12.30.2008

Burma News

Breaking News – for immediate release
Date: December 29, 2008
The 138th political prisoner has died in Burma's prisons, the Assistance Association for Political Prisoners (Burma) has learned. Htay Lwin Oo passed away in Mandalay prison yesterday. He was suffering from tuberculosis.

Htay Lwin Oo, a teacher and member of the National League for Democracy from Amarapura Township in Mandalay, was arrested on 21 December 2003 and sentenced to 7 years
imprisonment under section 5 (J) of the Emergency Provisions Act. He was due for release
in December 2009.

Democratic Voice of Burma - Oslo,Norway
"The UN secretary-general should empathise with the suffering of the people of Burma and come and solve the problems as soon as possible. ...
Harrison principal assures WWII vets not forgotten
Baxter Bulletin - Mountain Home,AR,USA
Branch became interested in World War II history as a child after hearing war stories from his father, who served in the China-Burma-India triangle, ...
UN's 'Stockholm Syndrome' Won't Work in Burma
The Irrawaddy News Magazine - Chiang Mai,Thailand
This year we saw many twist and turns and ups and downs in Burma—but the tragedy of Burma seems to have no end in sight. Early this year, the regime ...
BBC News
Firms to pipe Burma oil to China
BBC News - UK
Burma's military government has signed a deal with a consortium of four foreign firms to pipe natural gas into neighbouring China, state media report. ...
Hundreds feared dead in Bay of Bengal
Boston Globe - United States
HONG KONG - Hundreds of migrants from Bangladesh and Burma are missing and feared dead in the Bay of Bengal after jumping from a boat and trying to swim to ...
Manipuri killed in Myanmar
E-Pao.net - Manipur,India
New Delhi, December 28 2008: AN UNIDENTIFIED gunman on Saturday shot dead an Indian from Manipur at his rented house in Kalemyo town of North-western Burma, ...
Harrison principal assures WWII vets not forgotten
WREG - Memphis,TN,USA
His father served in the China-Burma-India triangle, and his uncle was in the D-Day invasion and the Battle of the Bulge.
300 migrants missing off Andamans
BBC News - UK
The migrants are thought to be from Bangladesh and Burma. "One body has been recovered so far and search operations are still going on in nearby islands for ...

Blogs Alert for: Burma news

Firms to pipe Burma oil to China · SpeedSignal News
The firms - from South Korea and India - will pipe the gas from fields off Burma's north-western coast. The deal was signed in a ceremony in Rangoon on 24 December, the New Light of Myanmar state newspaper reported. ...
မိုးမခ မီဒီယာ - MoeMaKa News & Media: The Generation ...
By Yan Lo Kywe
The Generation Waves – Free Burma Poster. The Generation Waves – Free Burma Poster December 29th, 2008. Posted by Phan Mee Ain - Literature Lovers at 1:46 AM. Labels: Cartoon Box ...
မိုးမခ မီဒီယာ... - http://moemaka.blogspot.com/
boilingspot: Firms to pipe Burma oil to China
By Awicaksono
China's Xinhua state news agency says it is a 30-year deal. Map. As well as Burmese ministers, the signing ceremony was attended by executives from both Korean firms, ONGC Videsh and the Chinese corporation, the New Light of Myanmar ...
boilingspot - http://boilingspot.blogspot.com/
Budget Yourself - Finance, Budgeting, Business, Marketing » Blog ...
December 29, 2008 – 11:27 am Burma signs a deal with Korean and Indian firms to pipe gas to China, despite complaints from rights activists. Read the rest of the story... Sorry, comments for this entry are closed at this time. ...
Budget Yourself - Finance, Budgeting,... - http://www.budgetyourself.com/
World War II rescue work had dangers | mansfieldnewsjournal.com ...
William Ramsey, of Adario, talks about the dangers of oceanic rescue missions during typhoons. Purchase this Photo. William Ramsey, of Adario, talks about the dangers of oceanic rescue missions during typhoons. (Dave Polcyn/News Journal ...
mansfieldnewsjournal.com - Local News - http://mansfieldnewsjournal.com/
- Americans found allies in Burma villagers click
- Burma's Stilwell Road: A backbreaking WWII project is revived click
- CNPC signs purchase and sale agreement for Myanmar gas click

တိုက်ခိုက်ရေးနှစ်

သား (၃) သားနဲ့ တိုင်းရင်းသားပြည်သူများ လက်တွဲကြ

ဆောင်းပါးရှင် - တရုတ်မ (တပ်မတော် အရာရှိတစ်ဦး)



ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ ပေါ်မူတည်ပြီးတော့ ဒီခေါင်းစဉ်နဲ့ ကျွန်တော် ရေးသားလိုက် ပါတယ်။ ကျွန်တော် အခုပြောပြချင်တဲ့ သား (၃) သားဆိုတာကတော့ အများပြည်သူတွေ သိပြီးသားပါ။ ဘုရားသား ရဟန်း၊ ကျောင်းသားနဲ့ စစ်သား ဆိုတဲ့ သား (၃) သားပါ... ၊ တိုင်းရင်းသား ဆိုတာကတော့ ပြည်သူတွေကနေ ဖြစ်လာတာမို့လို့ ပြည်သူလို့ဘဲ သုံးလိုက်ရပါတယ်... အဲဒီ သား (၃) သားတွေအနေနဲ့ ပြည်သူတွေ အားလုံး. စည်းလုံးညီညွှတ်မှု ရှိဖို့အတွက် ဦးဆောင်မှု ပေးရန် လိုအပ်နေပါတယ်။ အဲ့ဒီသား (၃) သားကလည်း မိမိတို့ ပါဝင်ရမဲ့ နေရာ အခန်းကဏ္ဍတွေကနေ ပြည့်ပြည့်၀၀ ပါဝင်ကြပြီးတော့ အာဏာရှင်တွေကို ဆန့်ကျင် ကြမယ်ဆိုရင် ကျွန်တော်တို့တတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်မရှိဘူးဆိုတာ ယုံကြည် ကြစေချင်ပါတယ်။

ဘုရားသား ရဟန်းသံဃာ အရှင်ဘုရားတို့ ဘုရား -

ရဟန်း သံယာတွေ အနေနဲ့ လည်း ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်သလိုဘဲ နောက်တစ်ခါထပ်မံ ဖြစ်ပွားမဲ့ တော်လှန်ရေး အစီအစဉ်မှာ လည်း ယခင်တုန်းက လိုမျိုး တက်ကြွစွာ ပါဝင်ဖို့ကို တပည့်တော် အနေနဲ့ တိုက်တွန်း လျှောက်ထားပါရစေ ဘုရား...

ကျောင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား -

ကျောင်းသားတွေ အနေနဲ့ နိုင်ငံတကာနဲ့ယှဉ် အသိဥာဏ် ကြွယ်ဝသူတွေ ပီပီ မိမိနိုင်ငံမှာ ပညာရေး အဆင့်အတန်း နိမ့်ကျပြီး အရွယ်မရောက်မှီ ကျောင်းက ထွက်ပြီးတော့ အပြင်မှာ စီးပွားရှာ ရုန်းကန်နေရရှာတဲ့ မိမိတို့နဲ့ အသက်အရွယ် တူညီသူတွေကို သနားညှာတာသော အားဖြင့် ဒီမိုကရေစီဆိုတဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ နေရာမှာ အားလုံး ပါဝင်ဆင်နွှဲကြဖို့ကို ကျွန်တော့် အနေနဲ့ ကမ်းလှမ်း ဖိတ်ခေါ်ပါတယ်......

စစ်သား ရဲဘော်ရဲဘက်များ ခင်ဗျား -

စစ်သားတွေကလည်း အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုအပ်လာပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့  ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောနဲ့ ဆိုတဲ့ “ခ” သုံးလုံး ကို တွင်တွင်သုံးပြီး တဖက်သတ်ဆန်တဲ့ အမိန့်တွေကို မိမိ အသိဥာဏ်နဲ့ မိမိ စဉ်းစားဖို့လိုရာမှာ အခုလက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူတွေ ဘယ်လောက် ခက်ခက်ခဲခဲ နေ နေကြရတယ်၊ မိမိ ၀မ်းစာကို မိမိ ဘယ်လောက်တောင် ရုန်းကန်ပြီးတော့ ရှာဖွေနေကြရတယ် ဆိုတာတွေကို နည်းနည်းလေး ဖြစ်ဖြစ် စဉ်းစားပြီးတော့ အဖြေရှာကြ စေချင်ပါတယ်၊ စစ်သားတွေရဲ့ အဓိက ထမင်းရှင်က ပြည်သူတွေပါ၊ ပြည်သူတွေဆီက အခွန်အကောက်တွေနဲ့ ကောက်ခံပြီးတော့ လခ ဆိုပြီး ဖြန့်ခွဲပေးလိုက်တာပါ၊ အဲဒီတော့ မိမိတို့ တိုင်းသူပြည်သားတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတာတွေကိုလည်း လစ်လျူရှူဖို့ မကောင်းပါဘူး၊ စစ်တပ် အကြီးအကဲ လက်တစ်ဝါးစာ စစ်အာဏာရှင်တွေရဲ့ ထိုင်ခုံတွေ တည်မြဲ ဖို့ကို အောက်ခြေစစ်သားတွေက အသက်နဲ့ ရင်းပြီးတော့ အချင်းချင်း တိုက်ခိုက်ပေးနေရတာကို အရမ်းသနားပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ဖို့ အတွက် ကျွန်တော့်အနေနဲ့ ရဲဘော်ရဲဘက်တွေ အားလုံးကို စစ်သားစကားနဲ့ ပြောရရင် “တပ်မတော် သမိုင်းကြောင်း ကောင်းဖို့အတွက် သေနတ်ပြောင်းဝ ပြောင်းပြန် ပြန်လှည့်ဖို့” အချိန်တန်ပြီလို့ တိုက်တွန်းရင်း သား (၃) သား လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားကြဖို့ တာဝန်ရှိကြောင်း ပြောကြားလိုပါတယ်...

တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား -

တိုင်းရင်းသားတွေဘက်ကလည်း ပြန်စဉ်းစားဖို့ အချိန်တန်ပါပြီ၊ ဘာကိုလည်းဆိုတော့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုပြီး မြန်မာနိုင်ငံကို ရုပ်လုံး ဖေါ်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ အခု နအဖ စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသား လူမျိုး တစ်စုထဲ မှာတောင် ပြန်လည် သင့်မြတ်ဖို့ ခက်ခဲအောင် သွေးခွဲ ထားခဲ့ပါတယ်၊ သမိုင်းကြောင်း မရှိတဲ့ “၀” လူမျိုး WNA တပ်ဖွဲ့တွေကို ကြောက်လန့်ပြီး ရှမ်းပြည်နယ်ကို ခွဲထုတ်ကာ “၀” ပြည်နယ် အဖြစ် စီစဉ်ပေးနေပါတယ်။ ဒီလို သွေးခွဲ အုပ်ချုပ်နေတဲ့ နအဖ စစ်အာဏာရူးတွေကို မြန်မာနိုင်ငံမှာ နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစု တွေ အားလုံးက ပါဝင်ပြီးတော့ ဆန့်ကျင်တိုက်ခိုက်ကြပါ၊ လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ လည်း ပါဝင်တိုက်ခိုက်ကြပါ၊ လက်နက်မဲ့ တိုင်းရင်းသားတွေ အနေနဲ့လည်း မိမိတို့ တတ်နိုင်တဲ့ အင်အားနဲ့ ဘုရားသား၊ကျောင်းသား၊ စစ်သား၊ တိုင်းရင်းသား၊ ပြည်သူပြည်သားဆိုတဲ့ သား (၅) သား ပူးပေါင်း စစ်ဆင်ရေးမှာ ပါဝင်ကြဖို့ ကျွန်တော့် အနေနဲ့ လက်တွဲဖိတ်ခေါ်ပါရစေ....

ပြည်သူပြည်သားများ ခင်ဗျား -

မြန်မာနိုင်ငံတော်မှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားတွေ အနေနဲ့ မိမိတိုင်းပြည်က ထွက်တဲ့ သယံဇာတတွေ ဟာ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူ လူတန်းစား တစ်ခုတည်းက ပိုင်ဆိုင်တဲ့အရာ မဟုတ်ကြောင်း နားလည်ကြပါ။ ဒီမိုကရေစီဆိုတာ လူတိုင်းလူတိုင်းမှာ လွတ်လပ်မှုတွေများစွာနဲ့ နေထိုင်လို့ရတာကို ဒီမိုကရေစီလို့ ခေါ်ပါတယ်... မိမိနိုင်ငံဟာ များစွာ ချမ်းသာပါတယ်၊ မိမိတို့နိုင်ငံမှာ တွင်းထွက် သယံဇာတတွေဟာ ဘယ်တော့မှ မကုန်နိုင်တာကို စစ်အာဏာရှင်တွေက သူတို့ ရပိုင်ခွင့်လို့ ထင်နေတဲ့ “အရမ်းမှားတဲ့ အတွေးအခေါ်” ကို တော်လှန်ကြပါ...


ကျွန်တော်တို့ တိုင်းပြည်မှာ ဆိုရင် ကလေးတွေဟာ အသက် ၁၀ နှစ်ကျော်တာနဲ့ လမ်းဘေးမှာ ပိုက်ဆံလိုက်တောင်းတဲ့ သူတွေရှိသလို ရေခဲရေ ရောင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်... ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ မပြောပါဘူး... အခြားအခြားသော တိုင်းပြည်တွေမှာတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကလေး ဦးရေ ရဲ့ ၁၀၀ ပုံ ပုံရင် ၁ ပုံ လောက်ဘဲ ရှိပါတယ်။ UNICEF ကုလသမဂ္ဂ ကလည်း မြန်မာနိုင်ငံကို အနည်းအကျဉ်း ထောက်ပံ့ခဲ့ပါတယ်... အဲ့ဒီငွေတွေက ဘယ်မှာ သွားသုံးနေတာလည်း ဆိုတာကို စာရင်းမပြနိုင်ဘူး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်အင်အားတွေ တိုးချဲ့နေတယ်... စစ်တပ်ကို ခမ်းနားထည်ဝါအောင် လုပ်ပြီးတော့ ဘယ်သူနဲ့ တိုက်မှာလဲ... မြန်မာပြည်ကို ဘယ်နိုင်ငံက လာတိုက်မှာ မို့လို့လဲ... အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်အင်အား နည်းတယ်လို့ သဘောထား ကြည့်လိုက်ကြရအောင်... ဘယ်နိုင်ငံက လာတိုက်မှာလဲ... အခြားအခြားသော နိုင်ငံတွေက မြန်မာနိုင်ငံကို လိုချင်လွန်အားကြီးလို့ လာတိုက်ပြီ ဆိုရင်တောင် ဘယ်နိုင်ငံက လက်ခံမှာလဲ... စဉ်းစားကြည့်ပေါ့... စစ်တပ်ဆိုတာ မရှိရင် မဖြစ်ပေမဲ့ မလိုအပ်ဘဲ အင်အားတိုးချဲ့ပြီး အကန့်အသတ်မရှိ ငွေကြေးသုံးစွဲခွင့်တော့ မရှိသင့်ပါ။ ဒါကြောင့် နောက်ထပ် တက်လာမဲ့ စစ်အာဏာရူးတွေ မရှိရအောင် အခု အချိန်ဟာ အားလုံး စည်းလုံးညီညွှတ်မှုရှိဖို့ အရေးကြီး နေပါတယ်။

စစ်အာဏာရှင်တွေဟာ စစ်တပ်ကို အကြောင်းပြုပြီး နိုင်ငံတကာက လက်နက်ခဲယမ်းတွေကို မတန်တဆ ငွေကြေးများနဲ့ ပေးဝယ်ရာမှာ သူတို့ အကျိုးစီးပွားအတွက် အိတ်ထဲ ထည့်တာကိုတော့ ပြည်သူတွေ မပြောနဲ့ စစ်တပ် တပ်မတော်သားတွေတောင် မသိလိုက်ရပါဘူး။ ဥပမာ- သန်းရွှေရဲ့  မွေးစားသားလို့ ခေါ်တဲ့ ဦးတေဇအနေနဲ့ စီးပွားဘက် အကျိုးအမြတ် ပွဲခတွေကို Percentage အလိုက် တိုင်းပြည်ဘဏ္ဍာငွေ ဆီကလည်းကောင်း၊ လက်နက် ရောင်းချနေတဲ့ နိုင်ငံတွေဆီမှ လည်းကောင်း နှစ်ဖက်စလုံးမှ ပွဲခ ရယူလိုက်တာမို့ တပ်မတော်နဲ့ တိုင်းပြည်ဟာ များစွာနစ်နာခဲ့ရပါတယ်။ ဦးတေဇက ဦးသန်းရွှေ မိသားစုရဲ့ စီးပွားရေးကို လုပ်ကိုင်ပံ့ပိုးနေတဲ့သူ ဖြစ်ပါတယ်။ သူတို့ အိတ်ကဒ်ထဲ ရောက်တဲ့ ပိုက်ဆံတွေကို ပြည်သူတွေရဲ့  အမှန်တကယ် လိုအပ်ချက်အား ဖြည့်ဆည်းပေးလိုက်ရင် ဘယ်လောက် ကောင်းမလဲ။

