9.15.2008

Food Delivery Yet to Reach Suu Kyi: NLDဒေါ်စု ယခုအထိ ပြင်ပအစားအစာ လက်မခံသေး

The promised delivery of food supplies, personal mail and international magazines have not reached Burma’s pro-democracy leader Aung San Suu Kyi as of Monday, according to Rangoon opposition sources.

Reports said on Monday that the detained leader is malnourished after having refused food supplies for four weeks.

Protestors hold their 72-hour hunger strike in front of United Nations University in Tokyo, Japan, on September 14. They call for immediate action of international society, demanding the guarantee of detained Burmese opposition leader Aung San Suu Kyi's life and her freedom.
(Photo: AP)
Nyan Win, the National League for Democracy spokesperson, told The Irrawaddy Suu Kyi did, however, meet with her doctor on Sunday for about four and half hours.

Her doctor made no statement on her medical condition following his visit.

In protest against her detention and draconian restrictions, Suu Kyi has refused to accept food deliveries since August 15.

The detained pro-democracy leader also met with her lawyer during the weekend to discuss an appeal against her extended detention.

Her lawyer, Kyi Win, suggested on Friday that Suu Kyi would begin accepting food deliveries, personal mail and news magazines on Monday, following an agreement worked out with the military regime.

Suu Kyi has spent more than 13 of the past 19 years under house arrest. Her current term of detention began in May, 2003.




ဒေါ်စု ယခုအထိ ပြင်ပအစားအစာ လက်မခံသေး

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပမှပေးပို့သော အစားအစာများကို ရက်သတ္တ ၄ ပတ်ခန့် ငြင်းပယ်ခဲ့ပြီးနောက် အဟာရချို့တဲ့နေကြောင်း ယမန်နေ့က ၎င်း၏ မိသားစုဆရာဝန် သွားရောက် တွေ့ဆုံ ချက်အရ သိရှိရကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေ့လယ် ၂ နာရီမှ ညနေ ၆ နာရီခွဲအထိ အချိန် ၄ နာရီ ခွဲခန့် ကြာ သွားရောက် တွေ့ဆုံခဲ့ သော မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည် အာဟာရချို့တဲ့မှုဖြစ်ပွားနေ သည်ကို သိရှိရကြောင်း၊ အစာငတ်ခံ ဆန္ဒပြခြင်းမဟုတ်ကြောင်း ၎င်း၏ ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အစာငတ်ခံတာ မဟုတ်သော်လည်း လွန်ခဲ့တဲ့ သြဂုတ်လ လယ်ပိုင်းလောက်က စပြီး အစား အသောက်ကို လက်ခံခြင်းမပြုတော့တာကြောင့် နောက်ပိုင်းရက်တွေမှာ အစားအစာကို အလွန်မှ ခြွေတာ ပြီးတော့ စားသောက်ခဲ့ရပါတယ်တဲ့၊ အဲဒီမှာ လောလောဆယ် အာဟာရ အလွန်နည်းလာတဲ့အတွက် ဒီနေ့တော့ ဆရာဝန်နဲ့ တွေ့ဆုံပြီးတော့ အာဟာရဖြစ်မယ့် အစားအစာ ပြန်ပြီးတော့ စားသွားမယ့် အစီအစဉ် ရှိပါတယ်တဲ့”ဟု ဦးကြည်ဝင်း ကပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပမှနေ့စဉ် ပုံမှန်ပေးပို့နေသော အစားအစာ ဈေးခြင်းကိုလည်း ပြန်လည် လက်ခံနိုင်ဖွယ်ရာ ရှိကြောင်းလည်း ၎င်း က ဆိုသည်။

တနင်္ဂနွေနေ့က ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ သွားရောက်၍ ကျန်းမာရေး စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းနှင့် ယနေ့တွင်လည်း ဒေါ်အောင် ဆန်းစုကြည်ထံသို့ ထပ်မံသွားရောက်ရန်ရှိကြောင်း ဦးကြည်ဝင်းက ဆက်ပြောသည်။

ယနေ့တွင် ဆက်ဆံဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း မတွေ့ဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။

လွန်ခဲ့သည့် စနေနေ့ကလည်း ရှေ့နေကြီးဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကိစ္စနှင့် ပတ်သက်ပြီး နေ့လယ်ပိုင်းတွင် အချိန် ၁ နာရီ ခွဲကြာ ၅ ကြိမ်မြောက် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြင်ပ အစားအစာ လက်မခံခြင်းသည် စစ်အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင် ချက်များကို ကန့်ကွက်သည့်အနေဖြင့် ဖြစ်ကြောင်း အန်အယ်လ်ဒီ က ယခု လဆန်း ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ဆက်လက်၍ မတရားဖမ်းဆီးထားခြင်း၊ စတင်ထိန်းသိမ်း စဉ်က ဆရာဝန်နှင့် တလတကြိမ် ကျန်းမာရေးစစ်ဆေးခွင့်မည်ဆိုသည့် ကတိ ပျက်ကွက်ခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ရှောက်နေသော ဒေါ်ခင်ခင်ဝင်းသားအမိအား ကန့်သတ်မှုများပြုနေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည့် အနေဖြင့် နေ့စဉ်ပုံမှန် ပေးပို့နေသော ဈေးခြင်းကို လက်မခံရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် မတရား နေအိမ်အကျယ်ချုပ်ချခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်မိန့်ပါ အချက်နှင့် အကျုံးမ၀င်သည့် ကိစ္စများကို အာဏာပိုင် တို့က အမြန်ဆုံးရုတ်သိမ်းပေးရန်နှင့် ဒေါ်အောင်ဆန်း စုကြည်၏ ဘ၀ လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့ အတွက် မတရားဖမ်းဆီးထိန်းသိမ်းထားသော အာဏာပိုင်တို့တွင် တာဝန်ရှိကြောင်း လည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် လွန်ခဲ့သည့် ကြာသပတေးနေ့က တောင်းဆိုထားသော စာဖတ်ခွင့်အတွက် တိုင်း မဂ္ဂဇင်း(Time magazine)၊ နယူးစ်ဝိခ် မဂ္ဂဇင်း(Newsweek magazine)စသည့် နိုင်ငံတကာ မဂ္ဂဇင်းကြီးများနှင့် မြန်မာ သတင်းစာများကို မှာယူ ဖတ်ရှု ခွင့်ပြုခြင်း၊ နိုင်ငံရပ်ခြားရှိ ၎င်း၏ သားထံမှ ပေးပို့စာကိုဖတ်ရှုခွင့်ပြု ခြင်းနှင့် အကန့်အသတ်ခံနေရသော အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား လွတ်လပ်စွာ ပြင်ပသို့သွားလာခွင့် ပြုခြင်းတို့အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တင်းကျပ်မှုတချို့ကို ကို အာဏာပိုင်များက လျှော့ချခွင့်ပြုပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

No comments:

Post a Comment