10.21.2008

History of Email and Internet(Wizard)

ARPANETတွင်အသုံးပြုနိုင်မည့်ပထမဆုံးအီးမေလ်းစနစ်ကိုစတင်ကြံဆသူမှာ
BBN မှRay /Tomlinsonဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့
သည် ဟုသိရသည်...။usernameနှင့် address ကြားတွင်အသုံးပြုသည့် @ကိုလည်း
သူကပင်ရွေးချယ်သတ်မှတ်ပေးခဲ့ပါသည်....။

အင်တာနက်ကိုစတင်အသုံးပြုခဲ့သူ ဘယ်သူလဲ
မှတ်တမ်းများအရ ကာလီဖိုးနီးယား university မှသူတေသနပညာရှင် Charley Kline
သည်မျက်မှောက်ခေတ်အင်တာနက်၏ ကနဦးမိုဒယ်ဖြစ်သောARPANET ကို
၁၉၆၉ နှစ်အောက်တိုဘာလ ၂၉ရက်နေတွင်ပထမဆုံးစတင်အသုံးပြုခဲ့သည်ဟုသိရသည်...။
Kline သည် Standford Research Institute သိုဆက်သွယ်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊
သူ၏ဆက်သွယ်မှုမှာ မအောင်မြင်ခဲ့ပေ..။
ပရိုတိုကောများ
အဝေးတစ်နေရာမှ ကွန်ပျူတာတစ်လုံးသို့ လှမ်းပြီး log on၀င်ရောက်နိုင်သည့်ပထမဆုံး ပရိုတိုကောမှာ
Request for comment (RFC) ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်ပေါ်ထွက်ခဲ့သည်..။
RFC သည်ကွန်ရက်အတွင်းတွင်ကွန်ပျူတာများအချင်းချင်းသုတေသနရလဒ်များကို
ဖလှယ်ရန်အတွက်ဖြစ်သည်။
ဖိုင်အမျိုးမျိုးဖလှယ်နိုင်သော ftp protocol မှာလည်း RFCတစ်ခုအဖြစ်၁၉၇၃ခုနှစ်တွင်ပေါ်ပေါက်ခဲ့သည်။
ဟားဘတ်ကျောင်းသားတစ်ဦး၏ဘွဲ့ ယူစာတမ်းမှတစ်ဆင့်ပေါ်ထွက်ခဲ့သောEthernetprotocolကိုမူ local network များတွင်တွင်ကျယ်စွာအသုံးပြုကြသည်။
ထို့ နောက်.. TCP/IPခေါ်ပရိုတိုကောများပေါ်ပေါက်လာသောအခါအင်တာနက်မှာလူအများကျယ်ပြန့်စွာအသုံးပြုနိုင်သောအဆင့်သိုတိုးတက်လာသည်။
TCP/IP ကို၁၉၈၃တွင် ကမ်ဘာသုံးအဖြစ်သတ်မှတ်ခဲ့ကြသည်...။။

၁၉၆၉ မှာစတင်ပေါ်ပေါက်လာပြီးတော့ အင်တာနက်ဟာအစိုးရလက်ထဲမှာပဲထိန်းသိန်းထားပါတယ်။
အဲဒီ အချိန်မှာ အမေရိကန်ဟာ အင်တာနက်ကို အသုံးပြုပြီး ရုရှားကိုအနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။
ကံ အကြောင်းမလှစွာပဲ ရုရှား ကနေ satellite ပေါ်ထွက်လာလို့ အမေရိကန်ရဲ့အင်တာနက်သုံးပြီး ရုရှားကို လွှမ်းမိုးမဲ့ အစီ အစဉ် ပျက်သွားခဲ့ရပါတယ်။

ခုနောက်ပိုင်း technology တွေကတော့ ကိုရစ်ချက်ကကျနော်တို့ထက်ပိုသိပါလိမ့်မယ်။

(ISP) ဆိုတာ ဘာလဲ

Internet Service Provider ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်...။
ISP တွေဟာသင့်ရဲ့ ကွန်ပျူတာနဲ့  အင်တာနက်ရဲ့  ကြားမှာ Gateway အဖြစ်နဲ့ 
ဆောင်ရွက်ပေးပါတယ်..။
ISP တွေဟာ.. dail-up broadband စတဲ့ အကောင့်အမျိုးအစားအမျိုးမျိုးကို
ရွေးချယ်ခွင့်ပေးပါတယ်..။
ဝန်ဆောင်စရိတ်ကို နှစ်စဉ်ကြေး(စိတ်ကြိုက်သုံး)ပုံစံနဲ့ ဖြစ်စေ၊နာရီနဲ
့ဖြစ်စေ..download ပမာဏပေါ်မူတည်ပြီးဖြစ်စေပေးချေရပါတယ်..။

