8.14.2008

သံဃာတော်များ ယခုထိ ဆက်လက်ကံဆောင်နေ

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ သံဃာတော်အများစုသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့ကြသည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းကို ယခုထိ ဆက်လက် ပြုလုပ်နေကြကြောင်း ပခုက္ကူမြို့ အလယ်တိုက်မှ သံဃာတပါးက မိန့်ကြားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပခုက္ကူမြို့မှ သံဃာတော်များကို စစ်အစိုးရက အကြမ်းဖက်သဖြင့် မြန်မာပြည် အနှံ့အပြားရှိ သံဃာများ ကံဆောင်ပွဲများ စတင် ပြုလုပ်လာ ကြခြင်းဖြစ်သည်။

ယခုအခါ ပခုက္ကူမြို့တွင်းရှိ ကျောင်းတိုက်ကြီး လေးတိုက်ကို ဒေသဆိုင်ရာ စစ်အာဏာပိုင်များက စောင့်ကြည့် လျှက်ရှိပြီး ၎င်း ကျောင်းတိုက်များတွင် စစ်အာဏာပိုင်များက ၀ါဆိုသင်္ကန်းကပ်ရန် ကြိုးစားခဲ့ကြသော်လည်း လက်မခံခဲ့သောကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း အလယ်တိုက်မှ သံဃာက ဆက်လက်မိန့်ကြား သည်။

သံဃာတော်များ ဆက်လက်ကံဆောင်နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ တာမွေမြို့နယ်မှ သံဃာ တပါးက “ဦးပဉ္ဇင်းတို့ကတော့ ဒီနေ့ထိ ကံဆောင်ထားဆဲပဲ။ အစိုးရဘက်က ဘာတွေ လာလှူလှူ လက်မခံဘူး။ သူတို့ဟာ သူတို့ကျောင်းတိုက်ထဲမှာ ထားသွားတာပဲ ရှိတယ်။ ဘုန်းဘုန်းတို့ လက်ခံပြီး မယူဘူး။ မသုံးဘူး” ဟု မိန့်သည်။

စက်တင်ဘာလ၊ အရေးတော်ပုံတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်းအတွင်းမှ ကျောင်းတိုက်များသို့ စစ်အစိုးရ အသိုင်းအဝန်းမှ ဆန်၊ ဆီ၊ ဆေး စသည်တို့ကို ပေးပို့ လှူဒါန်းခြင်း၊ နာဂစ် ဆိုင်က လုန်းကြောင့် ထိခိုက်မှုများကို အကြောင်းပြကာ ၀တ္ထုငွေ လာရောက် လှူဒါန်းခြင်းများ ပြုလုပ် ခဲ့ကြသော်လည်း ယင်းကျောင်းများမှ သံဃာတော်များမှာ လက်သင့်မခံဘဲ ပစ္စည်းများကို ရပ်ကွက်ထဲ၌ ပေးဝေခြင်း၊ သင်္ကန်းများကို ကျောင်းတိုက် ရှေ့တွင် ပစ်ထားခြင်းများ ပြုလုပ်ပြီး ၀တ္ထုငွေများကို လက်ဖြင့်ပင် ထိကိုင်ခြင်းမရှိဘဲ ဒုက္ခသည်များထံသို့ ပေးပို့စေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လသာမြို့နယ်အတွင်းမှ ကျောင်းတိုက်တတိုက်သည် စစ်အစိုးရ အသိုင်းအဝန်းမှ ၀ါဆို သင်္ကန်း ကပ်လှူသည်ကို လက်မခံခဲ့သည့်အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ နိုင်ငံရေး နှင့် မပတ်သက်ရန် အမိန့်ထုတ်ခြင်း ခံခဲ့ရသည်ဟု အဆိုပါ ကျောင်းတိုက်မှ သံယာတပါးက မိန့်သည်။

“၀ါဆိုသင်္ကန်းလာကပ်ဖို့ လုပ်ကြတော့ ကျောင်းထိုင်ဘုန်းဘုန်းက ငြင်းတာနဲ့ စိတ်ဆိုးပြီး ပြန်သွားကြတယ်။ သိပ်မကြာဘူး နှစ်ပတ်အတွင်းမှာပဲ သံဃနာယကအဖွဲ့ကနေ သတိပေးစာ ရောက်လာတယ်” ဟု အဆိုပါ သံဃာက မိန့်သည်။

စစ်အစိုးရ အသိုင်းအဝန်းမှ လှူဒါန်းသည်များကို ငြင်းဆန်ခြင်း၊ ကျောင်းအရောက် ပို့ဆောင် ခဲ့သော ပစ္စည်းများကို ရပ်ကွက်များအတွင်း ဝေပေးခြင်းများ ပြုလုပ်လျှက်ရှိသော ကျောင်း များသို့ သံဃနာယကအဖွဲ့မှ သတိပေးစာများ ပေးပို့ရန် စစ်အစိုးရက ဖိအားပေး ခဲ့ကြောင်း သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးတပါးနှင့် နီးစပ်သူဒါယကာ တဦးက ပြောပြသည်။

စက်တင်ဘာအရေးအခင်းတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်း အတွင်းမှ ကျောင်းတိုက်များသို့ သံဃနာယက အဖွဲ့မှ နိုင်ငံရေးနှင့်မပတ်သက်ရန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လှူဒါန်းသည့် မည်သို့သော အလှူမျိုးကိုမှ လက်မခံရန် အမိန့် ထုတ်ထားခဲ့ပြီး နိုင်ငံရေး ပတ်သက်မှုများရှိပါက အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ၎င်းက ဆိုသည်။

“သံဃာတွေကို သတ်ထားတာ။ လွယ်လွယ်နဲ့တော့ ဘယ်မေ့နိုင်ကြမှာလဲ။ စစ်အစိုးရက ဘယ်လိုပဲ အကြောင်းပြပြ သံဃာတွေကတော့ ကံဆောင်ဆဲပဲ ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ ဦးပဉ္ဇင်းတပါးက မိန့်သည်။

ယခုလဆန်းပိုင်းမှ စတင်၍ စက်တင်ဘာလအရေးတော်ပုံတွင် နာမည်ကြီးခဲ့သော ကျောင်း တိုက်များ၌ အရပ်ဝတ်ရဲများ စောင့်ကြည့်လျက်ရှိပြီး ကြံ့ဖွံ့များက ကျောင်းတိုက်များအတွင်း ၀င်ထွက်သွားလာကာ တယ်လီဖုန်းများကို ခိုးနားထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သံဃာတော် များထံမှ သိရှိရသည်။

Free Funeral Services Society (Rangoon) Needs Your Support Now

August 12th, 2008 Posted in

The Free Funeral Services Society -F.F.S.S- (Rangoon) is a welfare organization operating mostly with the contributions of the well-wishers locally and from abroad. Under the guidance of the founder U Thu Kha, this organization’s first priority is to help the bereaved families with the free funeral services, so as to somehow relief the burdens and sorrows during the time of losing their loved ones. There are now more than 150 volunteers and nearly 50 employees engaged in doing the various good deeds of this welfare organization. The executive committee was first formed in September 2003 with 28 executive members. At present, the new executive committee was re-elected in December 2007 and duties were assigned to 21members,with U Kyaw Thu as Chairman,Daw Than Myint Aung as Secretary,Daw Myint Myint Khin Pe (Shwe-Zee-Kwet) as Treasurer.There are now more than 200 volunteers and nearly 50 employees engaged in doing the various good deeds of this welfare organization. The FFSS also is a civil organizing which directly assist the Nargis cyclone victims around Burma since. Although there is a lot of pressure and hardships while working to help the poor people of Burma, the FFSS continues working on good works in many ways. The reputation brings a lot of supporters inside and outside country for the Nargis relief works.

At the moment, The Free Funeral Service Society (FFSS) is asked by the new Abbot of the Byahmah Vihara Temple as the monks are under pressure by the Burmese authorities. So, the Chairperson, Kyaw Thu, requested us for more support from outside world. They already have place in North Okkalapa but they need to construct building to continue their ongoing works. The FFSS will have to move to a new place by July 2009. If they have not enough support to build up buildings in the new place, they may have to shut down Thukha Free Clinic so that the grassroots will lose their big chance to rely on the clinic for the health care.

If you can do something, please try for them. We always think of how the people in the delta and other Nargis affected areas would survive under the heavy rain. They still cannot do much to rebuild their lives under such situation. We worry about them. If anyone is interested in supporting for the construction buildings for the organization. Please don’t delay in contacting AIYA BURMA FUND. They are in urgent need of help.

8.13.2008


မြန်မာနိုင်ငံအတွက် နောက်ကြောင်းပြန်လှည့်စရာမရှိ
ဘင်ဂျမင် ဇာဗက်စကီး (မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့)
line

“ကျနော်တို့ ရှေ့ကို ချီတက်ရမယ်။ မြန်မာနိုင်ငံမှာလည်း ရှေ့ကို ချီတက်ရမယ်။ ကျနော်တို့ နောက်ကြောင်း လှည့်စရာမရှိဘူး” ဆိုတဲ့ စကားဟာ မြန်မာနိုင်ငံ (၈၈၈၈) အရေးအခင်းမှာ
ပါဝင်ခဲ့ပြီး နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်လာရသူတဦးက ကျနော့်ကို ပြောပြတာပါ။ မြန်မာနိုင်ငံထဲမှာ ပြည်သူ့အာဏာဆိုတာ ဖြတ်ခနဲ အချိန်လေး ရလိုက်ပေမယ့်လည်း နှစ်ပေါင်း (၂၀) ကျော် ကြာပြီးတဲ့နောက်မှာ သန်းပေါင်းများစွာချီတဲ့ ပြည်သူလူထုတွေဟာ မဖြစ်စလောက် တိုးတက်မှုလေးနဲ့ ဖိနှိပ်တဲ့ အုပ်ချုပ်မှုအောက်မှာ ဝေဒနာတွေ ခံစားနေရတုန်းပါ။

အနာဂတ် ကောင်းစားရေးအတွက်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အိမ်နီးချင်း နိုင်ငံတွေဟာ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြု မထားသင့် တော့ပါဘူး။ ဒီချိုးဖောက်မှုတွေ ရပ်တန့်ဖို့ ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေ စတင်သင့်နေ ပါပြီ။

၁၉၈၈ခုနှစ် သြဂုတ်လမှာ ကျောင်းသားတွေဟာ ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ချီတက်ပြီး အစိုးရ ဆီမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တောင်းဆိုခဲ့ကြတယ်။ နောက် (၁) လခွဲလောက် ကြာပြီး တဲ့အခါမှာ ဆန္ဒပြတဲ့ ပမာဏဟာ ကြီးထွားလာပြီး ပြည်သူအများ ထောက်ခံမှုတွေလည်း ရသလို နိုင်ငံအ၀ှမ်း ကျယ်ပြန့်သွားခဲ့ပါတယ်။ အဲဒီမှာပဲ အစိုးရရဲ့ လုံခြုံရေးတပ်တွေ ၀င်ရောက်လာပြီး ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းတော့တာပါပဲ။ အစိုးရဘက်က ပြည်သူတွေ (၃၀၀၀) ကျော် သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့အရေအတွက် မသိရတဲ့ လူတွေကိုလည်း အတင်းအကျပ် ကွယ်ပျောက်စေခဲ့ပါတယ်။

အဲဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ တကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ နိုင်ငံတွင်း မှာရှိတဲ့သူတွေရော၊ ပြည်ပမှာရှိတဲ့သူတွေကပါ မြန်မာနိုင်ငံတော့ “နိဂုံးချုပ်ပြီ” လို့ ယုံမှတ်ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ အဲဒီလို စံတင်လောက်တဲ့ ပမာဏနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘယ်လိုလုပ် သည်းခံနိုင်တော့မှာလဲ။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေ အတွက် ကြေကွဲစရာ ကောင်းတာကတော့ “နိဂုံးချုပ်ပြီ” လို့ နိုင်ငံတကာက ထင်တာ မှားနေတယ် ဆိုတာပါပဲ။

မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် လည်းဖြစ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုရဲ့ စံပြခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ (၁၉) နှစ်ကြာ ကာလအတွင်း နေအိမ်အကျယ်ချုပ်နဲ့ (၁၃) နှစ်ကြာ ထိန်းသိမ်း ခံထားရတယ်။ ဒေါ်စုပါတီရဲ့ လူကြီးပိုင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာလည်း (၁၉) နှစ် လုံးလုံး ထောင်သွင်းအကျဉ်းချ ခံထားခဲ့ရပြီး မြန်မာနိုင်ငံမှာ အပြစ်မရှိလည်း ပြစ်ဒဏ်ကျခံနေရတဲ့ နှစ်အရှည်ဆုံး အကျဉ်းသားတယောက်တောင် ဖြစ်နေရပါပြီ။ အသက်ကလည်း (၇၈) နှစ်တောင် ရှိပြီ။ (၁၉၈၈) ခုနှစ်ကတည်းက ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆိုတာလည်း မနည်းဘူး။ ထောင်ထဲမှာတင် သေသွားတဲ့သူတွေကပဲ (၁၃၇) ဦးရှိတယ်။ သေကြတဲ့အထဲမှာ တချို့က ညှဉ်းပန်းနှိပ်စက်လို့၊ အချို့က ဆေးကုသမှု ဂရုတစိုက် မရှိခဲ့လို့ပါ။

အခု ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိပါတယ်။ အဲဒီအထဲက သုံးပုံ တပုံဟာ ပြီးခဲ့တဲ့နှစ် သံဃာတော်တွေ ဦးဆောင်တဲ့ စက်တင်ဘာ အရေးအခင်းမှာ အကြမ်းဖက် နှိမ်နင်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဖြစ်ပါတယ်။

စက်တင်ဘာ အရေးအခင်းဆိုတာကလည်း (၈၈၈၈) ကတည်းကဆိုရင် အကြင်နာမဲ့တဲ့၊ ရက်စက် ကြမ်းကြုတ်တဲ့ စစ်အစိုးရကို ပြည်သူတွေက အခွင့်အရေး တောင်းဆိုတဲ့ အဓိက တတိယမြောက် အင်တိုက်အားတိုက် ဆန္ဒပြမှုပါပဲ။ အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းမှု ပြီးသွားတဲ့နောက် ရက်ပိုင်းအတွင်း ရက်စက်မှုဘေးကနေ သီသီလေး ပြေးလာကြတဲ့ သံဃာတော်တွေနဲ့ ပါဝင်လှုပ်ရှားသူအချို့က ထိုင်း-မြန်မာ နယ်စပ်မှာ ကျနော့်ကို ဖြစ်ကြောင်းကုန်စင် ပြောပြကြပါတယ်။

မြို့ကြီးတွေရဲ့ ပြင်ပ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ မီးမောင်းထိုးထားမှု မျက်ကွယ်မှာ မြန်မာ စစ်တပ်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး တိုင်းပြည်ရဲ့ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်း တွေကို ဆက်တိုက် စစ်ဆင်နေခဲ့ပါတယ်။ အဲဒီ စစ်ဆင်မှုခံရတဲ့အထဲမှာ ကရင်လူမျိုးစုတွေလည်း ပါတာပေါ့။ စစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ကို ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေဆိုတာ (၁၉၉၀) ခုနှစ်တွေကတည်းကပဲ။ လွန်ခဲ့တဲ့ သုံးနှစ်က စစ်တပ်ဟာ ကရင် လူမျိုးတွေကို နောက်ထပ် အင်တိုက်အားတိုက် ထိုးစစ်ဆင်တယ်။ ဒီနေ့အထိလည်း တိုက်နေ တုန်းပဲ။ ဒီတချီမှာတော့ စစ်တပ်ဟာ (KNLA) ကိုရှောင်ပြီး အကာအကွယ်မဲ့တဲ့ ရွာသူရွာသားတွေကို ပစ်မှတ်ထားပြီး စစ်ဆင်နေတယ်။

စစ်တပ်ဟာ ကရင်လူမျိုးတွေအပေါ်မှာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့အခွင့်အရေး အကြီး အကျယ် ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်။ အဲဒီအထဲမှာ တရားလက်လွတ် သတ်ဖြတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ၊ အာဏာသုံး အစဖျောက်မှုတွေ၊ တရားလက်လွတ် ဖမ်းဆီးတာတွေ၊ အဓမ္မ ခိုင်းစေတာတွေ၊ သီးနှံတွေ ဖျက်ဆီးတာတွေ၊ မတရား သိမ်းတာတွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပိတ်ပင်တာတွေ၊ မတရား အခွန်အခ ကောက်ခံ ဒဏ်ရိုက်တာတွေ၊ မြေမြှုပ်မိုင်း ထောင်တာတွေ ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ၊ တိုင်းရင်းသား လူနည်းစုတွေကို ညှဉ်းပန်းတာတွေရဲ့ နောက်ထပ် အကျိုးဆက်တခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) အတွင်း ထောင်ပေါင်းများစွာချီတဲ့ လူတွေဟာ ကိုယ့်အရပ်ဒေသတွေကို စွန့်ခွာပြီး အိမ်နီးနားချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ကြရတာပါပဲ။ ခန့်မှန်းခြေ လူဦးရေ (၅၁) သန်းရှိတဲ့ မြန်မာနိုင်ငံလူဦးရေထဲမှာ ရွာပုန်းရွာရှောင် လုပ်နေကြရတဲ့ လူအရေအတွက်က (၅) သိန်းထက် မနည်းဘူး။ ကျနော့်ကိုယ်တွေ့မျက်မြင်အရဆိုရင် အတော် များများဟာ မနှစ်မြို့ဖွယ်ရာ အခြေအနေတွေနဲ့ နေထိုင်နေကြရပြီး အမြဲ ကြောက်စိတ်ဝင်နေကြ တယ်။ သူတို့အကြောင်းကို ကမ္ဘာကတောင် သိမှ သိပါ့မလားလို့တောင် ကျနော် စဉ်းစားမိတယ်။

