9.02.2008

ဟာရီကိန်းမုန်တိုင်းသတင်း


02 September 2008


Gulf water laps over the seawall along U.S. Highway 90 as the outer bands of Hurricane Gustav strike Gulfport, Miss., Monday, Sept. 1, 2008.AP
ဂုစတပ်ဗ်မုန်တိုင်းကြောင့် ရေလွှမ်းမိုး ခံနေရသော အမြန်မောင်းလမ်းမကြီး
အမှတ် ၉၀။ စက်တင်ဘာ ၁၊ ၂၀၀၉။
အမေရိကန်ပြည်ထောင်စု အနောက်တောင်
ဘက် မက္ကဆီကိုပင်လယ်ကွေ့ ကမ်းရိုးတန်း
တလျှောက်ကို ဒေသစံတော်ချိန် တနင်္လာ
နေ့ နေ့လယ်ပိုင်းမှာ တိုက်ခတ်လာတဲ့
ဂုစတပ်ဗ် (Gustav) ဟာရီကိန်းမုန်တိုင်းကြီး
ဟာ လူဝီစီယားနား (Louisiana) ပြည်နယ်၊
နယူးအော်လင်းန်စ် (New Orleans) မြို့က
ရေကာတာ တာရိုးတလျှောက်ကိုကျော်ပြီး
ပင်လယ်ရေတွေ လှိမ့်ဝင်လာစေခဲ့ပါတယ်။

မုန်တိုင်းကြီး ၀င်ရောက်နေတဲ့ ဘေးစိန့်လူးဝစ္စ (Bay St. Louis)၊ ပတ်စ် ခရစ်ယာန်
(Pass Christian)၊ လောင်းဘိခ်ျ (Long Beach) နဲ့ ဘိုင်လော့က်စီ (Biloxi) အာဏာပိုင်
တွေရဲ့ သတင်းပေးပို့ချက်အရ အမြန်မောင်းလမ်းမကြီး အမှတ် ၉၀ ဟာ ရေအောက်မှာ
နစ်မြုပ်နေပြီး ဂုစတပ်ဗ်မုန်တိုင်းကြီးဟာ နယူးအော်လင်းန်စ်မြို့ရဲ့ အနောက်ဘက်ကနေ
မစ္စစ္စပီ (Mississippi) ပြည်နယ်ဘက်ကို ရွေ့လျားနေပါတယ်။

အန္တရာယ်သတ်မှတ်ချက်အဆင့် တနာရီ မိုင် ၁၁၀ လေတိုက်ခတ်နှုန်းနဲ့ ကုန်းတွင်းပိုင်း
ကို ကျရောက်လာခဲ့တဲ့ ဒီမုန်တိုင်းဟာ အခုအခါ အန္တရာယ်သတ်မှတ်ချက် အဆင့် ၁၊
တနာရီ မိုင် ၈၀ လေတိုက်ခတ်နှုန်းနဲ့ ဆက်ပြီးရွေ့လျားနေတာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က ဒီဒေသတွေကိုပဲ ကျရောက်ခဲ့တဲ့ ကတ်ထရီးနား (Katrina) မုန်တိုင်းနဲ့
နှိုင်းယှဉ်လိုက်ရင်တော့ ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေ အချိန်မီလုပ်ဆောင်ခဲ့တာ
ကြောင့် ဂုစတပ်ဗ်မုန်တိုင်းရဲ့ဒဏ်ကို ပိုပြီးခံနိုင်ရည် ရှိနေတယ်လို့ အမေရိကန်သမ္မတ
ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W. Bush) က တက္ကဆက် (Texas) ပြည်နယ်
အော်စတင် (Austin) မြို့မှာ မုန်တိုင်းအခြေအနေ စောင့်ကြည့်လေ့လာနေရင်း ပြောဆို
လိုက်ပါတယ်။

ဂုစတပ်ဗ်မုန်တိုင်းကြီးဟာ လူဝီစီယားနားပြည်နယ်တကြောနဲ့ တက္ကဆက်ပြည်နယ်
အရှေ့မြောက်ဒေသတွေမှာ မိုးသည်းထန်မှုနဲ့ ရေလွှမ်းမိုးမှုတွေကို ရက်ပေါင်းများစွာ
ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ အခုအခါ နယူးအော်လင်းန်မြို့ရဲ့ အနောက်ဘက်ကနေ
မစ္စစ္စပီပြည်နယ်ဘက်ကို တနာရီ လေတိုက်ခတ်နှုန်း မိုင် ၈၀ နဲ့ ဂုစတပ်ဗ်မုန်တိုင်း
ရွေ့လျားနေဆဲဖြစ်ပါတယ်။

No comments:

Post a Comment