Bandwidth နဲ့  Broadband တို့ ရဲ့  Defination Bandwidth ဆိုတာအင်တာနက် connection ရဲ့  အမြန်နှုန်းကိုတိုင်းတာတဲ့ယူနစ်စနစ်တစ်ခုဖြစ်ပါတယ်..။
သမားရိုးကျ dail-up modem တွေဟာ.. ယနေ့ စံချိန်နဲ့ ကြည့်ရင် Bandwidthထက်ကျဉ်းတဲ့အတွက်
webpage တွေကို ဖွင့်ရာမှာ email ပို့ ရာမှာ downloadဆွဲရာမှကြာမြင့်တတ်ပါတယ်..။ ADSL, cable နဲ့ 
satellite တို့ ရဲ့  Bandwidth ကပိုမြင့်တဲ့အတွက် connectinပိုမိုမြန်ဆန်ပါတယ်..။။
သူတို့ ကိုခြုံငုံပြိး broadband လို့ ခေါ်ခြင်းဖြစ်ပါတယ်။ယေဘုယျအားဖြင့်Bandwidth အင်တာနက်အသုံးပြုရတာ(အထူးသဖြင့် ဗီဒီယို downlaod တွေ video callတွေမှာ)ပိုမိုအဆင်ပြေချော့မွေ့ လာနိုင်ပါတယ်..။
dail-up modem တွေရဲ့  speed ဟာ 56 Kbps ကနေ 1.5 Mbpsအထိရှိနိုင်ပါတယ်...။
တိတိကျကျပြောရရင်တော့ connection မြန်တိုင်းပိုပြီးမြန်မြန်ဆန်ဆန်
download လုပ်နိုင်မယ်လို့ မဆိုလိုနိုင်ပြန်ပါဘူးdeta တွေ (bit တွေ) အများကြီး ကိုတပြိုင်တည်း download လုပ်နိုင်တယ်လိုသာဆိုလိုရင်းဖြစ်ပါတယ်။ bit တစ်ခုစီရဲ့ အမြန်နှုန်းကလည်း အလင်းရဲ့  အမြန်နှုန်းထက်မပိုနိုင်တော့ပါဘူး...။


Bit နဲ့  Byte
bit ဆိုတာ ကွန်ပျူတာက သိနားလည်တဲ့ အသေးဆုံးအခြေခံယူစ်စနစ်ဖြစ်ပါတယ်..။
0 သို့  1 ကိုကိုယ်စားပြုပါတယ်..။။ အင်တာနက်ဆိုတာကတော့ အဲဒီ 0 နဲ့  1 တွေ
အမျိုးမျိုးတွဲစက်ပြီး A,B,C,D စတာတွေဖြစ်အောင်ဖော်ပြပေးတာသာဖြစ်ပါတယ်..။
ဥပမာ 56 Kbps မူ modem ဆိုရင် 1 sec မှာ bitပေါင်း ၅၆၀၀၀ ကိုလွဲပြောင်းလက်
ခံနိုင်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်.။
byte ဆိုတာကတော့ bit ရှစ်လုံးအတွဲအစပ်ကိုဆိုလိုတာပါအက်ခရာ တစ်လုံး သို့ 
ဂဏန်းတစ်လုံးကို byte တစ်ခု(သို့ ) bit ရှစ်ခု နဲ့ ကိုယ်စားပြုဖော်ပြရတာဖြစ်ပါတယ်..။။
________________

