“ဩော်ဘယ်တော့များမှငါတို့ခလေးတွေကိုယ့်အမိမြေပေါ်မှာခြေချလို့အမိနိုင်ငံတော်

အလံကိုအလေးပြုခွင့်ရကြမှာလဲ”လို့တွေးရင်းအမြဲကြေကွဲခဲ့ရပါတယ်။တကယ်တွေးကြည့်

တော့လဲဒီကလေးတွေကမှအေးချမ်းစွာပညာသင်ခွင့်ရနေပါသေးတယ်။

နာဂစ်မုန်တိုင်းကြောင့်ကျောင်းပါပျောက်ခဲ့ရတဲ့ကလေးတွေ၊မတရားကြီးမြင့်နေတဲ့ကုန်

ဈေးနှူန်းနဲ့အလှူငွေအမျိုးမျိုးတွေကြောင့်ကျောင်းတောင်မတက်နိုင်တော့တဲ့က

လေးတွေကပြည်တွင်းမှာအများကြီးပါ်။ဒီလိုဘဝတွေမပြီှးဆုံးနိုင်သေးတဲ့တာ

ဝန်တွေနဲ့အတူကျွန်တော်တို့(၈၈)မျိုးဆက်ကျောင်းသားတွေဟာလည်းအသက်လေးဆယ်တန်းတွေရောက်လာခဲ့လို့နောက်မျိုးဆက်ကျောင်းသားလူငယ်တွေက မပြီးသေးတဲ့တာဝန်တွေကိုဆက်လက်ယူနေကြရပါပြီ ။

ကျွန်တော်တို့တွေဘယ်အထိခရီးပေါက်ခဲ့ပါပြီလဲ?
အမြင်မှာတော့တပြည်လုံးမှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒ ပြမှုတွေဖြစ်လို့တကမ္ဘာလုံးက ဝိုင်းဝန်းကန့်ကွက်ရှုံ့ချကြလို့နအဖဟာအကျဉ်းအကျပ်မျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့

ဆိုနိုင်ပါတယ်။တနည်းပြောရရင်အခြေစိုက်စခန်းတွေကိုတခုပြီးတခုလက်လွတ်ရပြီး

နောက်ဆုံးခံကတုတ်ကနေ မီးကုန်ယမ်းကုန်ခုခံနေရတဲ့ပုံပါပဲ။

တကယ်ကော ကျွန်တော်တို့ အနိုင်ရနေတယ်လို့ယူဆနိုင်ပါသလား ?

အဆင့်ဆင့်အလျော့ပေးလာခဲ့တယ်လို့ယူဆတယ်ဆိုရင်နအဖရဲ့ရိုးဖြောင့်တဲ့

လိုက်လျောမှုတခုလေမျုား တွေ့ကြပါသလား၊ ၁၉၈၈ ခုနှစ်စက်တင်ဘာလ

အာဏာသိမ်းပြီးတဲ့အချိန်က နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးမယ် ရွေးကောက်ပွဲ

လုပ်ပေးမယ်၊အနိုင်ရမယ့်လူကိုအာဏာလွှဲပေးပြီးစစ်တပ်ဟာစစ်တန်းလျားပြန်ရုံ

ပဲလို့ဦးစောမောင်ပြောခဲ့တာကိုမှတ်မိကြဦးမှာပါ။

တကယ်တန်းကျတော့ရှိသမျှနိုင်ငံရေးပါတီတွေကိုအမျိုးမျိုးသပ်ရှိုဖြိုခွဲ၊နိုင်ငံရေးပါတီ

တွေရဲ့အရေးပါတဲ့ခေါင်းဆောင်တွေကိုဖမ်းပြီးမှရွေးကောက်ပွဲကျင်းပပေးခဲ့တာပါ။ချည်ပြီးတုတ်ပြီးအပိုင်တွက်ထားတဲ့ရွေးကောက်ပွဲမှာပြည်သူလူထုတ