ကျွန်တော်တို့ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တပ်ကို ဘာကြောင့် ထူတောင်တာလဲ ဆိုတာကို အခု အုပ်ချုပ်နေတဲ့ စစ်အာဏာရူးတွေက မသိချင်ယောင်ဆောင် နေကြတာပါ... ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်လျှက် ရှိမယ်ဆိုရင် ဦသန်းရွှေတို့ရဲ့ ဆရာ ဦးနေ၀င်းတောင် ခါးကိုင်း အလေးပြုနေရမှာပါ... အခုလက်ရှိ အုပ်ချုပ်နေတဲ့ စစ်အာဏာရူးတွေကတော့ ဘယ်ကနေ ဘယ်လို အချောင် ရနိုင်မယ် ဆိုတာကိုဘဲ တွက်ပြီးတော့ အုပ်ချုပ်နေ ကြတာပါ... ဒီလို သဘောထားနေတာကို ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး... အခု စစ်တပ်မှာ ရွတ်ဆိုနေတဲ့ သစ္စာ (၄)ချက်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စဉ်းစားပြီးတော့ ရေးထားတာတွေ ဖြစ်ပါတယ်။ အခု စစ်အာဏာရှင်တွေ လုပ်နေတာက ဒီသစ္စာ လေးချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ အာဏာရှင်တွေ ပြောနေတဲ့ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာ လက်တွေ့ကျတော့ အာဏာရူးတွေ ကသာ ပေါက်ဖော်တွေကို အားကိုးပြီး ဖင်မခံရုံတမယ်ပါဘဲ။ တရုတ်ကို အားထားလို့ တရုတ်နိုင်ငံက ရေဒါ စခန်းကို တောင်မှ မြန်မာနိုင်ငံ မြေပေါ်မှာ ပေးဆောက်တာ ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ... အခုလက်ရှိ အတိုက်အခံလို့ ပြောပြောနေတဲ့ အတိုက်အခံတွေကလည်း ဘယ်သူကမှ အတိုက်အခံဖြစ်ချင်နေတာ မဟုတ်ပါဘူး... ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး ပြည်သူ့အကျိုးကို ကြည့်ပြီးတော့ အတိုက်အခံ လုပ်နေကြတာပါ... မိမိတို့ငယ်ငယ်လေး ကတည်းက နေခဲ့တဲ့ တိုင်းပြည်ကို ဘယ်သူက ခွဲသွားချင်မှာလဲ... ဒီလို ခံစားချက်မျိုးကို ခံစားတတ်တာက ရုရှားရောက် အရာရှိတွေ အားလုံး ခံစားတတ်ပါတယ်... မိမိမွေးဖွားရာ နိုင်ငံမှာ မနေရဘဲ သူများနိုင်ငံတွေမှာ သွားနေပြီး အတိုက်အခံလုပ်နေရတာက ဘယ်လိုမှ မကောင်းပါဘူး... ကမ္ဘာမှာ မိမိတိုင်းပြည်ရဲ့ နိုင်ငံသား ခံယူထားသူတွေ အားလုံးဟာ မိမိနိုင်ငံသားပါ... စစ်အာဏာရူးတွေကတော့ တိုင်းပြည်မှာရှိတဲ့ အခြားအခြားသော လူမျိုးစုတွေ အားလုံးကိုတောင် သွေးခွဲအုပ်ချုပ်မှူဆိုတဲ့ စနစ်နဲ့ အုပ်ချုပ်ထား ပါတယ်... ပြီးတော့ ပိုက်ဆံနဲ့ အာဏာရှိမှ မြန်မာနိုင်ငံမှာ လူလုပ်လို့ ရမယ်ဆိုတဲ့ ပုံစံကို မြန်မာနိုင်ငံမှာ ရိုက်ထည့် ထားတာကလဲ ဒီလို အသုံးမကျတဲ့ စစ်အာဏာရူးတွေပါဘဲ... ဘာကြောင့်လဲဆိုတော့ ဥပမာ... ဘောလုံးအရမ်း ကစားကောင်းတဲ့ ကောင်လေး တစ်ယောက်ရှိခဲ့တယ်... ဒီကောင်လေးက မွန်လူမျိုး ဖြစ်ပြီး အရမ်း ဆင်းရဲပါတယ်... အဲဒီတော့ တိုင်းရင်းသားလည်းဖြစ်ပြီး အရမ်းဆင်းရဲတော့ သူ့ကို ဘောလုံးပွဲမှာ ၀င်ကစားဖို့ လုံးဝ သဘောမတူခဲ့ပါဘူး... သူ့အစား ပိုက်ဆံချမ်းသာတဲ့ လူတစ်ယောက်က ၀င်ကစားသွားပါတယ်... အဲဒီလို အသေးအဖွဲမျိုး အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို စစ်အာဏာရူးတွေက မသိချင်ယောင်ဆောင်ပေး နေကြပါတယ်... ပြီးတော့ စစ်တပ်ဆိုတာကလည်း ဖာချ ၊၀ရမ်းပြေး ၊သူခိုး စတဲ့ မကောင်းတဲ့ လူတွေကို စုထားတဲ့ နေရာ တစ်ခုလို ဖြစ်နေတာကို စစ်အာဏာရူးတွေက သိရက်နဲ့ လစ်လျူရူထားပါတယ်။ သိတယ်ဆိုတာက လေးလပတ် အစည်းအဝေး တစ်ခုမှာ သန်းရွှေကိုယ်တိုင် ဆူပူပြောဆိုခဲ့တာပါ။ စစ်တပ်မှာဆိုရင် အောက်ခြေ စစ်သားတွေ ရဲဘော်တွေကို ကြည့်မယ်ဆိုရင် ဘယ်လောက်တောင် မြေဇာပင် ဖြစ်မှန်းမသိ ဖြစ်နေကြတာကို ကြည့်ပြီး အရမ်းသနားမိပါတယ်... တပ်ရင်း တစ်ရင်းမှာ တပ်ရေးဗိုလ်ကြီး လုပ်သူက ရဲဘော်တွေရဲ့ ချွေးနဲစာ တွေကို တပ်ရင်းမှူးနဲ့ ပေါင်းစား နေကြတာ တွေ့ရပါတယ်... တပ်ထောက်ဗိုလ်ကြီး ကလည်း ရဲဘော်တွေရဲ့ အ၀တ်အစားတွေကို ပြောမယ်ဆိုရင် ချပ်ဝတ် တန်ဆာတွေကို တပ်ရင်းမှူးနဲ့ ပေါင်းပြီး ခိုးစားနေကြပါတယ်... ဒီလိုစစ်တပ်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေ အမှန်ကို စစ်အာဏာရူးတွေက မသိချင်ယောင် ဆောင်နေကြပါတယ်...

ဒီိမိုကရေစီဆိုတာက လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ အသက်ရှင် ပိုင်ခွင့်ရှိတယ်... ရပိုင်ခွင့်ရှိတယ်။ အခုမြန်မာနိုင်ငံမှာ လူ(၄)ယောက် စုပြီး လမ်းလျှောက်ရင်တောင် ဖမ်းဆီးမှုတွေ ရှိတယ်ဆိုတော့ ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ... ပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ပြီးတော့ မိမိအိမ်ကနေပြီး အဘွားအိမ်ကို သွားအိပ်မယ်ဆိုရင်တောင် အဘွားအိမ် ရောက်ရင် ရပ်ကွက်ရုံးကို သွားပြီးတော့ သန်းခေါင်စာရင်း တိုင်ရတယ်... ကဲ ကောင်းသေးလား... ရုရှားမှာ သင်တန်းတက်နေတဲ့ အရာရှိတွေဆိုရင် ပိုသိမှာပေါ့... ဘာလို့လဲဆိုတော့ သူများနိုင်ငံမှာ နိုင်ငံကူးလက်မှတ်နဲ့ နေနေတဲ့ သူတွေတောင်မှ ဧည့်စာရင်းတိုင်တာတွေ မလုပ်ရဘဲ အေးအေးဆေးဆေး သွားလာလို့ ရပါတယ်... ရုရှားရောက် အရာရှိတွေ အနေနဲ့ မိမိတိုင်းပြည်နဲ့ ပြည်ပနိုင်ငံတွေ ဘယ်လောက်တောင် ကွာဟချက်တွေရှိတယ်.. သူများနိုင်ငံတွေက ဘယ်လိုပုံစံလဲ မိမိနိုင်ငံက ဘယ်လို ပုံစံလဲဆိုတာကို ကိုယ်တွေ့မို့ ချင့်ချိန်စဉ်းစားကြည့်ကြပေါ့... မိမိနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေတဲ့ အချိန်မှာ သံဃာတွေ ငြိမ်းချမ်းစွာ ဆန္ဒ ပြတာကို စစ်တပ်နဲ့ ရဲတွေက ပူုးပေါင်းပြီးတော့ အတင်းတိုက်ဖျက်တာ ဘာကြောင့်လဲ.... ပြီးတော့ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေက ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လို့လား... စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူတွေ အားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေ ပါဘဲ... ဒီလို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပြီးတော့ သူတို့အနေနဲ့ သံဃာတွေကို ရိုက်နှက်တာတွေကိုတောင် လုပ်ရဲအောင် ဘယ်သူတွေက မြှောက်ပင့်ပေးတာလဲဆိုတော့... စစ်အာဏာရူးတွေက သံဃာစက်ထက် အာဏာစက်က ပိုကြီးတယ် ဆိုပြီးတော့ လက်အောက် ငယ်သားတွေကို ပြောပြီး ရိုက်နှက်မှုတွေနဲ့ သံဃာသွေးတွေကို မြေကျအောင် လုပ်ခဲ့ကြပါတယ်... စစ်အာဏာရှင်တွေဟာ အရမ်းကို တကိုယ်ကောင်းဆန်တဲ့ အာဏာရူးတွေ ဖြစ်ပါတယ်... စစ်တပ်မှာ အုပ်ချုပ်နေတဲ့ သူတို့တွေရဲ့သားသမီးတွေကို ကြည့်လိုက်စမ်းပါ... သူတို့တွေ ဘယ်လိုနေ နေကြလဲဆိုတာကို ကြည့်ကြည့်ပါ... မိမိနဲ့ နီးစပ်တဲ့ သူတွေရဲ့ အသိုင်းအ၀န်း တွေကို ကြည့်ကြည့်ပေါ့... စစ်အာဏာရူးတွေရဲ့ သားသမီးတွေဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ အားလုံးကို လက်ဝါးကြီး အုပ်ပြီး ကိုယ်ကျိုးအတွက် သုံးဖြုန်းနေတာ လုံးဝ သဘာဝမကျတဲ့ လုပ်ရပ်တွေပါ... နိုင်ငံကို အုပ်ချုပ်တယ် ဆိုတာက ကိုယ်ကျိုးစီးပွားကို ရှာပြီးတော့ ကိုယ့်ဆွေမျိုးတွေ ကောင်းစားဖို့ အတွက်လို့များ စစ်အာဏာရူးတွေ ထင်နေကြလား မသိပါဘူး... အခုလိုမျိုး စစ်အာဏာရူးတွေရဲ့ လုပ်ရပ်တွေကို မနှစ်မြို့သော မျိုးချစ်မြန်မာ လူမျိုးတွေ အနေနဲ့ ၂၀၀၉ ခုနှစ်ကို ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးနှစ် အဖြစ်နဲ့ ကျန်ရစ်အောင် သား (၃) သားနဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံး လက်တွဲကာ မိမိရှိရာနေရာ မိမိ တတ်နိုင်တဲ့ ဘက်က အားလုံး ပါဝင်ကြပြီးတော့ စစ်အာဏာရူးတွေ ပြုတ်ကျအောင် ကျွန်တော်တို့နဲ့ အတူလက်တွဲလို့ တိုက်ခိုက်ကြပါစို့လို့ တိုက်တွန်းရေးသားရင်း နိဂုံးချူပ်လိုက်ရပါတယ်။

ဆောင်းပါးရှင် - တရုတ်မ (တပ်မတော် အရာရှိတစ်ဦး)
စည်းလုံးခြင်းအင်အားဘလော့မှ ကူးယူ ဖေါ်ပြပါသည်။

သတင်းပဒေသာ


ဆန္ဒပြသူများက“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” စာတန်းကိုင်ဆွဲကာ အဖွဲ့ချုပ်ရုံးမှ ချီတက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ရှေ့အရောက်တွင် တားဆီး ထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ - MMT)
ရန်ကုန်တွင်ဆန္ဒပြ
မိုးမခအထောက်တော် ၆
ဒီဇင်ဘာ ၃၀၊ ၂၀၀၈
ယနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုံ့ဆော်ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက တားမြစ်လိုက်ပြီး ဆန္ဒပြသူ ၉ ဦး ကို ဖမ်းဆီးလိုက်သည်။
အဴပည့္အစုံသိုႛ ...

