10.24.2008

ထီတစောင်၂၀၀ကျပ်ဖြစ်တော့မည်

အောင်ဘာလေ ထီတစောင် ကျပ် (၂၀၀) နှုန်းဖြင့် တိုးမြှင့်သတ်မှတ်ရောင်းချရခြင်းသည် အောင်ဘာလေ သိန်းဆုအခွန်ငွေ နှစ်ဆတိုး ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက “လက်ရှိ ကျပ် (၁၀၀) နဲ့ ရောင်းနေတဲ့ ထီလက်မှတ်တွေကနေ တနှစ် ပျှမ်းမျှအခွန် ကျပ်ငွေ (၁၂) ဘီလီယံကျော်ရနေတယ်။ အဲဒါ လာမယ့် ၂၀၀၉ ခုနှစ်က စပြီး ကျပ်ငွေ (၂၄) ဘီလီယံကျော်ရအောင် စီမံကိန်းချပြီး လုပ်တာဖြစ်တယ်” ဟုပြောသည်။

လာမည့် ဒီဇင်ဘာ (၁) ရက်မှ စတင်ကာ အောင်ဘာလေထီတစောင်ကို ကျပ် (၂၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ၂၀၀၉ ခု ဇန်န၀ါရီ (၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြသည်။

မြန်မာပြည်တွင်း၌ အစိုးရအောင်ဘာလေ ထီအပြင် ထိုင်းအိုင်တီဗွီ ချယ်နယ်မှ တနေ့နှစ်ကြိမ် ဖော်ပြသည့် အစုရှယ်ယာဈေးနှုန်း နောက်ဆုံးဂဏန်း နှစ်လုံးကို လောင်းကစားသည့် (၂) လုံးထီ၊ တလ နှစ်ကြိမ်ဖွင့်လှစ်သည့် ထိုင်းထီကို အခြေခံလောင်းကစားသည့် ချဲထီတို့လည်း ပျံ့နှံ့နေပြီး ယခုနောက်ပိုင်း စင်ကာပူနိုင်ငံမှ အောင်ဘာလေထီကိုပါ ထိုးနေကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ယင်းလောင်းကစားမှုများကို နယ်မြေခံရဲများက ပုံမှန်ဆက်ကြေးကောက်ယူကာ ခွင့်ပြုထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မည်သို့သောသုံးသပ်ဝေဖန်ချက်များရှိသည်ဖြစ်စေသေချာသည့်အချက်တခုမှာ

စစ်အာဏာရှင်များအတွက်အခွန်ငွေနှစ်ဆတိုး၍ရရှိစေမည်မှာအသေအချာပင်
ဖြစ်သည်။

No comments:

Post a Comment