အဲလို ရွာပုန်းရွာရှောင် လုပ်နေတဲ့ လူတွေအားလုံးရဲ့ တ၀က်လောက်ကိုသာ အိမ်နီးနားချင်းနိုင်ငံ တွေက ဒုက္ခသည်တွေအဖြစ် တရားဝင် အသိအမှတ်ပြုကြတယ်။ အများစုက တရားဝင်ဒုက္ခသည် အဖြစ် အသိအမှတ်ပြု မခံရတဲ့အပြင် ရတဲ့အခွင့်အရေးကလည်း နည်းလွန်းလှတယ်။ ကလေးမျိုး ဆက်သစ်တခုလုံး နိုင်ငံခြားမှာ မွေးလာတဲ့အလျောက် ဒုက္ခသည် တော်တော်များများဟာ ကမ္ဘာ့ အခိုင်မာဆုံး၊ အရဲရင့်ဆုံး လူ့အခွင့်အရေး လှုပ်ရှားသူအချို့ ဖြစ်လာကြတယ်။ (၈၈ မျိုးဆက်
အဖွဲ့ဝင်တွေပေါ့လေ။)

လွန်ခဲ့တဲ့ သုံးလက မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းကြီး တိုက်ခတ်လာတော့ အစိုးရဟာ မုန်တိုင်း ဒုက္ခသည်တွေကို ဒီအတိုင်း လစ်လျူ ရှုထားတယ်။ စစ်အစိုးရအနေနဲ့ မိမိပြည်သူတွေ စားဝတ်
နေရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းစတဲ့ လူ့အခွင့်အရေးတွေကို ဘယ်လောက်အထိ အကြီးအကျယ် ချိုးဖောက်နေကြောင်း ကယ်ဆယ်ရေးလုပ်သားတွေ၊ သံတမန်တွေ၊ သတင်း ထောက်တွေ၊ မုန်တိုင်းဒုက္ခသည်တွေက ထိတ်လန့်တကြားနဲ့ မယုံနိုင်လောက်အောင် ကျနော့်ကို ထပ်တလဲလဲ ပြောပြကြတယ်။

အစိုးရဟာ အင်အား (၄) သိန်းကျော်ရှိတဲ့ စစ်တပ်အင်အားကို မုန်တိုင်းသင့်ဒေသတွေမှာ တပ်ဖြန့်ဖို့ ငြင်းဆန်တဲ့အပြင် နိုင်ငံတကာ အကူအညီကိုလည်း ပယ်ချခဲ့တယ်။ ဒုက္ခသည်တွေကို ကယ်တင်ရ မယ့်အစား အာဏာပိုင်တွေဟာ ကိုယ်ကျိုးနည်းပြီး သောကမီးတွေ တောက်နေတဲ့၊ ထိတ်လန့်တ ကြား ဖြစ်နေတဲ့၊ သေသူတွေအတွက် ပူဆွေးနေတဲ့၊ ငတ်မွတ်ဆာလောင်နေတဲ့သူတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အတွက် မဲပေးဖို့ပဲ အဓမ္မအကျပ်ကိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆို တာကလည်း လူ့အခွင့်အရေးကို မကာကွယ်နိုင်တဲ့အပြင် ဥပဒေကျူးလွန်တဲ့ အရာရှိအရာခံတွေကို အပြစ်ကနေ လွတ်အောင် စနစ်တကျ ရေးဆွဲထားတာ ဖြစ်နေတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ထွက်ခွာတာရယ်၊ နာဂစ်မုန်တိုင်းနဲ့ ပတ်သက် ပြီး အစိုးရရဲ့ တုံ့ပြန်တာရယ်တွေက လူသားဒုက္ခတွေ ဖြစ်ပေါ်စေခဲ့တာကြောင့်မို့ ကုလသမဂ္ဂရဲ့ နည်းစနစ်ကို ကျင့်သုံးလာရတယ်။ ကုလသမဂ္ဂကလည်း (၁၉၈၈) ခုနှစ် နောက်ပိုင်းကတည်းက တရားဝင်အရာရှိရော တရားမ၀င်အရာရှိတွေပါ မြန်မာနိုင်ငံကို လူပေါင်းများစွာ စေလွှတ်ခဲ့တယ်။ ဒီလထဲမှာဆို နောက်နှစ်ခုတောင် တိုးလာတယ်။ ခုဆို မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက် ထားမှုအဖွဲ့ အများအပြား ရှိနေပါပြီ။ ဒါပေမယ့်လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကျိုးသက်ရောက်မှုကတော့ နည်းနည်းပဲ ရှိရင်ရှိမယ်၊ ဒါမှ မဟုတ် လုံးဝ မရှိတာလည်း ဖြစ်နိုင်တယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂမှာ တကယ်အာဏာရှိတဲ့ လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရကို ထိရောက်တဲ့ အရေးယူမှု မလုပ်နိုင်ခဲ့ဘူး။ မလုပ်ချင်တာလည်း ဖြစ်နိုင်တာပဲ။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပထမဆုံး သတင်းအချက်အလက်တွေ ရရှိဖို့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်တာ မလုပ်ခဲ့သလို နိုင်ငံမှာရှိတဲ့ စစ်လက်နက်တွေ တင်သွင်းခွင့်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဥပဒေပြဌာန်းပြီး အရေးယူတာမျိုးလည်း မလုပ်ခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး မှတ်တမ်းနဲ့ ပတ်သက်ပြီး ရှုံ့ချတဲ့ တခုတည်းသော အဖြေကတော့ (၂၀၀၇) ခုနှစ် ဇန်န၀ါ
ရီလမှာ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှက မဲပေးခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ အင်ဒိုနီးရှားကတော့ မဲမပေးဘဲ နေခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်နောက်ပိုင်း လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌအနေနှင့် ထုတ် သည့် ကြေညာချက် နှစ်ရပ်သာ ရှိခဲ့သည်။ တခုမှာ စက်တင်ဘာအရေးအခင်းတွင် အကြမ်းဖက် နှိမ်နင်းမှုနှင့် ပတ်သက်ပြီး “ပြင်းထန်စွာ ရှုံ့ချသည်” ဆိုတဲ့ ကြေညာချက်နဲ့ နောက်တခုက (၂၀၀၈) ခုနှစ် မေလမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ “သက်ဆိုင်သူများ အားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိရေး သေချာရန် လိုအပ်သည်” ဆိုတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ကြေညာချက်တွေကတော့ စက်တင်ဘာအရေးအခင်းမှာ အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းမှုကို ဝေဖန်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတာ ကြိုဆိုတယ်။ ဒီတော့ အာဆီယံအဖွဲ့အစည်းက (အဖွဲ့ဝင်နိုင်ငံတွေ အပါအ၀င်) လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လုံး လုံး မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခြွင်းချက်မရှိ ခွင့်လွှတ်ပေးနေတယ်လို့ ဆိုရမယ်။ ကမ္ဘာအင်အား အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း စိုးရိမ် တကြီး ပြစ်တင်ရှုံ့ချတာလောက်ပဲရှိတယ်။

ရှစ်လေးလုံး အရေးအခင်းနဲ့အတူ နာဂစ်မုန်တိုင်းအပေါ် စစ်အစိုးရ တုံ့ပြန်မှုဟာ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ “နိဂုံး” ဖြစ်မယ်လို့ လူအများစုက မျှော် လင့်ထားကြတယ်။ ဒါပေမယ့် နိဂုံးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတကြိမ်တော့ မြန်မာ့အရေးဟာ မြန်မာ နိုင်ငံသားတွေ (“၈၈မျိုးဆက်” ကျောင်းသားတွေဟာ ရဲဝံ့စွာနဲ့ ရှေ့ကနေ ဦးဆောင်နေတယ်) တင် မကတော့ဘူး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာနိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး ဆန္ဒပေါ်မှာလည်း မူတည်နေပါတယ်။ အနှစ် (၂၀) ဆိုတာ ရှည်လျားတဲ့ အချိန်ကာလ ဖြစ်ပေမယ့် သိပ်တော့ နောက်မကျသေးပါဘူး။

(နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဘင်ဂျမင် ဇာဗက်စကီး၏ No moving backwards for Myanmar ဆောင်းပါးကို ပြန်ဆိုထားခြင်းဖြစ်သည်)

8.11.2008

ဂျော်ဂျီယာနဲ့ တောင်အိုဇက်တီးယားအရေး လုံခြုံရေးကောင်စီမှာ ညှိနှိုင်းမရ ဖြစ်နေဆဲ


ဂျော်ဂျီယာနိုင်ငံ ခွဲထွက်ရေးဒေသ တောင် အိုဇက်တီးယားမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရပ်တန့်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ တတိယအကြိမ် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေပြန်ပါတယ်။ တောင် အိုဇက်တီးယားက ဂျော်ဂျီယာရဲ့ စစ်ရေးလှုပ်ရှားမှုတေ ဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ ရုရှားအစိုးရ အရာရှိတွေက ဆိုပါတယ်။ တောင် အိုဇက်တီးယား ပဋိပက္ခဟာ အခုဆိုရင် တခြား ခွဲထွက်ရေးဒေသ တခုဖြစ်တဲ့ အဘ်ခါဇီးယား (Abkhazia) ဒေသအထိပါ ပြန့်နှံ့နေပြီလို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer က သတင်းပေးပို့ထားပါတယ်။

အကြမ်းဖက်မှုတွေ မဖြစ်ပွားခင် သြဂုတ်လ ၆ ရက်နေ့ ပုံမှန် အခြေအနေအတိုင်း ပြန်ရောက်ဖို့ တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအကြား သဘောတူညီမှု မရခဲ့ကြပါဘူး။ အခုလို ကြေညာချက် နဲ့ပတ်သက်လို့ ဘုံသဘောတူညီချက်ရဖို့က မဖြစ်နိုင်တာမျိုး မဟုတ်ရင်တောင် အရမ်းကို ခက်ပါလိမ့်မယ် - လို့ လုံခြုံရေး ကောင်စီ ဥက္ကဌက ဆိုပါတယ်။

ဂျော်ဂျီယာကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းတွေဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး Edmond Mulet က လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲတခုမှာ ကောင်စီအဖွဲ့ဝင်တွေကို ဆွေးနွေးတင်ပြခဲ့တာပါ။ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောခဲ့တဲ့နေရာမှာတော့ သူက - အကြမ်းဖက်မှုတွေဟာ ခွဲထွက်ရေးဒေသ Abhkazia အထိ ပျံ့နှံနေတဲ့အကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။ အဲဒီဒေသက ဒေသခံ အာဏာပိုင်တွေက အထက်ပိုင်း Kodori တောင်ကြားမှာ ကင်းလှည့်နေတဲ့ ကုလသမဂ္ဂ တပ်တွေ ရုတ်သိမ်းပေးဖို့ တောင်းဆိုပြီး သူတို့ရဲ့ တပ်တွေကိုလည်း တနေရာတည်းမှာ စုစည်းခဲ့ပါတယ်။

"လောလောဆယ် ကျနော်တို့ရဲ့အထူး အထူးစိုးရိမ်နေတာက တောင် အိုဇက်တီးယားဒေသကနေ ပဋိပက္ခက Abkhazia ဒေသကို ပျံ့နှံတဲ့သဘော ရှိနေတာကိုပါ။ Abkhaz ဒေသ ယာယီ အုပ်ချုပ်နေသူတွေအနေနဲ့ အထက်ပိုင်း Kodori တောင်ကြားမှာ စစ်ရေးလှုပ်ရှားမှုတွေကို မနက်ဖြန်မှာ စကောင်း စလုပ်နိုင်တယ်လို့ ဂျော်ဂျီယာမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ UNMIG ရဲ့ စစ်ရေး စောင့်ကြည့်လေ့လာသူတွေက အစီရင်ခံပါတယ်။"

ရုရှားနိုင်ငံသားတွေ အများစု နေထိုင်ကြတဲ့ တောင် အိုဇက်တီးယားမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်လို့ ရုရှား သံအမတ် Vitaly Churkin ကလည်း စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိ အခြေအနေဟာ လူသားမျိုးနွှယ်တွေကို ဘေးဒုက္ခရောက်စေတဲ့ ကပ်ကြီးတခုသာ ဖြစ်တယ်လို့ ရုရှားသံအမတ်ကြီးက ဆိုပြီး မကြာခင် လူမျိုးတုံး သတ်ဖြတ်မှုတွေအထိ ဖြစ်လာမှာကို ရုရှားအနေနဲ့ စိုးရိမ်နေတယ်လို့လည်း လုံခြုံရေးကောင်စီမှာ သူက ပြောဆိုခဲ့ပါတယ်။

အဲဒီဒေသမှာ လူဦးရေက နည်းနည်းလေးပါ။ ၁ သိန်းလောက်ပဲ ရှိကောင်းရှိမှာပါ။ ဒီ့ထက်ပိုရင်လည်း အများကြီး မဟုတ်ပါဘူး။ အခု လူ ၂,၀၀၀ သေဆုံးခဲ့ပြီးပါပြီ။ ၃ သောင်းက ဒုက္ခသည်တွေ ဖြစ်နေကြပြီ။ ဒါကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောဖို့ လုံလောက်တဲ့ အချက်မဟုတ်ဘူးလားဗျာ။ လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောနိုင်ဖို့ နောက်ထပ် လူ ဘယ်နှစ်ယောက် ထပ်ပြီး သေရဦးမှာလဲဗျ။"

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အတော်များများက မေတ္တာရပ်ခံနေကြပါတယ်။ ဒေသတွင်း ရုရှားတပ်တွေ ပြန်ရုတ်သိမ်းဖို့နဲ့ ပဋိပက္ခဖြစ်ရာဒေသနဲ့ အလှမ်းဝေးတဲ့ ဂျော်ဂျီယာပိုင် နယ်မြေတွေအပေါ် ရုရှားရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ ရုရှားကတော့ တောင် အိုဇက်တီးယားက ပြည်သူတွေကို ကာကွယ်ရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ တပ်တွေကို ပြန်မရုတ်သိမ်းနိုင်ဘူးလို့ ဆိုပါတယ်။

ဂျော်ဂျီယာအနေနဲ့ တောင် အိုဇက်တီးယားက သူ့ရဲ့ တပ်တွေကို ပြန်ရုတ်သိမ်းပြီး အင်အားသုံး ဖြေရှင်းတာမျိုး မလုပ်ဖို့ တောင် အိုဇက်တီးယားနဲ့ သဘောတူ လက်မှတ်ထိုးဖို့ ရုရှားက ဂျော်ဂျီယာကို တောင်းဆိုပါတယ်။ ရုရှားဘက်က အပစ်အခတ် ရပ်မယ်ဆိုရင် သူတို့ဘက်ကလည်း အပစ်အခတ် ရပ်စဲပေးမယ်လို့ ဂျော်ဂျီယာက ဆိုပါတယ်။

လက်ရှိ အခြေအနေ နဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင်မှုတွေ ဆက်လုပ်ဖို့ တနင်္ဂနွေနေ့ စောနိုင်သမျှ အစောဆုံးထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ နောက်ထပ် တကြိမ် တွေ့ဆုံဆွေးနွေးကြဖို့ကိုလည်း ဂျော်ဂျီယာက တောင်းဆိုထားပါတယ်။


ရုရှားနှင့် ဂျော်ဂျီယာ တိုက်ပွဲများ မရပ်သေး

ဂျော်ဂျီယာအစိုးရက သူတို့ရဲ့ တပ်တွေကို အိုစက်တီးယား ဒေသကနေ ဆုတ်ခွာပြီးတဲ့အပြင် အပစ်အခတ်ရပ်စဲဖို့  အမိန့် ပေးလိုက်ပြီလို့ ဆိုပေမဲ့ ရုရှားဘက်ကတော့ တိုက်ခိုက်မှုတွေကို မရပ်တဲ့အပြင် ဂျော်ဂျီယာမြို့ ဖြစ်တဲ့ ဂိုရီမှာ လေကြောင်းနဲ့  တိုက်ခိုက်ခဲ့ပါတယ်။

အကျယ်ချုပ် ဆက်ထိန်းထားတဲ့အပေါ် ဒေါ်စု ရှေ့နေနဲ့ ဆွေးနွေးခွင့်ရ


နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကို ဆက်လက် ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေဖြစ်သူနဲ့ မကြာသေးခင်ကပဲ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ တွေ့ဆုံခွင့်ရခဲ့တာပါ။

နေအိမ် အကျယ်ချုပ် ကျခံနေရတာ ၅ နှစ်ကျော်လာတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် အဖြစ်နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်းကပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ပြောပြတာကတော့ -

"တရားရုံးချုပ် ရှေ့နေ ဦးကြည်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၈ရက်နေ့ နေ့ခင်းပိုင်းက ၁နာရီကနေ ၃နာရီလောက်၊ ၂နာရီကြာလောက် ကျွန်တော်တို့ တွေ့ဆုံခွင့်ရပါတယ်။ ကျွန်တော်သိရသလောက်တော့ တွေ့ဆုံတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ကန့်သတ်မိန့်တွေနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဒီကန့်သတ် တားဆီးမှုတွေ တိုးချဲ့တဲ့ ကိစ္စတွေကိုပဲ ဆွေးနွေးတယ်လို့သိရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ တားဆီးမိန့်နဲ့ ပတ်သက်ပြီးတော့ ဒီလို ရှေ့နေနဲ့ တိုင်ပင်ခွင့်က ပထမဆုံးကြိမ်လို့ပဲ သိရပါတယ်။ ဥပဒေ ပညာရှင်တွေနဲ့ တွေ့တာကတော့ ၂၀၀၄ခုနှစ်လောက်မှာ ရှိခဲ့ဘူးတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့တာက ကျွန်တော်တို့နဲ့ ၂၀၀၇မှာတွေ့ဆုံခွင့်ရတာပါ။ သက်ဆိုင်ရာ ဆရာဝန်နဲ့က ကျွန်တော် မှတ်မိသလောက် ၂၀၀၈ခုနှစ် ဇန်န၀ါရီဟာ နောက်ဆုံး တွေ့တယ်လို့ မှတ်မိပါတယ်။"