ဒီမိုကရေစီ မြတ်နိုးသူ ပြည်သူအပေါင်းရှင့်။

လာမယ့် ဇန်နဝါရီ (၄)ရက်နေ့ဆိုရင် ကျွန်မတို့ မြန်မာပြည်ကြီး လွတ်လပ်ရေးရခဲ့တာ (၆၁) နှစ်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို ကျွန်မတို့ပြည်သူတွေ အခုအချိန်ထိ မခံစားရသေးပါဘူး။

ဒါကြောင့် လာမယ့် ဇန်န၀ါရီလ ပထမပတ်မှာ ကျွန်မတို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့
ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်းပြီး၊ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကို အကောင် အထည် ဖော်ကြမှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပဒီမိုအင်အားစုများ စုပေါင်းခေါ်ဆိုထားတဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ ကင်ပိန်းခေါ်စာနဲ့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (Free Burma Federation) ရဲ့ ထုတ်ပြန်ကြေညာချက်စာတမ်းကို ပူးတွဲပေးပို့လိုက်ပါတယ်။

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်တွေနဲ့ အတူ စိတ်တူကိုယ်တူ ပူးပေါင်းပြီး၊ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့လားရှင်။

လေးစားစွာဖြင့်
ခင်မမမျိုး
ဗဟိုပြန်ကြားရေးကော်မတီ
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်






Bangladesh

29 December 2008

ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတို့က ထွက်ခွာလာကြတဲ့ လူ ၃၀၀ကျော်ဟာ ကပ္ပလီကျွန်းနဲ့ နီကိုဗာကျွန်းတို့ အနီးမှာ ပျောက်ဆုံးနေကြတယ်လို့၊ သူတို့ ရေနစ်ကုန်ကြပြီလို့လည်း စိုးရိမ်ရတယ်လို့ အိန္ဒိယ ကမ်းခြေစောင့်များက ပြောကြားကြပါတယ်။

ပင်လယ်ထဲမှာ သတင်း ၂ ပတ်အကြာအဲဒီ စက်လှေ မြောနေကြပြီး စက်လှေပေါ်မှာလည်း အစားအစာနဲ့ သောက်ရေ ပြတ်လို့ ရေထဲကို ခုန်ချတယ်။ အဲဒီထဲက ၁၀၀လောက်ကို ကယ်တင်နိုင်ပေမယ့် ၃၀၀ကျော်ကတော့ ပျောက်ဆုံးနေဆဲပဲလို့ သူတို့က ဆက်လက်ရှင်းပြပါတယ်။ အဲဒီ လူတွေထဲက အများစုဟာ မလေးရှားနိုင်ငံမှာ ဆက်လက် အလုပ်ရှာဖို့ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄၅ရက်လောက်က ဘင်္ဂလားဒေရှ့် နိုင်ငံကနေ စက်လှေ အသီးသီးနဲ့ ထွက်ခွာလာခဲ့ကြပြီး တနေရာမှာ သူတို့ စုပြီး စက်လှေ တစ်စင်းပေါ်ကို အဲဒီ လူ ၄၀၀ စုပြုံ တက်လာခဲ့ကြတာ၊ သောကြာနေ့မှာ အဲဒီလို ခုန်ချခဲ့ကြတာဖြစ်တယ်လို့ သတင်းများမှာ ရှင်းလင်းဖော်ပြထားပါတယ်။



- သုံးရက်ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက်စတိုင်း ၃၀၀ ကျော် သေဆုံး
click
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ ကျော် ဘင်္ဂလားပင်လယ်အော်မှာ ပျောက်ဆုံးနေ click
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး click
- ဆန္ဒပြမှုကြောင့် ထို်င်းဝန်ကြီးချုပ် အစိုးရမူဝါဒမိန့်ခွန်း ပါလီမန်တွင် ပြောဆိုရန် ရွှေ့ဆိုင်း click
- အမေရိကန် အာဆီယံ နဲ့ မြန်မာနိုင်ငံ click
- ကရင်နှစ်သစ်ကူးပွဲတော်ကို တက္ကဆက်ပြည်နယ်မှာ စုပေါင်းကျင်းပ click
- တရားမျှတရေး လှုပ်ရှားသူအပေါ် ဖောက်ခွဲရေးပုဒ်မဖြင့် စီရင်မည် click
- ဝေးလံထောင်ရောက် နိုင်ငံရေးအကျဉ်းသားများရော မိသားစုများပါ ဒုက္ခတွေ့ click
- အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားသူ ထောင်တွင်းမှာ သေဆုံး click
- ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီ ပိုဖိအားပေးနိုင် click
- အစ္စရေးတိုက်ခိုက်မှု အီဂျစ်ပူးပေါင်းပါဝင်လို့ စွပ်စွဲခံရ click
- ထိုင်းပါလီမန်ကို ပိတ်ဆို့ ဆန္ဒပြနေ click
- နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များရဲ့များ ယုံကြည်ချက်နှင့် မျှော်လင့်ချက်များ click
- ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြုကန်တော့ပွဲ click
- ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖွဲ့ချုပ်ဌာနချုပ်ရှေ့တွင် ကျင်းပ (ဓာတ်ပုံသ တင်း) click
- နယူးယောက်ပြည်နယ် ယူတီကာမြို့က လွတ်မြောက်ရေး ပဋ္ဌာန်းပွဲ အောင်မြင်စွာပြီးဆုံး click
- ဆရာတော် ဦးဥတ္တမ ဖွားမြင်တော်မူသည့် ၁၂၉ နှစ်မြောက် အခမ်းအနား Cox's Bazar တွင် ကျင်းပ click
- (၂) နှစ်ကြာ ရပ်တန့်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ click
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ click
- ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု click
- နိုင်ငံရေးသမား နောက်တဦး သေဆုံး click

Burma News

KNLA Statement For Karen New Year



UN Offers Development Aid in Exchange for Political Prisoners

By WAI MOE
The UN has reportedly offered the Burmese junta development aid in exchange for the release of political prisoners and progress toward democratic change in the country.


Political Prisoner Htay Lwin Oo Dies

By MIN LWIN
Burmese labor rights activist Htay Lwin Oo has died in Mandalay prison—the second political prisoner known to have died in Burma this month.

Pro-Thaksin Protesters Surround Thai Parliament

By DENIS D. GRAY
Thai protesters block the new government from entering Parliament, calling for it to dissolve the legislature and hold a general election.

Canada-based Party Linked to Controversial Businessman

By THE IRRAWADDY
A recently formed Burmese political party based in Vancouver, Canada, has links to a businessman once accused of laundering drug profits for the United Wa State Army.

- Myanmar signs gas deal with SKorea, India, China: state media click


BURMA DEMOCRACY & DEVELOPMENT: Stand up and be counted on Burma

Hard times that called for desperate measures
Business Daily Africa - Nairobi,Kenya
From Gikomba, Burma, and Ngara markets in Nairobi to upmarket residential areas, business has slowed down with a low turnout of customers. ...
National Post
2008: Floods, Famine and Pestilence
National Post - Toronto,Ontario,Canada
When comes to loss of life, however, no other event this year tops the cyclone that hit Burma only ten days before the Sichuan earthquake. ...
Dispute idles ship carrying Bay Bridge supplies
San Francisco Chronicle - CA, USA
As of Saturday afternoon, two Oakland police cars blocked the entrance to Burma Road, which leads to Pier 7, although protesters and journalists were ...
Myanmar refugees celebrate Karen new year
Deseret News - Salt Lake City,UT,USA
A few hundred Karen, a minority ethnic group from Myanmar (formerly Burma), gathered in an LDS meetinghouse Saturday to celebrate the 2748th year since ...
UN Mulls Reengaging Burma With More Aid
Washington Post - United States
By Colum Lynch and Michael Abramowitz UNITED NATIONS -- International sanctions and Laura Bush's personal intervention did not make Burma's generals ease ...
Cyclone Nargis hits Burma, 2 May
guardian.co.uk - UK
The night of the cyclone was like hiding beneath a Boeing 747 with all its engines on. The wind was roaring and you could hear trees snapping. ...
Finding freedom: Burmese immigrants say they want help to become ...
New Bern Sun Journal - New Bern,NC,USA
Eh, who is 53, grew up in Rangoon, a city in the eastern part of the Karen state of Burma. Burma was a democratic country until the military took control ...
Burmese immigrants celebrate Karen New Year
New Bern Sun Journal - New Bern,NC,USA
Many of the people, mostly refugees from the Karen state in Myanmar (previously Burma), wore colorful headbands, robes and dresses for the celebration. ...
The Irrawaddy News Magazine - Chiang Mai,Thailand
By LAWI WENG Hundreds of Burmese tsunami survivors—who are still migrant workers in Thailand, four years after almost losing their lives—are still fearful ...

Blogs Alert for: Burma news

UN Passes Strong Resolution on Burma Human Rights Abuses « San Oo ...
Department of Public Information • News and Media Division • New York. Sixty-third General Assembly. Plenary. 74th Meeting (Night). GENERAL ASSEMBLY ENDS MAIN PART OF SIXTY-THIRD SESSION, ADOPTING TEXTS ON HUMAN RESOURCES MANAGEMENT, ...
2008 year in review: Big news, small news and in between - Metro ...
May 3: Cyclone Nargis slams into Myanmar (formerly Burma), killing an estimated 22000 people. May 4: Ashes to ashes, suds to suds as an Illinois man throws a party using his custom-made casket -- designed as a Pabst Blue Ribbon beer can ...
Real-Time News: Latest Northeast... - http://www.cleveland.com/news/index.ssf/
ENGLISH DEYEA NEWS: U.S. blames Hamas for attack by Israel
Myanmar detains over 1800 political prisoners' - The News - International · US Envoy Wants Int'l Pressure on Myanmar - The Associated Press · Myanmar's military junta debars Internet and Blogging - Merinews · Burma has to prepare for ...
Inya Net » Blog Archive » U.N. Mulls Reengaging Burma With More Aid
According to senior U.N. officials, special envoy Ibrahim Gambari has proposed that nations offer Burma financial incentives to free more than 2000 political prisoners, including Nobel laureate Aung San Suu Kyi, and to open the country ...
U.N. Mulls Reengaging Burma With More Aid « Peace and Freedom ...
This entry was posted on December 28, 2008 at 8:03 am and is filed under Burma, Bush, Myanmar, UN, United Nations, aid, junta, news, politics, repression. You can follow any responses to this entry through the RSS 2.0 feed. ...
Peace and Freedom Global Future - http://arturoafc54.wordpress.com/
- 300 migrants missing off Andamans click
- Japan's decision on Myanmar refugees sends message click
- 99 migrants rescued from sea click
- Coast Guard rescues illegal migrants click
- Japan’s action changes Asia’s image click