ရပ်လုံးက NLDကိုတခဲနက်ထောက်ခံလိုက်တဲ့အခါကျမှပြူးတူးပြဲတဲဖြစ်ပြီး

ဦးစောမောင်ကိုဖြုတ်ချလို့ဦးသန်းရွှေနဲ့အစားထိုးတာပါ။

တနည်းဆိုရင်ဦးစောမောင်ပြောချင်တာပြောခဲ့တာတွေဟာနောက်လူတွေတာဝန်ခံမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ကိုယ်ပြောတဲ့စကားတောင်ကိုယ်တာဝန်မယူနိုင်တဲ့လူတွေကသူတို့ကိုသူတို့အစိုးရလို့ဆိုချင်ကြပါသေးတယ်။နောက်တခါ

ROAD MAP(၇)ချက်ဆိုတာကိုဦးခင်ညွန့်ကရေးဆွဲပြီးအမျိုးသားညီလာခံကို ကျင်းပလို့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကြပြန်ပါတယ်။ ရပ်လိုက် သွားလိုက်နဲ့ အချိန်ဆွဲလုပ်လာတဲ့အဲဒီညီလာခံတောင်မပြီးသေးဘူးအချင်းချင်း စားခွက်လုရင်း ဦးခင်ညွန့်ပြုတ်သွားပြန်ပါတယ်။သူလုပ်ခဲ့တာတွေအားလုံးထဲကသူတို့အကျိုးရှိနိုင်တဲ့ဟာတွေကလွဲရင်ကျန်တာတွေအားလုံးလှစ်လျှူရှုလိုက်ပြန်ပါတယ်။

အမျိုးသားညီလာခံကို (၁၅) နှစ်ကြာကျင်းပပြုလုပ် အားရအောင် အချိန်ဆွဲပြီးမှသူတို့

အလိုကျရေးဆွဲထားတဲ့အခြေခံဥပဒေကိုအတည်ပြုဖို့ရွေးကောက်ပွဲလုပ်ဖို့ဆိုပြီး

ကြေငြာချက်တွေထုတ်ပြန်တဲ့အခါအဲဒါဟာကောင်းတဲ့ဘက်ကိုရှေ့ရှုတဲ့အပြောင်းအလဲ

လို့ဘယ်လိုမှယူဆစရာမရှိပါဘူး။
(၁) ရွေးကောက်ပွဲလုပ်ခဲ့တယ် “၁၉၈၈ မှ ၁၉၉၀ အထိ ”
(၂) အခြေခံဥပဒေရေးဆွဲ “ ၁၉၉၂ မှ ၂၀၀၇ အထိ” ပြီးမှ
(၃) လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲ “၂၀၀၇ မှ ၂၀၁၀ အထိ”ဆိုပြီး
န အ ဖ ကတော့ ၂၀၁၀ အထိအချိန်ဆွဲဖို့အဆင်သင့်ပြင်ထားပြီးပါပြီ ။

၂၀၁၀ရွေးကောက်ပွဲပြီးရင်ရော ဘာဖြစ်လာမှာပါလဲ ? အခုလူတွေထဲကအချို့ကို
ယူနီဖောင်းချွတ် ပြီးလွှတ်တော်တက်ခိုင်း၊ နောက်က ကာကွယ်ရေးဦးစီးချုပ်က
လိုသလို ကြိုးဆွဲသွားမယ့် စစ်အာဏာရှင်အလိုကျ အစိုးရကိုပဲ ကျွန်တော်တို့ရကြမှာပါ။
ကုလားကြီးနဲ့ အရာကြီး အခေါ်ဝေါ်သာပြောင်းသွားမယ် ဒါကဒါပါဘဲ ။

ကျွန်တော်တို့ဖက်က လက်ရှိအခြေအနေကရောဘယ်လိုပါလဲ ?

