9.26.2008

One year anniversary of Burma's Saffron Revoluation


Some monks and people whose were escaped from Burma after September 2007 monks and people movement of Burma celebrated a one year anniversary in Thai-Burma border. They did
warship for monks and people whose were kill or arrested by Military.
ေ၇ွှဝါရောင်တော်လှန်ရေးတနှစ်ပြည့်အခမ်းအနားကိုယနေ့နံနက်ကထိုင်းနိုင်ငံနယ်စပ်တနေရာတွင်
စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအပြီးတွင်ထိုင်းနိုင်ငံသို့တိမ်းရှောင်လာခဲ့သောသံဃာတော်များ
နှင့်လူပုဂ္ဂိုလ်များကဦးစီးကျင်းပခဲ့ပါသည်။
သံဃာတော်များနှင့်လူပုဂ္ဂိုလ်များကရွှေဝါရောင်တော်လှန်ရေးအတွင်းသူတို့၏တွေ့ကြုံခံစားခဲ့ရမှုများကို
အသီးသီးရှင်းလင်းတင်ပြသွားခဲ့ပါကြပါသည်။အချို့ပြည်ပနိုင်ငံများတွင်လဲရွှေဝါရောင်တော်လှန်ရေး
တနှစ်ပြည့်အခန်းအနားများကျင်းပခဲ့ကြကြောင်းသိရပါသည်။

ရွှေဝါရောင် (၁) နှစ်ပြည့်အခမ်းအနား ကျင်းပ


SaffronAnniversary Celemony

စက်တင်ဘာသံဃာ့လှုပ်ရှားမှု(ရွှေဝါရောင်တော်လှန်ရေး) (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော်များ၊ ပြည်သူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု မဟာမိတ်အဖွဲ့အစည်းများမှ အင်အား (၇၀) ခန့် တက်ရောက်ခဲ့ ကြသည်။

“အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ စက်တင်ဘာလ (၂၆) ရက်နေ့မှာ သံဃာ တော်တွေရဲ့ သွေးမြေကျခဲ့ရတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေးနေ့နဲ့ မြန်မာရဟန်းတော် များနေ့လို့ သတ်မှတ်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) ဥက္ကဌ ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

သံဃာတော်များအနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ယခုအချိန်ထိ ထိန်းသိမ်းစောင့်ရှောက် ထားပြီး အချို့သံဃာတော်အနည်း အကျဉ်းသာ သပိတ်ကံပြန်လှန်ခြင်းရှိကြောင်း အဆိုပါ ဆရာတော်က ဆက်လက်မိန့်သည်။

“ဝိနည်းကံနဲ့ကြည့်မယ်ဆိုရင် အခုချိန်ထိ ဦးဇင်းတို့ မန္တလေး၊ ရန်ကုန် အစရှိတဲ့မြို့ကြီးတွေနဲ့ တနိုင်ငံလုံးက ရဟန်းသံဃာတွေဟာ ဒီကံကို ထိန်းသိမ်းစောင့်ရှောက်ဆဲပါ၊ ဒါပေမဲ့ နအဖရဲ့ လာဘ်လာဘကို မျှော်ပြီးတော့ ပြန်လှန်လိုက်တဲ့ သံဃာတွေတော့ ရှိပါတယ်၊ ဒါက အနည်း အကျဉ်းပါ၊ အများဆုံးကတော့ လုံးဝကိုမလှန်ပဲ နေကြတုန်းပါ၊ ဦးဇင်းပြောချင်တာကတော့ ပတ္တနိက္ကုဇ္ဖနကံကတော့ ဆောင်နေဆဲပါဘဲ”ဟု ပြောသည်။

ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်များသည် ပြည်သူလူထုအရေး၊ နိုင်ငံအရေးကိစ္စများတွင် ပုဂံခေတ်ကတည်း က ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ပြီး ယခုအခါတွင်လည်း ရှေ့တန်းမှဦးဆောင် ကာ လူထုကို သွန်သင်ဆုံးမ၍ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကြိုးစားသွားကြရန်ကို လည်း ဆက်လက်မိန့်ဆိုသည်။