ကမ်းတက်တိုက်ပွဲ

ညိုထက်(လမ်းသစ်ဦး)

လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
"စကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။"

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြတ်ပြတ်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။




ညိုထက်(လမ်းသစ်ဦး)

အီးမေးမှ ပေးပို့လာသော ကဗျာဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားအရေး ပဟေဠိပုစ္ဆာ

E-mail Print
မြန်မာနိုင်ငံရှိ တိုင်းရင်း သားများအရေး လေ့လာတင်ပြမှု အသစ်တရပ်က ရှုပ်ထွေး ထွေပြား လှသည့် အရိုင်းနယ်ပယ်ကို တို့ထိလေ့လာခဲ့ပြီး ရှေ့ဆက် လှမ်းနိုင်မည့် လမ်းကို ညွှန်ပြခဲ့သည်။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီလှသည့် တိုင်းရင်းသား အရေး ပြဿနာများကို လေ့လာခဲ့ကြသည့် စာရေးသူများအနေနှင့် အရှုံးနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်းကိုသိ၍ ကြိုတင် ပြင်ဆင်ထားသင့်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ နိုင်ငံရေး၊ ပဋိပက္ခ ဖြစ်ပွားနေသည့် အခြေအနေ။ အက်ရှ်လေ ဆောက်သ်၊ Routledge ပုံနှိပ်တိုက်၊ စာမျက်နှာ ၂၇၇. Ethnic Politics in Burma: States of Conflict by Ashley South. Routledge, 2008, P 277

ဤစာအုပ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား တို့ကို အတွင်းကျကျ လေ့လာထားပြီး အတွေ့အကြုံ ကြွယ်ဝမျှတစွာ သုတေသနပြု တင်ပြထားသည်။ သုတေသန ပြုမှုတခုက ရှမ်း၊ ကရင်၊ ကချင် အပါအဝင် ၁၃၅ မျိုးသော မြန်မာနိုင်ငံ၏ လူမျိုးစုများ အကြောင်းနှင့် သူတို့၏ေ၀၀ါးရှုပ်ထွေးဖွယ် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၊ နိုင်ငံရေးပါတီများ၊ တိုးတက် ဖြစ်ပေါ်ရေး အတွက် ကြိုးပမ်းနေကြ မှုများကို ဆယ်စုနှစ်များစွာ ရှည်ကြာနေသည့် ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် ကုန်သွယ်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတောမသတ် ကျူးလွန်ကာ နိုင်ငံတော် တည်ဆောက် နေသည့် မြန်မာစစ်တပ်၏ နောက်ခံကားချပ် ပေါ်တွင် မည်သို့ တင်ပြနိုင်ပါအံ့နည်းဟု မေးခွန်းထုတ်ဖွယ် ရှိနေသည်။

ကိုလိုနီခေတ် ကာလမှစ၍ အနောက်တိုင်း စာရေးဆရာ ၂ ဦးကသာ မျှတစွာ ဤအကြောင်းကို ရေးသားခဲ့ဖူးသည်။ တဦးမှာ မာတင်စမစ် ဖြစ်ပြီး သူ၏ “မြန်မာနိုင်ငံ၊ ပြည်တွင်း ပုန်ကန် ခြားနားမှုနှင့် တိုင်းရင်းသား နိုင်ငံရေး” (Burma-Insurgency and the Politics of Ethnicity) စာအုပ်မှာ စွယ်စုံကျမ်းသဖွယ် ပြည့်စုံလှသည်။ နောက်တဦးမှာ ဘာတေးလ် လစ်တနာ (Bertil Lintner) ဖြစ်ပြီး ၎င်းက “ပုန်ကန်မှုများနှင့် မြန်မာနိုင်ငံ” (Burma in Revolt) အမည်ရှိ စာအုပ်ကို ရေးသားခဲ့သည်။ ဤစာအုပ် ၂ အုပ်က ပဟေဠိသဖွယ် ရှုပ်ထွေး လှသည့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား အရေးကို သေချာစွာ ဖော်ပြထားခဲ့သည်။

မာတင်စမစ်၏ စာအုပ်က ပဋိပက္ခနှင့် တိုင်းရင်းသားတို့၏ ၀ိသေသလက္ခဏာကို ရေးသားဖော်ပြထားပြီး ဘာတေးလ် လစ်တနာ၏ စာအုပ်က ပဋိပက္ခ၊ နိုင်ငံတော် တည်ဆောက်မှုနှင့် မူးယစ်ဆေးဝါးပြဿနာ အကြောင်းတင်ပြထားသည်။

ယခု အက်ရှ်လေဆောက်သ်၏ စာအုပ်ကမူ ဤအကြောင်းအရာ အားလုံးကို ခြုံငုံတင်ပြထားခြင်းဖြစ်ပြီး လက်ငင်း ဆွေးနွေးငြင်း ခုန်နေကြသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အဓမ္မနေရာ ပြောင်းရွှေ့ချထားမှုများ၊ ထို့အပြင် မြန်မာနိုင်ငံတွင် တရွေ့ရွေ့ပြောင်း လာနေသည့် “တိုင်းရင်းသားတို့၏ ၀ိသေသလက္ခဏာ” ကို ပညာရပ်ပိုင်းဆိုင်ရာ ချဉ်းကပ်၍ ဆွေးနွေးတင် ပြထားသည်။

ဤစာအုပ်၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများအရေး ဆွေးနွေးသုံးသပ်ရာ၌ ပိုမို ရှုပ်ထွေးပွေလီသည့် အကြောင်းများနှင့် အသေးစိတ် အချက်များကို ထပ်မံဖြည့်ဆီးပေးရန် ဖြစ်သည်။ တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ဒေသများနှင့် မြန်မာနိုင်ငံ မြို့ကြီးများတွင် အသစ်ပေါ်ပေါက် ကြီးထွားလာနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ စစ် အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသားအုပ်စုများကို အကျပ်ကိုင် တက်ရောက်ခိုင်းမှုနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများ၏ မမျှမတ ဆိုးကျိုးသက်ရောက်ရပုံများကိုပါ ထည့်သွင်းဖော်ပြထားသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးခံရမှုကြောင့် ဖြစ်ရသည့် ပြဿနာများကို အချိန်မီ နောက်ဆက်တွဲဖြည့်၍ ဖော်ပြထားသည့်ပြင် ကာလကြာရှည် ဒုက္ခခံစားခဲ့ရ၍ အုပ်စုအသီးသီး ကွဲပြားနေကြသည့် တိုင်းရင်းသားများအနေနှင့် မဟာဗျူဟာကျကျ ပြန်လည်တွေးခေါ် ချည်းကပ်ပါက ယခုအခါ အခွင့်အလမ်းများ ပေါ်ပေါက်နေလေပြီဟု အက်ရှ်လေ ဆောက်သ်က အကြံပြုထားသည်။ သူက ဤသို့ချဉ်းကပ်ပုံကို “ပြန်လည်ဆန်းစစ်ခြင်း၊ ပြုပြင် ပြောင်းလဲရေးများလုပ်ဆောင်ခြင်းနှင့် ပြန်လည် ထိတွေ့ဆက်ဆံခြင်း” ဟု အမည်ပေးထားသည်။

စာရေးသူက ကချင်နှင့် မွန်အပစ်အခတ်ရပ်စဲရေး အဖွဲ့များအပေါ် အနီးကပ်လေ့လာ၍ ပုံကြမ်းဆွဲ ဖော်ပြခဲ့သေးသည်။ ထို့အပြင် ၀နှင့် ကိုးကန့်အထူးဒေသများတွင် ကြုံတွေ့နေရသော ဘိန်းပပျောက်ရေးနှင့် ရှေ့မတိုး နောက်မဆုတ်သာ ဖွံ့ဖြိုး ရေး အကြပ်အတည်းကိုလည်း ဆန်းစစ်တင်ပြထား၏။ ကရင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရေလည်စွာ ရှင်းပြထားသော်လည်း ၂၀၀၄ ခုနှစ်က ဗိုလ်ချုပ်စောဘိုမြကိုယ်တိုင် ရန်ကုန်သွား၍ လမ်းဖောက်ခဲ့သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုခရီးစဉ်ကိုမူ ခြွင်းချန်ထားကြောင်း တွေ့ရှိရသည်။

တိုးပွားလာသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအကြောင်း ဖော်ပြချက်မှာ စိတ်အားတက်ဖွယ် ကောင်းလှသလို အထူးအရေးပါလှသည်။ မြန်မာနိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးကိစ္စ ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ရာထောင်ချီ၍ ရှိနေသည့်အကြောင်းကို အက်ရှ်လေ ဆောက်သ်က ၎င်းတို့၏လုံခြုံရေး မထိခိုက် ရလေအောင် ရေးသားတင်ပြထားသည်။

ထိုအဖွဲ့အစည်းများ ပိုမိုအားကောင်းသန်စွမ်းလာစေရန် နိုင်ငံတကာ မိသားစုက ကူညီပံ့ပိုးနိုင်မည့် နည်းလမ်းများ ရှာဖွေသင့်သည်ဟု ဆောက်သ်က ပြောထားသည်။ သို့သော်လည်း စစ်တပ်၏ အာဏာဖွဲ့စည်းပုံကို ရှောင်ကွင်းဆောင်ရွက် နိုင်ရန်လိုအပ်ပြီး စစ်အစိုးရက တင်းကျပ်စွာ ထိန်းချုပ် ဖွဲ့ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကဲ့သို့ အဖွဲ့မျိုးကိုလည်း သတိထားရန် လိုအပ်သည်ဟု ဆိုထားသည်။

စာအုပ်၏ နောက်ဆုံးအခန်းဖြစ်သည့် “လူမှုအဖွဲ့အစည်းကို အသစ်မြင်ယောင်ကြည့်ခြင်း” ကဏ္ဍ၌ တိုင်းရင်းသားအုပ်စု များအနေနှင့် ဗဟိုအစိုးရ၊ နိုင်ငံတကာမိသားစုနှင့် ပူးပေါင်းဆက်စပ်၍ ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ လုပ်ကိုင်နိုင်ရန် လမ်းညွှန်ထားသည်။

