9.23.2008

Junta frees U Win Tinထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ


Junta frees U Win Tin PDF Print E-mail
Mizzima News
Tuesday, 23 September 2008 13:24

Veteran journalist U Win Tin and two other political prisoners were among those released by the ruling junta on Tuesday, Burma's opposition party – National League for Democracy (NLD) – said.

The 78-year-old journalist was reportedly released after having been detained for more than 19 years. In addition to U Win Tin, Dr. May Win Myint, an elected Member of Parliament (MP) in 1990 from Mayankone Township and Taungoo MP Aung Soe Myint Oo were also among those released, according to NLD spokesperson Nyan Win.

Maung Maung Khin, a close friend of Win Tin who frequently visited him at Insein Prison, told Mizzima that he is now waiting to greet the freed veteran journalist at the gate to the prison.

Interview with Maung Muang Khin, close friend of veteran journalist U Win Tin


''He [U Win Tin] has not yet been released. He is currently at the gate of the prison. People who saw him say that both U Win Tin and Dr. May Win Myint, two long-term political prisoners, are together at the gate.

''I heard that at about 12:30 or 1 p.m. (local time) the authorities will give a speech and release them. When I analyze the information that I have received, it is almost certain that U Win Tin is to be released.

''As for us, since we heard that he has been released, we have to believe it.

When I went to meet him on September 20 he already knew that some prisoners – such as the elderly and handicapped – would be released. However I argued with him, saying people arrested for political reasons should be released on political terms.

''In 2005, the authorities did something similar. They took him to the gate of the prison, gave speeches and provided lunch, but later took him back to the prison.

''I am awaiting telephone calls. If he is released I will bring him to my house, as my house is just opposite the prison gate. A lot of people are also waiting in front of my house.Interview with NLD information committee member Thein Nyunt

'' Win Tin and Dr. May Win Maung are clients of mine whose cases I have handled. I am extremely happy to hear that they are released. As a lawyer, I want to say two things. No matter how they are released, I would like to see that my other fellow countrymen are released too. And hearing that other political prisoners are also among those released, I hope it is the beginning of a national reconciliation.

''Meanwhile, sources said Aye Thein, an elected Member of Parliament from the Thabeikkyin Township NLD, has also been released from Kale Prison in Upper Burma.''

Interview with NLD information committee member Thein Nyunt


''U Win Tin and Dr. May Win Maung are clients of mine whose cases I have handled. I am extremely happy to hear that they are released. As a lawyer, I want to say two things. No matter how they are released, I would like to see that my other fellow countrymen are released too. And hearing that other political prisoners are also among those released, I hope it is the beginning of a national reconciliation.

''Meanwhile, sources said Aye Thein, an elected Member of Parliament from the Thabeikkyin Township NLD, has also been released from Kale Prison in Upper Burma.

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ Print E-mail

အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန်

စစ်အစိုးရက ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်သော ဦးဝင်းတင်သည် အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်း ဖြစ်သည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာ သွားရောက် တွေ့ဆုံလေ့ရှိသူ မိတ်ဆွေကြီး ဦးမောင်မောင်ခင်ကတော့ အင်းစိန်ထောင်ဗူးဝတွင် စောင့်ဆိုင်းလျှက် ရှိကြောင်း မဇ္ဈိမသို့ ပြောပြသည်။

တချိန်တည်းမှာပင် သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်းသည် ကလေးအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
--------------------------------------

ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်


လွှတ်တော့ မလွှတ်သေးဘူးဗျ။ ထောင်ဗူးဝတော့ ရောက်နေပြီ။ မြင်ခဲ့တဲ့ လူတွေကတော့ သေချာပြောတာဘဲ။ ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့၊ နိုင်ငံရေးသမားကြီးတွေပေါ့ဗျာ။ နှစ်တွေ ထပ်ထပ် တိုးနေတဲ့ သူတွေကိုပေါ့ဗျာ။

ကျနော် ကြားတာကတော့ ၁၂း၃ဝ နာရီခွဲ ၁ ချက်တီးလောက်မှာ လူကြီးတွေက မိန့်ခွန်းချွေပြီး လွှတ်မယ်လို့ ပြောမယ်။ သတင်းတွေ လိုက်ပြီး စုစည်း လိုက်တဲ့အခါကျတော့ သေချာဘို့ တော်တော် နီးစပ်ပါတယ်။

ကျနော်တို့ကတော့ လွှတ်ပြီဆိုမှ လွတ်ပြီလို့ ကျနော်တို့ ယုံရမှာပေါ့နော်။

၂ဝ ရက်နေ့က ကျနော် သူ့ကို သွားတွေ့တယ်။ သူသိတယ်။ သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့။

သူ့ကို နိုင်ငံရေးအရ လွှတ်ရင်တော့ သူထွက်လာမှာပါ။

၂ဝဝ၅ ခုနှစ်ကလည်း မိန့်ခွန်းတွေ ပါတွေချွေ၊ သူ့အကြောင်းတွေ ပါတွေပြော၊ ထမင်းတွေ ဘာတွေ ကျွေးပြီးတော့ အထဲ ပြန်ခေါ်သွားတာ။

ကျနော်က ဒီမှာ တယ်လီဖုန်းတွေ စောင့်နေတာ။ လွှတ်လာရင် အစိုးဘက်က လူကြီးတွေ ကျနော့်အိမ်ကိုဘဲ လာပို့ပေးမှာပါ။ ကျနော့်အိမ်က ထောင်နဲ့ မျက်နှာချင်းဆိုင်မှာဘဲလေ။ ဒီမှာလည်း စောင့်နေကြတာ။
--------------------------------------

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွှန့် ပြောကြားချက်


ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့ ကျနော်အမှုသည်၊ ကျနော် လိုက်ခဲ့တာပါ။ သူတို့ လွတ်လာပြီဆိုတော့ ကျနော် အရမ်း ဝမ်းသာပါတယ်၊ ကျနော် ရှေ့နေအဖြစ် နှစ်ခု ပြောချင်တယ်။ သူတို့ ဘယ်အကြောင်းနဲ့ပဲ လွတ်လာ၊ လွတ်လာ ကျန်တဲ့ နိုင်ငံသားတွေ ထောင်ချ၊ အချုပ်မှာ ရှိနေတဲ့ လူတွေကိုရော လွတ်လာတာကိုရော မြင်ချင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အပါအဝင် လွတ်လာတယ်ဆိုတော့ ဘာဘဲ ပြောပြောဗျာ၊ အမျိုးသာ ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟြာ ဖစ်ပါစေဗျာ။ ကျနော် ဒီလောက်ပဲ ပြောချင်တယ်။


No comments:

Post a Comment