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စည်းရုံးရေး ခရီးစဉ်ကို မြန်မာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့သူတွေက ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံရပြီး နောက်ပိုင်းကစလို့ နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်း ခံနေခဲ့ရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉ နှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ နှစ်ပေါင်းဟာလည်း ၁၃ နှစ်လောက် ရှိခဲ့တာပါ။ ဒီလို အကျယ်ချုပ် ကျခံနေရမှာ သူမရဲ့ မိသားစုဆရာဝန်ကလွဲလို့ ပါတီဝင်တွေ အပါအ၀င် ပြင်ပကသူတွေ တွေ့ဆုံခွင့်ကတော့ မရှိသလောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာ မိသားစု ဆရာဝန်တောင် ပုံမှန်သွားရောက် စစ်ဆေးခွင့် မရပဲ ဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်ပူပမ်မှုတွေလည်း ရှိနေတာပါ။ အခုနောက်ဆုံး အန်အယ်လ်ဒီ ပါတီရဲ့ ဥပဒေပညာရှင် တွေ့ဆုံခွင့်ရတဲ့ အခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးဆိုးရွားရွားတော့ မတွေ့ရဘူးလို့လည်း ဦးဥာဏ်ဝင်း က ပြောပါတယ်။

"ကျန်းမာရေးအခြေအနေတော့ ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တက်တက်ကြွကြွရှိတယ်။ သမားတော်နဲ့တွေ့ခွင့်ရတာက ဇန်န၀ါရီလ ၂၄က နောက်ဆုံးပဲလို့ ကျွန်တော်သိတယ်။ ဒီနောက်ပိုင်းမှာ မရှိပါဘူး။ ဒါပေမယ့် နာဂစ်မုန်တိုင်းတိုက်ပြီး အဲဒီကာလမှာတော့ ပျက်ဆီးတာတွေ ပြင်ဖို့ ဆရာတခေါက်ရောက်တယ်လို့ သိတယ်။"

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာ ၅ နှစ်ပြည့်သွားတဲ့ မေလကုန်ပိုင်းမှာပဲ အာဏာပိုင်တွေက ဆက်လက်သက်တမ်းတိုး ထိန်းသိမ်းခဲ့တာပါ။ ဒီအတွက်လည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဘန် ပြစ်တင်မှုတွေလည်း အကြီးအကျယ်ထွက်ပေါ်ခဲ့တာပါ။ သူမရဲ့ ပါတီကလည်း လက်ရှိ တည်ဆဲဥပဒေတွေအရ ဆက်လက် ဖမ်းဆီးမှုဟာ တရားဝင်မှုမရှိဘူးဆိုပြီး ကန့်ကွက်ခဲ့တာတွေ ဥပဒေအရ လျှောက်လဲဖို့ ကြိုးပမ်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေဘက်က ဒါနဲ့ပတ်သက်လို့ တုန့်ပြန်တာရယ်လို့ မယ်မယ်ရရ မရှိခဲ့ပေမဲ့ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမရဲ့ ရှေ့နေနဲ့ တွေ့ခွင့်ရတဲ့အတွက် အန်အယ်လ်ဒီဘက်ကတော့ မျှော်လင့်ချက်တွေ ရှိနေတာပါ။

"လမ်းပွင့်လာတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ အရင်တုန်းက တွေ့ဆုံဆွေးနွေးခွင့် မရခဲ့ပါဘူး။ တွေ့ဆုံ ဆွေးနွေးခွင့် ရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေ ရှေ့ဆက်လုပ်သွားလိမ့်မယ်လို့ ကျွန်တော် နားလည်ပါတယ်။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ပါ။ အန်အယ်လ်ဒီရဲ့ ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်ကပဲ တွေ့ဆုံခွင့် ရခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သူက ပြောပြသွားခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

8.10.2008

ရှစ်လေးလုံး အနှစ် ၂၀ မြောက် အထိမ်းအမှတ် အမေရိကန် အစိုးရ လက်တွဲပူးပေါင်း

အနှစ် ၂၀ မြောက် ၈လေးလုံး လူထု အုံကြွမှုကို မြန်မာပြည်သူတွေနဲ့ အတူ လက်တွဲလိုက်ပါကြောင်း အမေရိကန် အစိုးရက ဆိုပါတယ်။
သမ္မတ ဂျော့ခ်ျဘုရှ်နဲ့ မြန်မာ လှုပ်ရှားတက်ကြွသူတွေ၊ ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံမှာ ကြာသပတေးနေ့က တွေ့ဆုံကြပြီးတဲ့ နောက်၊ သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ၀ါရှင်တန်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ပေါ်လာအောင် အားထုတ်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံဖို့ အမေရိကန် ပြည်ထောင်စု က ကတိထားလုပ်ဆောင်ခဲ့ပါတယ်။ ဒါကို သမ္မတ ဂျော့ခ်ျဘုရှ် က ထပ်မံ အတည်ပြု ပြောကြားလိုက်ပါတယ်။
ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုထားပြီး၊ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစစ်အမှန် တွေ့ဆုံဆွေးနွေးပြီး၊ ဒီမိုကရေစီ အုပ်ချုပ်ရေးကို အစစ်အမှန် ကူးပြောင်းဖို့လည်း စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး မတော်မတရား ပြုကျင့်မှုတွေကို ရပ်ဆိုင်းဖို့၊ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားရေး အလုပ်တွေ လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ အပေါ် ချုပ်ချယ် ကန့်သတ်ထားတာတွေကိုလည်း ရုပ်သိမ်းပေးဖို့ အဆိုပါ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်မှုဟာ အဲဒီ အလုပ်တွေကို လုပ်ဆောင်ဖို့ ဦးတည်ပြီး၊ ခိုင်မာယုံကြည်လောက်တဲ့ ခြေလှမ်းတွေကို မြန်မာ အစိုးရက လှမ်းတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ် လို့ လည်း ကြေညာချက် မှာ ဆိုထားပါတယ်။
၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ လူထုအုံကြွမှု နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ကို ပြည်ပ မှာ သောကြာနေ့ က ကျင်းပခဲ့ကြပါတယ်။ မနီလာ၊ ဘန်ကောက် နဲ့ သမ္မတ ကတော် လော်ရာဘုရှ် ကြာသပတေးနေ့ က သွားရောက် လည်ပတ်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေ မှာ လူထု အစည်းအဝေးကြီးတွေ ကျင်းပခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်း မှာတော့ ဆန္ဒပြတယ် ဆိုတဲ့ သတင်းတွေ မရရှိပါဘူး။ ရန်ကုန်မြို့ မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

မြန်မာ့အရေး ဆက်လုပ်သွားမည့် အမေရိကန် သမ္မတကတော်


မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ကိုယ်ကျိုးကြည့်လုပ်ဆောင်တာတွေကြောင့် တိုင်းပြည် နဲ့ ပြည်သူလူထု ဒုက္ခရောက်နေရတာလို့ အမေရိကန် သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က ပြောဆိုလိုက်ပါတယ်။ မြန်မာဒုက္ခသည်ပေါင်း လေးသောင်းကျော် နေထိုင်တဲ့ ထိုင်းမြန်မာနယ်စပ်က မဲလ ဒုက္ခသည်စခန်းကို သမီးဖြစ်သူနှင့်အတူ သြဂုတ်လ (၇) ရက်နေ့က သွားရောက်ခဲ့စဉ် ပြောဆိုခဲ့တာဖြစ်ပါတယ်။“တချိန်က စပါးကျီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြည်ပကို ဆန်တင်ပို့ နိုင်ခဲ့တဲ့ အခြေအနေကနေ အခုဆို အဟာရဓါတ်ချို့တဲ့ မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမဲ့ ဒီသယံဇာတတွေကို စစ်အစိုးရက ကိုယ်ကျိုးအတွက်သုံးပြီး ပြည်သူအကျိုးအတွက် အသုံးမပြုဘူး။ သူတို့အာဏာ တည်မြဲရေးအတွက်ပဲ အသုံးပြုခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု က အာဆီယံ (ASEAN) အပါအ၀င် နိုင်ငံတကာက မြန်မာစစ်အစိုးကို ၀ိုင်းဖိအား ပေးဘို့ တောင်းဆိုနေတာပါ။”ကျောင်းဆရာမတဦးလဲဖြစ်၊ စာကြည့်တိုက်မှုးတဦးလဲ ဖြစ်ခဲ့သူ သမ္မတကတော်ဟာ ဒုက္ခသည်စခန်းတွေထဲမှာ ရှိတဲ့ စာသင်ကျောင်းတွေကို စိတ်ရှည်လက်ရှည် သွားရောက် ကြည့်ရှု့ခဲ့ပါတယ်။မြန်မာနိင်ငံမှာ ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး ပြီးတဲ့နောက် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆိုမှုတွေ တိုးပြီး ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ထိရောက်မှုတွေ ရှိသင့်သလောက် ရှိခဲ့တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါသေးတယ်။“သိတဲ့အတိုင်းပါပဲ မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ တခြားဗိုလ်ချုပ်တွေကို အထူးပစ်မှတ် ထားတာဖြစ်ပါတယ်။ ဒီငွေရေးကြေးရေး ပိတ်ဆိုမှု့ကြောင့်လည်း စစ်ခေါင်း ဆောင်တွေ အတော်လေးထိခိုက်တာကိုတွေ့ရလို့ ဒီလိုပဲ တခြားနိုင်ငံတွေအနေနဲ့လည်း ဒီလို ဒဏ်ခတ်ပိတ်ဆို့ မှုတွေချမှတ်ဘို့ ကျမတို့ တိုက်တွန်းပါတယ်။ အီးယူ (EU) ကလည်း ချမှတ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆိုမှုတွေကို မြန်မာနိုင်ငံ နဲ့ ကုန်သွယ်ဖက် နိုင်ငံကြီးတွေက ပါဝင်လုပ်ဆောင်မယ်ဆိုရင် ထိရောက်မှုရှိနိုင်မှာပါ။”ဒါ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့် နဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ လိုအပ်တဲ့အကြောင်း ဗီအိုအေ အမေရီကန်အသံကို အမည်တတ် ပြောဆိုခဲ့ပါသေးတယ်၊“ဗီအိုအေ အမေရိကန်အသံ အနေနဲ့ မြန်မာနိုင်ငံတွင်းကို အသံလွှင့်နေတာ ကျမ သိပါတယ်။ ဒါဟာအရေးကြီးသလို အင်တာနက်ကတဆင့် သတင်းတွေရဘို့လည်း အရေးကြီးပါတယ်။ ပြည်တွင်းကလည်း သူတို့ရဲ့ သတင်းတွေကို အပြင်က သိအောင်လုပ်ပေးဘို့ လိုသလို မြန်မာနိုင်ငံကလည်း ပြင်ပကမ္ဘာကြီးနဲ့ ပွင့်ပွင့်လင်းလင်း သတင်းရယူခွင့် ရှိဘို့လည်း ဖွင့်ပေးသင့်ပါတယ်။”အဲ့ဒီနောက် မြန်မာနိုင်ငံသားတွေကို ဆေးဝါးကုသပေးနေတဲ့ မဲဆောက်မြို့ မယ်တော်ဆေးခန်းကို သွားရောက်ခဲ့ပါတယ်။ မာသာထရီဇာ (Martha Teresa) လို့ တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့ ဒေါက်တာ စင်သီယာမောင် ရဲ့ ကိုယ်ကျိုးစွန် အနစ်နာခံ ဆောင်ရွက်မှုကို သမ္မတကတော်က ချီကျူးခဲ့ပြီး မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီရေးအတွက် ရုန်းကန် ဆောင်ရွက်နေမှုတွေကို ဆက်လက် ထောက်ခံအားပေး လုပ်ဆောင်သွားမယ်လို့ ဆေးဝါးကုသမှု ခံယူနေတာတွေကို လှည့်လည်ကြည့်ရှု့ အပြီး အမေရိကန် သမ္မတကတော် လော်ရာဘုရှ်က ပြောဆိုလိုက်ပါတယ်။"မြန်မာနိုင်ငံသားတွေကို ကျမအနေနဲ့ အသိပေးပြောဆို လိုတာကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှ အကူအညီ ပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ သိပ်ကိုဖိနှိပ်တဲ့ အစိုးရရဲ့ အခြေအနေ နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကြောင်းကိုလည်း အမေရိကန် ပြည်ထောင်စုက သိထားတဲ့အကြောင်း၊ တတ်နိုင်တဲ့ဘက်က အကူအညီပေးလိုတဲ့ အကြောင်း ဒါကြောင့်မို့လည်း သမ္မတဘုရှ်နဲ့ ထိုင်းနိုင်ငံကို ကျမလာရောက်တဲ့အခါ မဲဆောက်ကို လာခဲ့တာပါ။" မယ်တော်ဆေးခန်းကို ဦးစီးတည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေးဆုရှင် ဒေါက်တာ စင်သီယာမောင် ကတော့ သူမရဲ့ အခုလို ဂရုတစိုက် လာရောက်ကြည့်ရှု့မှုတွေကြောင့် မြန်မာပြည် ပြောင်းလဲရေးအတွက် အများကြီး အထောက်အပံ့တွေ ရရှိနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိပုံကို သတင်းစာဆရာကြီး ဦးဝင်းတင် ထောက်ပြ

09 August 2008
လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် နဲ့ တွေ့ဆုံခဲ့ရာမှာ ထိန်းသိမ်းခံ သတင်းစာဆရာကြီး ဦးဝင်းတင် က မြန်မာနိုင်ငံကလူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတာနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တယ်လို့ ဦးဝင်းတင် ရဲ့ မိသားစုမိတ်ဆွေ တယောက်ကပြောပါတယ်။ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုလိုက်တာပါ။
မြန်မာစစ်အစိုးရက ထောင်ဒဏ်အနှစ် (၂၀) ပြစ်ဒဏ်ပေးခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ
ဝင် နိုင်ငံရေး အကျဉ်းသား (၅) ယောက်နဲ့ ရန်ကုန်အင်းစိန်ထောင်မှာ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံက တိုးတက်မှု မရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) ကို ဦးဝင်းတင် က ပြောဆိုလိုက်တာပါ။ သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ ပြောခဲ့ဆိုခဲ့ကြတာတွေ နဲ့ပတ်သက်လို့ ဒီကနေ့ပဲ ဦးဝင်းတင်ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့တဲ့ မိသားစုမိတ်ဆွေ ဦးမောင်မောင်ခင် က ပြောပြတာကတော့ -
“တွေ့တွေ့ချင်း ပြောတာပါ။ - သူတို့ ငါ့ကို လာတွေ့တယ်ကွာတဲ့။ အားလုံး တို့ ဆွေးနွေးကြတာ ပြောကြတာ၊
၄၅ မိနစ် ကြာတယ် တဲ့။ သူကလည်း သူ သိချင်တာတွေ မေးတယ်ကွာ၊ ပြောတယ်ကွာတဲ့။ ငါကလည်း ငါ ပြောချင်တာတွေ ပြောတယ်ကွာတဲ့။ ၄၅ မိနစ်လုံးလုံး။ အထူးသဖြင့်ကတော့ လူ့အခွင့်အရေး အခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ နဲ့ပတ်သက်လို့ သူက လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မဟုတ်လားတဲ့။ လူ့အခွင့်အရေး ချိုးဖောက်တာ နဲ့ပတ်သက်လို့ ပြောပြရတာပေါ့ကွာတဲ့။ အဲတော့ ထောင်ထဲမှာဆိုလို့ရှိရင်လည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေ မရတာတွေ၊ ဥပမာဆိုရင် - ငါဆိုရင်တဲ့၊ အနှစ် ၂၀ ထောင်ဒဏ်ချထားတာ ၁၉ နှစ်ထဲမှာ ရှိနေပြီ။ တကယ့်တကယ် လွတ်ရမယ်ဆိုရင် လျော့ရက်နဲ့ ငါဟာ လွတ်ရမှာ။ လွတ်လူဖြစ်နေပြီ။ အခု မလွတ်ဘူးတဲ့။ ၂၀၀၅ ဇူလိုင်လ ၅ ရက်နေ့တုန်းကလည်း ထောင်မှူးက ငါ့ကို ပို့ပြီးတော့မှ ပြန်ခေါ်သွားတာ။ ဒါလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲတဲ့။ နောက် ကျောင်းသားတွေ၊ အခု ဇာဂနာ တို့လို လူမျိုးတွေ ဘာမှ ရေရေရာရာ မဟုတ်ဘဲနဲ့ ဖမ်းပြီးတော့ အခုလို လုပ်ထားတယ်တဲ့၊ ဒါ လူ့အခွင့်အရေး ချိုးဖောက်တာတွေပဲလို့ ပြောလိုက်တယ်တဲ့။ အဲဒီလိုပဲ အလားတူပဲ အဲန်အယ်လ်ဒီပါတီ ဆိုပါတော့ အဲန်အယ်လ်ဒီပါတီ ဆိုရင်လည်း ရုံးချုပ်ပဲ ဖွင့်ပေးပြီးတော့ ကျန်တဲ့ မြို့နယ်ရုံးတွေ ပိတ်ထားတဲ့အခါကျတော့ ဒါလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲတဲ့။ အဲတော့ ကင်တားနား ကိုယ်တိုင်ကလည်း ပြောတယ်လေ။ ဦးဝင်းတင် နဲ့ တွေ့ရတာ သဘောထားချင်း တူညီတာတွေ အများကြီး ရှိပါတယ်တဲ့။ သူကလည်း ပြောတယ်။ ပြောလို့ကောင်းပါတယ်တဲ့။ ပြောရဆိုရတာ သူတို့ သိချင်တာလည်း သူတို့ မေးတယ်ပေါ့။”
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ဒီတပတ်ထဲမှာပဲ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ ဒါပေမဲ့လည်း အခုဆိုရင် အသက် (၇၈) နှစ် ရှိနေပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင်လောက် ရှိနေသေးတာ နိုင်ငံရေး အခြေအနေတွေ တိုးတက်ဖြစ်ထွန်းမှုတွေ မရှိသေးတာတွေ စသဖြင့် အခြေအနေတွေဟာ တိုးတက်မှုမရှိ ဖြစ်နေဆဲပါ။ ဒါတွေနဲ့ ပတ်သက်လို့လည်း ဦးဝင်းတင် က လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ ပြောဆိုတာတွေလည်း ရှိခဲ့တာပါ။
“သူတို့ကပြောတယ်လေ။ ဦးဝင်းတင် လွတ်မြောက်ရေးအတွက် သူတို့ တိုက်တွန်းပါ့မယ်ပေါ့။ အဲတော့
ဦးဝင်းတင်ရဲ့ လွတ်မြောက်ရေး ပေါ့လေ။ သူတို့ ကူညီပါ့မယ်။ သူက - ဒါ အဲဒါ ကျနော် မလိုချင်ဘူးတဲ့။
ကျနော် လိုချင်တာက နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးတာကို မြင်ချင်တယ်တဲ့။ သို့မဟုတ် လွတ်ရက် စေ့နေပြီ။ လွတ်ရက် စေ့ရက်သားနဲ့ မလွှတ်ဘဲနဲ့ ရက်တွေ တိုးတိုးပြီးတော့ ထားတဲ့ဟာကို ပြန်လွှတ်ပေးဖို့ ခင်ဗျားတို့ဘက်က လုပ်ပေးပါ။ အဲဒါမျိုးတွေကို လုပ်ပေးစေချင်တယ်။ အဲဒါမျိုးတွေကို တိုက်တွန်းချင်တယ်။ ကျနော် တယောက်တည်း လွတ်မြောက်ရေးကို ကျနော် မလိုလားပါဘူးတဲ့။ ခင်ဗျားတို့ ကျနော့်ကို အဲဒီလို စေတနာ ထားတဲ့အတွက် ကျေးဇူးတင်ပါတယ် - လို့ အဲဒီလို ပြောလိုက်တယ်တဲ့။ ကျနော် အသက်ကြီးလို့တို့၊ ကျန်းမာရေး မကောင်းလို့တို့ ဆိုတာတွေကို လက်မခံဘူးတဲ့။ ကျနော် မသေလည်း မသေသေးပါဘူးဗျာတဲ့။ တကယ့်တကယ်ကျတော့ သူတို့က သူတို့ ပြောသလို စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့ ဆိုလို့ရှိရင် စည်းကမ်းဥပဒေအတိုင်း လုပ်ဖို့ လိုတာပေါ့တဲ့။ သူက အဲဒီလို ပြောပြတယ်။”
သတင်းစာဆရာကြီး ဦးဝင်းတင် ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့တဲ့ မိသားစုမိတ်ဆွေ ဦးမောင်မောင်ခင် ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားနဲ့ တွေ့ဆုံခဲ့တာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံခဲ့တာ တွေလည်း ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကိုယ်စားလှယ်တော်ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး၊ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ၊ နောက် မေလထဲတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းလေဘေးဒဏ်သင့်ပြီး ထိုင်းနိုင်ငံဖက် ခိုလှုံလာသူတွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