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ၊ အပါအဝင် NLD ခေါင်းဆောင်တွေ၊ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုမင်းဇေယျာစတဲ့

ကျောင်းသားခေါင်းဆောင်တွေ၊အရှင်ဂမ္မီရတို့လို သံဃာတော်တွေ ၊လူမျိုးစုခေါင်းဆောင်တွေ၊ဒီမိုကရေစီလှုပ်ရှားတက်ကြွသူတွေ အားလုံး ဖမ်းဆီးချုပ်နှောင်ခံနေရဆဲပါ။ ဥပဒေမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ် တနှစ်သက်တမ်းတိုးလိုက်ပြန်ပါပြီ
ဘာများတုံ့ပြန်နိုင်ပါသလဲ?

ဒီပဲယင်းမှာ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့သူတွေ ၊ လူမိုက် မွေးပြီး
ရိုက်သတ်ခံရတဲ့ရဲဘော်တွေ ၊ ထောင်ထဲမှာမတရားနှိပ်စက်ခံရရင်း လက်လွန်သေဆုံးသွားသူတွေ ၊ အခုပြီးခဲ့တဲ့စက်တင်ဘာမှာ ရိုက်နှက် သတ်ဖြတ် ၊ဖမ်းဆီင်္းခံရသူတွေအတွက်၊တရားမျှတမှု တွေ ဘယ်မှာပါလဲ ? ပြီးခဲ့တဲ့ REFERNDUM မှာထည့်သမျှ ကန့်ကွက်မဲတွေအားလုံး ကိုမဲလိမ်ပြီး ဘယ်နိုင်ငံမှာမှ မကြုံစဖူး ရာခိုင်နှုန်း(၉၀) ကျော် နိုင်ပါတယ်လို့ကြေငြာသွားခဲ့ပြီးပြီ ။အမှန်တရားဘယ်မှာပါလဲ ?

နာဂစ်မုန်တိုင်းမွှေလို့သိန်းချီသေပြီးသန်းချီဒုက္ခရောက်နေရတဲ့ပြည်သူတွေကိုကူညီချင်ကြသူတွေ

အပေါ် အမျိုးမျိုးကန့်သတ်မှုတွေလုပ်လို့ ဒုက္ခသည်တွေကို ကူညီတဲ့ပစ္စည်းတွေကို အမျိုးမျိုး အမြတ်ထုတ်နေကြတာ ကျွန်တော်တို့ဘာများလုပ်နိုင်ကြပါသလဲ?ကန့်ကွက်ရှုံ့ချရုံမှတပါးအခြားဘာမှမလုပ်နိုင်ခဲ့ပါ။

ထိုအခြေအနေအားလုံးအတွက်မည်သူ့တွင်တာဝန်ရှိပါသနည်း?

စီးပွားရေးနယ်ပယ်တွင်တော့ ရှင်းပါသည်။ ကုမ္မဏီကြီးတခုတွင် စီးပွားရေးပေါ်လစီမှား၍ အရှုံးပေါ်လာခဲ့ပါလျှင် စီမံခန့်ခွဲကြသော CEO နှင့်တကွ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်ကြရုံသာရှိပါသည်။ဥပမာတခုဆိုရလျှင် ယခုပြုခဲ့သော REFERENDUM တွင် ကျွန်တော်တို့ပြည်သူလူထုကို မဲရုံကိုသွား၍ ကန့်ကွက်မဲပေးကြပါဟု ဦးဆောင်မှုပေးခဲ့သည်။ထိုပေးခဲ့သောကန့်ကွက်မဲအားလုံးကိုနအဖတို့ကမဲလိမ်၍

ထောက်ခံမဲလုပ်လိုက်ပါသည်။

၉၂ရာခိုင်နှုန်းကျော်ဆိုသည်မှာမဲရုံသို့သွားရောက်သူအားလုံးနီးပါးဖြစ်ပါသည်။ထိုပြည်သူလူထုမဲများအလိမ်ခံရမှုတွင်မဲရုံသွားခိုင်းသူနှင့်မဲလိမ်သူနှစ်ဦးတွင်

မည်သူပိုတာဝန်ရှိပါသလဲ?

