9.26.2008

NLD to Celebrate 20th Anniversary

The National League for Democracy will celebrate its 20th anniversary on Saturday in Rangoon with newly released political prisoners.

Win Tin, a founder of the NLD, was released on Tuesday along with six other NLD members.

Filipino protesters display photos of Burma's last year protests led by Buddhist monks during a silent protest outside the Burmese Embassy at the financial district of Makati city of Manila on Friday. (Photo: AP)
The NLD is the main opposition party which won a landslide victory—392 out of 492 seats—in parliamentary election in 1990. However, the current Burmese government led by Snr-Gen Than Shwe ignored the election result and refused to transfer power to the parliament.

Meanwhile, on Thursday the NLD was warned by the head of Burma’s police, Brig-Gen Khin Yi, to withdraw a statement it made following the release of the political prisoners, said party spokesperson Nyan Win.

The statement called for a review of the junta’s constitutional process. The regime saw the statement as potentially motivating citizens to undertake activities critical of the military government.

Nyan Win said, “They [Burmese authorities] said our earlier statement can motivate people to launch a movement against them. So, they asked us to withdraw our statement.”

“We replied that our statement contained credible information, and we have proof for it. So, we can’t withdraw it,” he said

The NLD statement urged Burmese authorities to reconsider the state constitution, calling the draft constitution one-sided and lacking the participation of the 1990 elected members of parliament.

A lawyer, Thein Nyunt, who is also a member of the NLD information department, said, “It is necessary to review the constitution before it becomes legitimate.”

Burmese authorities unofficially warned opposition leaders that action could be taken against them if they continued to make such statements.

Six members of the NLD’s Central Executive Committee met with Brig-Gen Khin Yi at the Ministry of Home Affairs for about one hour on Thursday, said Nyan Win.

He said Burmese authorities are trying to pressure NLD leaders to stop public criticism of the military regime.

In May, the NLD dismissed the national referendum on the draft constitution, calling it non-inclusive, non-transparent and undemocratic.

The party’s leader, Aung San Suu Kyi, has been detained under house arrest for more than 13 of the past 19 years. The latest round of her house arrest began o¬n May 30, 2003, following the ambush of her motorcade by a government-orchestrated mob in Depayin in Burma’s northwest Sagaing Division.

အန်အယ်လ်ဒီ ဖွဲ့စည်းခြင်း နှစ် ၂၀ ပြည့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် စနေနေ့၌ ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည့် အဖွဲ့ဝင်များ တက်ရောက်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။

ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ရုံးချုပ်၌ ကျင်းပမည့် ယင်း အနှစ် ၂၀ ပြည့် အခမ်းအနား သို့ အင်္ဂါနေ့က ပြန်လည် လွတ်မြောက် လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် လွှတ်တော်အမတ်များ အပါအ၀င် အဖွဲ့ဝင် ၆ ဦး ခန့် တက်ရောက်မည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းကပြောသည်။

“အခုပြန်လွတ်လာတဲ့လူတွေ အားလုံးတက်ရောက်မယ်လို့လည်း ထင်ပါတယ်၊ ကျန်းမာရေး အခြေ အနေပေါ် မှာတော့ တည်တာပေါ့၊ ဆရာ ဦးဝင်းတင်ကတော့ တက်မှာပါ၊ အစီအစဉ်အနေနဲ့ တော့ ရိုးရိုးပါပဲ၊ ဒါပေမယ့် သဘာပတိ မိန့်ခွန်းတို့၊ ကြေညာချက်တို့မှာတော့ နိုင်ငံရေးအရ နည်းနည်း ထူးထူးခြားခြား ပါပါ လိမ့်မယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။

တချိန်းတည်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို စစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ယမန်နေ့က ခေါ်ယူပြောဆိုခဲ့ ကြောင်း သိရသည်။

“အဓိကက တော့ ကျနော်တို့ အထူးကြေညာချက်မှာ ဖော်ပြတဲ့ အချက်အလက် တွေကတဲ့ ပြည်သူလူထုကို လှုံ့ဆော်ရာ ကြတယ်တဲ့၊ အဲဒါ ကြောင့် ကြေညာချက်ကို ရုပ်သိမ်းပေးပါတဲ့ ၊ ကျနော်တို့ အဖွဲ့ ပြန်ပြောတာက မဟုတ်ဘူး ဒီမှာပါတဲ့ အချက်အလက်တွေက အမှန်တွေ၊ ကျနော်တို့မှာ အထောက်အထားတွေ အကုန်ရှိတယ်၊ ဒါကြောင့် မရုပ်သိမ်းပေးနိုင်ဘူးလို့ ဖြေခဲ့တယ်”ဟု ဦးဥာဏ်ဝင်း က ပြောသည်။