သင့်ရဲ့  အီးမေလ်းကိုတခြားဘယ်သူတွေဖတ်နိုင်သေးသလဲ
သင့်ရဲ့  အီးမေလ်းလုံခြုံရေးအတွက် ကရိကထခံပြီး encrypt လုပ်မလားဆိုရင်
သင့်ရဲ့  အီးမေလ်းထွက်ခွာသွားရာလမ်းကြောင်းတစ်လျှောက်က နေရာတိုင်းလိုလိုမှာ
တခြားသူတွေကအလွယ်တကူဖွင့်ဖတ်နိုင်ပါတယ်။
သင့်ရဲ့  အကောင့်အတွက် administer ဖြစ်တဲ့ဘယ်သူမဆို (အလုပ်ရှင်ဖြစ်စေ၊
ISP ဖြစ်စေ)သင်လုံးဝမသိလိုက်ရပဲသင့်ရဲ့ မေလ်းများကို ဖွင့်နိုင်ပါတယ်။ တကယ်တော့အီးမေလ်ဆိုတာစာအိတ်နဲ့ ပိတ်မထားတဲ့ ပို့စကဒ်တစ်စောင်လိုပါပဲ..။။
ဒီပို့ စကဒ်သွားရာလမ်းကြောင်းမှာ ရှိတဲ့ ဘယ်သူမဆိုအလွယ်တကူမြင်နိုင်ပါတယ်။
တရားမ၀င်တာဝင်တာ ကျင့်ဝတ်နဲ့  ညီတာ မညီတာ အပထား၊မည်သူမဆို သဘောရှိရင်
(လိုအပ်တဲ့အထောက်အကူတွေရှိရင်) သူတစ်ပါးရဲ့  အီးမေလ်းကိုကြားဖြတ်ဖတ်ရှုနိုင်ပါတယ်...။။

အီးမေလ်းကို ဘယ်လို Encrypt လုပ်နိုင်သလဲ

Encrypt လုပ်တယ်ဆိုတာသင်နဲ့  သင်ဆက်သွယ်မယ့် လိပ်စာရှင်နှစ်ဦးသာသိတဲ့
စကားဝှက်အဖြစ်အီးမေလ်းစာသားများကို ပြောင်းပစ်တာ ဖြစ်ပါတယ်။ Encrypt လုပ်တဲ့
နည်းအမျိုးမျိုးရှိပါတယ်...။
အားလုံးဟာ.. သင်္ချာ algorithm ကို သုံးပြီးသင့်ရဲ့  အီးမေလ်းစာသားများကို
အဓိပယ်ကင်းမဲ့တဲ့ကာရိုက်တာ အစဉ်အတန်းကြီး ဖြစ်သွားအောင် ပြောင်းပေးတာ
သာ ဖြစ်ပြီး တစ်ဖက်လူမှာ စကားဝှက်အမှန်ကို ဖော်ဖို့  code (သို့ ) key ရှိနေရပါမယ်။
ပထမတစ်နည်းက digital certificate ကိုသုံးတာ ဖြစ်ပါတယ်။
အီးမေလ်းပရိုဂရမ်တစ်ချို့ ရဲ့  setting ထဲမှာ ပြောင်းနိုင်ဖို့  bulitin encryption များထည့်သွင်းပေးထားတတ်ပါတယ်..။
မိမိတို့ သုံးတဲ့ အီးမေလ်းapplication တွေမှာ ပါမလာရင် A-lock လို
ပရိုဂရမ်မျိုးကို အခမဲ့ download ဆွဲယူပြီး အသုံးပြုနိုင်ပါတယ်။ (A-lock
ကို www.pc-encrypt.com မှာ ရယူပါ) ။ A-lock ကို download ရယူပြီးတဲ့
အခါမှာ သင့်ရဲ့ အီးမေလ်းကို encrypt လုပ်ပြီး password ကို သိတဲ့ သူသာ
သင့်အီးမေလ်းစာသားအမှန်ကို မြင်တွေ့  နိုင်မှာ ဖြစ်ပါတယ်။ ဒီ့ထက်ပို ပြီး လုံ
ခြုံချင်ရင် PGP (Pretty Good Privacy ) လို့  ခေါ်တဲ့ဟဟ်သုံးစကားဝှက်
စနစ်တွေရှိပါတယ်.။
သာမန်အားဖြင့်ဒီအဆင့်ထိသုံးဖို့  မလို အပ်ပေမယ့် ဗဟုသုတ အနေနဲ့ 
လေ့လာချင်ရင်တော့ အောက်ပါ ဝက်ဘ်ဆိုဒ်များကိုဝင်ကြည့်ပါ...။။
International PGP Home Page
www.pgpi.org

Message Security Tools
www.slipstick.com/addins/security.htm

အီးမေးလ်မှရရှိသောသတင်းအချက်အလက်ကိုပြန်လည်မျှဝေပါသည်။

(Wizard)

We would like to thank Wizard for sending this delta . Every body can send their ideas and thinking to saffrontoward@gmail.com

Regards

saffrontoward.blogspot.com

No comments:

Post a Comment