8.08.2008

ရှစ်လေးလုံးအနှစ်နှစ်ဆယ်ပြည့်အခမ်းအနားများကိုပြည်တွင်းပြည်ပတွင်နေရာအနှံ့ကျင်းပပြုလုပ်






















































ရဟန်းရှင်လူကျောင်းသားပြည်သူများခင်ဗျား
မိမိတို့သဘောဆန္ဒကိုထုတ်ဖေါ်ရန်
ဆန္ဒပြခြင်းသည်သာတခုတည်းသောနည်းလမ်းမဟုတ်ပါ။
  • စစ်အာဏာရှင်များနှင့်သူတို့ရဲ့ဒေါက်တိုင်များကိမိမိတို့ယုံကြည်ရာနည်းလမ်းဖြင့်ဆန့်ကျင်ခြင်းသည်၎င်း၊
  • မိမိတို့ဘာသာအလိုက်အလှုဒါနပြုဝတ်ပြုဆုတောင်းပွဲများပြုလုပ်ခြင်း၊အထိမ်းအမှတ်အခမ်းအနားများပြု
လုပ်ခြင်း၊အထိမ်းအမှတ်ပြုဝတ်ဆင်သည်၎င်း၊
٠စစ်အာဏာရှင်ယန္တရားကိုအထောက်အကူပြုစေသည်ဟုယူဆသည့်အလုပ်တာဝန်များကို
ရှောင်လွှဲလေးဖင့်စေခြင်း၊ပျက်စီးစေခြင်းသည်၎င်း။
٠စစ်အာဏာရှင်တို့အိမ်ကြက်ချင်းအိုးမဲသုတ်၍ခွပ်ခိုင်းသည်ကိုအဟုတ်မှတ်၍၊အရိုးအရင်း
ကျွေး၍ကျောသပ်ပေးနေသည်ကိုစိတ်ကြီးဝင်၍၊ဒီမိုကရေစီဘက်တော်သားများပြည်သူလူထု
ကိုနှိပ်စက်ညှင်းပန်းနေသည့်ဒေါက်တိုင်များကိုလူ့အသိုင်းအဝိုင်းမှဖယ်ကျဉ်ခြင်း၊ဆန့်ကျင်တိုက်

ခိုက်ခြင်းသည်၎င်း။
٠မသိနားမလည်၍စစ်အာဏာရှင်အလိုကျလိုက်ပါဆောင်ရွက်နေမိသည့်နောက်လိုက်များ၊
လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊အရပ်ဖက်အမှုထမ်းများကိုရှင်းပြစည်းရုံးခြင်းသည်၎င်း။
٠မတရားဖိနှိပ်ခံရသည်များကိုငုံ့မခံပဲတတ်နိုင်သမျှတုန့်ပြန်ခြင်း၊မတုန့်ပြန်နိုင်လျှင်ပင်အချိန်ဆွဲ
ခြင်းဖြင့်နှောင့်နှေးကြန့်ကြာစေခြင်း၊သတင်းမီဒီယာများသို့ရောက်ရှိကျယ်ပြန့်စေရန်တင်ပြ
ဖေါ်ထုတ်ခြင်းသည်၎င်း။
٠စစ်အာဏာရှင်များ၊သူတို့မိသားစုများ၊သူတို့နှင့်ဆက်နွယ်ပါတ်သတ်သောဝိသမလောဘသား
များ၏ ကိုယ်ကျိုးရှာအမြတ်ထုတ်ကြသည့်ကိစ္စများကိုဖေါ်ထုတ်၍မီဒီယာများသို့ပေးပို့ခြင်း၊ထို
သို့မဟုတ်လျှင်အချင်းချင်းသတင်းပေး၍ကျယ်ပြန့်စေသည်၎င်း။
٠၎င်းတို့မှထိပ်တန်းလျှို့ဝှက်ချက်ဟုသတ်မှတ်ထားသည့်ကိစ္စများကိုဖွင့်ချပစ်ခြင်းဖြင့်၎င်း။
٠မိမိတို့သားစဉ်မြေးဆက်စစ်ကျွန်ဘဝမရောက်ရလေအောင်မိမိတို့သိနားလည်သည့်မတရားဖိ
နှိပ်မှုကိစ္စများ၊ဆန့်ကျင်ဆောင်ရွက်နိုင်သည့်နည်းလမ်းများကိုငယ်ရွယ်သူများအားတဆင့်ပြန်

လည်ရှင်းလင်းပြောပြခြင်းသည်၎င်း။
٠ဆင်းရဲနုံချာလှ၍စားဝတ်နေရေးမှအပဘာကိုမှစိတ်မဝင်စားသူများကိုထိုသို့ဖြစ်နေရအောင်
ဖန်တီးသည့်တရားခံကိုဖေါ်ထုတ်ရှင်းလင်းပြော်ပြခြင်းဖြင့်၎င်း။
٠ဒီမိုကရေစီရရှိရေးအတွက်ရဲရင့်စွာတိုက်ပွဲဝင်နေကြသူများကိုမိမိတို့တတ်စွမ်းသမျှဝိုင်းဝန်း
ကူညီကြခြင်းဖြင့်၎င်း။
٠မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူများ၏မိသားစုများကိုဝိုင်းဝန်းကိုညီဖေးမခြင်းဖြင့်၎င်း။
٠နာဂစ်လေဘေးဒုက္ခသည်များအားကူညီခြင်းကဲ့သို့သောလူထုကိုလူထုကသာကူညီသောလူမှု

ရေးကူညီမှုကိစ္စများကိုပိုမိုတိုးမြှင့်ဆောင်ရွက်ကြခြင်းဖြင့်၎င်း။
٠စစ်အာရှင်တို့နှင့်ပါတ်သက်သမျှစီးပွားလုပ်ငန်းအားလုံးကိုတတ်နိုင်သမျှအားမပေးကြခြင်း၊သ
ပိတ်မှောက်ခြင်းဖြင့်၎င်း။
٠မိမိတို့ယုံကြည်ရာ၊တူညီရာအုပ်စုငယ်ကလေးများဖွဲ့၍စကားဝိုင်းများ၊ဆွေးနွေးပွဲများပြုလုပ်၍
ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းကိုဆွေးနွေးအဖြေရှာဆောင်ရွက်ကြခြင်းသည်၎င်း။
٠ထိုအစုအဖွဲ့ငယ်လေးများမှသည်ပိုမိုကြီးမားသောအင်အားစုများဖြစ်လာစေရန်စုစည်းဆောင်
ရွက်ကြခြင်းဖြင့်၎င်း။
٠အခြားအခြားသောစစ်အာဏာရှင်များကိုထိခိုက်စေနိုင်သည်ဟုမိမိတို့ယုံကြည်ရာနည်းလမ်း
မှန်သမျှကိုအသုံးပြု၍၎င်း။
မိမိတို့ကိုကြီးမားသောထိခိုက်မှုနှင့်အန္တရာယ်မရှိစေပဲဆင်နွှဲနိုင်ပါသည်။
သို့ဖြစ်ပါ၍၈လေးလုံးအရေးတော်ပုံအနှစ်နှစ်ဆယ်ပြည့်မြောက်သည့်ယနေ့မှစတင်၍
စစ်အာဏာရှင်စနစ်ပြုတ်ကျစေရေး၊စစ်မှန်သောဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက်ထို
နည်းလမ်းများဖြင့်လည်းတိုက်ပွဲဝင်နိုင်ကြောင်းတင်ပြအပ်ပါသည်။



ရှစ်လေးလုံး အနှစ် (၂၀) ပြည်တွင်းပြည်ပဆန္ဒပြ

၈ သြဂုတ် ၂၀၀၈

ဒီမိုကရေစီရေးဆန္ဒပြသည့် လူထုကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်သည့် ၈၈၈၈ လူထုအရေး တော်ပုံ အနှစ် (၂၀) ပြည့်နေ့အဖြစ် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ လူငယ် (၅၀) ခန့် ယနေ့ နံနက်က မြို့တွင်း စီတန်းလှည့်လည်ဆန္ဒပြခဲ့ပြီး အာဏာပိုင်များ၏ ဖမ်းဆီးခံရသည်။
ဆန္ဒပြသူလူငယ်များသည် ၈၈၈၈၊ ဒီအချိန်ရောက်ပြီ စည်းလုံးကြ၊ (၈) နာရီသို့ညွှန်ပြထားသည့် နာရီပုံပါ အင်္ကျီများဝတ်ဆင်ကာ တောင်ကုတ်မြို့ ချောင်းကောက်ကူးတို့ဆိပ်မှာ လျှောက်လာစဉ် ရဲစခန်းအနီး ဖမ်းဆီးခံရခြင်းဖြစ်ပြီး အမျိုးသမီး (၆)ဦး အပါအ၀င် လူငယ် (၅၀) ၀န်းကျင် ဖမ်းဆီး ခံရသည်ဟု တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။
၎င်းက “နံနက် (၇) နာရီခွဲလောက်က ချောင်းကောက် ရပ်ကွက်ကနေ ဦးဥတ္တမလမ်းအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်လာကြတယ်။ မယကရုံးနဲ့ ရဲစခန်းအရှေ့နားကိုရောက်တဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေက မယကရုံးထဲကို ခေါ်သွားတယ်။ အပြင်ဘက်မှာ မီးသတ်ကား ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို သံစူးကြိုးနဲ့ ကာပြီး လမ်းကိုပိတ်ထားလိုက်တယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသူများအားပြန်လွှတ်ပေးရန် တောင်ကုတ်အန်အယ်လ်ဒီက အာဏာပိုင်များကို စာရေးတောင်းဆိုထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိဟု ဦးတင်သိန်းအောင်က ပြောသည်။
စစ်တွေတက္ကသိုလ်၌လည်း ကျောင်းသားများက အင်္ကျီအနက်ရောင်တူညီဝတ်စုံများ ၀တ်ဆင် လာကြကြောင်းနှင့် သံတွဲမြို့ အောင်ဓမ္မရိပ်သာကျောင်းတိုက်၌ ၈၈ မျိုးဆက်ကျောင်းသားဟောင်း များက ရှစ်လေးလုံးတွင် ကျဆုံးသွားကြသူများအတွက် ဆွမ်းကပ်လှူခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းတွံတေးမြို့၌လည်း ကျူရှင်ဆရာဦးအောင်ဖေက ယနေ့နံနက် (၇) နာရီခွဲခန့်က ၈၈၈၈ စာတမ်းရေးထားသည့်အလံတပ်ကာ မြို့တွင်းလှည့်လည် စက်ဘီးစီး၍ ဆန္ဒပြခဲ့ကြောင်း တွံတေး မြို့ခံ အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။
ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ စသည့်နိုင်ငံများ၌လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန္ဒပြပွဲများ အသီးသီးကျင်းပခဲ့ကြသည်။
ဘန်ကောက် မြန်မာသံရုံးရှေ့၌ ထိုင်းနှင့်မြန်မာ (၃၀၀) ခန့် စုဝေးဆန္ဒပြခဲ့ကြပြီး မြန်မာပြည်လွတ် မြောက်ရေးကြွေးကြော်သံများ အော်ဟစ်ကာ သွေးစွန်းသောနေ့ ဒို့မမေ့ စာတမ်း ချိတ်ထားသည့် မိုးပျံပူပေါင်းနှင့် စစ်အာဏာရှင် အလိုမရှိ စာတမ်းပါ စက္ကူစွန်အနီရောင်များ သံရုံးတွင်း ပစ်လွှတ်ခဲ့ ကြကြောင်း သိရသည်။
ရန်ကုန်မြို့ ဆူးလေတ၀ိုက်နှင့် မြေနီကုန်း ဒဂုံစင်တာတို့တွင် လက်နက်ကိုင် ရဲ၊ စစ်တပ်နှင့် စွမ်း အားရှင်များ လုံခြုံရေးအပြည့်ချထားသည်ဟု ရန်ကုန်မြို့ခံတို့က ပြောသည်။
နအဖစစ်အုပ်စုကိုဖြိုချ၍မရခြင်းမှာ မြန်မာ့အရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများရှစ်လေးလုံးစိတ်ဓာတ်မရှိခြင်းကြောင့်ဖြစ်သည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ဥက္ကဋ္ဌ အရှင်ပညာ ဇောတက ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်က ပြုလုပ်သည့်နှစ် (၂၀) မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
အဆိုပါအခမ်းအနားအား ရှစ်လေးလုံးအင်အားစုများက ကျင်းပခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် ပရိသတ် (၃၀၀) ခန့်တက်ရောက်ကြသည်။ မယ်တော်ဆေးခန်းတွင်လည်း ရှစ်လေးလုံးအထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်ပြီး ဟောပြောပွဲများ ကျင်းပခဲ့ သည်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေဆီက မြန်မာ့အရေးအတွက် သမ္မတဘုရှ် အကြံဉာဏ်တောင်း