အဆိုပါ ကြေညာချက်တွင် အမှန်တကယ် လွှတ်တော်ကိုယ်စားလှယ်များ ရေးဆွဲခြင်းမဟုတ်သောကြောင့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်မ၀င်မီ အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် လွှတ်တော်ခေါ်ယူရန် တို့ကို တောင်းဆိုထား ခြင်းများ ပါဝင်သည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ရှေ့နေ ဦးသိန်းညွန့်ကလည်း“အခုအချိန်မှာ ပြန်လည်သုံးသပ် မယ်ဆိုရင် အားလုံးသဘောတူညီတဲ့ အခြေခံဥပဒေတရပ် ပေါ်ပေါက်လာပြီးတော့ အမျိုးသားပြန်လည် သင့်မြတ် ရေးကို လည်း လုပ်နိုင် တဲ့၊ တကယ်မှန်ကန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အားလုံးအကောင်အထည်ဖော်နိုင်ဖို့ အတွက် ဟာ အခုအခြေခံ ဥပဒေ ကိုပြန်သုံးသပ်တာလုပ်သင့်တယ်” ဟု ပြောဆိုသည်။

ကြေညာချက်ကို မရုပ်သိမ်းပါက မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိရှိရသော်လည်း အရေးယူခံရနိုင် သည်ဟု အာဏာပိုင်များက ပြောဆိုကြောင်းလည်း သိရသည်။

ယမန်နေ့က ဥက္ကဌ ဦးအောင်ရွှေ အပါအ၀င် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး ကို ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က ပြည်ထဲရေး ၀န်ကြီးဌာနတွင်ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်ဟု ဦးဥာဏ်ဝင်း ကပြောသည်။

“အခုလို ဘာကြောင့် ခေါ်ပြောတယ်ဆိုတာ ကျနော်တို့ သိပ်တော့ မပြောတတ်ဘူး၊ ဒါပေမယ်လို့ အဖွဲ့ချုပ်အပေါ် မှာ ဖိအားပေးတဲ့ သဘောတော့ ရှိတာပေါ့”ဟုလည်း ဦးဥာဏ်ဝင်း က ပြောဆိုသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ အန်အယ်လ်ဒီက ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်ခြင်း၊ အစိုးရအပေါ် ပြည်သူအများက အထင်မှား အကြည်အညို ပျက်စေခြင်း၊ အစိုးရနှင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအကြား ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျ စေခြင်းနှင့် ထိခိုက်ပျက်ပြားစေခြင်း၊ ဆန္ဒမဲပေးခဲ့သော ပြည်သူများကို စော်ကားရာ ရောက်စေခြင်းများ ပါရှိနေ သောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခေါ်ယူတွေ့ဆုံ သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို နအဖ စစ်အစိုးရက မေလတွင် ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့သော် လည်း အန်အယ်လ်ဒီက ဒီမိုကရေစီနည်းလမ်းမကျသောကြောင့် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်း ဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။
ဖွဲ့စည်းပုံ ပြန်လည်ဆန်းစစ်ရေး ကြေညာချက် အန်န်အယ်လ်ဒီ မရုပ်သိမ်း
25 September 2008

စစ်အစိုးရ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီ

တရပ် ဖွဲ့စည်းဖို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့
ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာစစ်အစိုးရက ဒီနေ့ တောင်းဆိုပါတယ်။
အန်န်အယ်လ်ဒီ ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး အန်န်အယ်လ်ဒီရဲ့ ကြေညာချက်
ဟာ အများပြည်သူကို သွေးထိုးလှုံ့ဆော်တဲ့အချက်တွေ ပါနေတယ်ဆိုပြီး စစ်အစိုးရဘက်
က အကြောင်းပြပါတယ်။ အန်န်အယ်လ်ဒီကတော့ စစ်အစိုးရဲ့ တောင်းဆိုချက်ကို
လက်မခံခဲ့ပါဘူး။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းမှာပဲ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ရုံးက ဆက်သွယ်
ပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ
ကို ခေါ်ယူခဲ့ပါတယ်။ အန်န်အယ်လ်ဒီ စီအီးစီအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့
ဗိုလ်မှူးကြီးဟောင်း ဦးလွန်းတင်တို့ကလွဲရင် သွားရောက်တွေ့ဆုံခဲ့တဲ့သူ အားလုံးပါဝင်
တယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အဓိကက ဘာလဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ အထူးကြေညာချက် ၁၈၊
အဲဒီကြေညာချက်က ဘာလဲဆိုတော့ လွှတ်တော်ခေါ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြန်လည်စမ်းစစ်ပေးမယ့် ကော်မတီဖွဲ့၊ ဒီလိုလုပ်ပါ ဘာညာ ကျနော်တို့က တိုက်တွန်း
ခဲ့တာပါ။ အဲဒီစာမှာပါတဲ့ အချက်အလက်တွေက အများပြည်သူတွေကို သွေးထိုး
လှုံ့ဆော်ရာကျတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ တရားစွဲဆိုလို့ရတယ်၊
ဒါကြောင့် ဒီကြေညာချက်ကို ပြန်ရုပ်သိမ်းပေးပါဆိုပြီး တောင်းဆိုတာပါ။"

