ထိုင်းဆန္ဒပြလူအုပ် ဖြိုခွဲရန် မျက်ရည်ယိုဗုံး သုံးပြီ | |
29 August 2008 |
သတင်း - နားဆင်ရန် (MP3)
ဘန်ကောက်မြို့ က အစိုးရ ရုံးဝန်း အပြင်ဘက်တွင် ရဲနှင့် ဆန္ဒပြသူများ လုံးထွေးသတ်ပုတ် နေကြပုံ (သြဂုတ်လ ၂၉၊ ၂၀၀၈) |
ထိုင်းဝန်ကြီးချုပ် စမတ် ဆွန်ထရာဝေ ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေသူတွေက အစိုးရ ရုံးကို ၀ိုင်းပိတ်ထားကြတာကို ထိုင်းရဲတပ်ဖွဲ့က အင်အားသုံးပြီး ရုံးထဲကို ပြန်ဝင်ခဲ့ပါတယ်။
ထိုင်းအစိုးရရုံးကို ပိတ်ပြီး ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးကြားထဲက ထိုင်းလုံခြုံရေး တပ်ဖွဲ့က ဒီကနေ့မှာပဲ အတင်းတိုးဝင်ခဲ့ပြီး ဆန္ဒပြနေသူတွေ အနေနဲ့ အစိုးရရုံးကနေ အမြန်ထွက်သွားဖို့ တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄၀၀ လောက်ကို လည်း ဒီကနေ့ အစောပိုင်းမှာ အဲဒီ ဆန္ဒပြတဲ့ နေရာကနေ မောင်းထုတ်နိုင် ခဲ့ကြပါတယ်။ ရဲတွေဖက်ကလည်း ပြန်လည် ခုခံခြင်း မလုပ်ခဲ့ဘဲ ပြန်ထွက်သွားခဲ့ကြတဲ့ အတွက် ဆန္ဒပြသူတွေက အော်ဟစ် ကခုန်ပြီး ချီးကျူး ထောပနာပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး အင်အား ၁၀,၀၀၀ ကျော်ရှိတဲ့ အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး အဖွဲ့ဝင်တွေက အစိုးရရုံးကို ထိန်းချုပ် ထားခဲ့ကြတာပါ။
လက်ရှိဝန်ကြီးချုပ် ဆမတ် စွန်ထရာဝေဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာ သိမ်းပြီးနောက် ရာထူးက ဖြုတ်ချခံရပြီး အဂတိလိုက်စားမှုတွေ နဲ့ တရားစွဲဆို ခံထားရတဲ့ တက်ဆင် ရှင်န၀ဒ် နဲ့ အရမ်း နီးကပ်လွန်းနေတယ် လို့ ဆန္ဒပြသူတွေ ဖက်က စွပ်စွဲနေကြတာ ဖြစ်ပါတယ်။
ရာထူးမှနုတ်ထွက်ပေးမည် မဟုတ် ဟု ထိုင်းဝန်ကြီးချုပ် ဆမတ် တုံ့ပြန် | |
31 August 2008 |
မညိုညိုလွင် - နားဆင်ရန် (MP3)
အစိုးရ ရုံးဝန်းရှေ့တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြနေကြသူများ (သြဂုတ်လ ၃၀၊ ၂၀၀၈) |
လ
စောစောပိုင်းမှာတော့ မစ္စတာ ဆမတ်ဟာ ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလ်ယာ ဒေ့ခ်ျ နဲ့ သွားရောက်တွေ့ဆုံပြီး ၅ ရက်တာ ကြာလာပြီဖြစ်တဲ့ အစိုးရကို ဆန့်ကျင် သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် လောလောဆယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။
သက်တမ်း ၇ လရှိပြီဖြစ်တဲ့ ၆-ပါတီ ညွှန့်ပေါင်း အစိုးရ ကိုယ်စားလှယ် တွေ ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ပါလီမန် အထူး အစည်းအဝေးခေါ် ဆွေးနွေးသင့်တယ်လို့ မစ္စတာ ဆမတ်ကို ထောက်ခံရင်း စနေနေ့ က ပြောဆိုခဲ့ကြပါတယ်။
ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ PAD ဦးဆောင်တဲ့ အစိုးရအတိုက်အခံ ဆန္ဒပြ သူတွေဟာ မစ္စတာ ဆမတ်ရဲ့ အစိုးရတဖွဲ့လုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတာ ပါ။ လက်ရှိဝန်ကြီးချုပ် ဆမတ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှု ဖြစ် ပွားခဲ့ပြီး အဂတိလိုက်စားမှုတွေကြောင့် ရာထူးက နှုတ်ထွက် ပေးခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီန၀ဒ် နဲ့ အလွန်နီးစပ်သူ တဦးဖြစ်တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့ က အစိုးရရုံးထိုင်တဲ့ အဆောက်အဦ ၀န်းထဲကနေ ဆန္ဒပြ သူတွေကို ထိုင်း ရဲတွေက အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်၊ ရဲတွေ ပြန်လည်မထွက်ခွာမီ နှစ်ဘက် ရုံးရင်းဆန်ခတ် အနည်းငယ်ဖြစ်သွားခဲ့ပါတယ်။
ချုလာလောင်ကောင်း တက္ကသိုလ်က နိုင်ငံရေးသိပံ္ပ ပညာရှင် ပဏ္ဍိတံ ၀ပ်ထနယာဂွန် ကတော့ ၀န်ကြီးချုပ်အနေနဲ့ ဆန္ဒပြသူတွေ ပြောဆိုနေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး၊ အထူးသဖြင့် မစ္စတာ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေတဲ့ ဆိုတဲ့အကြောင်းပါပဲ လို့ ဆိုပါတယ်။
“ဒါဟာ တကယ့် နိုင်ငံရေး အကျပ်အတည်းပါပဲ၊ နိုင်ငံရေး နဲ့ပတ်သက်ပြီး တောင်းဆိုနေမှုတွေကို အခုချိန်ထိ စီစဉ်ဆောင်ရွက်ပေးတာ မရှိသေးပါဘူး၊ အထူးသဖြင့် ၀န်ကြီးချုပ်ပေါ့၊ ဒီတော့ သူတို့အနေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်တယ်၊ ဖြိုခွဲပစ်နိုင်တယ်၊ ဆန္ဒပြသူတွေကလည်း ပြန်ပြီး စုဝေးမှာပဲ၊ ဘန်ကောက်တခုထဲမှာတင် မဟုတ်ပါဘူး၊ နေရာအနှံ့မှာပါ၊”
စတင်ဆန္ဒပြပြီး ဒုတိယနေ့ မှာ မီးရထားအလုပ်သမားတွေ လုပ်ငန်းခွင်တွေထဲကို မသွားကြတော့တာကြောင့် ထိုင်းနိုင်ငံက မီးရထားပိုးဆောင်ရေး လုပ်ငန်းတွေ စနေနေ့က ရပ်တန့်သွားပါတယ်၊ ဒါဟာ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ သမဂ္ဂတွေဟာ PAD ကို ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ။
အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့ ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆူနိုင်း ဖစွတ် ကတော့ ပြည်သူပိုင်ဌာနတွေက အလုပ်သမားသမဂ္ဂတွေ PAD ကို ထောက်ခံတာဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ပိုပြီး ဖြစ်ပွားစေတယ်လို့ ပြောဆိုလိုက်ပါတယ်။
“ဒီလို နိုင်ငံရေး မတည်ငြိမ်မှု အကျပ်အတည်းတွေဟာ ဖြိုခွဲလိုက်ယုံ၊ စီးနင်း ထိန်းသိမ်းလိုက်ယုံနဲ့ မပြီးသွားနိုင်ပါဘူး၊ အခု နောက်ပိုင်း ဆက်ဖြစ် လာတာက နှစ်ဦးနှစ်ဘက် ရင်ဆိုင်မှုတွေ ကြာလာတဲ့နောက် အခုတော့ နိုင်ငံပိုင် လုပ်ငန်း တွေရဲ့ သမဂ္ဂတွေဟာ PAD နဲ့ သွားပြီး ပူးပေါင်းလိုက်ပါပြီ၊”