မြန်မာ့အရေး တရုတ်ဝင်ပြောလာအောင် သမ္မတဘုရှ် ဆောင်ရွက်မည်
07 August 2008
သြဂုတ် ၇၊ ၂၀၀၈။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ ပေါ်လာအောင် တရုတ်ခေါင်းဆောင်တွေကတဆင့် ဖိအားပေးနိုင်ရေး ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ အမေရိကန်သမ္မတ ဂျော့ခ်ျဒဘလျူ ဘုရှ် (George W. Bush) က ပြောပါတယ်။ ဘီဂျင်းအိုလံပစ်ပွဲတော် ဖွင့်ပွဲကို မသွားခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သမ္မတဘုရှ်က အခုလို ပြောဆိုလိုက်တာပါ။ မြန်မာ့အရေးကိုတရုတ်အစိုးရခေါင်းဆောင်တွေ လက်ခံလာအောင် သံတမန်ရေးအရ အများကြီးလုပ်ဆောင်ရလိမ့်ဦးမယ်လို့လည်း ပြောပါတယ်။ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနေအိမ်မှာ အမေရိကန်သမ္မတဂျော့ခ်ျ ဒဘလျူ ဘုရှ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဘလျူ ဘုရှ်ဟာ ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့နေအိမ်မှာ ဗွီအိုအေ အမေရိကန်အသံ အပါအ၀င် မြန်မာဘာသာနဲ့အသံလွှင့်နေတဲ့ အသံလွှင့်ဌာန ၄ ခုက သတင်းထောက်တွေကို သီးသန့်တွေ့ဆုံပြီးတွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ပါတယ်။ ဒီလို သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးပြီဆိုရင်ပဲသမ္မတဘုရှ်ဟာ အိုလံပစ်ပွဲတော်ကျင်းပမယ့် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တဲ့အတွက် မြန်မာ့အရေးကို တရုတ်ဘက်က ဖိအားပေးလာအောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာက မေးစရာမေးခွန်းတခု ဖြစ်လာခဲ့ပါတယ်။ သမ္မတဘုရှ်က …
"တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဖြစ်တဲ့အခါ မြန်မာနိုင်ငံအကြောင်းကိစ္စကိုအကြိမ်တော်တော်များများ ကျနော် ပြောဆိုဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဒါးဖောကိစ္စကျနော်ပြောတယ်၊ တိဘက်ကိစ္စ ကျနော်ပြောတယ်။ တရုတ်နိုင်ငံအတွင်းက ဘာသာရေး အခွင့်အရေးကိစ္စတွေကို ကျနော် ထည့်သွင်းပြောဆိုပါတယ်။ အခု အိုလံပစ်ပွဲတော်ကို သွားတယ်ဆိုတာကလည်း တရုတ်ပြည်သူတွေကို လေးစားတဲ့အနေနဲ့ သွားရောက်တာဖြစ်ပါတယ်။
"မြန်မာပြည်အကြောင်းနဲ့ ပတ်သက်လို့ မြန်မာပြည်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကိစ္စ ကျနော်တို့ အလေးထားတယ်။ ဒီလို မြန်မာ့အရေး အလေးထားတယ်ဆိုတာမြန်မာပြည်သူတွေကို အကြောင်းကြားတယ်။ မြန်မာ့အရေး နိုင်ငံတကာ အတိုင်းအတာနဲ့ ဆက်ပြီး ဖိအားပေးနိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ ကျနော်တို့ဘက်က တစိုက်မတ်မတ် ဆက်ပြီး လုပ်ဆောင်သွားမယ်။ ဒါက ဆက်လက်လုပ်ဆောင်သွားမယ့်လုပ်ငန်းစဉ်တခု ဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်" လို့ ဖြေဆိုသွားတာပါ။
မြန်မာနိုင်ငံကို အကူအညီပေးရေး ဒါမှမဟုတ် ပြုပြင်ပြောင်းလဲလာအောင် နားချတဲ့အခါတွေမှာ စစ်အစိုးရနဲ့ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေး မပြေလည်တဲ့အတွက်အခက်အခဲတွေရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်က စစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ ရပ်တည်ချက်ကို မပြောင်းလဲတဲ့အတွက် စစ်အစိုးရဘက်က အမေရိကန်ပြည်ထောင်စုရဲ့ တိုက်တွန်းချက်တွေကိုမတုံ့ပြန်တာဆိုပြီး ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့သဘောထားကို မေးမြန်းတဲ့အခါ သမ္မတဘုရှ်က …
"ကျနော်စိုးရိမ်မိတဲ့ အချက်တခုက မြန်မာစစ်အစိုးရ ဗိုလ်ချုပ်တွေဟာ ဖြစ်ပျက်နေတဲ့အခြေအနေကို အရှိကို အရှိအတိုင်း မသိဘူးဆိုတာပါပဲ။ သူတို့ဘက်က တုံ့ပြန်ချက်တွေက အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာစစ်အစိုးရရဲ့ ဆက်ဆံရေးကြောင့် မဟုတ်ပါဘူး။အကူအညီတွေကို လက်မခံဘဲ ငြင်းဆိုခဲ့တာက တိုင်းပြည်မှာ ကြုံနေရတဲ့ ပကတိအနေအထားတွေကို စစ်အစိုးရဗိုလ်ချုပ်တွေ မသိတဲ့အတွက်ပါ။
"ကျနော်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ၆ လ ကျန်ပါသေးတယ်။ကျနော့်တာဝန်က လူတွေခံစားနေရတဲ့ ဘေးဒုက္ခတွေက သက်သာရာရဖို့ပါ။ မြန်မာပြည်တွင်းကလူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းရှာဖို့ပါ။ စစ်အစိုးရနဲ့ကျနော်တို့ ဆက်ဆံရေးပြောင်းလဲလို့ ဒီလို လူတွေကို ကူညီနိုင်မယ့် ဦးတည်ချက်တွေပြည့်မယ်ဆိုရင် ကျနော် ဒီကိစ္စကို အလေးအနက် စဉ်းစားပါ့မယ်။ ဒါပေမယ့် ကျနော်ဒီလိုလုပ်သင့်တယ်လို့တော့ သဘောထားမရှိပါဘူး" လို့ ပြောဆိုသွားပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လာရင် နိုင်ငံတကာက တူညီတဲ့ တုံ့ပြန်မှုတွေရဖို့၊အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကို စစ်အစိုးရအပေါ် ဖိအားပေးလာအောင်နားချနိုင်ဖို့ဆိုတာ သံတမန်ရေးအရ အများကြီးလုပ်ဆောင်ရဦးမယ်လို့ သမ္မတဘုရှ်ကပြောပါတယ်။ ဒါပေမယ့်လည်း သူနဲ့ တရုတ်ခေါင်းဆောင်တွေအကြား ဆက်ဆံရေးကောင်းမွန်မှုကတဆင့် ဒီလို ဖိအားပေးနိုင်အောင် နားချနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံရပြီဆိုတာကို ကြားခဲ့ရတဲ့ အချိန်ကတည်းက အမေရိကန် ရေတပ်ကနေ အကူအညီတွေပေးနိုင်ဖို့ သူ ညွှန်ကြားခဲ့တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ပြောပါတယ်။ ဒီအကူအညီတွေကိုသာ စစ်အစိုးရဘက်က လက်ခံခဲ့မယ်ဆိုရင် မုန်တိုင်းဘေးဒဏ်သင့်ခဲ့တဲ့ နေရာတွေကို ဒီထက်ပိုပြီး ထိထိရောက်ရောက်ကူညီနိုင်မှာဖြစ်သလို လူတွေရဲ့ အသက်တွေကိုလည်း ဒီထက်ပိုပြီး ကယ်တင်နိုင်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ ဒီလိုအကူအညီတွေကို ငြင်းပယ်ခဲ့လို့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေကနေ သင်ခန်းစာယူသင့်တယ်လို့လည်း အမေရိကန်သမ္မတက ပြောပါတယ်။
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့အချိန်တုန်းက စစ်အစိုးရက အကူအညီတွေကို လက်မခံခဲ့ပေမယ့် အမေရိကန်ရေတပ်တွေ မြန်မာ့ရေပိုင်နက်ထဲဝင်ပြီး လေဘေးအကူအညီတွေပေးမယ်လို့ မြန်မာပြည်သူ တော်တော်များများက မျှော်လင့်ခဲ့ကြပါတယ်။ လူသားချင်းစာနာထောက်ထားမှုအရ အိမ်ရှင်နိုင်ငံက လက်မခံပေမယ့် မဖြစ်မနေ ၀င်ရောက်ပြီးအကူအညီပေးတာမျိုးတွေ လုပ်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒီလို ဘာကြောင့်မလုပ်နိုင်ခဲ့တာလဲလို့ မေးကြည့်တော့ သမ္မတဘုရှ်က …
"ကျနော်တို့ဘက်က သာမန် ပုံမှန်ပေးနေကြ အကူအညီပေးနေတဲ့ လမ်းကြောင်းကိုပဲသုံးခဲ့ပါတယ်။ အခြေခံအားဖြင့် ကျနော်တို့က ဒီမှာ အကူအညီတွေရနိုင်ဖို့ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာကို အကြောင်းကြားခဲ့တာပါ။ စစ်အာဏာရှင်တွေဘက်က အကူအညီတွေကို မြန်မြန်ဆန်ဆန် လက်မခံခဲ့တဲ့အတွက် ကျနော် စိတ်ပျက်မိခဲ့ပါတယ်။
"ဒီအကူအညီတွေပေါ်မှာ အခြေခံပြီး ပဋိပက္ခတွေ ဖြစ်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေကိုကူညီရာမရောက်ဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့က စစ်ဘက်၊ အရပ်ဘက်တွေကို ပြည်ဝင်ခွင့်မရှိလည်း ၀င်ဆိုပြီး လွှတ်လိုက်တာမျိုး၊ လက်ရှိအခြေအနေကနေ ပိုပြီးဆိုးဝါးသွားတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ စစ်အစိုးရဘက်က တုံ့ပြန်ခဲ့တာတွေနဲ့ပတ်သက်လို့ စိတ်ပျက်မိတယ်ဆိုတာ ဟုတ်ပါတယ်။ အခြေအနေ ပိုဆိုးဖို့ထက်ပိုကောင်းမယ့်နည်းလမ်းကို သုံးခဲ့တာပါ" လို့ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူပေါင်းဆောင်ရွက်တဲ့အခါ အမေရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာ မှားယွင်းတယ်လို့ သူ့အနေနဲ့ မမြင်မိတဲ့အကြောင်း၊ဒါပေမယ့်လည်း တချို့နိုင်ငံတွေနဲ့ ချဉ်းကပ်ပုံ ကွဲလွဲချက်တွေ ရှိတဲ့အကြောင်းကို အမေရိကန်သမ္မတ ဘုရှ်က ပြောဆိုသွားပါတယ်။
အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေက မြန်မာပြည်ရဲ့ တည်ငြိမ်ရေးဆိုတာကို ဦးစားပေးတယ်လို့ ပြောဆိုလေ့ရှိပါတယ်။ သူကတော့ ဒီမိုကရေစီကိုပဲ အဓိကထားတယ်၊ လူတွေကို ဂုဏ်သိက္ခာနဲ့အညီ ပြုမှုဆက်ဆံတဲ့၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာရေးကို ဦးစားပေးတယ်လို့ ဆိုပါတယ်။"ခင်ဗျားတို့ ရေဒီယိုအစီအစဉ်တွေကို နားဆင်နေတဲ့ သောတရှင် မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်သမ္မတနဲ့ အခြားသူတွေက သူတို့အတွက်၊ သူတို့နေထိုင်နေရတဲ့အခြေအနေတွေကို ဘယ်လိုစိုးရိမ်နေတယ်၊ သူတို့ကို လွတ်မြောက်စေချင်တယ်၊ မြန်မာနိုင်ငံဟာ သူ့နည်းသူ့ဟန်နဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခွင့် ရှိစေချင်တယ်၊ ဒါတွေ မနက်ဖြန်ဖြစ်မယ်လို့ အာမ မခံနိုင်ရင်တောင် ဒီအမြော်အမြင်တွေနဲ့အားကောင်းတဲ့ ဆန္ဒသဘောထားတွေကို ထုတ်ဖော်ဖို့လိုပါတယ်။ ကျနော်တို့က မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ဆက်ပြီးဆောင်ရွက်သွားမှာပါ" လို့ အမေရိကန်သမ္မတက ပြောဆိုသွားပါတယ်။


ဒီမိုကရေစီရေး လှုပ်ရှားသူတွေဆီက မြန်မာ့အရေးအတွက် သမ္မတဘုရှ် အကြံဉာဏ်တောင်း
07 August 2008

သြဂုတ် ၇၊ ၂၀၀၈။

အမေရိကန်သမ္မတဘုရှ်ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ၉ ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံချိန်မှာ သမ္မတဘုရှ်က အမေရိကန်လူထုဟာ မြန်မာလူထုအပေါ် အလေးအနက် ဂရုစိုက်ပါကြောင်းနဲ့ မြန်မာလူထုတနေ့မှာ လွတ်လပ်မှုရှိလာဖို့ မျှော်လင့်ဆုတောင်းနေပါကြောင်း ပြောခဲ့ပါတယ်။သမ္မတဘုရှ်နဲ့ တွေ့ဆုံရာမှာ ပါဝင်သူတဦးဖြစ်တဲ့ ပလောင်အမျိုးသမီးအဖွဲ့ကလွေအေးနန်းကို ဗွီအိုအေ၀ိုင်းတော်သားကိုကျော်ကျော်သိန်းက ဆက်သွယ်ပြီး သမ္မတဘုရှ်ကို အဓိက ဘာတွေတိုက်တွန်းပြောဆိုတယ်ဆိုတာ မေးမြန်းတဲ့အခါ လွေအေးနန်းက ခုလိုစဖြေပါတယ်။
"အဓိကတိုက်တွန်းမှုအနေနဲ့ ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ကို ကြည့်မယ်ဆိုရင် တစုံတရာ သူတို့တွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအပေါ်မှာ ထောက်ခံအားပေးမှုတွေက တော်တော်လေးရပြီးသား ဖြစ်နေပါတယ်။ ပိုပြီးတော့ ရှိနေတဲ့သတင်းအချက်တွေ သူတို့ကို ပြောပြတဲ့ဟာမျိုး၊ ရှင်းပြတဲ့ဟာမျိုး၊ ပိုပြီးတော့ ဖိအားတွေ ဆက်ပေးသွားတဲ့ဟာမျိုးတွေ ကျမတို့ ပြောသွားတယ်။"
အခုလို တွေ့ဆုံရတဲ့ ရည်ရွယ်ချက်ဟာ လာရောက်ကြတဲ့ လှုပ်ရှားသူတွေရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို နားထောင်ရုံသာမကဘဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေး ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာ အကြံပေးကြဖို့ ဖြစ်ပါတယ်လို့ တွေ့ဆုံပွဲစတဲ့အချိန်မှာ သမ္မတက ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့အင်အားကြီးခေါင်းဆောင်တယောက်က တတိယနိုင်ငံတခုမှာ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတယ်ဆိုတာ ဒါဟာ ပထမဆုံးအကြိမ်ပါ။ ဒီတော့ အခုလို ထူးထူးခြားခြား တွေ့ဆုံကြတဲ့အချိန်မှာ အမေရိကန်သမ္မတကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြန်မာ့အရေး ဒီ့ထက်ပို တွန်းတွန်းတိုက်တိုက်လုပ်ဖို့ တညီတညွတ်ထဲ ဘယ်လောက်ပြောနိုင်ခဲ့ကြပါသလဲ၊ အမေရိကန်သမ္မတ အနေနဲ့ကရော သူတို့ပြောတဲ့အပေါ် ဘယ်လောက်စူးစိုက်မှုရှိပါသလဲ၊လွေအေးနန်းကတော့ သူတို့တတွေ တညီတညွတ်ထဲ ရပ်တည်ပြောဆိုနိုင်ခဲ့ကြသလိုသမ္မတရဲ့ တုံ့ပြန်မှုပေါ်မှာလည်း အားရတယ်လို့ ပြောပါတယ်။
"တွေ့တဲ့လူအားလုံးက မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် နအဖစစ်အစိုးရကိုပိုပြီး တွန်းအားတွေ ပေးသွားဖို့လိုတယ် ဆိုတာမျိုး၊ ဒီအပေါ်မှာတော့ အကုန်လုံးသဘောတူကြတယ်။ သမ္မတကိုယ်တိုင်က အရမ်းကို ရင်းရင်းနှီးနှီး ဆက်ဆံတာပေါ့နော်။စကားပြောနေတဲ့အချိန် ကျမတို့ တဦးချင်းစီ တင်ပြတာတွေကို ကိုယ်တိုင် သေသေချာချာ အလေးအနက် နားထောင်တယ်။ ပြီးတော့ ပြန်မေးစရာရှိရင် မေးတယ်၊ပြန်ပြောစရာရှိရင် ပြောတယ်။ စိတ်ထဲမှာသိသွားတာက သမ္မတက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး တကယ်လည်း စိတ်ဝင်စားတယ်၊ အချက်အလက်တွေလည်း သိတယ်။နောက်ပြီးတော့ သေသေချာချာလည်း အလေးထားပါတယ်။"
တွေ့ဆုံသူတွေထဲမှာ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPPB) က တွဲဘက်အတွင်းရေးမှူးကိုဘိုကြည်လည်း ပါဝင်ပါတယ်။
"ဒီနေ့ သမ္မတနဲ့ တွေ့တဲ့အချိန်မှာ သမ္မတကလည်း သူလုပ်နိုင်တဲ့ သူ့ရဲ့ ပေါ်လစီပေါ့၊အထူးသဖြင့် Targeted Sanction လုပ်တဲ့ဟာတွေ၊ တလောတုန်းက ချလိုက်တဲ့Sanction တွေနဲ့ပတ်သက်ပြီး ကျနော်တို့ကို အမြင်တွေမေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားတွေ ထိခိုက်နိုင်မှုရှိမရှိ၊ အဲဒါတွေကို သူ မေးပါတယ်။ ကျနော်တို့ကလည်း Sanction က နအဖကို ထိခိုက်တယ်၊ ပြည်သူပြည်သားကို ထိခိုက်တယ်ဆိုတာသိပ်မရှိဘူး၊ အဲဒါတွေကို ပြန်ဖြေတယ်။
"နောက်တခုက ပြီးခဲ့တဲ့ နာဂစ်တုန်းက အမေရိကန်အစိုးရရဲ့ ကူညီမှုတွေ၊ Sanctionလုပ်ထားတယ်ဆိုပေမယ့် တချို့ဟာတွေကို လူသားချင်းစာနာတဲ့ ရှုထောင့်ကနေလျှော့ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းတွေကို ကျနော်တို့ပြောပြတယ်၊ မြန်မာနိုင်ငံသားတွေကိုယ်စား။ လက်ရှိမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေဖြစ်အောင် ဘယ်လိုမျိုး ဆက်လုပ်ကြရင်ကောင်းမလဲဆိုတာ ၀ိုင်းဝန်းဆွေးနွေးကြတာပါ။"
သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ သမ္မတဘုရှ်ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဦးမှာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံဟာ အဓိကကျတဲ့အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု အပါအ၀င် မြန်မာ့အရေးစိတ်ဝင်စားတဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေကရော၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကရော တသဘောထဲ ရှိကြပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာစစ်အစိုးရနဲ့သာ နီးနီးကပ်ကပ်ဆက်ဆံ၊စစ်အစိုးရကိုသာ စစ်ရေး၊ စီးပွားရေး အကူအညီတွေ ပေးနေရုံမက ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာပါ အကာအကွယ်ပေးနေပြီး ဒီမိုကရေစီရေးအတွက် ပြောဆိုလုပ်ဆောင်တယ်ဆိုတာ မရှိသေးပါဘူး။ ဒါ့ကြောင့် မြန်မာ့အရေးအတွက် သမ္မတဘုရှ်က တရုတ်နိုင်ငံကို ဘာတွေတိုက်တွန်းပြောဆိုဖို့ အကြံပေးခဲ့တယ်ဆိုတာ လွေအေးနန်းကိုမေးတော့ သူက …
"ရှမ်းပြည်မှာရှိနေတဲ့ ပလောင်ဒေသမှာဆိုရင် ဘိန်းထုတ်လုပ်မှုနှုန်းတွေ၊ ဘိန်းရှူမှုနှုန်းတွေက တနှစ်တခြား တိုးတက်လာတာတွေရှိတယ်။ ပလောင်ဆိုရင်လည်း တရုတ်နဲ့နယ်နိမိတ်ခြင်း ထိစပ်နေတဲ့အတွက် ထိခိုက်နစ်နာတာက တရုတ်ပြည်သူတွေရော၊ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေရော နှစ်ဖက်စလုံးဖြစ်နေတာပေါ့။ အဲဒါ တရုတ်ကိုအဲဒီ Message ပေးချင်တယ်။
"သေချာတာတခုကတော့ ကျမတို့နိုင်ငံမှာ အဓိကပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကိုမဖြေရှင်းနိုင်မချင်း နယ်စပ်တလျှောက်မှာရှိနေတဲ့ တရုတ်ပြည်နယ်စပ်ရော၊ ဒီဘက်ရှမ်းပြည်နယ်စပ်ရော၊ နှစ်ဖက် နယ်စပ်ကြားမှာ ဒီဘိန်းပြဿနာက ဆက်ပြီး ရှိနေဦးမယ်။ အဲဒီသတင်းအချက်အလက်ကို တရုတ်ကိုသယ်ဆောင်သွားပြီး တရုတ်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သံတမန်ရေးလုပ်ငန်းတွေမှာ ပိုမိုပြီး နိုင်ငံရေးအပြောင်းအလဲတခုရဖို့အတွက် ထောက်ခံမှုတွေ၊ အားပေးမှုတွေ လုပ်သွားအောင်ဆိုပြီး အဲဒီသတင်းအချက်အလက်တွေ ပေးပေးဖို့ ပြောတာပါ။ သမ္မတကိုယ်တိုင်ကလည်း အဲဒီသတင်းအချက်အလက်တွေ ပေးသွားမယ်၊ ဆွေးနွေးသွားမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။"
သမ္မတဘုရှ်နဲ့ ဒီကနေ့ ဘန်ကောက်မြို့မှာတွေ့ဆုံချိန် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ပလောင်အမျိုးသမီးအဖွဲ့က လွေအေးနန်း ပြောသွားတာပါ။
အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတာထိရောက်မှု ရှိ-မရှိဆိုတာကိုလည်း သမ္မတဘုရှ်က မေးခဲ့တယ်လို့ လွေအေးနန်းကပြောပါတယ်။ သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးချမှတ်လိုက်တဲ့မြန်မာ့ကျောက်မျက်ရတနာတွေ အမေရိကန်ပြည်ထောင်စုထဲ တင်သွင်းလို့မရအောင်ပိတ်ဆို့တားဆီးလိုက်တဲ့ ဥပဒေဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့စီးပွားရေးသမားတွေကို တိုက်ရိုက်သက်ရောက်တာကြောင့် ထိရောက်မှုရှိတဲ့အကြောင်းသူတို့ ပြန်ပြောပြခဲ့ပါတယ်လို့ လွေအေးနန်းက ပြောပါတယ်။ဒီကနေ့တွေ့ဆုံချိန်ဟာ စုစုပေါင်း ၁ နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး သမ္မတဘုရှ်က သူတို့တယောက်ချင်းစီ ပြောပြတာတွေကို သေသေချာချာ ဂရုတစိုက်နားထောင်ခဲ့၊ မေးခွန်းတွေပြန်မေးခဲ့ပြီး အရမ်းကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ရှိပါတယ်လို့လည်း ပြောပါတယ်။