ဆောက်သ်က ဆွေးနွေးရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေနှင့် အထူးအရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်သဖြင့် စစ်အစိုးရကော နိုင်ငံတကာမိသားစုကပါ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် ရည်မှန်းပို့ဆောင်ပေးနိုင်မည့် ယာဉ်တခုသဖွယ် သဘောထားသင့်သည်ဟု ဆိုသည်။

“လူသားချင်းစာနာမှု ကူညီရေးကဏ္ဍသည် နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာဖွယ်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပိုမို ပွင့်လင်းသည့် ဆွေးနွေးမှုများ ဖြစ်လာနိုင်ပြီး ဗဟိုနှင့် အစွန်အဖျားတို့ ဆက်ဆံရေးကိစ္စ ပိုမိုဆွေးနွေးလာနိုင်သည်။ လိုအပ်သည့်အချက်မှာ နိုင်ငံတကာအစိုးရနှင့် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများအကြား ပိုမို အရည်အသွေးမြင့်သည့် ထိတွေ့ဆက်ဆံရေးပင် ဖြစ်သည်” ဟု ၎င်းစာအုပ်တွင် ဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ရေးသားတင်ပြခဲ့သည့် အက်ရှ်လေ ဆောက်သ်၏ တောက်ပြောင်ထင်ရှားသော အစီရင်ခံစာ များ၊ ဆောင်းပါးများကို စောင့်ကြည့်ဖတ်ရှုနေသူများ အနေနှင့်တော့ ၎င်း၏အရေးအသားမှာ ယခင်ကတွေ့ဖူးနေကျ ပုံစံအတိုင်း အကျွမ်းတ၀င် ဖြစ်နေသည်ဟု ယူဆနိုင်သည်။

သာမန် စာဖတ်သူများအတွက်မူ ဤစာအုပ်က ပြဿနာကိစ္စအများအပြားကို စုစည်းပေးထားသည့် အဖိုးတန် စာပေါင်းချုပ် ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း အသေးစိတ်အချက်အများအပြား ပါရှိနေမှုကြောင့် ရံဖန်ရံခါ ရှုပ်ထွေးဖွယ်၊ အဆက် အစပ်မရှိသလိုလည်း ဖြစ်နေနိုင်သည်။

သေချာဖော်ပြထားသည့် ဇယားချပ်များ က အစွန်းထွက်ဖွယ်အငြင်းပွားမှုများ၊ ရှင်းလင်းထင်ရှားသည့် အပစ်အခတ် ရပ်စဲရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအကြောင်းကို သိမြင်စေနိုင်ပါသည်။ ဤပုံကားချပ်များကို ကြည့်ခြင်းဖြင့် ရှုပ်ထွေးလှသည့် အမယ်ဘုတ်သူ့ချည်ခင် ပြဿနာများအပေါ် စာရေးသူက အစဆွဲ ဆုပ်ကိုင်မိသည့် အကြောင်းကိုလည်း မြင်တွေ့ နိုင်ပါသည်။

သို့သော် စာအုပ်၏ အားနည်းချက်ဟု ဆိုနိုင်သည့် အချက်တခုမှာ အနောက်တိုင်းဖွံ့ဖြိုးရေး အေဂျင်စီများ၏ အခန်း ကဏ္ဍနှင့် နိုင်ငံတကာတွင် မြန်မာ့အရေး စည်းရုံးတိုက်တွန်းမှုများအကြား ဆွေးနွေးငြင်းခုန်နေရမှုများကို မျှတရန် ကြိုးစားဖော်ပြလွန်းမှုပင် ဖြစ်ပါသည်။ သူက ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့များ၊ လုပ်ငန်းများကို “စီးပွားရေးလုပ်ငန်းကြီး” ဟူ၍ နှိမ်ကာ အကြိမ်ကြိမ် သုံးနှုန်းဖော်ပြ ထားသည်ကို မနှစ်မြို့ဖွယ် မြင်တွေ့ရ သည်။

အက်ရှ်လေ ဆောက်သ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပညာရှင် ဖြစ်မလာမီ ကယ်ဆယ်ရေး လုပ်သားတဦးအဖြစ်၊ သုတေသီတဦးအဖြစ် ကာလ ကြာရှည်ဆောင်ရွက်ရင်း အရည်အသွေး ထက်မြက်လာအောင် ကြိုးစားနေခဲ့သူတဦး ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများအနေနှင့် စစ်အစိုးရ၏ အာဏာရှင်ဆန်ဆန် ဖွဲ့စည်းပုံ နှင့်သော်လည်းကောင်း၊ ၀အဖွဲ့ ကိုးကန့်အဖွဲ့ စသည့် တာဝန်ယူမှု မရှိလှသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ နှင့်သော်လည်းကောင်း ဆက်ဆံလုပ်ကိုင်ရင်း နိုင်ငံရေးအရ အပေးအယူပြုရမည့် အကြပ်အတည်း၊ အားနည်းချက်၊ ဆုံးရှုံးရနိုင်သည့် အခြေအနေများကို ဖော်ပြရန် သူက ပျက်ကွက်ခဲ့သည်။

သို့သော်လည်း ကုလသမဂ္ဂနှင့် တခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများက နယ်စပ်ဒေသအခြေစိုက် အသေးစား လုပ်ငန်းငယ်များ၊ အဖွဲ့အစည်းများကို “စီးပွားရေးလုပ်ငန်းကြီး” (industry) ဟု နှိမ်၍ ခေါ်ဆိုနေပြန်သည်။ အမှန်တွင် ဤအုပ်စုများထဲမှ အနည်းငယ်ကသာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရေးအတွက် ဆောင်ရွက်နေကြပြီး ဤအချက်ကိုလည်း အက်ရှ်လေ ဆောက်သ်က ဖော်ပြရန် ခြွင်းချန်ခဲ့သည်။ စာအုပ်၏ ဖွံ့ဖြိုးရေးအကူအညီများဆိုင်ရာ နိုင်ငံရေးအခန်းကဏ္ဍမှာမူ ကံမကောင်း အကြောင်းမလှစွာ အားနည်းလှပါသည်။

မည်သို့ပင် ဆိုစေကာမူ ဤစာအုပ်သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးကဏ္ဍတွင် လုပ်ဆောင်နေကြသူများ၊ လာလတံ့သော ၀န်ထမ်းများ အားလုံး မဖြစ်မနေဖတ်သင့်သည့် စာအုပ်ဖြစ်ပါသည်။ ထိုမျှမက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေကြသူ ပြည်သူများအတွက် လိုအပ်နေသည့် နိုင်ငံတကာမိသားစု၏ အခန်းကဏ္ဍကို ဆက်လက် ဆွေးနွေးငြင်းခုန်နိုင်ရန် ပံ့ပိုးပေးမည့် အခြေခံမှတ်တမ်းတခုလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအပေါ် အက်ရှ်လေ ဆောက်သ်က တန်ဖိုးထား လေးစားမှုရှိသည်ကိုတွေ့ရသည်။ ထို့ပြင် သူလေ့လာခဲ့သည့် အကြောင်းအရာအပေါ် မျှတစွာ ချဉ်းကပ်ဆောင်ရွက် အောင်မြင်နိုင်ခဲ့သည်ဟု သုံးသပ်ချင် ပါသည်။

David Scott Mathieson ရေးသားသည့် Burma’s Ethnic Jigsaw Puzzle ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဒေးဗစ် စကော့ မီသီဆင် (David Scott Mathieson) သည် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) မှ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပညာရှင် ဖြစ်ပါသည်။

12.29.2008

သတင်းပဒေသာ

Align Centerထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်းထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင်

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများက ထိုင်းလွှတ်တော်ရုံးဝင်ပေါက်များကို ၀ိုင်းထားသည့်အတွက် လွှတ်တော်မှာ အစိုးရပေါ်လစီသစ် စတင်ကြေညာမည့်အစီအစဉ်ကို ၀န်ကြီးချုပ် အာဘီဆစ်က ရွှေ့ဆိုင်းလိုက်ရသည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်၊ အောက်လွှတ်တော် (၂) ရပ်လုံး စုံညီစွာတက်ရောက်မည့် လွှတ်တော်တွင် အစိုးရပေါ်လစီသစ် ကြေညာချက်ကို မထုတ်ပြန်မချင်း ထိုင်းအစိုးရသစ်အနေဖြင့် တရားဝင်လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်မရှိပေ။

ပြည်ပဆန်တင်ပို့မှု အရှုံးပေါ်
နိုင်ငံခြားဆန်ရောင်းသူများ လက်တွန့်

NEJ/ ၂၉ ဒီဇင်ဘာ ၂၀၀၈
ပထမဆုံးအသုတ်အဖြစ် နိုင်ငံခြားကို တန်ချိန် (၉,ဝဝဝ)၊ ဆန်အိတ် (၁၈ဝ,ဝဝဝ) တင်ပို့ပြီး ထူးကုမ္ပဏီ အရှုံးပြခဲ့သည့် အတွက် ကျန်ပါမစ်ရပြီးသား ဆန်ကုန်သည်များ တင်ပို့ရန် လက်တွန့်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ဆန် ကုန်သည်များ အသိုင်းအဝန်း မှစုံစမ်းသိရှိရသည်။ လောလော ဆယ် သီရိလင်္ကာနိုင်ငံသို့ ...အပြည့်အစုံသို့
နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ်ထပ်တည်မည်
အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင်

ခိုင်မင်း/ ၂၉ ဒီဇင်ဘာ ၂၀၀၈
ပျဉ်းမနားမြို့မှာ နောက်ထပ် ဘူတာရုံသစ်တခု တည် ဆောက်ရန်အတွက် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်အချို့ နေရာပြောင်းရွှေ့ပေးရမည်ဖြစ်သည့် အတွက် အိမ်ခြေ (၂) သောင်းကျော် အခက်အခဲဖြစ်နိုင်သည်ဟု မြို့ခံ များက ပြောသည်။ နေပြည်တော်ဘူတာရုံကြီးကို ၂၀၀၆ ခုနှစ်က ရွာတော်ကျေးရွာအနီး...အပြည့်အစုံသို့
ဘီဘီစီ ဘန်ကောက် သတင်းထောက်
ထောင်ကျကိန်းရင်ဆိုင်