သူခိုးကို ခေါင်းပေါင်းပေါင်း၍ တိုက်ပုံနှင့်ချိတ်ပုဆိုးဝတ်ရုံမျှနှင့်လူကြီးလူကောင်းဟုမည်သူကယူဆကြပါမည်လဲ? သူတိုက်ပုံတွေဘာတွေဝတ်ထားတာပဲ စိတ်ချရပါတယ်ဟု ပြောသဖြင့် ဂေါပကလူကြီးခန့်မိသောအခါကျမှ ဘုရားအလှူငွေများခိုးပြေးသွားသည့်အခါ သူခိုးကို စိတ်ဆိုးရမည်လား၊ ဒါမှမဟုတ်ယုံကြည်စွာအပ်နှံခိုင်းသူကိုအပြစ်တင်ရပါမည်လား? သို့သော်တိုက်ပွဲဝင်နေကြသောယခုအခြေအနေမှာတော့ဘယ်သူကိုမှအပြစ်မပုံချနိုင်ပါ၊

ဖြစ်လာသောအခြေအနေပေါ်တွင်အကောင်းဆုံးမည်သို့ဆက်လက်လုပ်ဆောင်မည်ကှို

စဉ်းစားရန်သာရှိပါသည်။

လူထုလှုပ်ရှားမှူများနှင့်တာဝန်ခံမှူ

လူထုတိုက်ပွဲများအရှိန်မြှင့်တင်ကြသည့်အခါအထိအခိုက်အရှအနာများစွာရှိပါ

သည်။ရိုက်နှက်သတ်ဖြတ်ဖမ်းဆီးခံရသူများအတွက်တရားမျှတမှုဖြစ်စေရန် ကြိုးစားဆောင်ရွက်ပေးရန်လှုံ့ဆော်သူတို့မှာတာဝန်ရှိသလို၊လှုပ်ရှားမှုများ

ကြောင့်နေမရသဖြင့်ထွက်ပြေးတိမ်းရှောင်လာရသူများအတွက်တာဝန်ယူရန်မှာလည်းလှုံ့ဆော်သူတို့တာဝန်ပင်ဖြစ်ပါသည်။

ပေးဆပ်ခဲ့ရသောအသက်များ၊ဘဝများစသည့်အရင်းအနှီးများ အတွက်တိုက်ပွဲကိုဆက်လက်အရှိန်အဟုန်မြှင့်ပြီးအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရန်မှာလည်းလှုံ့ဆော်သူများ၏တာဝန်ပဲဖြစ်ပါသည်။သို့မှသာ ယုံကြည်စွာအသက်ပေး၊ဘဝပေး တိုက်ပွဲဝင်ခဲ့သူတို့အတွက် တာဝန်
ကျေပါလိမ့်မည်။ဤနေရာတွင်နိုင်ငံရေးခေါင်းဆောင်များကိုအလေးအနက်တင်

ပြချင်ပါသည်။

နိုင်ငံခြားသွားချင်သဖြင့်ဆန္ဒဝင်ပြခဲ့သူဟူ၍မရှိပါဟုကျွန်တော်ရဲရဲကြီးဆိုရဲပါသည်။နိုင်ငံခြားသွားချင်သဖြင့် ဒီရောက်မှ ဆန္ဒပြခဲ့ဖူးသူလိုလို ရောယောင်ဟန်ဆောင်သူတို့တော့ရှိချင်ရှိပါလိမ့်မည်။ပြည်တွင်း၌နေကြသူများသည်ထိုကိစ္စများကိုမသိကြပါ။