8.07.2008

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် NLDနဲ့တွေ့ ၊အင်းစိန်ထောင် လေ့လာ


ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တော်သစ်ဖြစ်တဲ့ တိုမာ့စ် အိုဟဲယား ကင်တာနား ဟာ သူ့ရဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် နိုင်ငံရေးနဲ့ တိုင်းရင်းသား အဖွဲ့အစည်း တချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလို တွေ့ဆုံတဲ့အထဲက အများစုဟာ မြန်မာ စစ်အစိုးရကို လိုလားတဲ့ အဖွဲ့အစည်းတွေဖြစ်နေတာ၊ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံနိုင်ခြင်း မရှိသေးတာတွေကြောင့် အားမလို အားမရ ဖြစ်နေတာတွေလည်း ရှိနေတာပါ။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟဲယား ကင်တာနား (Tomas Ojea Quintana) က မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့တာပါ။ အစိုးရ ဧည့်ဂေဟာမှာ အထူးကိုယ်စားလှယ် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက အခုလို ပြောပြပါတယ်။

"ရန်ကုန်မှာပါပဲ နိုင်ငံရေးပါတီတွေနဲ့ တွေ့ပါတယ်ခင်ဗျ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရယ်၊ ၀ံသာနု NLD အဖွဲ့ရယ်၊ တစ်သီးပုဂ္ဂလအဖွဲ့ရယ်၊ 88 Generation Student Union of Myanmar။ ပအို့ဝ် အမျိုးသားအဖွဲ့ အဲဒါပါပဲခင်ဗျ။"

အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ အန်အယ်လ်ဒီ ပါတီကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူတို့ဖက်က ပြောဆိုတင်ပြခဲ့တာတချို့ ရှိခဲ့တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပြပါတယ်။

"ကျွန်တော်တို့ ပြောဖြစ်တဲ့ ကိစ္စကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေအရ ပေးတဲ့ အယူခံ အခွင့်အရေးကို ငြင်းပယ်တဲ့ ကိစ္စကိုလည်း ပြောခဲ့တယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေဟာ ယုံကြည်ချက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ဟိုပုဒ်မ ဒီပုဒ်မနဲ့ အကျဉ်းချထားတဲ့ကြားထဲက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စ၊ အဲဒါတွေကိုလည်း တင်ပြခဲ့တယ်။ နောက်တခုက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မသမာတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း ပြောပြဆွေးနွေးခဲ့ပါတယ်။ သွားတာက ဦးလွင်ရယ်၊ ဦးညွန့်ဝေရယ်၊ CECအဖွဲ့ဝင် ဦးသန်းထွန်းရယ်၊ နဂိုကတော့ ဥက္ကဌ ဦးအောင်ရွှေ သွားဖို့ပါ။ သို့သော်လည်း ဥက္ကဌက ဒီနေ့ ကျန်းမာရေး သိပ်မကောင်းတာနဲ့ မလိုက်ဖြစ်တာပါ။ ဒါကြောင့် သုံးယောက်ပဲ သွားပါတယ်။"

ဒါပေမဲ့လည်း ဒီလိုတွေ့ဆုံမှုတွေမှာ ဆွေးနွေးနိုင်ဖို့ အခွင့်မသာတဲ့အပြင် အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ အချိန်တိုတိုသာ ရခဲ့တယ်လို့လည်း ဦးဥာဏ်ဝင်း က ဆိုပါတယ်။

"ဒီနေ့ မနက် ၁၀နာရီခွဲမှာ ကျွန်တော်တို့ လူကြီးတွေကို သက်ဆိုင်ရာက လာခေါ်သွားပါတယ်။ မြရိပ်ညို ဟိုတယ်မှာ နေရာချထားတယ်။ ၁၀နာရီခွဲကသွားတာ ၁နာရီင်္ခွဲကျမှ လူ့အခွင့်အရေး ကိုယ်စားလှယ်ကြီးနဲ့ တွေ့ခွင့်ရတယ်။ တွေ့ခွင့်ရတဲ့ အချိန်က ၁၀မိနစ်ပဲရတယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာက စီစဉ်ထားတာက NLD၊ တစည၊ နောက်နိုင်ငံရေး ပါတီမဟုတ်ဘဲနဲ့ နိုင်ငံရေး အလုပ်လုပ်တဲ့ အဖွဲ့တွေ၊ နာမည် တပ်ထားတာက ၀ံသာနုတို့၊ ၈၈မျိုးဆက်ပြည်ထောင်စု မြန်မာနိုင်ငံတို့ အဲဒါမျိုးကလည်း လေးဖွဲ့လောက်ပါတယ်။ အားလုံး ခြောက်ဖွဲ့ဖြစ်သွားတာပေါ့။ အဲဒါကို တပြိုင်တည်း မစ္စတာ ကင်တားနားနဲ့ တွေ့ဖို့ စားပွဲတွေ၊ နေရာတွေ ဆင်ထားတယ်။ သို့သော်လည်းပဲ မစ္စတာ ကင်တားနားက ဒီလို တွေ့တာထက် ကို တဖွဲ့ချင်းတွေ့တာက ပိုကောင်းပါတယ်ဆိုတော့မှ တဖွဲ့ချင်း ပြန်ပြီးတော့ တွေ့ရပါတယ်။ NLDက ပထမဆုံးတွေ့ရတယ်။ အားလုံးက ၁၀မိနစ်ဆီပဲ ရပါတယ်။ ဒါကြောင့် အပြန်အလှန်ဆွေးနွေးဖို့ အချိန်မရဘူး။ "

လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံတာထက် မြန်မာစစ်အစိုးရနဲ့ နီးစပ်သူတွေနဲ့ တွေ့ဆုံတာတွေကသာ ပိုများနေတာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားကြတဲ့ နိုင်ငံရေး အင်အားစုတွေကြား စိတ်ပျက် လက်ပျက် ဖြစ်နေရတာ တွေလည်း ရှိပါတယ်။ ဒီအထဲက တိုင်းရင်းသား နိုင်ငံရေးေ ခါင်းဆောင်တဦဖြစ်တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန် ကတော့ -

"ပြောချင်တာကတော့ ကျွန်တော်တို့ ဒီမှာ လူ့အခွင့်အရေး ချိုးဖောက်ခံထားရတဲ့သူတွေရဲ့ အခြေအနေကို လာကြည့်တဲ့ ပုဂ္ဂိုလ်အနေနဲ့က အခွင့်အရေးကို ချိုးဖောက်ခံနေရတဲ့ သူတွေနဲ့ တွေ့ဖို့က အရေးအကြီုးဆုံးလို့ ကျွန်တော်အနေနဲ့ မြင်ပါ တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ သူတို့က နိုင်ငံတော်အစိုးရရဲ့ အသင့်ပြင်ပြီးတော့ သူတို့ပြချင်တဲ့သူ၊ သူနဲ့ တွေ့စေချင်တဲ့သူ လောက်နဲ့ပဲ တွေ့တယ်ဆိုတော့ သူတာဝန်မကျေဘူးလို့ ကျွန်တော်တော့ ဒီလိုပဲ ပြောချင်တယ်။"

ဒီလို လူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ဆုံခွင့် ရမယ်၊ မရဘူး အခုအချိန်အထိ မသေမချာ ဖြစ်နေရတဲ့အထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအ၀င် ဖြစ်ပါတယ်။ ဒီလို ဝေဖန်သံတွေ ကြားနေရတဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ကို မေးကြည့်ပါသေးတယ်။

"လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ နိုင်ငံတော် အာဏာပိုင်နဲ့ ဆွေးနွေးပြီးတော့ အဆင်သင့်သလို ဆောင်ရွက်သွားတဲ့ကိစ္စမှာ ဖြစ်လာတဲ့ဟာတွေကို ကြိုမပြောနိုင်သေးပါဘူး။ ပြောခွင့်လည်း မရှိပါဘူး။"

အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ အစိုးရနဲ့ ညှိနှိုင်း သွားလာနေရတဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ကောက်ချက်ချပါတယ်။

"ဒီနေ့ အစီအစဉ်တွေတင် မဟုတ်ပါဘူး။ အရင်နေ့ အစီအစဉ်တွေမှာလည်း တွေ့ရတယ်ဆိုတဲ့ သတင်း ကြားတာတွေ ကလည်း ဒီသဘောပါပဲ။ သူတို့ အစိုးရအတွက် ထောက်ခံပြောဆိုမယ့် အဖွဲ့အစည်းတွေက ပိုများမယ်၊ အသံပိုကျယ်မယ်၊ အသံများမယ်။ ဒါသေချာသလောက်ပါပဲ။ ကျွန်တော်တို့ ထင်တာကတော့ အဲဒီလို အစိုးရကလည်း စီစဉ်တယ်တဲ့ သဘောလို့လည်း ထင်တယ်။"

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မနေ့တုန်းကတော့ ရန်ကုန်မြို့ အင်းစိန်ထောင်ကို သွားရောက်ပြီး ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အပါအ၀င် အကျဉ်းကျခံနေရသူ ၅ ယောက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ နေပြည်တော်ကို သွားပြီးတော့ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဦးမှာပါ။ ဒီနောက် မနက်ဖြန် ရောက်ရင်တော့ သူ့ရဲ့ ခရီးစဉ်အဆုံးသတ်ပြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့ ရှိပါတယ်။

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင် လေ့လာ



ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တော်သစ်ဖြစ်

တဲ့ တိုးမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ သူ့ရဲ့ ဒုတိယနေ့

ခရီးစဉ်ဖြစ်တဲ့ ဒီကနေ့မှာ နိုင်ငံရေးအကျဉ်းသား အများအပြားကို ဖမ်းဆီးထိန်းသိမ်း


ထားရာ ရန်ကုန်မြို့က အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ တချိန်တည်းမှာ


ပဲ အခုလို မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ရောက်


နေတဲ့ အထူးကိုယ်စားလှယ်သစ်အနေနဲ့ ရောက်တုန်းရောက်ခိုက် အကျဉ်းသားတွေ


လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကိုလည်း ဖော်ထုတ်သွားနိုင်ဖို့


တိုက်တွန်းပြောဆိုသံတွေကိုလည်း ကြားနေရပါတယ်။ အကြောင်းစုံကို



ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမတ်စ် အိုဟေး ကင်တားနားက


သူ့ရဲ့ ဒုတိယနေ့ခရီးစဉ် တစိတ်တပိုင်းအဖြစ်နဲ့ အင်းစိန်ထောင်ကို သွားရောက်ခဲ့တာပါ။


နေ့လယ်ပိုင်းက သွားရောက်ခဲ့ပြီးတော့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံဖွယ်ရာ


ရှိတယ်လို့လည်း မျှော်လင့်ရပေမယ့် ဘယ်သူဘယ်ဝါတွေ ပါဝင်မယ်ဆိုတာတော့ မသိရ


သေးဘူးလို့ အင်းစိန်ထောင်ရှေ့ကို ဒီကနေ့ သွားရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား


မိသားစုဝင်တဦးက ပြောပါတယ်။

"ရောက်နေတယ်။ ဘယ်သူတွေနဲ့ တွေ့နေလည်းတော့ မသိဘူး။ ၂ နာရီလောက်က


ရောက်တာ။ အခုထက်ထိတော့ မပြန်သေးဘူး။ ၂၀၀၇ အသုတ်ဆိုတော့ ဒီငြိမ်းလင်းနဲ့


တွေ့မလားတော့ မသိဘူး။ အဲဒီလိုအသံတော့ ထွက်နေတယ်။"

အခုလို အထူးကိုယ်စားလှယ်မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်တဲ့အနေနဲ့ အစော


ပိုင်းမှာတုန်းက ထောင်တွင်းမှာကျွေးမွေးတဲ့ အစားအသောက်၊ အနေအထိုင် အခြေ


အနေတချို့ တိုးတက်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို တနေရာကနေတနေရာ


ရွှေ့ပြောင်းတာမျိုး၊ ထောင်ဝင်စာတွေ ပိတ်ပင်ထားတာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဒီ


အကျဉ်းသားမိသားစုဝင်ကပဲ ပြောပါသေးတယ်။

"ထူးခြားမှုကတော့ အဆောင်တွေ ခြိမ်းလိုက်တာပေါ့။ လူတွေ ဘယ်လိုထားမလဲတော့


မသိသေးဘူး။ တွေ့ပေးမယ့်လူပဲ ခွဲထားလိုက်လား၊ ကျန်ခဲ့တဲ့တပတ်လောက်ကတော့


ဟင်းအစိုလေးတွေ နှစ်မျိုးလောက် ပြန်ပေးခိုင်းတယ်။ အရင်တုန်းကတော့ ပေးလို့မရ


ဘူး။"

တကယ်တော့ ဒီလိုအခြေအနေမျိုးတွေအပြင် စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ထောင်တွေထဲ


မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့က ဥပဒေကြောင်းအရ


အကာအကွယ်တွေကလည်း မရှိသလောက် ဖြစ်နေရတယ်လို့ မိသားစုဝင်တွေ၊ အကျဉ်း


သားတွေအတွက် လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတွေကလည်း ပြောနေကြတာပါ။


ဒီအထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေအတွင်း


ထင်ရှားခဲ့တဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့အမှုကို လိုက်ပါကူညီပေးဖို့ ကြိုးပမ်း


နေတဲ့ ရန်ကုန်မြို့က ရှေ့နေ ဦးညီညီလှိုင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ကြုံနေရ


တဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။

"ဦးဂမ္ဘီရလိုလူတွေက ဘာပုဒ်မနဲ့ အရေးယူထားပြီး ဘာပုဒ်မနဲ့ အဖမ်းခံထားရမှန်း မသိ


ဘဲနဲ့ ထောင်ထဲမှာပဲ ခုခံချေပခွင့် မရဘဲနဲ့ အချုပ်ခံထားရတာ ဖြစ်နေတဲ့အတွက်


ကျနော်တို့ကို မည်သည့်ပုဒ်မနဲ့ အရေးယူထားပြီး မည်ကဲ့သို့ ခုခံရမယ်ဆိုတာ သိသာ


ထင်ရှားအောင် လုပ်ပေးသင့်ပါတယ်။ ထောင်ထဲမှာပဲ ချုပ်ရက်တွေအကြာကြီး ခုခံချေပ


ခွင့်မရဘဲနဲ့ ဒီအတိုင်းပဲ အချုပ်ခံနေရတဲ့အတွက် အများကြီး လူ့အခွင့်အရေး ထိခိုက်


နစ်နာနေပါတယ်ဆိုတာ ပြောသင့်ပါတယ်။ ဒါမျိုး အခြားလူတွေမှာလည်း ရှိပါတယ်။

"ဥပမာ ကျနော်လိုက်တဲ့အမှုထဲက ၈၈ မျိုးဆက်ကျောင်းသားထဲက ကိုကျော်ဆန်းဆိုရင်


သူက အေးစေတီဘုရားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တခြား


အန်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ဆုတောင်းကြတယ်။ ဆုတောင်းတယ်ဆိုတာ သူတို့


စိတ်ထဲကနေ သူတို့ လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းတာ။ ဘယ်သူမှလည်း မကြား


