တနှစ် ပြီးတဲ့နောက်
ပန်းချီ ထိန်လင်း
အောက်တိုဘာ ၃၊ ၂၀၀၈
ညီမလေး၊ ဆိုင်း(န်) မ အင်(န်)ခင် ကထဲက၊
ကြည့်ထားရမှာက
ဇောက်တွေက ဘယ်မှာ
ဒေါက်တွေက ဘယ်မှာ
ဗျောက်တွေက ဘယ်မှာ
ပြီးပြီ ဆိုမှ
ကျော်စရာရှိတာတွေကို ကျော်မယ်
ချက်စရာရှိတာတွေ ချက်ကြမယ်။
မှာချင်တာက
ဆိုင်ကယ်တွေကို မျက်နှာမပြနဲ့
တို့တာဝန် အရေးသုံးပါးဆို၊ ဆဲ တဲ့ အကျင့်ကြီးကို ဖျောက်
မောရသုတ် ပြီးတိုင်း သစ္စာသာ ဆို။
ဘယ်လိုလဲ ခု
မျက်လုံးကို နောက်စေ့မှာ တပ်ပြီး
လမ်းလျှေက်တတ်နေပြီလား။
နားက အမြဲတမ်း၊ ဒေါက်ဝှီးး ဖြစ်နေပါစေ။
ဆိုင်းဘုတ်တွေနဲ့
ဒေါင် အတူ မထိုင်ကြေး။
လက်ခုတ်တီး ခေါ်လိုက်တိုင်း
နီးရာကောင်တာပေါ်ကိုသာ မျက်လုံးကို ပစ်တင်ထားလိုက်
မှတ်ပုံတင်ထဲက မျက်နှာနဲ့တော့ တဖြည်းဖြည်း တူလာပြီ
နဲနဲ ဖေါ့ထား၊ လမ်းလျှောက်ရင်
ညီမလေး အဲဒီတခုတော့ နဲနဲ သတိထားကွယ်
မှဲ့ဆိုတာ၊ အမြဲ တနေရာထဲမှာပဲ ရှိရမယ်
ဟုတ်တယ်ဟုတ်။
ကြက်ဆူပင်တွေထဲမှာဆိုရင်
အမြဲတမ်း ဆက်သွယ်မှု ဧရိယာရဲ့ အပြင်ဘက်
ဟုတ်တယ်ဟုတ်။
နာမည်ခေါ်လာပြီဆို
ငုတ်တုတ်သာ မေ့ပစ်လိုက်
ဗြောင်။
အရေးကြီးဆုံးက
ဆိုင်း(န်)အောက်(တ်) လုပ်ဖို့ ဘယ်တော့မှ မမေ့နဲ့
သိပ်ညောင်းနေရင်တော့လည်း ထွက်လျှောက်
အိမ်ထဲက ထွက်ပြီဆို လမ်းကို ဆိုင်း(န်)အောက်(တ်) လုပ်
ရေသောက်ပြီးပြီဆိုရင် ရေခွက်ကို ဆိုင်း(န်)အောက်(တ်) လုပ်
အိပ်မက်မက်ပြီးပြီဆို ညကို ဆိုင်း(န်)အောက်(တ်) လုပ်
သိပ်နမ်းချင်နေရင်တော့လည်း နမ်းပေါ့။
ဒါပေမဲ့
ကောင်လေး နှုတ်ခမ်းကို ဆိုင်း(န်)အောက်(တ်) လုပ်ခဲ့
မင်း သေချင် သေသွားနိုင်တယ်နော်
ဘ၀ကိုတော့ဆိုင်း(န်)အောက်(တ်) လုပ်ဖြစ်အောင် လုပ်သွား
နောက်ဆုံးတခု ပြောမယ်
ဒီကဗျာကို ဆိုင်း(န်)အောက်(တ်) လုပ်သွား။
ခက်ဆစ် - ဆိုင်း(န်)အောက်(တ်) = Sign Out (Log off)
Saudi Arabia hold off relentless Uruguay to earn draw
23 minutes ago

No comments:
Post a Comment