မြန်မာစစ်အစိုးရ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားမ၀င်ဘူး၊
ဒါ့ကြောင့် အသိအမှတ် မပြုနိုင်ဘူးဆိုပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က ကြေညာထားပါတယ်။ အခု စစ်အစိုးရဘက်က ကြေညာချက်ကို ပြန်လည်ရုပ်သိမ်း
ပေးဖို့ တောင်းဆိုချက်ကို အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်မခံခဲ့တဲ့
အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

"စီအီးစီက တခါတည်းဖြေခဲ့ပါတယ်။ ကျနော်တို့ မရုပ်သိမ်းပေးနိုင်ဘူး၊ ဒီကြေညာချက်
မှာပါတဲ့ အချက်အလက်တွေက အခိုင်အလုံရှိပါတယ်၊ အဲဒီလို ဖြေခဲ့ပါတယ်။ ဒါက
မှန်တယ်၊ အချက်အလက်တွေလည်း ခိုင်တယ်၊ မရုပ်သိမ်းနိုင်ဘူးဆိုပြီး ဖြေခဲ့တာပါ။
စာရွက်စာတမ်းအပေါ်မှာ ပြောရလို့ရှိရင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့အချိန်မှာ မတရား
လုပ်တာတွေ ရှိတယ်။ အာဏာပိုင်တွေကိုယ်တိုင် ပါဝင်တယ်။ ဒါကြောင့်လည်း လူထုက
ဒီအခြေခံဥပဒေကို လက်မခံဘူးလို့ ပြောတာကို သူတို့ မကျေမနပ်ဖြစ်တယ်လို့ ယူဆပါ
တယ်။"

အခြေခံဥပဒေဟာ ရေးဆွဲပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲတာ
မဟုတ်တဲ့အတွက် တရားဝင်မှု အားနည်းခဲ့တယ်လို့ အန်န်အယ်လ်ဒီဘက်က ပြောပါ
တယ်။ နောင်ကျင့်သုံးတဲ့အခါ ပေါ်ပေါက်လာနိုင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း
တွေကိုလည်း လေ့လာတွေ့ရှိထားတယ်လို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်က ဆိုပါတယ်။ ဒါ့အပြင် ပြုပြင်ဖို့ခက်ခဲတဲ့ အချက်တွေကို ထည့်သွင်းထားတဲ့
အတွက် ဖွဲ့စည်းပုံ အာဏာမသက်ရောက်ခင် တရားဥပဒေဘောင်အတွင်းက နိုင်ငံရေး
နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့၊ ဒီဖွဲ့စည်းပုံကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီတရပ် ဖွဲ့စည်း
ဖို့ဆိုပြီး တောင်းဆိုခဲ့တာပါ။

ဆူပူသွေးထိုးလှုံ့ဆော်တဲ့ အချက်တွေ ပါဝင်နေတယ်ဆိုပြီး တရားစွဲနိုင်တယ်လို့
စစ်အစိုးရဘက်က အကြောင်းပြတာကို ဒီလို အန်န်အယ်လ်ဒီဘက်က ပြန်လည်ရုပ်သိမ်း
ဖို့ ငြင်းဆိုခဲ့တဲ့အတွက် စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်မယ် ဆိုတာကတော့ စစ်အစိုး
ရဘက်က သဘောထားအပေါ်မှာသာ မူတည်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

1 comment:

  1. Hello, I like this blog.
    Sorry not write more, but my English is not good.
    A hug from Portugal

    ReplyDelete