မစ္စတာ ဆမတ် ကတော့ အစိုးရ အတိုက်အခံတွေဟာ စစ်အာဏာသိမ်းပြီး သူ့အစိုးရ ကို ဆန့်ကျင်တာမျိုး လိုလားနေတယ် လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သောကြာနေ့ က မစ္စတာ ဆမတ်ဟာ အကြီးတန်း စစ်တပ်အရာရှိတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ကတော့ နိုင်ငံမှာ စစ်အာဏာသိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ နောက်ဆုံး စစ်အာဏာ သိမ်းခဲ့တာဟာ ၂၀၀၆ ခုနှစ် ၀န်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ဖြစ်ပါတယ်။
ထိုင်းအစိုးရဖြုတ်ချရေး အုံကြွမှု အထွေထွေသပိတ်သို့ ဦးတည် | ||
ထိုင်းဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ် | ||
ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ဆုံခလာနှင့် ဖူးခက်ရှိ ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ) ကိုထောက်ခံသူများက ဟတ်ယိုင်နှင့် ဖူးခက် နိုင်ငံတကာလေဆိပ် အ၀င်ပေါက်များကို ယနေ့မွန်းလွဲပိုင်း၌ ပိတ်ဆို့လိုက်သည်။ ဘန်ကောက်ရှိ ၀န်ကြီးချုပ်ရုံးဝန်းအတွင်း ဆန္ဒပြနေသူများ အား အကြမ်းဖက်နှိမ်နင်းမှုမပြုရန် တောင်းဆိုသည့်အနေဖြင့် ယခုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်သည်။ နိုင်ငံပိုင်ရထားပို့ဆောင်ရေး (အက်စ်အာတီ) သမဂ္ဂကလည်း ဘန်ကောက်ရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထောက်ခံသည့်အနေဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများသို့ ပြေး ဆွဲနေသော ရထားပို့ဆောင်ရေးကို ယနေ့ညသန်းကောင်မှစပြီး ရပ်ထားမည်ဖြစ်ကြောင်း ယမန် နေ့ကထုတ်ဖော်ခဲ့ကြသည်။ ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများကို အနှောက်အယှက် ဖြစ် ထိုအတောအတွင်း ဆန္ဒပြသူများအပေါ် ရဲ၏ကြမ်းတမ်းမှုကို လက်တုံ့ပြန်သည့်အနေနှင့် သပိတ် မှောက်ကြရန် ထိုင်းအဲယားဝေး အလုပ်သမားသမဂ္ဂအဖွဲ့ကြီးက အဖွဲ့ဝင်တသောင်းခွဲကို နှိုးဆော် ထားသည်။ ပီအေဒီ အမာခံခေါင်းဆောင်တဦးဖြစ်သူ ဆွန်ထိ ကလည်း နိုင်ငံတ၀န်းမှ ၎င်းအားထောက်ခံသူ များကို ဘန်ကောက် ၀န်ကြီးချုပ်ရုံးအတွင်းရှိ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ အမြန်ဆုံးလာ ရောက်ပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။ မစ္စတာဆွန်ထိက ယနေ့သည် “အဆုံး အဖြတ်ပေးမည့် နေ့” ဖြစ်ကြောင်း ကြေညာထားသည်။ ယနေ့ နံနက်၌ ရာနှင့်ချီရှိသော အဓိကရုဏ်း နှိမ်နင်းရေးရဲများက တုတ်၊ ဒိုင်းများအသုံးပြု၍ |
No comments:
Post a Comment