ထို့အပြင် စစ်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည် သာသနာ့တက္ကသိုလ် မန္တလေး မှ သံဃာတော်တပါးက “နအဖကို သိပ်ပြီးကြောက်နေလို့တော့လည်း ပြီးမှာမဟုတ်ဘူး၊ ပိုကြောက်လေ ပိုဆိုးလေဖြစ်မှာဘဲ၊ ဒါကြောင့်မို့ ဘယ်လောက်ဘဲ နှိပ်စက်နှိပ်စက် ရုန်းထွက် တွန်းကန် ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားကြပါလို့ ဒီကနေ တိုက်တွန်းလိုပါတယ်”ဟု မိန့်ကြား သည်။

ထို့အပြင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံတွင် ဘာသာမရွေး၊ လူမျိုးမရွေး လူ့အခွင့်အရေးအပြည့်အဝရရှိပြီး ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ လူမျိုးပေါင်းစုံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သဘောထားကြေညာချက် ထုတ်ပြန်လိုက် သည်။

ယနေ့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့သည်မှာ
(၁) နှစ်ပြည့်မြောက်ခဲ့သည့် နေ့ဖြစ်သည်။


ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံ သံဃာတော်များ တင်ပြ

26 September 2008

မြန်မာစစ်အစိုးရ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ
တော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှုဟာ အခုဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ ဦးဆောင်လှုပ်ရှား
ခဲ့တဲ့ သံဃာတော်တွေ အပါအ၀င် သံဃာတော်နဲ့ သီလရှင် ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံ
နေရဆဲဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သံဃာတော်တွေလည်း ရှိနေဆဲပါ။
ဒီလိုလွတ်မြောက်လာတဲ့အထဲက သံဃာတော်တချို့ရဲ့ ကြားနာပွဲကို နယူးယောက်ခ်မြို့က
နယူးယောက်ခ်ပလာဇာမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ အရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး
အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio
Pinheiro) က သဘာပတိအဖြစ် ဆွေးနွေးပွဲကို ကြီးမှူးဆောင်ရွက်ခဲ့ပါတယ်။

"၂၀ ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တိုက်ပွဲတိုင်းမှာ လှုပ်ရှား
မှုတွေအမျိုးမျိုး ရှိခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပေါ်တူဂီ၊ စပိန် စတဲ့ အနောက်
ဥရောပနိုင်ငံတွေအပြင် အရှေ့ဥရောပနိုင်ငံတွေရော၊ လက်တင်အမေရိကနိုင်ငံတွေမှာ
ပါ ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတိုင်းဟာလည်း အရေးကြီးတဲ့ သမိုင်းဝင်မျိုးစေ့တွေကို
ချပေးတာပါ။ အခု မြန်မာနိုင်ငံမှာဆိုရင်လည်း အနာဂတ် ဒီမိုကရေစီနိုင်ငံ
တည်ဆောက်နိုင်ဖို့အတွက် မျိုးစေ့ချ စိုက်ပျိုးနေချိန် ဖြစ်ပါတယ်။" လို့ အခမ်းအနား
သဘာပတိ ပါမောက္ခ ပင်ညဲရိုး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်တွေ အပါအ၀င် ပြည်သူတရပ်လုံးဟာ ဖိနှိပ်မှုတွေအောက်
မှာ ဆက်လက်ခံစားနေရဆဲ ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို
အခုထက်ပို ဆောင်ရွက်သင့်တဲ့ အကြောင်းတွေကို ဆရာတော်တွေက တိုက်တွန်း
မိန့်ကြားခဲ့ပါတယ်။

အဓိကဆွေးနွေးခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ အရှင် ဦးပညာဇောတက
အခုလို မိန့်ကြားပါတယ်။

"အဓိကကတော့ လက်ရှိဥပဒေကိစ္စတွေကိုလည်း ဆွေးနွေးသွားတယ်။ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဟာတွေကို ဦးဇင်းအနေ
နဲ့ ဆွေးနွေးသွားပါတယ်။"

ဒီသံဃာတော်တွေရဲ့ လှုပ်ရှားမှုဟာ ပြီးဆုံးသွားပါပြီလားလို့ မေးကြည့်တော့ အရှင်
ဦးပညာဇောတက အခုလိုမိန့်ပါတယ်။