NEJ/ ၂၉ ဒီဇင်ဘာ ၂ဝဝ၈
ထိုင်းနိုင်ငံ ဘန်ကောက် ဘီဘီစီ အင်္ဂလိပ်လူမျိုး သတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုဖြင့် ထိုင်းရဲ အရာရှိတဦးက စွဲချက်တင်ထားရာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁၅) နှစ်ထိ ကျခံရဖွယ်ရှိသည်။...အပြည့်အစုံသို့

From 20 Year Anniversary - Daw Khin Ky

လွတ်လပ်ရေး ဘခင်ကြီး အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး၊ မြန်မာပြည် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဲန်အယ်ဒီ ပါတီက သံဃာတော်များကို ဆွမ်းလောင်း၊ အဖွဲ့ချုပ် ဌာနချုပ်ရှေ့တွင် ၂၆ ဒီဇင်ဘာ သောကြာနေ့တွင် ကျင်းပခဲ့၊

မိုးမခ ဓာတ်ပုံသတင်း

ဒီဇင်ဘာ ၂၉၊ ၂၀၀၈

The Generation Waves – Free Burma Poster
သောင်းပြောင်းထွေလာ - ကာတွန်း Box

#fullpost {display:none;}

The Generation Waves – Free Burma Poster
December 29th, 2008


ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

နိုင်ငံရေးသမား နောက်တဦး သေဆုံး

ပဲခူးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေးသမားတဦး ယမန်နေ့က သေဆုံးသွားသည်။

ကာတွန်းဆရာကြီးများ ကန်တော့ပွဲ အာဏာပိုင်များ စောင့်ကြည့်

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ကာတွန်းဆရာကြီး ဦးဖေသိန်း နေအိမ်တွင် ယမန်နေ့က ပြုလုပ်သော ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများ ကန်တော့ပွဲကို အာဏာပိုင်များက အနှောင့်အယှက်မပေးသော်လည်း စောင့်ကြည့်မှုများ ပြုလုပ်ကြောင်း ကန်တော့ပွဲတက်ရောက်ခဲ့သည့် ကာတွန်းဆရာများက ပြောသည်။

Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

ကမ္ဘာ့ ရုပ်ရှင်နေ့ အထိမ်း အမှတ် အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ခန်းမ၌ ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ပြသ

- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း၊ ထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင် click
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူများ လက်တွန့် click
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည်၊ အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင်ထုတ်ဖို့ပြင် click
- ဘီဘီစီ ဘန်ကောက်နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုကြောင့် ထောင်ကျနိုင် click
- အာဘီဆစ်အစိုးရ ၂၀၀၉ မှာ ပြုတ်ကိန်းရှိ၊ ထိုင်းဗေဒင်ဟောကိန်းထွက် click
- ကာတွန်းဆရာကြီးများ ကန်တော့ပွဲ အာဏာပိုင်များ စောင့်ကြည့် click
- ၂၀၀၈ ရဲ့ အကြီးမားဆုံး သဘာဝဘေးဒဏ်များ click
- ၀မ်းတွင်းမြို့နယ် အန်အယ်လ်ဒီ အစည်းအဝေး click
- ရေစကြိုမှာပေါ်တဲ့ မြေနုကျွန်း အာဏာပိုင်တွေ နေရာကောင်းရယူ click
- နာဂစ်မုန်တိုင်းရန်ပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်ကယ်လိုင်စင်ထုတ်ပေး၊ ကျပ်သိန်းချီအခွန်ကောက် click
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလလုံခြုံရေးကောင်စီ တောင်းဆို click
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး click
- ၂၀၀၈ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အထူးခြားဆုံးလူ (ဗွီအိုအေ တိုက်ရိုက်လေလှိုင်းအစီအစဉ်) click
- မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမရဲ့ ၁၂၉ နှစ်မြောက်မွေးနေ့ပွဲ အိန္ဒိယနိုင်ငံမှာ ကျင်း ပ click
- ဝေးလံထောင် ပြောင်းရွှေ့၊ မိသားစု အခက်ကြုံ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ကြိုတင်ပြင်ဆင်နေ click
- ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအပေါ် ပြည်ပရောက် မြန်မာတွေရဲ့ အမြင် click
- ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ ကြုံတွေ့ခံရပုံတွေအကြောင်း ဆွေးနွေးချက် (အာရ်အက်ဖ်အေ တနင်္ဂနွေ ဆွေးနွေးပွဲ) click
- ဂါဇာတိုက်ခိုက်မှု အစ္စရေးဖြေရှင်း click
- ဂါဇာအကြမ်းဖက်မှု click
- ဗုံးတန် သိန်းချီချ၊ လူ ၂၀၀ ကျော်သေတဲ့ ဂါဇာသွေးစွန်းမှု click
- အစ္စရေးတို့ ဂါဇာကို လေကြောင်းက တိုက်ခိုက် click
- လူငယ်အထူးအစီအစဉ် click
- ဘိုကလေး - ရေသန့်စက်လှူပါလျက် ပျက်၍ဖြုတ်ပြီးနောက် ၀ယ်သုံးနေရ click
- လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား ထောင်ချီ အလုပ်လက်မဲ့ဖြစ် click
- ဆူနာမီလေးနှစ်ပြည့်အခမ်းအနား ထိုင်းတောင်ပိုင်း၌ ကျင်းပ click

Burma News

The Irrawaddy News Magazine - Chiang Mai,Thailand
By WAI MOE The China National Petroleum Corporation (CNPC) has concluded a 30-year deal to buy natural gas from Burma, the Chinese Corp announced on Friday. ...
Outlook
Monks & Football
Outlook - New Delhi,India
father, Chundoli Padmanabhan Nair, was a clerk in the Burma Railways—are bathed in the golden glow of an idyllic childhood. Home was a wooden bungalow with ...
RM1m aid for cyclone victims
Malaysia Star - Malaysia
One of the latest efforts was initiated by the Malaysian Buddhist Association (MBA) which raised a total of RM1.05mil through the Burma Cyclone Relief Fund. ...
No final resting place for many of victims of Andaman tsunami
Nation Multimedia - Bangkok,Thailand
The symposium was coorganised yesterday by Chulalongkorn University's Social Research Institute and the Thai Action Committee for Democracy in Burma (TACDB) ...
UN envoy won't return to Burma
Radio Australia News - Melbourne,Australia
The United Nations special envoy for Burma, Ibrahim Gambari, says he will not return to the country just for the sake of it. Mr Gambari says the past year ...

Blogs Alert for: Burma news

Inya Net » Blog Archive » UN envoy won't return to Burma
admin | Daily News, Human Rights, Politics | December 27th, 2008. The United Nations special envoy for Burma, Ibrahim Gambari, says he will not return to the country just for the sake of it. Mr Gambari says the past year has been ...
Rev. Danny Fisher: The Wall Street Journal: A Brother's ...
By Rev. Danny Fisher
Min Zin, a Burmese journalist in exile who is a teaching fellow at the University of California, Berkeley, School of Journalism, writes for the Wall Street Journal today about his brother imprisoned in Burma for being in possession of a ...
Canada-based Party Linked to Controversial Businessman | Burma ...
Burmese exiles were surprised to learn through an Internet newsgroup recently that the former chairman of the All Burma Students Democratic Front (ABSDF) has.
Irrawaddy:Thailand's Burma Policy Set to Change under New Premier ...
In an interview with the Qatar-based Al Jazeera news network, Abhisit said that he would try to convince fellow members of the Association of Southeast Asian Nations (Asean) of the importance of human rights to the international ...
Bulgaria: 3 Quakes Force Mass Evacuation in China
Sofia News Agency (novinite.com) is a real time news provider in English that informs its readers about the latest Bulgarian news. The editorial staff also publishes a daily online newspaper The News. Novinite.com and The News publish ...
Sofia News Agency (novinite.com) - http://www.novinite.com/

Web Alert for: Burma news

India, Burma Reach Tax Cooperation Deal — Indo-Burma News
November 28, 2008: One of the more interesting agreements reached at a top-level trade and political relations meeting between India and Burma is a tax ...
India, Myanmar ink bilateral agreements — Indo-Burma News
India and Myanmar have signed Bilateral Investment Promotion Agreement (BIPA) and agreements on banking arrangements.

Salvation Army relief work in Myanmar (Burma) continues



Daw Saw (right), her daughter and grandchildren in their new home

THE Salvation Army response to the cyclone that brought devastation in Myanmar (Burma) in early May continues to give hope to many people. International Emergency Services personnel and local Salvation Army officers are currently working in eight of the townships affected by the disaster.

Distribution of food and non-food items is ongoing and, in some areas, will continue for several months. The greatest need is for food. The harvest of rice was destroyed by the cyclone and many storehouses which contained rice from previous harvests were damaged, meaning that the rice was spoiled. Other food sources were also left beyond use – mango trees were uprooted, banana trunks broken and vegetable plants destroyed.

The next planting season for rice and other food is October/November. In desperation people have started to plant some things already but it is not the right time and the soil may even be salty from the seawater that swept over many parts of the land. The people have amazing resilience and determination to do whatever they can to rebuild their lives again.

Some people are day labourers for rubber plantations. With so many rubber trees destroyed there is no work for them any more. Some are forced to resort to taking on odd jobs and depend on other people to give them work. But in the affected areas everyone is struggling and jobs are difficult to come by.

In other areas the great need is for shelter. Although a typical house is built mainly of bamboo, even this is beyond the means for many families, especially with prices rising after the disaster and some goods being in short supply. Most families are able to build these kinds of houses themselves and the community members help each other.

In two villages The Salvation Army is purchasing building materials for about 20 houses a week. The families transport the material themselves to their compounds and with help from neighbours a house can be built in four days.


Two new homes - the one on the right is where Daw Saw and her family live

The wife from the elderly couple mentioned in the report by the temporary shelter built from the remains of their destroyed house and a donated tarpaulin

The elderly couple mentioned in the report in front of their new home

The most vulnerable families are selected for assistance first – people like Daw Saw, an elderly widow. Her home used to be in the middle of a field but when the cyclone hit her house was totally destroyed. Her daughter lived with her and several grandchildren, but they all had to seek refuge in other villagers' homes.

In another village the house of an elderly couple was among the first to be rebuilt. After the cyclone destroyed their house they salvaged enough materials to put together a temporary shelter, making use of tarpaulins given out by The Salvation Army and other non-governmental agencies.