နိုင်ဘူး၊ မသိနိုင်ဘူး။ ဒီဟာကိုပဲ ရုံးတင်စစ်ဆေးတဲ့အခါကြတော့ ပုဒ်မ ၁၄၇၊ ၅၀၅(ခ)


တို့နဲ့ စစ်ဆေးတဲ့အခါကြတော့ ဘုရားဝတ်ပြုနေတဲ့ပုံကို ဓာတ်ပုံရိုက်ထားပြီး ဒါ ပြစ်မှု


ကျူးလွန်နေပါတယ်ဆိုပြီး စွပ်စွဲထားတာမျိုးတွေပေါ့။

"ဒါ အခြေခံ လူ့အခွင့်အရေးပဲ။ လူတိုင်းမှာရှိတဲ့ လွတ်လပ်စွာ ကိုးကွယ်ဆုတောင်းပိုင်ခွင့်


ဆိုတဲ့ အခွင့်အရေးလေးတောင် မရဘူးဖြစ်နေတယ်။ ဒါကြောင့် လူ့အခွင့်အရေး


ကော်မရှင်က တာဝန်ရှိတဲ့လူတွေနဲ့ ပြောဆိုဆွေးနွေးတိုင်ပင်ပြီး အဖြေတခု ထုတ်သင့်


ပါတယ်။ ဒါ ကျနော်တို့ရဲ့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးတာဖြစ်တယ်။"

ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေက


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂,၀၀၀ လောက် ရှိတယ်ဆိုပြီး


စာရင်းပြုစုထားပေမယ့် မြန်မာစစ်အစိုးရဘက်ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ


မရှိဘူး၊ ရာဇ၀တ်ပြစ်မှုနဲ့ အရေးယူထားတာသာ ဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုနေ


တာပါ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးညီညီလှိုင်


ကတော့ …

"နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ် ရှိနေပါတယ်။ နိုင်ငံရေးလုပ်လို့ အဖမ်းခံ


ထားရတဲ့လူတွေ အမှန်တကယ်ရှိနေပါတယ် ဆိုတာကိုတော့ လူ့အခွင့်အရေးကိုယ်စား


လှယ်ကို သိစေချင်ပါတယ်။ အုပ်ချုပ်တဲ့အစိုးရရဲ့ အုပ်ချုပ်တဲ့စနစ်၊ အုပ်ချုပ်တဲ့မူကို


မကြိုက်လို့ ပြောကြဆိုကြတဲ့လူတွေ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အတွက် အမှုရင်ဆိုင်


ရတယ်။ ဒါ နိုင်ငံရေးအကျဉ်းသားပါ၊ နိုင်ငံရေးပြစ်မှုပါဆိုတာ သိသာထင်ရှားစေချင်


တယ်။"


ရန်ကုန်မြို့က ရှေ့နေ ဦးညီညီလှိုင်ပါ။

မနေ့တုန်းကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးဖြစ်တဲ့ Amnesty

International က လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်နေခိုက်
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့
ပတ်သက်လို့ ဝေဖန်ပြစ်တင်လိုက်ပါသေးတယ်။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်း
သားတွေကို ဆက်လက်ဖမ်းဆီးထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်
လို့ အနှစ်သာရမရှိတဲ့ ကတိတွေသာ ပေးနေတာကို ကုလသမဂ္ဂအနေနဲ့ လက်ခံနေဖို့
မသင့်ဘူးဆိုပြီးတော့လည်း ပြောဆိုလိုက်ပါသေးတယ်။

8.05.2008

“လင်းအာရုဏ်ဆီသို့”(၈.၈.၈၈ နှစ်နှစ်ဆယ်ပြည့်အထိမ်းအမှတ်) D-Wave

သန်းခေါင်ယံကျော်အချိန်မို့တခါတရံဖြတ်သွားသည့်ကားတစင်းတလေအသံမှ

အပတလောကလုံးတိတ်ဆိတ်နေသည်။ကျွန်တော်သည်ထိုင်နေကျဝရံတာငယ်

လေးမှာထိုင်ရင်းအတွေးများပျံ့လွင့်နေမိသည်။ဤသို့ကောင်းကင်ကိုငေးရင်း

တွေးချင်တာတွေးနေတတ်သည့်အကျင့်ကိုဘယ်တုန်းကရခဲ့သည်မသိ။

လွန်ခဲ့သောအနှစ်နှစ်ဆယ်ဝန်းကျင်အကျဉ်းစံခဲ့စဉ်ကရခဲ့သည်လား၊ဖမ်းဆီးခံရ

မည့်အန္တရာယ်ကိုရှောင်ပုန်းရင်းခွေးဟောင်သံ၊ကားသံကြားတိုင်း

အိပ်မရတဲ့အတူတူမှောင်ထဲမှာငေးချင်ရာငေးရင်းမှရလာသည်လား၊ငှက်

ဖျားနှင့်အဟာရမပြည့်စုံတဲ့ဒါဏ်ကိုကြံ့ကြံ့ခံရင်းဖြတ်ကျော်ခဲ့ရသည့်တော

တောင်တွေထဲကပဲရသည်လား၊ကျွန်တော်ကိုယ်တိုင်သေချာစွာမသိတော့ပေ

မယ့်ထိုသို့နေရသည်ကိုမသိစိတ်ကနှစ်ခြိုက်နေမိသလိုပင်။လမ်းမီးရောင်

တချို့ကွက်တိကွက်ကျားလင်းနေသည်။ကောင်းကင်ပြင်မှာတော့ပိန်းပိတ်

အောင်မှောင်လွန်းလှသည်။ဒီလိုအမှောင်ညတွေဘယ်ကာလမှဆုံးလေမယ်မသိ။

အဝေးဆီမှပျံ့လွင့်လာသောအသံတချို့ကိုတီးတိုးကြားနေရသည်။

ငိုညည်းသံများလိုလို၊ကြွေးကြော်အော်ဟစ်သံများလိုလို၊ဝေးရာမှနီးလာပြီးအသံ

များကသဲကွဲကျယ်လောင်လာသည်။

“ဒါမတရားဘူး ဟေ့၊ ငါတို့တွေအိမ်ပြန်မယ် လမ်းဖွင့်ပေး ”

(အချိန်က၁၉၈၈ခုနှစ်မတ်လ(၁၆)ရက်၊နေရာကအင်းယားကန်ဘောင်ဘေးမ

ရောက်တရောက်အင်းယားလမ်းမပေါ်)

ကျွန်တော်တို့ရှေ့တည့်တည့်မှာပိတ်ဆို့ထားသည်ကသံဆူးကြိုးများ၊ဘရင်း

ကယ်ရီယာခေါ်စက်သေနတ်တင်ကားများ၊ပြီးတော့သွေးဆာနေသောမျက်နှာ

ထားနှင့်ဒိုင်း၊တုတ်များကိုင်ဆောင်ထားသည့်လုံထိန်းများ။

ထိုနေ့ကသာကျောင်းမတက်ဖြစ်လျှင်ကျွန်တော့်ဘဝကဘယ်လိုတဆစ်ချိုးလေ

မည်မသိ။ကျွန်တော့်မိဘများကလခသိပ်မများသည့်အစိုးရဝန်ထမ်းတွေ၊ကျွန်

တော်တို့မှာငွေကြေးမချမ်းသာ၊မိဘများကချွေတာထိန်းသိမ်းသဖြင့်သင့်တင့်စွာ

ကျောင်းတက်နိုင်သည့်အခြေအနေသာရှိသည်။ထိုခေတ်ကအမြင့်ဆုံးမျှော်မှန်း

သည့်သင်္ဘောသားဖြစ်ရန်ဆိုသည့်လမ်းကြောင်းကိုမမျှော်မှန်းနိုင်၊အမှတ်အ

နည်းငယ်ကောင်း၍သိပ္ပံလိုင်းရသဖြင့်ရေကြောင်းအင်ဂျင်နီယာခေါ်MOTဖြေဆို

နိုင်သည့်အခွင့်အရေးတော့ရှိသည်။ဒါလဲသိပ်လွယ်သည်တော့မဟုတ်။ထိုအချိန်

ကအလွယ်ဆုံးအရာရှိဖြစ်နိုင်သောဗိုလ်သင်တန်းဖြေဆိုရန်ကျွန်တော်ရည်မှန်း

ထားသည်။

ကျောင်းသားများရုတ်ရုတ်သဲသဲဖြစ်နေတာလွန်ခဲ့သောလအနည်းငယ်ကစခဲ့သည်။၇၅ကျပ်တန်၊၂၅ကျပ်တန်များဖျက်သိမ်းခဲ့စဉ်ကတည်းကတကြိမ်၊ပြီးခဲ့သော

မတ်လကRITကျောင်းသားများနှင့်အရပ်သားအချို့ပြသနာဖြစ်ရာမှRITကျောင်း

ဝင်းအတွင်းသို့စစ်သားများကသေနတ်ဖြင့်ပစ်ခတ်သဖြင့်ကိုဖုန်းမော်နှင့်ကိုစိုးနိုင်

ဆိုသူကျောင်းသားနှစ်ဦးသေဆုံးသည်ဟုကြားရသည်။

ထိုနေ့ကကျောင်းသွားရန်ကျွန်တော်တွေဝေနေမိသည်။ပထမဆုံးနေ့မို့စာသင်ဦးမှာမဟုတ်ဟုထင်သည်။သို့သော်သူငယ်ချင်းများနှင့်တွေ့ချင်သည်။ကျွန်

တော်RC2ကိုရောက်တော့ကျောင်းသားများစွာမရှိ၊ရှိသူများကလည်းအုပ်စု

ကိုယ်စီဖွဲ့၍ကြိတ်တိုင်ပင်နေကြပုံမျိုး၊အခြေအနေတိတ်ဆိတ်နေပုံကခြောက်ခြားစရာ၊

သူငယ်ချင်းများနှင့်အဆောင်ကင်တင်းတွင်လက်ဖက်ရည်သောက်နေစဉ်မိန်းထဲ

တွင်ကျောင်းသားများဆန္ဒပြနေကြသည်ဟုကြားသည်။လက်ဖက်ရည်ဆိုင်မှကျွန်

တော်တို့ပြန်လာချိန်ကျောင်းဆရာများမှအိမ်ပြန်ရန်လိုက်ပြောနေသည်။အိမ်ပြန်

ရန်ကျောင်းရှေ့သို့ထွက်လာစဉ်လိုင်းကားတစီးမှမလာတော့။သမိုင်းလမ်းဆုံ
မှစ၍လမ်းပိတ်ထားလိုက်ကြောင်းသိရသည်။ထို့ကြောင့်ကျွန်တော်တို့အားလုံး

အင်းယားကန်လမ်းမှတဆင့်လှည်းတန်းသို့လမ်းလျှောက်သွားပြီးမှပြန်ရုံသာ

ရှိတော့သည်။ကျောင်းသားအားလုံးမတိုင်ပင်ပဲထိုလမ်းအတိုင်းအစုလိုက်ပြန်လာ

ကြစဉ်ပိတ်ဆို့မှုနှင့်ကြုံရခြင်းဖြစ်သည်။

ခပ်ထက်ထက်ကျောင်းသားများနှင့်ပိတ်ဆို့သူများပြသနာတက်နေစဉ်ကျောင်းမှ

ကားတစီးဖြင့်ဌာနမှုးဦးကောင်းညွန့်နှင့်ဆရာတချို့ရောက်လာပြီးဖြေရှင်းပေးနေ

သည်။သူတို့ဘာတွေပြောဆိုနေသည်ကိုမမြင်မကြားနိုင်တော့ပဲကျွန်တော်၏

အာရုံကပိတ်ဆို့တားဆီးထားသည်များကိုကျော်၍ရန်ကုန်

တက္ကသိုလ်ပင်မဆီမှကျွန်တော်တို့ဘက်သို့ဦးတည်ချီတက်လာနေသောကျောင်း

သားများဆီရောက်သွားသည်။ထိပ်ဆုံးမှတလူလူလွှင့်နေသောခွပ်ဒေါင်းအလံ

တော်၊နဖူးစီးအနီရောင်စီးထားသောကျောင်းသားများ၊အမျိုးအမည်မသိနိုင်

သောပီတိစိတ်နှင့်ကြက်သီးမွှေးညှင်းများထလာနေသည်ကိုကျွန်တော်ခံစား

လိုက်မိသည်။ကျွန်တော့်ဘဝတွင်ဒါပထမဆုံးမြင်ဘူးသောမြင်ကွင်း။

“တို့ကျောင်းသားတွေချီတက်လာတယ်။တို့ကျောင်းသားတွေဆန္ဒပြနေတယ်။”

ကျွန်တော့်ရင်ထဲတွင်ထိုစကားသံများသာပဲ့တင်ထပ်နေသည်။ကြွေးကြော်သံ

များကပိုမိုကျယ်လောင်လာသည်။အင်းယားကန်ဘောင်ဘေးတံတားဖြူအ

လွန်ကျွန်တော်တို့တဖက်ခြမ်းရှိပိတ်ဆို့တားဆီးသည့်နေရာတွင်ရပ်တန့်

သွားပြီးနောက်ကမ္ဘာမကြေသီချင်းကိုသံပြိုင်သီဆိုနေကြသည်။

“ဒါတို့ကျောင်းသား၊ဒါတို့သွေးသား၊”ဆိုသည့်အသိကကျွန်တော့်သွေးများကိုပူ

နွေးလှည့်ပတ်လာစေသည်။ကျွန်တော်ကမ္ဘာမကြေသီချင်းကိုလိုက်ဆိုနေမိပါပြီ

ကော။ကျွန်တော်သာမကအားလုံးလိုက်ဆိုနေကြပါပြီ။သံဆူးကြိုးများ၊ဘရင်း

ကယ်ရီယာများ၊လက်နက်ကိုင်တပ်များကကျွန်တော်တို့၏ကျောင်းသားဆို

သည့်သွေးစည်းမှုကိုမတားဆီးနိုင်ပါတော့ပြီ။

“ဝေါ…..ဝေါ………ဝေါ…….”

မထင်မှတ်သည့်အခိုက်အတန့်တွင်မိုးပြိုသလိုပြင်းထန်သည့်အသံများနှင့်

အတူနောက်မှကားနှင့်ဝင်တိုက်ပြီးကားပေါ်မှခုန်ဆင်းလာသောလုံထိန်းများကအတင်းဝင်ရိုက်သည်ကိုကျွန်တော်တွေ့လိုက်ရသည်။မျှော်လင့်မထားသော၊ပြင်ဆင်မ

ထားသောကျောင်းသားများမှာအလစ်အငိုက်တွင်အကြမ်းဖက်ဝင်ရောက်ရိုက်

နှက်မှုကြောင့်အတုံးအရုံးလဲပြိုကျခဲ့ရပါတော့သည်။

ကျွန်တော်မြင်နေရသည့်မြင်ကွင်းကိုမယုံနိုင်အောင်ဖြစ်နေသည်။တိုင်းပြည်ရန်

စွယ်ကိုကာကွယ်နေကြသူများဟုကျွန်တော်ယုံမှတ်ထားသူများကလက်နက်မဲ့

ကျောင်းသားများ၊တိုင်းပြည်၏အညွန့်အဖူးများကိုရက်စက်စွာရိုက်နှက်

နေသည်လား။ကျွန်တော့်အသိအမြင်ကမ္ဘာကြီးပြောင်းပြန်လန်သွားလေပြီ။

“ဘာတပ်မတော်သားလဲ၊ဘာလုံထိန်းလဲ”

“မတရားတာမလုပ်ကြနဲ့ကွလာကြဟေ့တို့ကျောင်းသားတွေကိုသတ်နေကြပြီ၊ရပ်

ကြည့်မနေနဲ့။”ကျွန်တော့်ခြေလှမ်းများကကာရံထားသောသံဆူးကြိုးများဆီသို့…………………………
မျက်ရည်ယိုဓါတ်ငွေ့များကြားမှလမ်းတလျှောက်၊ကန်ဘောင်တလျှောက်ပြေးနေသူများ၊ခြံစည်းရိုးများကိုသွေးရူးသွေးတန်းကျော်ဖြတ်နေသူများ၊လမ်းမပေါ်တွင်လဲပြိုနေသူများ၊သွေးကွက်များ၊ငိုယိုတောင်းပန်သံများ၊နာကျင်စွာအော်ဟစ်ငြီးတွားသံများ၊တုတ်ဖြင့်လိုက်ရိုက်နေသော

ငရဲသားများ၊မြင်သမျှအရာအားလုံးကကျွန်တော့်နှလုံးသားများကိုခြေမွနေကြလေသည်။

တံတားဖြူသည်ကားကျောင်းသားတို့၏သွေးများဖြင့်ချင်းချင်းနီခဲ့လေပြီ။ရယ်ရွှင်ရီ

မောသံတို့ဖြင့်သာကြည်မွေ့ဘွယ်ရာရှိသောအင်းယားကန်ဘောင်သည်ငိုယိုငြီး

တွားသံတို့ဖြင့်ငရဲပြည်တမျှဆူပွက်နေပေပြီ။လေပြည်လှိုင်းကြက်ခွပ်များဖြင့်တင့်

မောဘွယ်ရာကန်ရေပြင်ကားအသက်ဘေးအတွက်ရုန်းကန်ပြေးနေရသော

ကျောင်းသူကျောင်းသားများကြောင့်လှိုင်းထန်ခဲ့လေပြီ။

“မလုပ်ကြနဲ့ ၊မတရားမလုပ်ကြနဲ့ကွ ”

ကျွန်တော်တို့ဝိုင်းအော်သံများကအရာမရောက်တော့၊သွေးရူးသွေးတန်းနှင့်သံဆူး

ကြိုးကိုဆွဲထားသည့်ကျွန်တော့်လက်များကသွေးတို့တစက်စက်ကျလျှက်၊ကျွန်

တော်တို့အနောက်ဘက်မှစတင်ရိုက်သံများကြားလာရသည်။

“ပြေးကြဟေ့ ……၊ ပြေးကြ ”

ဘယ်သူမှန်းမသိသူများကကျွန်တော့်ကိုဝိုင်းဆွဲပြေးကြသည်။

“ငါဘာမှမလုပ်ပေးနိုင်ဘူးကွာ၊တို့ကျောင်းသားတွေကိုမတရားသတ်ကြတာ ”