"သံဃာတော်တွေကတော့ လှုပ်ရှားမှုဆိုတာ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့အတွက်
ပြည်သူဘက်က ရပ်တည်ပြီး ပြည်သူ့လိုအပ်ချက်ကို ပြောဖို့အတွက် ပြင်ဆင်နေတာ
ရှိတယ်။ သို့သော်လည်း လက်ရှိ နအဖစစ်အစိုးရက ရွှေဝါရောင်တနှစ်ပြည့်တဲ့အချိန်မှာ
အဓမ္မ၀င်ရောက်ပြီး စောင့်ရှောက်ကြည့်နေတာတွေ၊ ထိန်းသိမ်းနေတာတွေ၊ လွတ်လပ်
စွာ သွားခွင့်လာခွင့်မရတာတွေ ဖြစ်တဲ့အတွက် လုပ်ဖို့ အတော်လေး အခက်အခဲ ရှိနေ
ပါတယ်။"

ဒီပွဲကနေ မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်တဲ့
အကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။

"ကုလသမဂ္ဂညီလာခံလည်း ကျင်းပနေတာဖြစ်တယ်။ နောက်တချက်က အခုလို
လုပ်လိုက်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ အခြေအနေတွေကို နိုင်ငံတကာက သိရှိခွင့်ရသွား
မယ်။ သိရှိခွင့်ရသွားခြင်းအားဖြင့် လက်ရှိ ကုလသမဂ္ဂကနေပြီး အရေးယူဆောင်ရွက်
နေတာ ထိရောက်မှုမရှိဘူး၊ ဒီ့ထက်ကြီးမားတဲ့၊ ခိုင်မာတဲ့၊ တိကျတဲ့၊ အချိန်ကာလပါတဲ့
အရေးယူဆောင်ရွက်ချက်တွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပြီဆိုတာကို ဦးဇင်းတို့
ပြောခွင့်တွေ အများကြီးရခဲ့ပါတယ်။"
အရှင်ပညာဇောတဟာ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း မြန်မာစစ်အစိုးရက
ဘုန်းတော်ကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းပြီး သံဃာတော်တွေကို လိုက်လံ
ဖမ်းဆီး ထောင်ချမှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း လှည့်လည်
ပုန်းအောင်းနေခဲ့ရပါတယ်။ လေးလကြာ လှည့်လည်ပုန်းအောင်နေပြီးနောက်
ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သလို ဒီနှစ် ဇန်န၀ါရီလကမှ
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တဲ့ သံဃာတော်တပါးပဲ ဖြစ်ပါတယ်။
သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်

26 September 2008


Buddhist monks march in a street in protest against the military government in Yangon, Myanmar, in this file photo of Sept 24,2007.AP
ယမန်နှစ် စက်တင်ဘာလက သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီဆန္ဒပြခဲ့ကြစဉ်။
စက်တင်ဘာ ၂၄၊ ၂၀၀၇။(ဓာတ်ပုံ-အေပီ)
မြန်မာနိုင်ငံမှာ မနှစ်က သံဃာထုလှုပ်ရှားမှု
ရွှေဝါရောင်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ
ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်း
ဖက် နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာ
စစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေ
အရ အရေးယူရေး အမေရိကန်ပြည်ထောင်စု
အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ
ဆက်လက်ကြိုးပမ်းသွားမယ်လို့ သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) က
ပြောဆိုလိုက်ပါတယ်။

စားဝတ်နေရေး ကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး ငြိမ်းချမ်းစွာ ကြွချီ
ဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အကြိုအထိမ်း
အမှတ်အဖြစ် သမ္မတကတော် လော်ရာဘုရှ်က ကြာသပတေးနေ့က ကြေညာချက်
ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ မေတ္တာပို့၊ ဆန္ဒပြခဲ့တဲ့ သံဃာထုနဲ့ လူထုကို မြန်မာစစ်အစိုးရက သေနတ်နဲ့
ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်း
တင်ထားခဲ့ပါတယ်။

No comments:

Post a Comment