10.04.2008

အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့်အမှတ်(၂) စက်မှုဝန်ကြီးဌာနများ အရှုံးပေါ် မကြာခင်ဝန်ကြီးဌာန(၂)ခုပေါင်းတော့မည်


NEJ/ ၃ အောက်တိုဘာ ၂၀၀၈။ ။

အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန (၂) ခုလက်အောက်ရှိ စက်ရုံများ အရှုံးပေါ်နေသည့် အတွက် ထိုဝန်ကြီးဌာန (၂) ခုကို မကြာခင် ပေါင်းတော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်း ရပ်ကွက်က ပြောသည်။

ဝန်ကြီးဌာန (၂) ခုကို ၂၀၀၈ ခုနှစ်မကုန်မီ ပေါင်းမည်ဟု မှန်းသော်လည်း မည်သည့်ဝန်ကြီးဌာနအမည်သစ်ကို ပြောင်းမည်၊ ၀န်ကြီးမည်သူဖြစ်မည် စသည်တို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သေချာသည့်အချက်မှာ အဆိုပါ ၀န်ကြီးဌာန (၂) ခု ပေါင်းသည့်အချိန်တွင် ၀န်ထမ်းအင်အား လျှော့ချမည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

ဝန်ကြီးဌာနများကို အရေးပေါ် စာရင်းစစ်ပြီး ၂၀၀၈ ခု အောက်တိုဘာလကုန် တင်ပြရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ်ပြီး မကြာခင် အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန (၂) ခုကို ပူးပေါင်းရန် နအဖ အတွင်းရေးမှူး(၁) သီဟသူရတင်အောင်မြင့်ဦးက အကောင်အထည်ဖော်ရန် စိုင်းပြင်းခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

မကြာခင်က အမှတ် (၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးဖြစ်လာသူ ဦးစိုးသိမ်းသည် ရေတပ်မှဖြစ်ပြီး အမှတ် (၂) စက်မှုဝန်ကြီး ဌာနမှ သက်ပြည့် ညွှန်ချုပ်များ ဦးဆောင်ညွှန်ကြားရေးမှူးများအား အကြံပေးအဖြစ် မထားတော့ဘဲ ဖြုတ်ပစ်သည်ဟု စက်မှု (၂) သတင်းရပ်ကွက်က ပြောသည်။

By NEJ

No comments:

Post a Comment