လွတ်ရာနယ်မြေရောက်မှ ဘာနိုင်ငံရေးလှုပ်ရှားမှုမှလုပ်ခွင့်မရကြပဲတတိယနိုင်ငံသွားသည့်

တံခါးတပေါက်သာဖွင့်ထားပေးသည့်အနေထားမျိုးသည်မဖြစ်သင့်ဟုဆိုချင်ပါသည်။

သွားချင်သူတွေသွားကြသလိုနိုင်ငံရေးဆက်လုပ်ချင်သူတွေလည်းရှိကြပါသည်။

သို့သော်ဒီနေရာတွင်ဘာရွေးချယ်ခွင့်မှမရပါ။လုအမျိုးမျိုးအထွေထွေကိုစီစစ်

ဆောင်ရွက်ရန်၊ထိမ်းသိမ်းစောင့်ရှောက်ရန်အတွက်ကြီးမားသောအခက်အခဲများရှိခဲ့မည်ဆိုသည်မှာအသေအချာပင်ဖြစ်ပါသည်။သို့သော်ထိုအကြောင်းပြချက်တခုတည်းဖြင့်လက်ပိုက်ကြည့်မနေသင့်ပါ။ရှေ့ဆက်တိုက်ပွဲများတွင်ထိုသို့သော
အခြေအနေများဆက်လက်ကြုံတွေ့ရန်ရှိပါဦးမည်။အလေးအနက်စားစဉ်းစားရမည့်အချက်ဖြစ်ပါသည်။

ကျွန်တော်တို့ဘာလုပ်နိုင်ပါသလဲ?
တိုက်ပွဲကာလ နှစ်သက်တမ်းရှည်လာတာနှင့်အမျှ အထိအခိုက်အရှအနာ အဆုံးအရှုံးတွေကများလာပါသည်။အခြေအနေပြောင်းလဲနိုင်တဲ့နိုင်ငံရေးတိုက်ပွဲ၊လူထုတိုက်ပွဲများကိုပြင်ဆင်တဲ့အခါ ပြီးခဲ့တဲ့အမှားတွေကို ပြန်သုံးသပ်ရှောင်ရှားရင်း အဆုံးသတ်တိုက်ပွဲကို ဘယ်လိုပြင်မလဲဆိုတာနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကိုယူထားသူများမှာ

ကီးလေးတဲ့တာဝန်ရှိနေပါတယ်လို့ဆိုချင်ပါတယ်။

ရန်သူတွင် လက်နက်အာဏာ ငွေကြေးလူအင်အားစသည်ဖြင့် ပြည့်စုံသည်မှာ
မှန်ပါသည်။ နောက်တခါ နာဇီလို၊ ဖက်ဆစ်လို မိမိအမျိုးသားရေးကို ရှေ့တန်း
တင်သူမျိုးပင်မဟုတ်ပဲမိမိကိုယ်ကျိုးစီးပွားမှလွဲ၍ဘာမှမစဉ်းစားသည့် လိုအပ်လျှင်ဇတ်တူသားစားရန်ပင်ဝန်မလေးသည့်အာဏာရှုးစစ်အာဏာရှင်ဖြစ်

ပါသည်။

ထိုအာဏာရှင်မျိးကိုခေါင်းလေးဝင်ပါရစေဦးဆိုသည့်ကုလားအုတ်ပုံပြင်ဇာတ်လမ်းမျိုး

ဖင့်ချဉ်းကပ်လျှင်ခေတ်သစ်ကုလားအုတ်ပုံပြင်ထဲကလိုအသားပေါ်ခံရရုံသာရှိပါသည်။ထိုလူအမျိုးအစားတွေကိုခဏတဖြုတ်အသုံးကျချိန်တွင်သုံး၍မလိုချိန်မှာချနင်းပစ်လိုက်မှာအသေအချာပါ။ရှေ့ကကြိုးစားခဲ့ဘူးသူများကိုကြည့်ပါ။ဇတ်

တူသားစားသည့်သာဓကများကိုကြည့်ပါ။

လက်ရှိဝံသာနုNLDလိုလူမျိုးတွေ၊အေးလွင်တို့လိုလူမျိုးတွေ၊ငါးမင်းဆွေတို့လိုလူမျိုး

တွေစသည့်ဖော်လံဖားလူတန်းစားများပင်ဘယ်လောက်ခံမည်လဲဆိုတာကိုစောင့်ကြည့်ပါဦး။

သို့သော်အင်အားကြီးမားသည်ဆိုသည်တိုင်းကြောက်စရာမဟုတ်ပါ။လူထု

ထောက်ခံမှူမရသောဘယ်လို မတရားအစိုးရများမှ ရေရှည်မတည်တံ့နိုင်ပါ။
ခိုင်မာသောနိုင်ငံရေးဦးဆောင်မှူနောက်တွင်ပြည်သူလူထုများညီညွတ်စွာလိုက်ပါဆောင်ရွက်ကြရန်သာလိုပါသည်။