ဘေးလွတ်ရာခြံဝင်းတခုတွင်ထိုင်ရင်းကျွန်တော့်ဘေးမှကျောင်းသားတဦး

ကငိုရင်းပြောသည်။ကျွန်တော်သူ့ကိုဖက်ထားရင်းမှလက်သီးကိုတင်း

ကြပ်စွာဆုပ်လိုက်မိသည်။

“အကိုတို့အမတို့ရယ်၊ခင်ဗျားတို့နဲ့ကျွန်တော်တို့တသွေးထဲတသားထဲပါ၊အဲဒီသွေးကြွေးကိုကျွန်တော်တို့ဆပ်ပါ့မယ်။”

ကျွန်တော့ရင်ထဲမှတိတ်ဆိတ်စွာသစ္စာပြုမိပါသည်။ကျွန်တော့်ဘဝရဲ့တဆစ်ချိုး

(သို့)ကျွန်တော့်အတွက်နေ့သစ်တခုစခဲ့ရပါပြီ။

မဆုံးနိုင်သောတိုက်ပွဲတို့ကဆက်၍လာနေသည်။ဂျွန်လ၊ကိုဘုန်းမော်(၃)လပြည့်အတွက်ကျွန်တော်တို့ဆက်လက်ဆင်နွှဲကြသည်။RCခန်းမအပေါ်ထပ်တွင်မျက်နှာဖုံးစွပ်၍ဟောပြောနေကြသောကျောင်းသားခေါင်းဆောင်များအတွက်လုံခြုံရေးတာဝန်ယူရင်းတံတားနီအဖြစ်ကကျွန်တော့်ရင်ထဲမှမထွက်နိုင်အောင်

ရှိနေသည်။

ကျွန်တော်တို့တောင်းဆိုသံများကကျောင်းသားအရေးကိစ္စများ၊ကျောင်းသားသမဂ္ဂ

ဖွဲ့စည်းရေးကိစ္စများမှသည်နိုင်ငံရေးတောင်းဆိုမှုများအထိကျယ်ပြန့်လာသည်။

တံတားနီနေ့တွင်အဖမ်းခံရသောမိန်းခလေးတဦးကသူမကိုထောင်ထဲတွင်ပြုကျင့်

မှုခဲ့များကိုရဲဝင့်စွာဖွင့်ချသည့်အခါမကျေနပ်မှုဒီဂရီကအဆုံးအထိတက်လာ

တော့သည်။

“ရက်စက်လိုက်ကြတာ၊ယုတ်မာလိုက်ကြတာ၊သူတို့ညီမသားချင်းတွေဆိုဒီလိုလုပ်

ကြပါ့မလား ၊ဒါကိုတုန့်ပြန်ရမယ်၊ ”

ပြင်ပတွင်ချေမှုန်းခံခဲ့ရသောအတွေ့အကြုံကြောင့်ကျွန်တော်တို့ကျောင်းဝင်းထဲ

တွင်သာဆန္ဒပြကြသည်။ကြွေးကြော်သံများဟစ်ကြွေးကြသည်။သို့သော်နေ့ခင်း

ပိုင်းတွင်တော့ဂျက်ဆင်ရှေ့ပေါက်မှစစ်တပ်နှင့်လုံထိန်းများကဝင်ရောက်လာပြီး

ရိုက်နှက်ဖြိုခွဲတော့သည်။ကျွန်တော့်သူငယ်ချင်း၏ဆွေမျိုးဆရာတဦးအိမ်တွင်

ပုန်းခွင့်ရသဖြင့်ကျွန်တော်လွတ်မြောက်ခဲ့ရသည်။ထိုခြံဝင်းထဲရှိသစ်ပင်ပေါ်တွင်

တက်ပုန်းနေသူတဦးကိုလုံထိန်းများကအောက်ဆင်းခဲ့ရန်ခေါ်နေသည်၊အောက်

အရောက်တွင်

“မင်းလားကွ ကျောင်းသား ၊မင်းလားကွပညာတတ်”

ဟုဆိုကာဝိုင်းရိုက်နေသောအသံများကကျွန်တော်တို့ရင်ကိုဓါးထက်ထက်နဲ့

ထိုးခွဲနေသလို၊တခုခုထွက်မလုပ်ရန်ဝိုင်းဆွဲနေကြသောဆရာ၏မိသားစုများ

ကြောင့်ကျွန်တော်တို့မလှုပ်သာကြ။ထိုအခိုက်တွင်ညီညာကျယ်လောင်သော

ကမ္ဘာမကြေသီချင်းသံကကျွန်တော်တို့နားထဲဝင်လာသည်။ဓမ္မာရုံထဲမှာဖမ်းထား

သောကျောင်းသားတွေအချုပ်ကားတွေထဲကဆိုနေတာဖြစ်သည်။ကျွန်တော်တို့လဲအသံ

မထွက်ပဲနှလုံးသားနှင့်အတူလိုက်ဆိုနေမိသည်။ကျလာသောမျက်ရည်တို့

ကတားဆီးမရတော့။

“တို့ဒီပွဲကိုဆက်တိုက်ကြမယ်”

ကျောင်းဝင်းအပြင်ဘက်အရောက်တွင်ကျွန်တော်တို့အားလုံးသဘောတူ

ကြသည်။အင်းစိန်သို့ကျွန်တော်တို့ပြန်၍နေ့ခင်းအဖြစ်အပျက်နှင့်ကျောင်း

သားများကိုအချုပ်ကားဖြင့်တင်လာမည့်အကြောင်းသတင်းဖြန့်ကြသည်။

အထူးသဖြင့်မီးရထားတံခါးပိတ်ချိန်နှင့်ကြုံကြိုက်ပါကတခုခုလုပ်ပေးနိုင်

အောင်စောင့်ကြသည်။ကျွန်တော်တို့မျှော်လင့််ထားသလိုရထားတံခါးပိတ်

ချိန်တွင်အချုပ်ကားများပိတ်မိနေသည်။လမ်းဘေးမှလူများကစားစရာ၊

ဆေးလိပ်၊ပိုက်ဆံစသည်ဖြင့်တတ်နိုင်သမျှပေးကမ်းကြသည်။ကားပေါ်မှပစ်ချပေး

သောစာကလေးများကိုဖတ်၍ငိုကြသူများက မရှား။

ထိုအရှိန်ဖြင့်ကျွန်တော်တို့ဆက်လက်တိုက်ပွဲဝင်ကြသည်။အင်းစိန်တမြို့လုံးစစ်

သားများလုံထိန်းများ၊ရဲများဖြင့်နေရာအနှံ့ဖြစ်နေသောဆန္ဒပြမှုများကိုဖြိုခွဲကြ

သည်။ညရနာရီခန့်တွင်ကျွန်တော်တို့အဖွဲ့အင်းစိန်ဘူတာရုံထဲတွင်ပိတ်မိသွား

သည်။ထိုနေ့ကဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်အနက်ရောင်ဝတ်ထားသော

ကျွန်တော်တို့ကိုလုံထိန်းများကလွယ်ကူစွာခွဲထုတ်ဖမ်းဆီးသွားခဲ့ကြသည်။

“ဩော်…..ဘဝတွင်အိမ်မက်ပင်မမက်ခဲ့ဘူးသောထောင်ဆိုသည့်အရသာကို

မြည်းစမ်းရပေဦးတော့မည်။”

ကျွန်တော်အထက်တွင်ဆိုခဲ့သလိုကျွန်တော့်တွင်နိုင်ငံရေးအသိုင်းအဝိုင်း၊

မျိုးရိုးမရှိခဲ့။ကျွန်တော်ကိုယ်တိုင်ပင်စစ်ဗိုလ်ဖြစ်ချင်ခဲ့ဖူးသည်။သို့သော်

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံထားသည့်စစ်အုပ်စုကတချိန်လုံး

လိမ်ညာဝါဒဖြန့်ဟန်ဆောင်ထားသည့်မင်းသားခေါင်းကိုဖြုတ်၍စစ်အာဏာ

ရှင်ဘီလူးရုပ်ကိုထင်ထင်ရှားရှားထုတ်ပြသည်ကိုကျွန်တော်မျက်ဝါးထင်ထင်

မြင်တွေ့ခဲ့ရသည်။ထောင်ထဲတွင်ရှိနေစဉ်ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခံစား

ခဲ့ရသည်။နောက်ပိုင်းတွင်သိလိုသည့်အချက်အလက်များ၊မရှင်းလင်းသည်များ

ကိုစာအုပ်များမှရှာဖွေရသည်။အတွေ့အကြုံရင့်ကျက်သူများထံမှမေးမြန်းရ

သည်။ကျွန်တော့်ကိုမည်သူမှမရပ်တန့်နိုင်တော့။

ဩဂုတ်လတွင်ကျွန်တော်တို့၏တိုက်ပွဲများအမြင့်ဆုံးဖြစ်လာသည်။မတ်၁၆ ရက်နေ့တုန်းကထက်ဆိုးသောသေကြေပျက်စီးမှုများ၊ထိခိုက်ပျက်စီးမှုများပို

များလာခဲ့လေသည်။ထို့အတူကျွန်တော့်နှလုံးသားသည်လည်းဒါဏ်ရာများစွာ

ဖြင့်ရင့်ကျက်လာခဲ့သည်။သွေးကြွေးပေးဆပ်ရန်တာဝန်တွေလဲပိုများလာခဲ့

တော့သည်။

စက်တင်ဘာလစစ်တပ်မှအာဏာသိမ်းပြီးနောက်ပါတီဖွဲ့ကာနိုင်ငံရေးလုပ်ငန်း

များလုပ်ဆောင်လာရသည့်အခါကျွန်တော့်အတွက်အတွေ့အကြုံများစွာရခဲ့

သည်။ထိုအခြေအနေများကကျွန်တော့်ကိုပိုမိုရင့်ကျက်လာစေသည်ဟုထင်

သည်။ထိုမှတဖန်ပိုမိုပြင်းထန်သောယုံကြည်ချက်များနှင့်အတူလွတ်မြောက်

နယ်မြေသို့ကျွန်တော်ရောက်ရှိခဲ့သည်။ခက်ခဲကြမ်းတမ်းမှုများ၊ရောဂါဘယ

များ၊ငတ်မွတ်ခေါင်းပါးမှုများ၊များစွာသောအရာအားလုံးကိုကျွန်တော်ရဲဝံ့

စွာဖြတ်သန်းခဲ့သည်ဟုမဆိုရဲပါ။

အချိန်ကာလ၊အတွေ့အကြုံနှင့်တိုက်ပွဲတို့သည်လူသားတို့၏တွေးခေါ်မျှော်မြင်မှု

နှင့်အရည်အချင်းများကိုပိုမိုတောက်ပြောင်လာစေသည်ဟုဆိုသည်။ကျွန်တော့်

အတွက်ကတော့ဝေခွဲမရချေ။ထိုအရာများသည်တခါတရံပုံပြောင်းပေးနိုင်သော

စက်ယန္တရားကြီးတခုအလား၊တဖက်မှဝင်သွားကြစဉ်ကအသွေးတူ၊အရောင်တူ၊ဖြူ

စင်မှုများ၊စွန့်လွတ်ပေးဆပ်မှုများနှင့်။ပြန်ထွက်လာသည့်အခါမယုံကြည်နိုင်

လောက်အောင်ကွဲပြားခြားနားမှုများစွာဖြင့်၊တချို့ကပိုမိုတောက်ပြောင်

လာသည်။တချို့ကမယုံကြည်နိုင်လောက်အောင်ပြောင်းလဲကုန်ကြသည်။

ဘာလိုလိုနှင့်ထိုယန္တရားကြီးမောင်းနှင်လာခဲ့သည်မှာနှစ်ပေါင်းများစွာကြာ

ခဲ့ပြီ။ကျွန်တော်တို့၏ဒီမိုကရေစီတိုက်ပွဲကာလသည်အနှစ်နှစ်ဆယ်ရှိခဲ့ပြီ။ယခု

အခြေအနေတွင်သူများတွေအကြောင်းအထူးအထွေကျွန်တော်မပြောလိုတော့၊

ထိုသို့ဆိုလျှင်ကျွန်တော်ကရော……..

ကျွန်တော့်အားယနေ့ထိတိုင်ခြောက်လှန့်နေသည့်ခြောက်အိမ်မက်တခုရှိသည်။ထိုအရာကားမတ်လ၁၆ရက်နေ့မြင်ကွင်းပင်။ထိုနေ့ကသူတို့ကျခဲ့သော

သွေးများနှင့်ကျွန်တော့်လက်မှကျခဲ့သောသွေးတို့သည်သံဆူးကြိုးခြားထား၍

တနေရာစီဖြစ်သော်လည်းတသွေးထဲတသားထဲဟုကျွန်တော်ခံယူသည်။

သူတို့သွေးသည်ကျွန်တော့်သွေးပင်၊သူတို့သွေးကြွေးသည်ကျွန်တော့်သွေး

ကြွေးပင်။

တခါတရံကျွန်တော်တွေဝေနေမိသည်။ထိုသွေးကြွေးကကျွန်တော့်ကိုတွေဝေ

ခွင့်မပေး၊တခါတရံစိတ်ပျက်စွာဘေးထွက်နေချင်မိသည်။ကျွန်တော့်ကိုဘေး

ထွက်ခွင့်မပေး။အများသူငါလိုအခွင့်အရေးရယူချင်မိသည်။ထိုအခွင့်

အရေးသည်သွေးတို့ဖြင့်နီစွေးသည်။သွေးညှီနံ့တို့ဖြင့်ထောင်း

ထောင်းထနေသည်။ကျွန်တော်လက်လှမ်းရန်ကိုပင်မဝံ့။

သွေးကြွေးကိုသွေးဖြင့်ဆပ်ရမည်ဟုယခုအသက်အရွယ်အတွေ့အကြုံအရ

ကျွန်တော်မဆိုချင်တော့။သို့သော်ကျွန်တော်တွေ့ကြုံခဲ့ရသောစစ်အာဏာ

ရှင်စနစ်ဆိုးအောက်မှအဖြစ်ဆိုးမျိုးတွေကိုနောက်မျိုးဆက်ကျောင်းသား

တွေ၊မြန်မာပြည်သူလူထုတွေမခံစားစေလိုတော့………

ဒီမိုကရေစီထွန်းကားသောနိုင်ငံများ၏အခြေအနေအဆင့်အတန်းကို

ကိုယ်တိုင်တွေ့ရမှကျွန်တော်တို့တောင်းဆိုခဲ့သည့်ဒီမိုကရေစီ၏တန်

ဘိုးကိုပိုမိုသိလာရသည်။

ထိုနိုင်ငံသားတွေလူပီသစွာနေနိုင်ခွင့်ကိုမြင်ရမှလူ့အခွင့်အရေး၏နက်နဲ

သောတာဝန်ခံမှုကိုပိုနားလည်လာရသည်။ကျွန်တော်ကိုယ်တိုင်တစိတ

်တပိုင်းမျှလွတ်မြောက်နေရစဉ်မှအာဏာရှင်စစ်ဖိနပ်အောက်တွင်ပြားပြား

မှောက်နေရသည့်ပြည်သူတို့၏ဘဝကိုပို၍စာနာရသည်။သူတို့မလွတ်

မြောက်သေးလျှင်ကျွန်တော့်သွေးကြွေးတာဝန်မကျေ(တနည်း)ကျွန်တော်

ထိုခြောက်အိမ်မက်မှလွတ်မြောက်ခွင့်ရမည်မဟုတ်။

အချိန်မည်မျှကြာအောင်ကျွန်တော်တွေးနေမိသည်မသိ။အရှေ့ဘက်အဝေးမိုး

ကုတ်စက်ဝိုင်းဆီမှအာရုဏ်ဦး၏ရောင်နီခပ်ပျပျကိုမြင်တွေ့နေရပေသည်။မှန်ပါ

သည်။မည်မျှမှောင်သောညပင်ဖြစ်ပါစေညပြီးလျှင်နေ့ဖြစ်ရမည်။အမှောင်ပြီးလျှင်အလင်းရောက်ရမည်။ဒါကလောကသစ္စာတရားပင်။

သို့သော်မြန်မာပြည်လူထုအတွက်အမှောင်ကတော့ကြာရှည်လွန်းလှသည်ဟု

ကျွန်တော်ထင်သည်။ထိုအမှောင်ထုအောက်မှငိုငြီးသံများ၊ရင်နင့်ဘွယ်ရာဘဝ

များ၊ခါးသီးနာကျည်းဖွယ်ရာများ၊အနိဌာရုံများကိုကျွန်တော်မြင်နေရသည်။ရောင်

နီလာချိန်အထိကျွန်တော်တို့ထိုင်စောင့်နေရန်မသင့်။

သဘာဝနိယာမအရကမ္ဘာတဖက်ခြမ်းတွင်ညဖြစ်နေစဉ်တခြားကမ္ဘာတဖက်

ခြမ်းသည်နေ့ဖြစ်နေသည်။ဟိုးအရှေ့ဘက်ဆီတွင်ရောင်နီရှိသည်။အရှေ့အရပ်

ဆီသို့သေချာစွာဦးတည်၍ကျွန်တော်တို့ခရီးနှင်ခဲ့လျှင်ထိုရှည်လျားသောညတာ

ကိုချုံ့နိုင်လိမ့်မည်။သို့သော်အနောက်ဖက်ကိုသာလျှောက်မိလျှင်မူထိုနိယာမ

အရမဆုံးနိုင်သောအမှောင်ခရီးရှည်ကြီးဖြစ်နေပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကျွန်တော်တို့ခရီးဆက်ရပေမည်။အချို့ကအလင်းရောင်လာ

သည်အထိစောင့်နေကြစေကာမူလင်းအာရုဏ်ဦးဆီသို့ဦးတည်၍ကျွန်တော်တို့မ

ဖြစ်မနေခရီးနှင်ရပေဦးမည်။

မြန်မာပြည်၏အမှောင်ညတာတွေဆုံးပါစေတော့။ ။

(ဒီမိုကရေစီတိုက်ပွဲကာလအတွင်းကျဆုံးခဲ့ရသောရဲဘော်များကိုဦးညွှတ်လျှက်)

D-wave