Daw Saw and the elderly couple have now moved into their new homes. Next to Daw Saw lives another widow who was also among the first beneficiaries. With the help of neighbours, family members and the community, typical houses on stilts have been built, with bamboo thatched roofs and bamboo matted walls.

When International Emergency Services team members visited the project, Daw Saw was in her new home with her daughter and grandchildren. One of the grandchildren, who is disabled and cannot walk, said with a broad smile that he likes his grandmother’s new house very much.

The new bamboo houses are neat, airy and pretty. But more than that, they offer people like Daw Saw and her family protection and a life of dignity.

Report by Damaris Frick

ခေတ်ပြိုင်အယ်ဒီတာ့ အာဘော်

မြန်မာ့စီးပွားရေး ဇင်ဘာဘွေကိန်းဆိုက်နေပြီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ


အာဏာရှင်တဦးကြောင့် တမျိုးသားလုံး ဒုက္ခရောက်ရသည့် မြန်မာနိုင်ငံ၏ အခြေအနေကို ယနေ့ ဇင်ဘာဘွေနှင့် နှိုင်းယှဉ်ထိုက်၏။

အသက် (၈၀) ကျော် အာဏာရှင် မူဂါဘေးက ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်လျက်နဲ့ အာဏာမလွှဲဘဲ ပေကပ်နေ၏။ အသက် (၈၀) နီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီကို အာဏာမလွဲဘဲ ပေကပ်နေ၏။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကြောင့် နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျသလို ဇင်ဘာဘွေ စီးပွားရေးမှာလည်း ကြောက်စရာကောင်းအောင် နာလန်မထူနိုင်ဖြစ်ရ၏။

ဇင်ဘာဘွေမှာ ငွေဖောင်းပွမှုနှုန်းက တရားဝင်ထုတ်ပြန်ချက်အရပင် ရာခိုင်နှုန်း သန်းရာနှင့်ချီ ရှိသည့်အတွက် ကမ္ဘာမှာ ငွေဖောင်းပွမှု စံချိန်အမြင့်ဆုံးနိုင်ငံ ဖြစ်သွား၏ အဆမတန် တန်ဖိုးကျနေသည့် ဇင်ဘာဘွေပြည်တွင်းသုံး ဒေါ်လာတန်ဖိုးမှာ မြန်မာနိုင်ငံ ဂျပန်ခေတ်ငွေစက္ကူထက်ဆိုးနေ၏။ တလောကတင် ဇင်ဘာဘွေမှာ သန်း (၅၀၀) တန် ဇင်ဘာဘွေဒေါ်လာ ထုတ်လိုက်ပြန်၏။ ထို သန်း (၅၀၀) တန်ငွေစက္ကူသည် အမေရိကန်ဒေါ်လာ (၅၀) သို့မဟုတ် မြန်မာငွေ (၆၅,၀၀၀) နှင့်သာ ညီမျှ၏။

၂၀၀၈ နိုဝင်ဘာ (၁၄) ရက်တွင် ဇင်ဘာဘွေ၏ လစဉ် ငွေဖောင်းပွမှုနှုန်းက (၇၉,၆၀၀,၀၀၀,၀၀၀.၀၀) ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ငွေဖောင်းပွမှုနှုန်းက (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်းရှိသည်ဟု Cato Institute က ထုတ်ပြန်ထားသည်မှာ မစဉ်းစားဝံ့အောင် ဖြစ်၏။

ပြည်တွင်းသုံးငွေ တန်ဖိုး အဆမတန်ကျသည့်အတွက် ဇင်ဘာဘွေဒေါ်လာကို လက်မခံတော့ဘဲ တနိုင်ငံလုံး အမေရိကန်ဒေါ်လာနှင့်သာ အရောင်းအ၀ယ်လုပ်ရသည့်အဖြစ် ရောက်၏။ ယင်းသို့ တနိုင်ငံလုံး ပြည်တွင်းသုံးငွေ လက်မခံဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံသုံးစွဲလာသည့်အချက်ကို dollarisation ဟု သုံးနှုန်း၏။

ဇင်ဘာဘွေမှာ မီတာခတွေကို အမေရိကန်ဒေါ်လာနှင့်ပေးရ၏။ ဓာတ်ဆီဆိုင်တွေကလည်း အမေရိကန်ဒေါ်လာကိုသာ လက်ခံ၏။ ဇင်ဘာဘွေမှာ ဘတ်စကားခကားတွေက တနေ့လုပ်ခလောက် ဈေးခုန်တက်နေသည့်အတွက် ကျောင်းတွေပိတ်ထားရ၏။ ဘီယာတပုလင်း ဇင်ဘာဘွေဒေါ်လာ ဘီလီယံ (၁၅၀) ထိ ဖြစ်သွား၏။ အများစုက တနေ့ ထမင်းတနပ်သာ စားနိုင်၏။

ယင်းသို့ ပြည်သူသန်းပေါင်းများစွာ အစာရေစာ ငတ်မွတ်နေသည့်တိုင် တနိုင်ငံလုံးနီးပါး ၀မ်းရောဂါ ကပ်ဆိုးကြီးဆိုက်နေသည့်တိုင် ဇင်ဘာဘွေဟာ ကျုပ်ပိုင်တဲ့နိုင်ငံဆိုပြီး အာဏာရှင် မူဂါဘေးက အတိုက်အခံနှင့် အာဏာခွဲဝေရေး မလုပ်နိုင်ဖြစ်နေ၏။ ဇင်ဘာဘွေအရေးကို ကုလသမဂ္ဂကနေ အရေးယူအောင် တိုးတိုးတိတ်တိတ် လုပ်ပြန်တော့လည်း တရုတ်နှင့်ရုရှက ကန့်ကွက်ပြန်၏။ ဇင်ဘာဘွေ အာဏာရှင်ကို မည်သည့်နိုင်ငံကမှ မဖျောင်းဖျနိုင်သည့်အဆုံး အမေရိကန်သမ္မတသစ် အိုဘားမားကတော့ လုပ်နိုင်ကောင်းရဲဆိုပြီး Times သတင်းစာကြီးက မြှောက်ပေး၏။

ယနေ့ ဇင်ဘာဘွေကြုံနေရသည့် အခြေအနေအရပ်ရပ်သည် မြန်မာနိုင်ငံနှင့် ချွတ်စွပ်တူနေ၏။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ သန်းချီရှိပါသည်ဟု ၀န်ကြီးချုပ် သိန်းစိန်ကပြောသည့်အချိန်တွင် မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်း အတော်များများ ရပ်ကုန်သည်။ အရောင်းအ၀ယ်တွေ ဆိုင်းကုန်သည်။ နိုင်ငံတကာမှ ၀ယ်သူများ လက်မခံသဖြင့် ဆန်၊ သစ် စသည့် ကုန်စည်တွေ ရန်ကုန် ဆိပ်ကမ်းမှာ ပုံနေသည်။ သို့တိုင် စစ်အစိုးရ အခြေအနေမှာ တိုင်းပြည်တွင်း ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ။

ဒု-ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ရင်းနှီးသည်ဆိုသည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်းသည်ပင် သူပိုင်လုပ်ငန်းများမှ ၀န်ထမ်းများ လျှော့ချနေရသည်။ အခြားကုမ္ပဏီအများအပြားလည်း ၀န်ထမ်းတွေ လျှော့ချနေရသည်။ မြန်မာပြည်သူအများစုမှာလည်း စီးပွားကျပ်ပြီး အတိဒုက္ခရောက်နေသည်။

နာဂစ်မုန်တိုင်းကြောင့် လူတွေ သိန်းသန်းချီသေသည်ကိုပင် မျက်နှာလွှဲခဲပစ်လုပ်ရက်သညိ့ စစ်အစိုးရသည် ကမ္ဘာ့စီးပွားကပ်မုန်တိုင်းကြောင့် မြန်မာပြည်သူတွေ ဒုက္ခရောက်ကုန်၊ သေကုန်လျှင်လည်း လုံထိန်းသတ်လို့သေမည့်အစား စီးပွားသတ်လို့သေတာ ကောင်းသည်ဟုပင် သဘောထားမည့်ကိန်း ရှိနေ၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း အာဏာရှင် မူဂါဘေးလို မြန်မာနိုင်ငံကို ဒါကျုပ်ပိုင်တဲ့နိုင်ငံဟု သဘောထား လုပ်ကိုင်နေ၏။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခေါင်းမာမှုကြောင့် ကုန်သည်တွေကလည်း မကျေမနပ်ဖြစ်ကုန်၏။ ရဟန်းသံဃာတွေကလည်း မကျေမနပ် ဖြစ်ကုန်၏။ ကျောင်းသားတွေကလည်း အခဲမကျေဖြစ်ကုန်၏။ ပြည်သူတွေကလည်း မကျေမနပ် ဖြစ်၏။ မြန်မာနိုင်ငံ၏ အခြေအနေမှာ တတိုင်းပြည်လုံးက စစ်အစိုးရ ရန်သူဖြစ်လာပြီ။ စစ်အစိုးရသည်လည်း တတိုင်းပြည်လုံး၏ ဘုံရန်သူ ဖြစ်လာပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေစဉ်းစားဖို့ တိုက်တွန်းလိုသည်မှာ ဇင်ဘာဘွေကဲ့သို့ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်မလား၊ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုတဲ့ ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့သဘောထားမျိုးနဲ့ ရွေးကောက်ပွဲသွားမလား၊ လက်ရှိအခြေအနေမှာ ထွက်ပေါက်ရှာမလား ဆိုသည့်အချက်ဖြစ်၏။

မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်လျှင် ပြည်သူတွေ၏ ဒေါသကြောင့် တတိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်တာသာ အဖတ်တင်မည်။ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုသည့် ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့ သဘောထားမျိုးနှင့် ရွေးကောက်ပွဲသွားလျှင် ဆန့်ကျင်မှုတွေများပြီး သွေးထွက်သံယိုမှုတွေနှင့် ကြုံရမည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသေချာသိထားသင့်သည့်အချက်တော့ မြန်မာနိုင်ငံစီးပွားရေးသည် ဇင်ဘာဘွေအခြေအနေအတိုင်း သိသိသာသာ ထိုးကျနေပြီဖြစ်သည်ဆိုသည့် အချက်ဖြစ်၏။