ဥပမာတခုတင်ပြလိုပါသေးသည်။တောထဲတွင်အင်အားကြီးမားလှပါသည်ဆို

သောတောဆင်ရိုင်းအုပ်လိုက်ကြီးပင်တောခွေးကျင်ငယ်ရည်နံ့ရသည်နှင့် တဆတ်ဆတ်တုန်အောင်ကြောက်ကြရှာပါသည်။ဆင်နှင့်တောခွေးများအ

ကောင်ချင်းယှဉ်လျှင်နှိုင်းစရာပင်မရှိပါ။

သို့သော်တောခွေးများ၏ ညီညွတ်ခြင်းကိုကြောက်ကြခြင်းဖြစ်ပါသည်။
ဆင်ဖြစ်စေ၊ကျားဖြစ်စေ ၊မည်သည့်သတ္တဝါဖြစ်စေ သူတို့တိုက်ခိုက်သတ်ဖြတ်
ရန်ဝန်လေးခြင်းမရှိပါ။သူတို့သတ်ကွင်းအတွင်းဝင်လာသည့်အခါကျင်ငယ်ရည်

ပန်းသည့်အကောင်ကပန်း၊ရှေ့ကဝင်သည့်အကောင်ကဝင်၊နောက်ကဆွဲသည့်အကောင်ကဆွဲ၊အပေါ်မှခုန်ချသည့်အကောင်ကချ၊ရေဆီမရောက်အောင်လမ်းလွှဲသည့်အကောင်ကလွှဲဖြင့်နောက်ဆုံးဆင်ကြီးဘုန်းဘုန်းလဲကျမှအောင်သေ

အောင်သားစားကြပါသည်။

သူတို့တွင်မတိုက်ခိုက်ခင်မှာဆင်သေရင်ဘယ်အပိုင်းကိုမှငါကယူမယ်ဆိုပြီး
ကြိုတင်ဝေပုံချထားဖြင်းလဲမရှိပါ။ငါကအုပ်စုခေါင်းဆောင်မို့ဝမ်းတွင်းသားတွေကိုငါ့သားသမီးတွေအတွက်ယူသွားမယ်ဆိုတဲ့ခေါင်းဆောင်

မျိုးလဲမရှိပါ။ငါကတော့အန္တရယ်များတဲ့နှာမောင်းနေရာမှာနေရလို့သူက

တာ့အနောက်ကပဲဝင်ဆွဲလို့စသည်ဖြင့်လဲမကွဲပါ။ဆင်ကောင်ကြီးမှမသေသေးခင်စားအိုးစားခွက်တွေကြိုပြင်ထားတဲ့အကောင်တွေလဲမရှိပါ။တိုက်ပွဲမှာအချောင်ခိုနေပြီးဆင်သေချိန်ကျမှခေါင်းပေါ်တက်ထိုင်တတ်တဲ့အ

ကာင်မျိုးလဲမရှိပါ။ဒီတိုက်ပွဲမှာဆင်ကြီးမသေလို့စိတ်ဆိုးသွားရင်ငါတော့မလွယ်ဘူးဆိုပြီးစိတ်ဆိုးအောင်မလုပ်ပဲနေတဲ့အကောင်လဲ
မရှိပါ။

သူတို့သိသည်မှာသူတို့သတ်ကွင်းပြင်ထားသည့်နေရာသို့ဝင်လာသည့်မည်

သည့်သားကောင်မဆိုအပြီးအပြတ်ချေမှုန်းစားသောက်ပြီးမျိုးဆက်ကိုထိန်းသိမ်းရန်သာဖြစ်ပါသည်။
အရိုင်းဥပဒေမှာတောခွေးတွေကိုသူတို့ရဲ့စုစည်းညီညွတ်မှုကြောင့်

