10.30.2008

နာဂစ်မုန်တိုင်းသင့်မိဘမဲ့ကလေးသူငယ်များ စာရင်း ထုတ်ပြန်

#fullpost {display:none;}


မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင်များ၏ Child Aid Foundation က

ပြုစုကူညီထောက်ပံ့ထားသော မိဘမဲ့ကလေးသူငယ်များ စာရင်း ထုတ်ပြန်

မိုးမခ အထောက်တော် ၀၀၂

အောက်တိုဘာ ၂၉၊ ၂၀၀၈

မြန်မာဘုန်းတော်ကြီးများနှင့် စေတနာရှင် မြန်မာမိသားစုများ ၀ိုင်းဝန်းပြီး စေတနာ့ဝန်ထမ်းဆောင်ရွက်လျက်ရှိသည့် ချိုင်းအိတ်ဒ်ဖောင်ဒေးရှင်းက ယခုအောက်တိုဘာလအတွင်း ကောက်ခံရယူထားသော နာဂစ် မုန်တိုင်းသင့် မိဘမဲ့ ကလေးသူငယ်များစာရင်းနှင့် ထောက်ပံ့ကူညီနေသည့် စေတနာအလှူရှင်များကိုပါ တွဲဖက်သည့် စာစောင်ငယ်လေးတခု ထုတ်ပြန်လိုက်သည်။

ယာယီ သတင်းပြန်ကြားရေးအတွက် တင်ဆက်နေသည့် http://childaid08.blogspot.com အပြင် အင်တာနက်စာရွက်စာတမ်းများ သိမ်းဆည်း ထုတ်ပြန်ရန် မှတ်သားရလွယ်ကူမည့် အင်တာနက် လိပ်စာတခုကိုလည်း စတင်လိုက်သည်။ လိပ်စာမှာ - http://ChildAidMyanmar.Org ဟူ၍ ဖြစ်သည်။

ကလေးသူငယ်များနှင့် အလှူရှင်များ စာရင်းတွင် စာမျက်နှာ ၄၅ မျက်နှာခန့်ပါဝင်ပြီး ကလေးသူငယ်ပေါင်း ၄၃၉ ဦး၏ စာရင်း၊ ဓာတ်ပုံငယ်၊ ကိုယ်ရေးအကျဉ်းနှင့် တနှစ်စာ လစဉ်အလှူ ကူညီသူ မြန်မာမိသားစုများ၊ စေတနာရှင်များ၏ အမည်တို့ကို တွဲဖက်ပြီး ထုတ်ပြန်ထားသည်။ တ၀က် ကျော်ကျော်မှာ သီးသန့်အလှူရှင် မရှိသေးသော်လည်း ဆရာတော်များနှင့် ဝေယျာဝစ္စ တကာ၊ တကာများက စုပေါင်းအလှူငွေများကတဆင့် ၀ိုင်းဝန်း စောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

ကလေးသူငယ်များနှင့် အလှူရှင်စာရင်းကို ဒီနေရာကနေ ကူးယူ ရရှိနိုင်ပါသည်။ http://childaidmyanmar.org/images/CAFas102908.pdf

No comments:

Post a Comment