တာဘုရင်ဆိုတဲ့အကောင်ကြီးတွေတောင်ဖိန့်ဖိန်တုန်အောင်ကြောက်

ကရပါသည်။ကျွန်တော်တို့ဟာတောခွေးတွေထက်အဆပေါင်းများစွာအသိဥာဏ်မြင့်မားသောလူသား

များဖြစ်ကြပါသည်။မြန်မာပြည်ရဲ့များစွာသောပြည်သူလူထုကနအဖကိုလက်
မခံဘူးဆိုတာ၁၉၉၀ပြည့်ရွေးကောက်ပွဲနဲ့သက်သေပြပြီးပါပြီ။ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်တဲ့နည်းလမ်းများစွာနဲ့သက်သေပြခဲ့ပြီးပါပြီ။၂၀၀၇စက်တင်ဘာလကဖြစ်ပွားခဲ့တဲ့သံဃာတော်များနဲ့ကျောင်းသားပြည်သူများရဲ့ရွေဝါရောင်တော်လှန်ရေးကြီးဟာကမ္ဘာသိပါ။နိုင်ငံတကာအသိုင်းအဝိုင်းကလည်းမြန်မာပြည်သူတွေနဲ့တသားတည်းရှိတဲ့အကြောင်းဆန္ဒတွေထုတ်ဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်။

မဖြစ်လာနိုင်သေးတဲ့ကုလသမဂ္ဂတပ်ကြီးတွေ၊အမေရိကန်တပ်ကြီးတွေဝင်လာဖို့ကိုစိတ်ကူးမယဉ်တာပိုကောင်းပါတယ်။ကိုယ့်အားကိုယ်ကိုးပြီးကျွန်တော်တို့

တကယ်ညီညွတ်ဖို့သာလိုပါသည်။

အနှစ်နှစ်ဆယ်မှသည်
အနှစ်နှစ်ဆယ်ပြည့်တော့မယ့်အချိန်မှာပြည်သူလူထုအတွက်အလိုအပ်ဆုံးအရာကိုပြောရမယ်ဆိုရင်အရည်အသွေးပြည့်ဝတဲ့ခေါင်းဆောင်မှုနဲ့ပီ

ပင်တဲ့နိုင်ငံရေးဦးဆောင်မှုဟာအရေးတကြီးလိုအပ်နေပါတယ်။အဲဒီနောက်

ကဒီမိုကရေစီအရေးလှူပ်ရှားသူအားလုံးရဲ့ညီညွတ်မှုနဲ့လူထုအင်အားပေါင်းစပ်လိုက်

မယ်ဆိုရင် မအောင်မြင်စရာမရှိဘူးလို့ဆိုချင်ပါတယ်။

အတွေ့အကြုံ၊အတွေးအခေါ်ကြီးမားတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးဦးဆောင်ပုဂ္ဂိုလ်များဟာပိုပြီးမြင်နိုင်ဦးဆောင်နိုင်မယ်ဆိုတာယုံကြည်ပါတယ်။ကျွန်တော်တို့မှာ

ဒေါ်အောင်ဆန်းစုကြည်လိုမြန်မာသိကမ္ဘာသိလူထုခေါင်းဆောင်တွေရှိပါတယ်။ဒါပေမယ့်အဲဒီလူထုခေါင်းဆောင်တွေချမှတ်ထားတဲ့နိုင်ငံရေးဦးဆောင်မှူလမ်း

ကြောင်းအတိုင်းသူတို့ဖမ်းဆီးခံနေရချိန်မှာဆက်လက်အကောင်အထည် ဖေါ်ပေးမယ့်၊ဦးဆောင်မှူပေးမယ့်ခေါင်းဆောင်ကောင်းတွေလိုပါတယ်။

စက်တင်ဘာအရေးအခင်းပြီးကာစမှာအမေရိကန်လူမျိုးမိတ်ဆွေတဦးက
ကျွန်တော့်ကိုမေးဘူးပါတယ်။စက်တင်ဘာအရေးတော်ပုံကြီးဘာလို့အ

ခြေမှုန်းခံရလဲဆိုတာနဲ့၊ဘယ်လိုအခြေအနေမျိုးဆိုရင်အနိုင်ရနိုင်မလဲဆိုတာပါ။

သူမေးတဲ့စိတ်ဝင်စားစရာမေးခွန်းတွေကိုဖေါ်ပြပေးချင်ပါတယ်။
(၁) သံဃာ့နာယကအဖွဲ့ခေါင်းဆောင်တွေပူးပေါင်းလာရင်အနိုင်ရနိုင်မလား?
(၂) အခြားဘာသာရေးခေါင်းဆောင်များပူးပေါင်းပါဝင်လာရင်အနိုင်ရနိုင်မလား?
(၃)စစ်တပ်ကပူးပေါင်းလာမယ်ဆိုရင်အနိုင်ရနိုင်မလား?အနိုင်ရနိုင်မယ်ဆိုရင်

ဘယ်အဆင့်လောက်ထိပူးပေါင်းဆောင်ရွက်မှုလိုမလဲ၊ဥပမာအောက်ခြေအဆင့်အထိလား၊စစ်ဗိုလ်အဆင့်လား၊ဒုဗိုလ်မှုးကြီးအဆင့်လား၊ဒါမှမဟုတ်လက်ရှိအုပ်ချုပ်ရေးပိုင်းထဲကတယောက်ယောက်ပါဝင်ပူးးပေါင်းဖို့လိုလားစတဲ့မေးခွန်းတွေပါ။

ကာယကံရှင်ဖြစ်တဲ့ကျွန်တော်တို့တတွေဟာဒီထက်မက ကိုယ့်ကိုကိုယ်မေးခွန်း
တွေထုတ်ဖို့လိုပါလိမ့်မယ်။ဘဝတွေအသက်တွေနဲ့ရင်းရတဲ့တိုက်ပွဲတွေအတွက်အပြန်ပြန်အလှန်လှန်သုံးသပ်ဖို့လိုပါလိမ့်မယ်။

ကျွန်တော့်အနေနဲ့အချုပ်ဆိုရရင်တော့ပီပြင်တဲ့နိုင်ငံရေးဦးဆောင်မှုနဲ့ လူထုအင်အား(ဆရာလူထုဦးစိန်ဝင်းစကားနဲ့ပြောရရင်PEOPLE POWER)နဲ့

ညီညွတ်မှုသာအဆုံးသတ်တိုက်ပွဲကိုအဆုံးအဖြတ်ပေးလိမ့်မယ်ဆိုတာပါပဲ။

ဘယ်လိုအသွင်မျိုးနဲ့လူထုတိုက်ပွဲလဲ၊ဘယ်အတိုင်းအတာအထိတိုက်ကြမလဲ

ဘယ်လိုပုံစံမျိုးနဲ့ဖေါ်ဆောင်ကြမလဲဆိုတာကိုတော့နိုင်ငံရေးဦးဆောင်သူတွေ
ဆုံးဖြတ်ပေးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကသူတို့အတွက်
ဒီမိုကရေစီဖေါ်ဆောင်ဆောင်ပေးနိုင်မယ်လို့ယူဆသူတွေကိုသူတို့ဆန္ဒနဲ့ရွေး

ချယ်ထားပြီးသားပါ။ပြတ်သားတဲ့မူတရပ်နဲ့အတူလူထုကိုဦးဆောင်ကြစေချင်ပါ

တယ်။

အနှစ်နှစ်ဆယ်မှသည်အဆုံးသတ်တိုက်ပွဲဆီသို့ကျွန်တော်တို့ဦးတည်မလား? အနှစ်နှစ်ဆယ်မှသည်အင်ဖန်နတီဆီသို့ဦးတည်မလား?
ဆိုတာရွေးချယ်ကြဖို့အချိန်ကျရောက်ပါပြီလို့တင်ပြလိုက်ရပါတယ်။

D-Wave